Hein Family Construction And Decoration

Hein Family Construction And Decoration ဟိန်း - မိသားစု လုံးချင်းအိမ်ဆောက်လုပ်ရေးဝန်ဆောင်မှု့ ၊ Ph - 09250055831 - 09740010799 🏠🏠🏠

ဘိလပ်မြေတွက်နည်း နှင့် အုတ်စီခြင်း ခန့်မှန်းကုန်ကျမည့်စာရင်း‼️‼️‼️ ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ မေးတတ်လို့ အကြမ...
07/02/2025

ဘိလပ်မြေတွက်နည်း နှင့် အုတ်စီခြင်း ခန့်မှန်းကုန်ကျမည့်စာရင်း‼️‼️‼️


ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ မေးတတ်လို့ အကြမ်းတွက်လို့ရအောင်ပါ။


မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့ ပြောကြပါတယ်။ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။၅၀ ဆို ကျင်းဝက် ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။


ကုဗကျင်းကို ၉ လက်မနဲ့အထက် အုတ်စီခြင်းတို့ ကွန်ကရစ်လောင်းခြင်းတို့ မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။ရှိသမှ ျ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။ြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။


1:3:6 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း


1:2:4 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း


1: 1-1/2 အချိုး ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့် သဲကျင်းဝက် ကျောက်၁ ကျင်းအုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း ကုဗတစ်ကျင်းဆို ၁၃၅၀ လုံးဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။


အများသုံးတဲ့ 1:4 အချိုးဆို ဘိလပ်မြေ ၆ အိတ်နီးပါး။သဲ ၂၈ ကျင်းတစ်မတ် သာသာလောက်။စကွဲယားကျင်း အလျားနဲ့ အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။၄လက်မခွဲ အုတ်စီခြင်း ဆေးသုတ်ခြင်းတို့ အမိူးမိုးခြင်းတို့ ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။


နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ အုတ် ၅၅၀ လုံး1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်းသံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀ ၁၂ မီတာရှိရပါတယ်။သို့ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။ဘာမားဖြစ်ကတော့ အတိအကျပြောလို့ မရပါဘူး။


တစ်တန်မှာရှိရမယ့် အချောင်းရေက


- 10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း


- ၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း


- ၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း


- ၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း


- ၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်းရှိပါတယ်။


ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်၂၀ ဟာ ၁ တန်ပါ။သံချောင်းတွေဆက်ဖို့လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိသုံးတတ်ပါတယ်။ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။


အခုနောက်ပိုင်း မီတာနဲ့သုံးလာပါတယ်။ဆက်သွယ်ချက်က၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။လက်သမားနဲ့ ယှဉ်ပြောလို့ရတဲ့အခေါ်ပါ။


1 M မီတာ= 3.281 ပေ


1 လက်မ= 25.4 mm မီလီမီတာ1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား


ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuftရေကန်တစ်ခု ရေဂါလံ ဘယ်လောက်ရှိလဲတွက်ချင်ရင်၁ကုဗပေမှာ ၆.၂၄ ဂါလံရှိပါတယ်။


အလျား အနံ အမြင့် တစ်ပေစီရှိတဲ့ ပုံးတစ်လုံးဟာ ရေ ၆.၂၄ ဂါလံဆန့်ပါတယ်။


ဒါကြောင့် ၆ပေအလျား ၄ ပေအနံ ၃ ပေ အမြင့်ရှိတဲ့ရေကန်ဟာ6 X 4 X 3 X 6.24=449.28ရေ ၄၅၀ ဂါလံဆန့်ပါတယ်။ရေတစ်ဂါလံ ၁၀ ပေါင်လေးလို့ ၄၅၀၀ ပေါင်လေးပါတယ်။၂၂၄၀ ပေါင် ၁ တန်လေးလို့ ၂ တန်လောက် အလေးချိန်ရှိပါမယ်။


ရေကန်ကို အပေါ်မှာ ထားရင် dead load ဝန်သေ ၂ တန်ကို ခံနိုင်အောင် သံချောင်း ကော်လံတိုင် ဆိုဒ် ကို သုံးရပါမယ်။တွက်တတ်လားမေးရင်တော့မသိပါဘူး။1 ဂါလံမှာ ၄.၅၄၆ လီတာရှိပါတယ်။ အခုနောက်ပိုင်း စတီးရေတိုင်ကီတွေက လီတာနဲ့ ပြထားတတ်လို့ ပြန်တွက်ကြည့်လို့ရပါလိမ့်မယ်။


သစ်တစ်တန်ဟာ၁လက်မပတ်လည် မှာ( 1 X 1) မှာ ၇၂၀၀ ပေ အရှည်ရှိရပါမယ်။၂X၁ နှစ်တစ် တစ်တန်ဟာ ( 7200÷2= 3600 ပေအရှည်)3 X 2 တစ်တန် ( 7200÷6=1200 ပေအရှည်)စသဖြင့် တွက်ယူကြည့်ပါ။


အုတ်စီခြင်း ခန်.မှန်းကုန်ကျမည့်စာရင်း


လေးလက်မခွဲ ဆယ်ပေပတ်လည် အုတ်စီခြင်းလုပ်ငန်း ၁၀၀ စတုရန်းပေ


- အုတ် ၄၀၀ လုံး


- ဘိလပ်မြေ ၃ အိတ်


- မြစ်သဲ ၁၀ ကုဗပေ


၉ လက်မအုတ်စီခြင်းလုပ်ငန်း ၁၀၀ စတုရန်းပေ နှုန်း


- အုတ် ၇၅၀ လုံး


- ဘိလပ်မြေ ၅.၅ အိတ်


- မြစ်သဲ ၁၀ ကုဗပေ


၁:၂:၄ ကွန်ကရစ် တစ်ကျင်နှုန်း


- ဘိလပ်မြေ ၁၉ အိတ်


- မြစ်သဲ ၄၉ ကုဗပေ


- မြစ်ကျောက်စရစ် ၉၂ ကုဗပေ


၁:၃:၆ ကွန်ကရစ် တစ်ကျင်နှုန်း


- ဘိလပ်မြေ ၁၃ အိတ်


- မြစ်သဲ ၄၆ ကုဗပေ


- မြစ်သဲကျောက်စရစ် ၉၆ ကုဗပေ


မှတ်ချက်။ ။ ၁ ကုဗပေ = အလျား ၁ ပေ x အနံ ၁ ပေ x အမြင့် ၁ ပေ ။


သဲတစ်ကျင်း = အလျား ၁၀ ပေ x အနံ ၁၀ ပေ x အမြင့် ၁ ပေ = ၁၀၀ စတုရန်းပေ


သဲတစ်ကျင်း = ၁၀၀ ကုဗပေ။




အခန်းတွင်းနံရံကာဖို့ အုတ်ခဲနဲ့မှရတာလား❓ အထပ်မြင့်လူနေတိုက်ခန်း‌ ရောင်းကြတဲ့အခါ အကြမ်းထည်အနေနဲ့ရောင်းတဲ့ တိုက်ခန်းတွေရှိသ...
07/02/2025

အခန်းတွင်းနံရံကာဖို့ အုတ်ခဲနဲ့မှရတာလား❓

အထပ်မြင့်လူနေတိုက်ခန်း‌ ရောင်းကြတဲ့အခါ အကြမ်းထည်အနေနဲ့ရောင်းတဲ့ တိုက်ခန်းတွေရှိသလို အချောထည်အားလုံးပြီးမှရောင်းကြတဲ့တိုက်ခန်းတွေလဲရှိပါတယ်။ ကိုယ်တိုင်အခန်းဖွဲ့ပြီးစိတ်ကြိုက်အလှဆင်လို့ရသလို ဈေးလဲ ပိုသက်သာတဲ့အတွက် အကြမ်းထည်အနေနဲ့ရောင်းတဲ့ တိုက်ခန်းတွေကိုမှ ကြိုက်ကြတဲ့သူတွေလဲရှိပါတယ်။
📌တကယ်လို့ ခင်ဗျားက ၁၀ ထပ် ၁၂ ထပ်မှာရှိတဲ့ အကြမ်းထည်တိုက်ခန်းကို၀ယ်လိုက်ပြီးမှ အခန်းတွင်းနံရံ ကာတော့မယ်ဆိုရင် ဒီစာလေးက ခင်ဗျားအတွက်အကျိုးရှိမှာပါ။
အခန်းတွင်း နံရံကာတဲ့အခါ အုတ်နံရံတွေက ခိုင်ခံ့မာကြောသလို အသံလဲ အတော်အသင့်လုံတာကြောင့် လူတိုင်း အုတ်နံရံကိုကြိုက်ကြပါတယ်။ ဒါပေမဲ့ ကိုယ်က အထပ်အမြင့်ကြီးက တိုက်ခန်း၀ယ်ထားတယ်။ အခန်းဖွဲ့တာကို အုတ်နံရံနဲ့ဖွဲ့ဖို့ အပေါ်ကိုပစ္စည်းတင်ရတာနဲ့တင် ဈေးကများနေပြီ ဆိုရင် တစ်ခြားဘယ်လိုလုပ်လို့ရသေးလဲ။
✅ Shera ဘုတ်ပြားတွေနဲ့ကာလို့ရပါတယ်။

အလူမီနီယံဖရိမ်ထိုးပြီး shear ဘုတ်ပြားတွေကပ်လိုက်တဲ့အခါ အုတ်နံရံလိုညီညာပြီး ခိုင်ခံ့ပေါ့ပါးတဲ့ အခန်းတွင်းနဲရံတစ်ခုကို ရနိုင်ပါတယ်။
ဒါပေမဲ့ အတွင်းထဲက အခေါင်းဖြစ်နေတဲ့အတွက် အသံတော့မလုံနိုင်ပါဘူး။ ဒီအတွက်လဲဖြေရှင်းလို့ရပါတယ်။ ဘုတ်ပြား 2 ချပ် အတွင်းကို foam တွေမှုတ်ပြီး ထည့်လိုက်ရင် အသံလဲလုံပြီး ခိုင်ခံ့လှပတဲ့ shera ပြားနံရံ တစ်ခုကို ရလာမှာပါ။
အုတ်နံရံထက်စာရင် တည်ဆောက်ဖို့အချိန်ကုန်သက်သာသလို နောက်ပိုင်းကိုယ့်အနေနဲ့ အခန်းဖွဲ့ပြောင်းချင်တဲ့အခါလဲ ပြောင်းဖို့လွယ်ကူပါတယ်။
Crd


Crd

10 ပေအိမ်လေး ဆလပ်မလောင်းခင်လေး ————————Hein Family Construction & Decorations Ph - 09250055831 - 09740010799Viber - 0925...
06/02/2025

10 ပေအိမ်လေး ဆလပ်မလောင်းခင်လေး ————————
Hein Family Construction & Decorations
Ph - 09250055831 - 09740010799
Viber - 09250055831

#အိမ်အသစ်လေး
#မိသားစုအိမ်လေး

 #10ပေမြေနေရာလေးလည်းလှအောင်ဆောက်လို့ရပါတယ်🏠ပွင့်လင်းရာသီမှာ အိမ်ဆောက်မယ်လို့ရည်ရွယ်ထားတဲ့မိတ်ဆွေတွေအတွက်မြေနေရာကျဉ်းကျဉ်...
06/02/2025

#10ပေမြေနေရာလေးလည်းလှအောင်ဆောက်လို့ရပါတယ်
🏠ပွင့်လင်းရာသီမှာ အိမ်ဆောက်မယ်လို့ရည်ရွယ်ထားတဲ့မိတ်ဆွေတွေအတွက်မြေနေရာကျဉ်းကျဉ်းလေးမှာဒီဇိုင်းဆန်းဆန်းလေးနဲ့ပတ်ဝန်းကျင်ကြားမှအမြင်တင့်တယ်စေမဲ့ (2)ထပ်အိမ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ခဗျ.....🙏🙏🙏

👷(မြေကွက်)10'×60'ပေါ်တွင်ဆောက်လို့ရမဲ့အိမ်ဒီဇိုင်းလေးပါခဗျ...🙏🙏🙏

🏤အိမ်အကျယ်ဝန်း 9'×45'ပေကျယ်ဝန်းပါတယ်ခဗျ...

ရေ၊မီး၊ဆေး ၊ ကြွေပြား ၊ မျက်နှာကျက် ၊ပစ္စည်းလက်ခအားလုံးအပြီး၊လေးကိုမှ......

👨လူကြီးမင်းတို့အနေနဲ့
တန်ဖိုးငွေအားဖြင့်ကျပ်သိန်း (640)ဝန်းကျင်လောက်ရှိရုံလေးနဲ့လှပတင့်တယ်တဲ့ (2)ထပ်အိမ်လေးတစ်လုံးကိုပိုင်ဆိုင်နိုင်ပီနော်.....

🏤အဆောက်ဦးများကိုမြေကွက်ပေါ်မူတည်ပီးလူကြီးမင်းတို့စိတ်တိုင်းကျချုံ့နိုင်ချဲ့နိုင်ပါတယ်ခဗျ....🙏🙏🙏

Rc. (720)ဝန်းကျင် 💵💵

Ss. (640)ဝန်းကျင်💵💵

🛏အိပ်ခန်း (3)ခန်း ဘုရား ခန်းဧည့်ခန်းမီးဖိုခန်းအိမ်သာရေချိုးခန်း ပါဝင်ပါတယ်
ရေ၊မီး၊ဆေး ၊ ကြွေပြား ၊ မျက်နှာကျက် အားလုံးအသင့်နေရုံပါ အိပ်ခန်းများအားတိုင်ပင်ဆွေးနွေးနိုင်✍
🚪maindoor (ကျွန်းတံခါး)
🚪အိပ်ခန်းတံခါး (ကျွန်းတံခါး)
🎛ပြတင်းပေါက် (pvc)
1000လီတာဖိုက်ဘာရေတိုင်ကီ
✅အုတ်ဒေသထွက်
✅ဘိလပ်မြေကြံ့နီ အသုံးပြုပေးပါတယ်ခဗျ.....
👨‍👨‍👧‍👦မိတ်ဆွေတို့အနေနဲ့လုပ်ငန်းအပ်နှံရာတွင် ငွေပေးချေမူအဆင်ပြေစေရန် (9)ရစ်ခွဲပေးဆောင်နိုင်ပါတယ်ခဗျ...
ငွေပေးချေမူ
✅ စာချုပ်သည့်နေ့ 5️⃣%
✅ လူရောက်ပစ္စည်းချမည့်နေ့2️⃣0️⃣%
✅ ဖောင်ဒေးရှင်းပြီးသည့်နေ့ 1️⃣0️⃣%
✅ တိုင်ထောင်အမိုးစသည့်နေ့ 1️⃣0️⃣%
✅ အုတ်စီစသည့်နေ့1️⃣0️⃣%
✅ အချောစဝင်သည့်နေ့1️⃣0️⃣%
✅ မျက်နှာကျက်စသည့်နေ့1️⃣5️⃣%
✅ ရေမီးဆေးစဝင်သည့်နေ့ 1️⃣5️⃣%
✅ အိမ်ရှင်ကိုအိမ်အပ်သည့်နေ့5️⃣%

👷အသုံးပြုပုံပစ္စည်း တစ်ခုချင်းစီကိုစာချုပ်တွင်ထည့်သွင်းဖော်ပြထားပါတယ်
စာချုပ်ပါပစ္စည်း များကိုတိကျမှန်ကန်စွာနဲ့လူကြီးမင်းတို့စိတ်တိုင်းကျညှိနိုင်းဆောင်ရွတ်ပေးပါတယ်ခဗျ.....👷👷

🚗​ နေရာဒေသအနီးအဝေးပေါ်မူတည်ပီခရီးစရိတ်အနည်းငယ်ပြောင်းလဲမူရှိပါတယ်ခဗျ....🚗

✅အရည်သွေးပြည့်မှီတဲ့ပစ္စည်းများအသုံးပြုပြီးတာဝန်ယူမူတာဝန်ခံမူအပြည့်ဖြင့်တိကျမှန်ကန်မြန်ဆန်စွာဆောက်လုပ်ဆောင်ရွတ်ပေးသောကျွန်တော်တိုရဲ့..👷.

👷 Hein Family -ဆောက်လုပ်ရေး Construction. Co. Ltd. ကိုစိတ်ချယုံကြည်စွာအပ်နှံလိုက်ပါခဗျ.....🙏🙏🙏

✅အသေးစိတ်အချက်အလတ်များကိုဆွေးနွေးတိုင်ပင်အကြံပြုချင်ပါက. page. messenger. မှဆက်သွယ်မေးမြန်းနိုင်သလို့အောက်ပါဖုန်းနံပါတ်ကိုလဲဆက်သွယ်နိုင်ပါတယ်ခဗျ..🙏🙏🙏

ဆက်သွယ်ရန် ☎️
09250055831
09740010799
Viber - 09250055831

Hein Family -ဆောက်လုပ်ရေး Construction. Co. Ltd. မှနွေးထွေးစွာကြိုဆိုလျှက်ပါခဗျ... 🙏🙏🙏🙏🙏🙏

ရှေးထုံးလည်းမပယ်နဲ့ ၊ စျေးသုံးလည်းမကြွယ်နဲ့ မြန်မာ့ထုံးတမ်းစဉ်လာအရ အိမ်ဆောက်ကျမ်းလေးတွေပါ
05/02/2025

ရှေးထုံးလည်းမပယ်နဲ့ ၊ စျေးသုံးလည်းမကြွယ်နဲ့ မြန်မာ့ထုံးတမ်းစဉ်လာအရ အိမ်ဆောက်ကျမ်းလေးတွေပါ

မိသားစုအတွက်အိမ်အသစ်လေးအမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေ 🙏🙏🙏  #မိသားစုအိမ်လေး #အိမ်အသစ်လေး
05/02/2025

မိသားစုအတွက်အိမ်အသစ်လေးအမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေ 🙏🙏🙏


#မိသားစုအိမ်လေး
#အိမ်အသစ်လေး

စိတ်ကူးထဲကအိမ်လေးPhoto credit  #အိမ်မက်တွေအကောင်ထည်ဖော်နိုင်ကြပါစေ
23/07/2024

စိတ်ကူးထဲကအိမ်လေး
Photo credit
#အိမ်မက်တွေအကောင်ထည်ဖော်နိုင်ကြပါစေ

ဝရန်တာလေးကိုအလကားမဖြစ်အောင်ဒီလိုလေးအလှဆသ်ကြမယ်
23/07/2024

ဝရန်တာလေးကိုအလကားမဖြစ်အောင်ဒီလိုလေးအလှဆသ်ကြမယ်

ကြောင်လိမ်လှေကား တွက်နည်း__________________________ခမ်းနား ထည်ဝါ လှပသော Spiral Stair ၊ ကြောင်လှိမ်လှေခါး နှင့် Circular ...
23/07/2024

ကြောင်လိမ်လှေကား တွက်နည်း

__________________________

ခမ်းနား ထည်ဝါ လှပသော Spiral Stair ၊ ကြောင်လှိမ်လှေခါး နှင့် Circular Stair တွက်နည်း

ကျနော်တို့် အင်/ယာတွေက လူနေအိမ်အဆောက်အဦးတွေ၊ Residential တွေ၊ University တွေ စသဖြင့် Public buildings အတော်များများမှာ လှပ ခန်းနားသော ကြောင်လှိမ်လှေခါးကြီးတွေကို

အခန့်သား တွေ့မြင်ဖူးကြမှာပါ။ တွေ့ဖူး မြင်ဖူးနေသလို ဘယ်လိုတွက်ရလဲ ဆိုတာကိုလည်း သိထားသင့်ပါတယ်ဗျ။

ကြောင်လှိမ်လှေခါးရဲ့ သဘောက လှပတယ်၊ခန်းနားတယ်၊ထည်ဝါတယ်၊ ဝင့်ဝင့်ကြွားကြွားရှိတယ်၊ အမြင်တင့်တယ်၊ ကုန်ကျစရိတ်လည်းများတယ်)

ဒါကြောင့် ငွေကြေးတတ်နိုင်တဲ့ သူတွေသာ များသောအားဖြင့် သုံးတာများပါတယ်။

ဘာဖြစ်ဖြစ် ကျနော်တိုိ့ အင်/ယာတွေက တွက်နည်း စဉ်းစားနည်းကို သိကိုသိထားသင့်ပါတယ်။

ဆိုပါတော့ဗျာ …

ကိုယ့်အိမ်မှာ ကိုယ့်သမီးကို လာတောင်းရမ်းလို့ ပွဲထုတ်တော့မယ်ဆိုရင် .. ညေ့်ပရိတ်သတ်အစုံအလင်နဲ့ အိမ်အောက်ထပ်မှာ စောင့်နေစဉ် အခါမျိုးမှာ အိမ်အပေါ်ထပ် ကြောင်လှိမ်လှေခါးကြီးဆီမှ

ကျော့ကျော့့လေး တစ်ထစ်ချင်း၊ တစ်လှမ်းချင်း ပတ်ကာ ဝေ့ကာ ဆင်းလာမယ့် မြင်ကွင်းက…. စဉ်းစားသာကြည့်..

(ကျော့ရှင်းသော ကညာပျိုရယ်၊ ခန့်ညားသော ကြောင်လှိမ်လှေခါးကြီးရယ်။ ကဲကဲ.. စာတွေမဖွဲ့နွဲ့တော့ပါဘူး တွက်နည်းလေးပြောပါတော့မယ်…ဒီလိုဗျ ဒီလို)

1. ကြောင်လှိမ်တွက်တော့မယ်ဆို Circle(စက်ဝိုင်း) လိုအရင်စဉ်းစားပါ။

2. ထားရှိမယ့် Radius (r) စဉ်းစားပါ။

3. လှေခါးရဲ့ perpendicular Height စဉ်းစားပါ။

4. Riser (အကျော်) စဉ်းစားပါ။

5. Thread (အနင်း) စဉ်းစားပါ၊ တွက်ထုတ်ပါ။

6. လှေခါးထားရှိမယ့် အခန်းအကျယ် စဉ်းစားပါ။

7. ဘယ်ဝိုက်တက်မလား ၊ညာဝိုက်တက်မလား စဉ်းစားပါ။

8. လှေခါးရဲ့ ထားရှိမယ့် အကျယ် စဉ်းစားပါ။

မှတ်ချက်။ ။ ကြောင်လှိမ်ထားမယ့်

Radius,r = 15′ (at least) ရှိရပါမယ်။ Diameter , d = 30′ (at least) ပေါ့။

လှေကားဆောက်ရမှာက Circle ရဲ့ 4 ပုံ 1 ပုံမှာပါ ( 1/4 x Circle )

Eg…ကြောင်လှိမ်ထားမယ့်

(1). Radius, r = 16′ ဆိုပါစို့..

(2). Perpendicular height, h = 12′

Riser စဉ်းစားနည်း

> h=12′

= 144″

>> 144″ ÷ 6.5″ = 22.15 ထစ် (စုံဂဏန်းဖြစ်နေတယ် ဆိုတော့ မ ဂဏန်းရအောင် ပြန်စဉ်းစားပါမယ်)

21 ထစ် >> 144″ ÷ 21 = 6.86″ (riser) ၊(21 ထစ်ဆို အနင်းက 22 ခု )၊(3). riser = 6.86″

Thread (အနင်း) စဉ်းစားနည်း ၊Circle(စက်ဝိုင်း) = ၂ ခု ဆွဲရပါမယ် ၊ Large circle > Radius, R= 16′ ၊ Small circle > radius, r = 10′

( circle ၂ ခုက Centre(အလယ်မှတ်) တစ်ခုတည်းမှ ဆွဲရမှာပါ… အောက်ပါပုံကိုကြည့်ပါ။)

ဆိုတော့..လှေကားအကျယ်က>> 16′ – 10′ = 6′ ၊ Large Circle ဘက်က Thread(အနင်း), > Thread, T = 2ΠR/4

= 2Πx 16/4

= 25.13

= 25.13′ x 12 (ပေ ကို လက်မပြောင်း)

= 301.59″

= 301.59″ ÷ 21 ( အထစ်)

= 14.36″ (အနင်း)

Large Thread, T = 14.36″ ၊Small Circle ဘက်က Thread(အနင်း), > Thread, T = 2Πr/4

= 2Πx 10/4

= 15.7

= 15.7′ x 12 (ပေ ကို လက်မပြောင်း)

= 188.5″

= 188.5″ ÷ 21 ( အထစ်)

= 8.98″ (အနင်း)

Small Thread, T = 8.98″

ကဲဗျာ.. အဖြေလေးတွေ ပြန်ကောက်ကြည့်ကြမယ်.

1. Large radius, R = 16′

2. Small radius, r = 10′

3. perpendicular height, h = 12′

4. nos of Step = 21 nos

5. Riser = 6.86″

6. Large Thread, T = 14.36″

7. Small thread, T = 8.98″

အဆင်ပြေကြမယ် ထင်ပါတယ်ဗျ ဒါကတော့ ကြောင်လှိမ်လှေခါးမှာ ပါဝင်မယ့် Data တွေ စဉ်းစားနည်းနဲ့ တွက်နည်းအဆင့်တွေပါပဲ။

မှတ်ချက်။ ။ ညာ ဝိုက်အတက်ဆို ပြန်ဆင်းလာရင် အဆင်းဘက်က Thread(အနင်း) က 9″ ထက်တော့ မနည်းစေနဲ့နော့် (ချော်ကြမှာစိုးလို့) လူတစ်ယောက်ရဲ့ ခြေဖုဝါး အရှည်က အနည်းဆုံး 9″ လောက်ရှိလို့ပါ။

Sayar U Wynn Myint(Tgi)✍😍

 #အိမ်မက်တွေအကောင်ထည်ဖော်နိုင်ကြပါစေ20’ 60’ မြေကွက်ပေါ်မှာဆောက်လို့ရမဲ့ Thai style အိမ် Designs လှလှလေးများ ။  #ဟိန်းမိသ...
14/07/2024

#အိမ်မက်တွေအကောင်ထည်ဖော်နိုင်ကြပါစေ
20’ 60’ မြေကွက်ပေါ်မှာဆောက်လို့ရမဲ့ Thai style အိမ် Designs လှလှလေးများ ။
#ဟိန်းမိသားစုဆောက်လုပ်ရေး

 #ကွန်ကရစ်တွက်နည်း********************♦ “1:3:6 အချိုး “ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် + သဲကျင်းဝက်+ ကျောက် ၁ ကျင်း♦ “ 1:2...
31/05/2024

#ကွန်ကရစ်တွက်နည်း
********************
♦ “1:3:6 အချိုး “
ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် + သဲကျင်းဝက်+ ကျောက် ၁ ကျင်း

♦ “ 1:2:4 အချိုး “
ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်+ သဲကျင်းဝက် + ေ ကျာက် ၁ ကျင်း

♦ “1: 1-1/2 အချိုး “
ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့် + သဲကျင်းဝက်+ ေ ကျာက် ၁ ကျင်း

♦ “1:4 အချိုး"
ဘိလပ်မြေ ၃အိတ် + သဲ တမတ်သာသာ(ကျင်း) ခန့်
(၄ လက်မခွဲ အုတ်စီခြင်း နဲ့ ကြွေပြားကပ်ရာမှာ အသုံးများပါတယ်)

✅Plastering အတွက်ဆိုရင်တော့ တစ်ကျင်း စာ
ဘိလပ်တစ်အိတ်ခွဲ သုံးပေးပါတယ်

ကြွေပြားကပ်ဖို့ဆိုရင်တော့💠
>>ဘိလပ်မြေနဲ့ကပ်မယ် ဆိုရင် ဘိလပ်မြေ တအိတ်ခွဲ နဲ့ သဲ ၃အိတ်ခန့်

>> ကြွေပြားကပ်ကော်နဲ့ ကပ်မယ်ဆိုရင်တော့✴
ကြွေပြားကပ်ကော် ၂အိတ်ခွဲ ခန့်
သုံးပေး ရပါမယ်ရှင်။




1 ထပ်ခွဲလေးတွေကြိုက်တဲ့ အကို ၊ အမများအတွက် 🏠Hein Family ( Construction & Decoration )☎️ - 09250055831 - 09740010799
22/04/2024

1 ထပ်ခွဲလေးတွေကြိုက်တဲ့ အကို ၊ အမများအတွက် 🏠

Hein Family ( Construction & Decoration )
☎️ - 09250055831 - 09740010799

Address

အမှတ် 14 ရပ်ကွက် ၊ မလိခ ၁ လမ်း ၊ ၈၆၀ A
Yangon

Telephone

+959250055831

Website

Alerts

Be the first to know and let us send you an email when Hein Family Construction And Decoration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share