17/01/2018
Orchid Festival ပြပွဲကို MOPA Design က Design Master Planning ကို ရေးဆွဲပြီး Design management and supervision ကို ဦးဆောင်ကာ Yangon, School of Interior Design က ကျောင်းသူကျောင်းသားများ အသေးစိတ်ဒီဇိုင်းများကို ဖန်တီး တည်ဆောက်ခဲ့ကြပါသည်။
YSiD ကျောင်းသူကျောင်းသားများ ဖန်တီးထားသော ဒီဇိုင်းများကို တည်ဆောက်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးကြသော အဖွဲ့များမှာ iNDECO art+interior, D2H Furniture Hub, New Gate Engineering and Ko Kyaw Win တို့အဖွဲ့များဖြစ်ကြပါသည်။
မင်္ဂလာဒုံပန်းခြံမှ တာဝန်ရှိ ဒေါ်စောယုထွေးနှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေါ်ခင်မိုးခိုင်တို့ကလည်း အဘက်ဘက်မှ ကူညီပံ့ပိုးပေးသောကြောင့် အောင်မြင်သော ပြပွဲတစ်ခုဖြစ်လာခဲ့ပါသည်။
လာရောက် လေ့လာသူအားလုံးကို ကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါသည်။
သစ်ခွများ မစုံလင်ခြင်း အဆင်မပြေမှုများရှိခြင်းတို့ကို နားလည်ခွင့်လွှတ်ပေးပါရန် အနူးအညွန့် ပန်ကြားအပ်ပါသည်။
အားလုံးနောက်နှစ်မှာ ပြန်လည်ဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းလိုက်ပါသည်။