Concrete Master cellular lightweight concrete - CLC

Concrete Master cellular lightweight concrete - CLC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Concrete Master cellular lightweight concrete - CLC, Yangon.

27/05/2024

ဘယ်သူကိုမှအရှည်ကြီး
ရှင်းပြချင်စိတ်မရှိဘူး။

မမှန်ဘူးထင်ရင်ကင်းအောင်နေပါ။

ဘယ်သူကိုမှ အိန္ဒြေကျရလောက်ထိ
မပြတ်သားနိုင်စိတ်မရှိဘူး။

အပေါဆုံးလို့မြင်ခဲ့ရင် ကင်းအောင်နေပါ။

ဘယ်သူအပေါ်မှ မနာလို/ဝန်တို
ယုတ်မာစိတ်မရှိခဲ့ဘူး။

နစ်နာတယ်လို့ယူဆခဲ့ရင်
အတတ်နိုင်ဆုံး"ကင်းအောင်နေပေးပါ။

မလိုအပ်လို့လွှတ်ချခဲ့တဲ့လက်တွေပဲ။

လိုအပ်လာတဲ့အခါလည်းမေ့ထားပေးပါ။

စျေးမကောင်းလို့ပြန်လွှတ်ခဲ့တဲ့ငါးတွေပဲ။

ကြီးသွားတဲ့အခါလည်း ရှောင်တိမ်းပေးပါ။

Kay Thwe Oo

27/05/2024

❤️ တချိန် ခင်ဗျား အသက်ကြီးလာတဲ့အခါ
ခုံတစ်လုံးပေါ် ထိုင် တနေရာရာကို ငေးကြည့်နေရင်း
ဟိုတွေး ဒီတွေး တွေးမိလာလိမ့်မယ်။

❤️အဲဒီအချိန်မှာ ခင်ဗျားဟာနောက်ထပ်နေရလည်း
နှစ်အနည်းငယ် / လအနည်းငယ်လောက်ပေါ့။

❤️ ခင်ဗျားစားနိုင်လည်း အလွန်ဆုံးတစ်ပန်းကန်။
ခင်ဗျားအိပ်နိုင်လည်း အလွန်ဆုံး ၄ / ၅ နာရီပေါ့။
လုပ်စရာအလုပ်တွေလည်း မယ်မယ်ရရသိပ်မရှိတော့ဘူး။
သွားစရာလည်း သိပ်မရှိတော့သလို
သွားလည်းမသွားချင်တော့ဘူး။
စားစရာလည်း သိပ်မရှိတော့သလို
စားတိုင်းလည်း အရသာ သိပ်မတွေ့တော့ဘူး။
နေရတာ ပျင်းစရာကောင်းတယ်လို့
ခပ်စိပ်စိပ်တွေးမိလာမယ်။

❤️ ခင်ဗျားအပေါ်လူတွေရဲ့သတ်မှတ်ချက်တွေဟာ
သိပ်အရေးမကြီးတော့ဘူး။
လူဆိုတာ အသစ်အသစ်တွေကိုပဲစိတ်ဝင်စားကြပြီး
အဟောင်းအဆွေးခင်ဗျားကို ဘယ်သူကမှ
ကြာကြာအဖက်လုပ်ကြမှာ မဟုတ်တော့ဘူး။

❤️ ခင်ဗျားရှာထားခဲ့တဲ့ တိုက်တွေ ကားတွေဟာ
ငယ်ငယ်ကထင်သလောက် သိပ်အရေးမကြီးတော့ဘူး။
ရာထူး အာဏာဆိုတာလည်း
ထင်သလောက်မဟုတ်တော့ဘူး။
အတိတ်က ရန်ပွဲတွေဟာ ဘာမှအရေးမပါတော့သလို
ဘဝ တလျှောက်လုံး ဘာမဟုတ်တာတွေကြောင့်
ပင်ပန်းခဲ့ရတယ်ဆိုတာ သိလာလိမ့်မယ်။

❤️ အတူတူ အိုမင်းကြမယ်ဆိုတဲ့ လူတွေ မရှိတော့သလို
မထင်ထားတဲ့ လူတွေနဲ့ မထင်ထားတဲ့နေရာကို
ရောက်ချင်လည်းရောက်နေလိမ့်မယ်။
( ဇာတ်ဆရာအလိုကျပေါ့လေ )

❤️ တချို့လည်း သေကုန်ပြီ။
တချို့လည်း ပျောက်ကုန်ကြပြီ။
တချို့လည်း ခပ်ယဲ့ယဲ့။
တချို့က ခပ်မဲ့မဲ့။

❤️ လူတချို့ကို ပြန်တောင်းပန်ချင်တဲ့စိတ်တွေ
ခင်ဗျားဆီမှာ ဖြစ်ချင်ဖြစ်လာလိမ့်မယ်
ဒါပေမဲ့ သူတို့ မရှိကြတော့ဘူး။
ကိစ္စတချို့ကို အခုချက်ချင်းထလုပ်ချင်စိတ်တွေပေါ်လာလိမ့်မယ်
ဒါပေမဲ့ ခင်ဗျားရဲ့ကိုယ်ခန္ဓာက ခွင့်မပြုတော့ဘူး။

❤️ ဘဝရဲ့ ငယ်ရွယ်နုပျိုမှုဆိုတာ
လျှပ်စီးလက်သလို ခဏ ပဲရတယ်ဆိုတာသိလာလိမ့်မယ်
တချိန်ထဲမှာပဲ အိုမင်းချိန်ကတော့ ကြာလွန်းတယ်လို့
ခင်ဗျားတွေးမိလာလိမ့်မယ်။

💌 နောက်ဆုံးတော့...
ဘဝဆိုတာ ဘာမှသိပ်မဟုတ်ပါလားလို့
ပကတိ အရှိတရားကိုမြင်လာချိန်မှာ...
ခင်ဗျား နှစ်နှစ်ကာကာပြုံးမိလိမ့်မယ်။

An
𝙊𝙪𝙧 𝙈𝙚𝙢𝙤𝙧𝙞𝙚𝙨
Crd.......M.S.........

ပန်းလှိုင်အိမ်ယာဝန်းထဲကအဆောက်အဦးအမိုးပေါ်မှာ Lightweight concrete ဖြင့် floor topping လောင်းထားတာလေးပါ။ လူကြီးမင်းတို့လဲ...
26/10/2021

ပန်းလှိုင်အိမ်ယာဝန်းထဲကအဆောက်အဦးအမိုးပေါ်မှာ Lightweight concrete ဖြင့် floor topping လောင်းထားတာလေးပါ။ လူကြီးမင်းတို့လဲ lightweight concrete များလိုအပ်ပါကဆက်သွယ်နိုင်ပါတယ်။

13/09/2021

When designing our dream home, we often spend most of our energies on designing the interior and neglect the exterior. Remember, it’s the façade that the

13/09/2021

Water-Cement Ratio is defined as the ratio between the weight of the water to the weight of cement. In general terms, w/c ratio means how much water it

18/07/2021

Address

Yangon

Telephone

09421024489

Website

Alerts

Be the first to know and let us send you an email when Concrete Master cellular lightweight concrete - CLC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Concrete Master cellular lightweight concrete - CLC:

Share