28/02/2021
ဝမ်းနည်း ကြေကွဲမှုတွေကို ဖယ်ပြီး ခြုံငုံ သုံးသပ်ဖို့တော့လိုတယ်
၁- ကျွန်တော်တို့ ဖိထားသော မျက်နှာစာ သုံးခုသည် လူထုတိုက်ပွဲ၊ CDM နဲ့ CRPH ဖြစ်ပါတယ်၊ CDM သည် တပ်ဦးဖြစ်တယ်။ အောင်မြင်တယ်။ (ရုံးတက်နေသူတွေကို မကြည့်နဲ့၊ တကယ်တမ်းက တက်သာနေရ။ ယန္တရား ရပ်နေပြီ) CRPH အောင်မြင်တယ်။ ဒီတော့ လူထုဘက်ကို လှည့်ရမ်းတယ်
၂- လှည့်ရမ်းတာသည် ထွက်ပေါက်ပိတ်နေလို့ ဖြစ်တယ်။ CDM ကို ချော့ခြောက်ခေါ်တာ မအောင်မြင်ဘူး။ သူတို့မှာ အဓိက ဟာကွက်သည် resources နဲ့ အချိန် ဖြစ်တယ်။ UN ကြောက်လို့ စစ်ပြင်ရတယ်။ တိုင်းရင်းသားတွေဘက်ကို စစ်ပြင်ရတယ်။ ဒီအတွက် လူထုကို ညင်ညင်သာသာ ဖြိုခွဲလို့ မရဘူး။ ဘာလို့လဲ ဆိုတော့ အချိန်မရဘူး။ ယန္တရားကို ပြန်ပြင်ဖို့ အချိန်လိုတယ်။ ငွေလိုတယ်။ မရှိဘူး
၃- ရသမျှနည်း သုံးတယ်။ ရဲတွေကို ဆန္ဒပြသူ ပြန်ပေးဆွဲပြီး ငွေနဲ့ ရွေးခိုင်းတဲ့အကွက် လုပ်တယ်။ ငတ်နေတော့ ဖမ်းကြတယ်။ လူမရှိတော့ ကားနဲ့ လည်ပစ်ရတဲ့အဆင့် ရောက်တယ် ။ တွေးမိသမျှ ဒီကောင်တွေ နောက်ဆုံး ညှစ်အားပဲ
၄- လူထု တိုက်ပွဲကို လျော့ရင်တော့ CDM ဘက် ဦးလှည့်လိမ့်မယ်။ ဒီတော့ ပြည်သူဟာ CDM ကို support ပေးတာနဲ့ ဖိနှိပ်သူကို social punishment ပေးတာ တိုး လုပ်ရမယ်။ တဖက်ကလည်း ဆန္ဒပြတာကို smart ဖြစ်အောက် လုပ်ရမယ်။
၅- အကြမ်းမဖက်နဲ့ဆိုတာ ငုတ်တုတ်အသေခံတော့ မဟုတ်ပါ။ သေနတ်မရှိပေမယ့် သေနတ်ကို ကာရမယ်။ မီးခိုးဗုံးကို ရေစိုနဲ့ အုပ်ရမယ်။ စတာတွေ စဉ်းစားရမယ်။ ဒီနေရာမှာ အမေစုရဲ့ ပြည်သူ အဓိကကို သတိရတယ်။ လမ်းဘေးက အိမ်တွေဟာ ပြောက်ကျားစစ်အတွက် အကောင်းဆုံး ထောက်ပံ့သူတွေပဲ။ ဥပမာ တအိမ် ဝါးတလုံး ကြိုးတချောင်းနဲ့ဆို Barricade တခု အေးဆေးရတယ်။ ဆန္ဒပြမယ့်သူ က Shield သယ်လာရမယ့်အစား တအိမ်ကို shield တခုဆီ ကြိုပို့ထား ဆိုတာမျိုး တွေးရမယ်။ eye goggle တွေ၊ လက်အိတ်တွေ ထောက်ပံ့တာမျိုး စဉ်းစားသင့်ပြီ
၆- CRPH သည် လူထုနဲ့ ပေါင်းရမယ်။ ပအဖ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကို စီမံရမယ်။ ရပ်ရွာကို ကာကွယ်ရမယ်။ ပြောရရင် သပိတ်နဲ့ ပူးပေါင်းရမယ်။ အိမ်တိုင်းသည် သပိတ်စခန်းပဲ။
အရေးတော်ပုံ အောင်တော့မည်။
Credit original