08/11/2022
FYI 🌿
ဒီနေ့မှာတော့ perlite နေရာမှာ မီးသွေး
အစားထိုးသုံးဖို့သင့်မသင့် ပြောပြပေးသွားပါမယ်
မီးသွေးသည် nutrients ကိုစုပ်ယူထိန်းသိမ်းထားနိုင်ပြီး perlite သည် စုပ်ယူနိုင်စွမ်းမရှိပါ။မီးသွေးရော perlite ရောက မျက်နှာပြင်ပေါ်မှာ အပေါက်ကလေးတွေများစွာပါဝင်ပါတယ်။
Ammonium, Calcium, Phosphorus, Magnesium စတဲ့nutrientsတွေအတွက်သိုလှောင်ခန်းကဲ့သို့သော function မီးသွေးမှာ ပါဝင်ပြီး perlite မှာ မပါဝင်ပါ။မီးသွေးသည် သူ့ရဲ့အလေးချိန်ထက် ခြောက်ဆလောက်ရှိတဲ့ရေကိုစုပ်ယူထိန်းသိမ်းနိုင်ပြီး perlite ကတော့ သူ့အလေးချိန်ရဲ့သုံးဆအထိ ရေစုပ်နိုင်ပါတယ်။မြေကြီးထဲမှာ ရှိတဲ့ အကျိုးပြုပိုးမွှားလေးတွေဟာ မီးသွေးရဲ့ မျက်နှာပြင်ပေါ်က အပေါက်တွေမှာ မျိုးပွားနေထိုင်နိုင်ပြီး အမြစ်တွေဟာလည်း ထိုအပေါက်တွေမှာ ကပ်တွယ်နိုင်ပါတယ်။ဒီလိုမှီတင်းနေထိုင်နိုင်ကြဖို့အတွက် မီးသွေးအရွယ်အစားကအရေးပါပါတယ်။အရမ်းကြီးနေရင်surface areaများတဲ့အတွက် အဆင်မပြေနိုင်သလို အမှုန်ဖြစ်နေရင်လည်း အပေါက်တွေပျက်စီးသွားတာမို့ အကျိုးမရှိပါ။အကောင်းဆုံး အရွယ်အစားသည် 0.1to 5mmလို့အကြမ်းအားဖြင့် မှတ်ယူနိုင်ပါသည်။ perlite sizeလည်း အတူတူပါပဲ။မီးသွေးကိုမီးဖုတ်ချိန်မှာ 300ကနေ1000'Cကြားအပူဖြင့်ဖုတ်ပြီး ထိုမီးသွေးဖုတ်ကာလအတွင်းမှာပင် metal trace elements အမျိုး ငါးဆယ်လောက်ကို မီးသွေးရဲ့carbon structure အတွင်းမှာထိန်းသိမ်းထားလိုက်ပါတယ်။Perliteတွေကတော့ 850ကနေ1000'Cအတွင်းမှာပြုလုပ်ရပါတယ်။Natural perlite တွေဟာ အညိုအမည်းအရောင်ရှိတတ်ပါတယ်။သတ်မှတ်အပူချိန်နဲ့ဖိအားပေးလိုက်တဲ့အခါ အထဲက ရေတွေ အငွေ့ပျံပြီးအပြင်ကိုကန်ထွက်လာတဲ့အခါ perlite တွေဟာ အပေါက်တွေပိုများလာပြီး 7ဆကနေ16ဆလောက်အထိ ချဲ့ပစ်လိုက်တာကြောင့် အလေးချိန်ပေါ့ပါးသွားစေတာဖြစ်ပါတယ်။ဒီဖြစ်စဉ်ကြောင့် perlite ထဲမှာ ကျန်ခဲ့တဲ့ရေတွေဟာအရောင်တောက်လာပြီး အဖြူရောင်အဖြစ်ပြောင်းလဲသွားပါတယ်။Perliteဟာ မီးတောင်ကျောက်အမျိုးအစားဖြစ်တာကြောင့် Silica dioxide 70 ကနေ75percentကြားပါပါတယ်။ပိုးသတ်ခြင်းကိုလည်းဖြစ်စေပါတယ်။မီးသွေးထဲမှာပါဝင်တဲ့trace elementတွေက အကျိုးပြုအဏုဇီဝပိုးလေးတွေနဲ့ အမြစ်အတွက်ကောင်းမွန်ပါတယ်။မီးသွေးစထည့်တဲ့အခါ မီးသွေးအသစ်ဆိုရင် မြေထဲကnutrientတွေကိုစုပ်ယူလိုက်တာကြော်င့ အပင်အတက်နှေးသွားတာမျိုးဖြစ်နိုင်ပါတယ် ။မပူပါနဲ့ နောက်ထပ်မြေဩဇာတွေအားဆေးတွေကျွေးတဲ့အခါ မီးသွေးက ပိုရင်စုပ်ယူထားပြီး အပင်ကလိုအပ်တဲ့အခါပြန်ထုတ်ပေးပါတယ်။မြေဩဇာတွေ ပိုကျွေးမိတဲ့အခါ ရေလောင်းလိုက်ရင် ပါသွားတာမျိုးမဖြစ်အောင် မီးသွေးကစုပ်ယူထိန်းသိမ်းပေးပါတယ်။ဒါကြောင့်မီးသွေးကိုသုံးပေးစေချင်ပါတယ်။Nitrogenများတဲ့မြေဩဇာတွေကိုအများကြီးသုံးမိရင် မြေကြီးထဲက ပိုးလေးတွေက nitrous oxide အသွင်ပြောင်းပေးတယ်။ဒီဓာတ်ငွေ့ဟာ လေထုအပူချိန်ကို carbon dioxide ထက်အဆနှစ်ရာလောက်ပိုပြီးထိန်းသိမ်းထားနိုင်တာမို့ကမ္ဘာကြီးပူနွေးလာမှုနဲ့လေထုညစ်ညမ်းမှုကိုဖြစ်စေပါတယ်။ဒါကြောင့် ဓာတုမြေဩဇာများအလွန်အကျွံသုံးစွဲခြင်းကိုရှောင်ကြဉ်ပါ။စပ်မြေထဲမှာ မီးသွေးထည့်စပ်တာက ပိုလျှံတာတွေကိုထိန်းပေးနိုင်တာမို့ သဘာဝပတ်ဝန်းကျင်အတွက်လည်းအကျိုးရှိစေပါတယ်။Perliteကတော့ စုပ်ယူထိန်းသိမ်းနိုင်စွမ်းမရှိပါ။မီးသွေးဟာ7.5-8 PH levelရှိပြီးperliteကတော့ 7-7.5 PH levelရှိပါတယ်။ဈေးနှန်းအားဖြင့်လည်း perlite က ပိုကြီးပါတယ်။ဒီ့အပြင်perlite ထုတ်လုပ်ဖို့လိုအပ်တဲ့ လောင်စာနဲ့ သယ်ပို့ရေးအတွက်သုံးရတဲ့လောင်စာတွေကြောင့်လေထုညစ်ညမ်းမှုကိုပိုဖြစ်စေပါတယ်။မီးသွေးသည်လည်းထုတ်လုပ်ရန် လေထုညစ်ညမ်းမှုဖြစ်စေသော်လည်းperliteနှင့်ယှဉ်လျှင် အရမ်းနည်းပါတယ်။Perliteသည် mining areaအရမ်းယူပြီး အနီးတစ်ဝိုက်ကမြေဆီလွှာတွေပျက်ဆီးစေပါတယ်။မီးသွေးကတော့ အနီးပတ်ဝန်းကျင်အတွက်ကောင်းကျိုးရှိသလို သဘာဝကိုလည်းအကျိုးပြုစေပါတယ်။ဒါ့အပြင် ကာဗွန်တွေကို နှစ်ရာနဲ့ချီပြီးမြေဆီလွှာတွင်းမာ ထိန်းသိမ်းထားနိုင်ပါတယ်။မီးသွေးတွင်ပါသော ဒြပ်စင်များသည် အပင်များအတွက်သာမက ပတ်ဝန်းကျင်ရှိ အကျိုးပြုပိုးများအတွက် ကောင်းမွန်ပါတယ်။ဒါကြောင့် ယခုကာလမှာ စရိတ်ခြွေတာခြင်းဖြစ်သလိုသဘာဝပတ်ဝန်းကျင်အတွက်လည်းပိုအကျိုးရှိစေတဲ့အတွက် မီးသွေးကိုperliteအစားထိုးသုံးပေးကြဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။
အဓိကအနေနဲ့ကတော့perliteခက်ရင်မီးသွေးအစားထိုးပြီးသုံးလို့ရပါတယ် သူတို့နှစ်ခုလုံးကfunctionတူတူပါပဲ မီးသွေးကတောင်ပိုပြီးသာပါသေးတယ်ဗျ