AES ACCURATE ENGINEERING CO.,LTD.

AES ACCURATE ENGINEERING CO.,LTD. We are a dynamic engineering services company & committed to be excellence provide a superior and comprehensive all MEP work.

2023 Staff Party & 6th Anniversary
29/06/2023

2023 Staff Party & 6th Anniversary

Build Together! ✊
09/06/2022

Build Together! ✊

Title Sponsorship 🤝
07/06/2022

Title Sponsorship 🤝

21 Golfers Groupမှကြီးမှုးကျင်းပမည်ဖြစ်သော မိုးရာသီအကြိုအပျော်တန်းဂေါက်ရိုက်ပြိုင်ပွဲကို ဇွန်လ ၉ရက်နေ့ 🕰 10:30 am မှာစတင်မှာဖြစ်ပြီး ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲအား ညနေ ၅နာရီမှ ၈နာရီအထိကျင်းပမည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူများ ဝင်ရောက်ယှည်ပြိုင်နိုင်ပါကြောင်း 21 Golfers Group မှဖိတ်ခေါ်လိုက်ပါသည် ...ယခုပွဲဖြစ်မြောက်ရေးအတွက် Main Sponsor အနေဖြင့်တာဝန်ယူပေးပါသော PME Holding Co.,Ltd (Mitsubishi Electric) နှင့်တကွ Co Sponsor များအားလုံးအား 21 Golfers Group မှကျေးဇူးတင်ရှိပါကြောင်း….21 Golfers Member များအား ဝန်ကြေး ၂သောင်းကိုကောက်ခံမည်မဟုတ်ပါကြောင်းနှင့် Green Fees နှင့် Baggy ဖိုးသာကုန်ကြမည်ဖြစ်ပါကြောင်း, Member ဝင်လိုသူများလည်း ယခု Page မှမေးမြန်းစုံစမ်းနိုင်ပါသည်... Members Benefit များကိုလည်းမကြာမည် တင်ပြပေးသွားမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်ခင်ဗျား

Our Vision
To establish the professional relationship in M&E industry and expand golf network community across to other industries by playing golf.

Our Mission
To develop and promote the golf sportsmanship in M&E industry.
To bring people together for friendly competition, making the golf course a prime place for business professionals.

Our Core Value
• Honesty
• Respect
• Confidence
• Enjoyment
• Sportsmanship
#21 GOLFERS GROUP

ညီငယ် ညီမငယ် များအတွက် ဗဟုသုတ - ၃၆(အပိုင်း - ၁)" Water Mist System " အကြောင်း...Fire Fighting ပြုလုပ်ခြင်းအတွက် နည်းစနစ်...
06/12/2021

ညီငယ် ညီမငယ် များအတွက် ဗဟုသုတ - ၃၆
(အပိုင်း - ၁)

" Water Mist System " အကြောင်း...

Fire Fighting ပြုလုပ်ခြင်းအတွက် နည်းစနစ်များသည် သူ့နေရာ၊ သူ့အခြေအနေ၊ သူ့သဘောတရား နှင့် Hazard အမျိုး အစားပေါ်မူတည်၍ System များကို နည်းပညာ တိုးတက်မှု အတိုင်း လိုအပ်သလို သုံးစွဲ ကြပါသည်...

ထိုနည်းစနစ် များစွာထဲတွင် တစ်ခုအပါအဝင်ဖြစ်သော Fire Suppression System များထဲမှ Water Mist / Micromist System ၏ အသုံးပြုခြင်းပုံစံ၊ အသုံးချခြင်းနေရာ၊ တပ်ဆင်မှု အနေအထား၊ တွက်ချက်မှု နှင့် သဘောတရားများကို ဖော်ပြပေးပါမည်...

Water Mist System သည် ရေကို Control လုပ်ပြီး Suppress လုပ်ခြင်းဖြင့် မီးကိုငြှိမ်းသတ်ခြင်း ဖြစ်သည်...

Water Mist System ၏ မီးကိုငြှိမ်းသတ်ခြင်း သဘောတရားမှာ...

1. Cooling

2. Oxygen Depletion (Inerting)

3. Radiant Heat Blocking

စသည် တို့ဖြစ်သည်...

Fire Suppression system ကို လိုအပ်ချက်အရအသုံး ပြုကြသည့် ပုံစံမှာ...

1. Fire Extinguishment

2. Fire Suppression

3. Fire Control

4. Temperature Control

5. Exposure Protection

စသော အခြေအနေများအတွက် အသုံးပြုကြသည်...









Pipe ချိတ်ဆက်ခြင်း (အပိုင်း - ၄)Electric Facer ဆိုသည်မှာ ချိတ်ဆက်မည့် အရာ ၂ ခု၏ မျက်နှာပြင်ကို ပွတ်စားပေးမည့် ကျယ်ပြန့်သ...
24/11/2021

Pipe ချိတ်ဆက်ခြင်း
(အပိုင်း - ၄)

Electric Facer ဆိုသည်မှာ ချိတ်ဆက်မည့် အရာ ၂ ခု၏ မျက်နှာပြင်ကို ပွတ်စားပေးမည့် ကျယ်ပြန့်သော လည်နိုင်သော မျက်နှာပြင် ၂ ခု ရှိသည့် Blade ကို ဆိုလိုခြင်း ဖြစ်ပါတယ်...

Facer တွင် Handle ပါရှိသလို Machine ၏ Guide Rod ပေါ်တွင် တင်ထားရန် အတွက်လည်း တစ်ဘက်စီတွင် အထိန်းအကွပ် ပါရှိပါတယ်...

Fusion Machine ၌ ပိုက်ကို ထိန်းထားမည့် Jaw များ ရွေ့လျားမှုပုံစံမှာ တစ်ဘက်ခြမ်းက မရွေ့သော အ‌‌နေအထားပုံစံ ထားရှိပြီး အခြားဘက်အခြမ်းကို လက်ကိုင် လှည့်ပေးဖြင့် ရွေ့လျားနိုင်အောင် စီမံ ထားရှိပါတယ်...

မျက်နှာဝများကို ပွတ်စားခြင်းမပြုမှီ Facer ကို မရွေ့လျားနိုင်သော Jaw လက်မှ ပိုက် (သို့) Fitting ဘက်ခြမ်း‌၏ အဝတွင် ကပ်ထားရပါမယ်...

ပြီးမှ တစ်ဘက်ခြမ်းက လာရောက်ဆက်နိုင်အောင် Handle ဖြင့်တွန်းအား ပေးရပါမယ် အကယ်၍ စက်သည် Hydraulic ဖြစ်ပါက တွန်းအား မှန်ကန်အောင် ထိန်းညှိရပါမယ်...

မျက်နှာဝကို သေချာစွာ Facing လုပ်ပြီးသောအခါ Jaw ဖြင့်တင်းကြပ်ထားမှုကို ဖြေလျော့စေရန် လက်ကိုင် ကိုလှည့်ပေးရပါမယ်...

ထို့‌နောက် ပွတ်စားထားသည့် မျက်နှာပြင်ကို စစ်ဆေးရမည်ဖြစ်ပြီး Fused လုပ်မည့် နေရာ၏ မျက်နှာပြင် တစ်ခုလုံးကို ညီညာစွာ ရှိနေသည်အထိ Facing လုပ်ငန်းစဉ်ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်...

လက်ခံနိုင်သော အနေအထား ရရှိပါက Facer ကိုဖယ်ထုတ်ပြီး ပွတ်စားမှုကြောင့်ထွက်လာသော အစအနများကို အရင်ရှင်းလင်းပေးရပါမယ်...

ဤ အခြေအနေတွင် Fusion လုပ်မည့် မျက်နှာဝများကို ထပ်၍ မညစ်ပတ်စေရန် အခြားအရာများဖြင့် မထိအောင် သတိထားရပါမယ်...

ထို့နောက် ချိတ်ဆက်မည့် မျက်နှာပြင်ဝ နှစ်ဘက်ကို တေ့ထားပြီး Alignment ညီညာမှုရှိအောင် စစ်ဆေး လုပ်ဆောင်ရပါမယ်...

Fused လုပ်မည့် အရာ၏ တစ်ဘက်နှင့် တစ်ဘက်သည် အနိမ့်အမြင့် ကွာခြားမှုရှိပါက ထိုအရာကို ပြန်ထုတ်၍ ပြန်ထည့်ပြီး Nut ပြန်ကြပ်၍ Alignment ညီအောင် စစ်ဆေး၍ ထားရှိပြီး Jaw ဖြင့် သေချာစွာ တည်ရှိအောင် Nut များကို တင်းကြပ်ရပါမယ်...

ဆက်စပ်မှု ကောင်းမွန်ပြီး ခိုင်မာသော အနေအထား ရရှိရန် Alignment သည် Wall Thickness ၏ 10% မျှသာ ကွဲလွဲခွင့် ရှိပါတယ်...

ဖော်ပြပါ လုပ်ငန်းစဉ်များ အဆင်ပြေသည့်အခါ
Fused လုပ်ပေးမည့် Heater ကို စစ်ဆေးရမည်ဖြစ်ပြီး ချိတ်ဆက်မည့် အရာကို အပူပေးရမည့် Heater Plate ၏ အပူချိန်ကို Minimum 400° F, Optimum 425° F, Maximum 450° F အထိ ရှိအောင် လုပ်ဆောင်ထားရမှာ ဖြစ်ပါတယ်...

Heater Adapter ၏ မျက်နှာပြင်ကို စစ်ဆေးရမှာ ဖြစ်ပြီး Coating Damage, Plastic Buildup Rings နှင့်Surface Imperfection များဖြစ်မနေမှသာ Fused လုပ်ဆောင်မှု ကောင်းမွန်မှာ ဖြစ်ပါတယ်...

Heater Plate တွင် လိုအပ်သော အပူချိန် ရသောအခါ ချိတ်ဆက်မည့် မျက်နှာဝ ၂ ခု၏ မျက်နှာပြင်များဖြင့် သေချာစွာထိစပ်နေစေရန် Heater ကို ထားရှိ တပ်ဆင်ရပါမယ်...

ထို့နောက် မျက်နှာဝ ၂ ခုကို Heater နှင့် ထိစပ်ရန် Force အများကြီး မပါစေပဲ လုပ်ဆောင်ပြီး ထိစပ်မှုကြောင့် ပိုက် (သို့) Fitting တို့၏ အဝ တစ်ဘက်စီ၌ Bead ဖြစ်ပေါ်လာပါမယ်...

ထိုအချိန်တွင် လိုအပ်သော Bead အရွယ်အစား ရရှိ ဖြစ်ပေါ် လာသည်အထိ အပူပေးခြင်းကို ဆောင်ရွက် ပေးရမှာ ဖြစ်ပါတယ်...

လိုအပ်သော Melt Bead အနေအထား ရရှိပါက Heater ကိုဖယ်ထုတ်ပြီး မြန်ဆန်စွာဖြင့် Melt ဖြစ်နေသော မျက်နှာဝ ၂ ခုကို စစ်ဆေးခြင်းကို ဆောင်ရွက်ရပါမယ်...

အကယ်၍ Melt ဖြစ်နေသာ မျက်နှာဝ ၂ ခုသည် Fused လုပ်ဆောင်ရန် အဆင်ပြေပါက ၎င်းတို့ကို ထိစပ်စေပြီး Bead ၂ ခုကို လိုအပ်သော တွန်းအားတစ်ခုဖြင့် ချိတ်ဆက်ရန် လုပ်ဆောင်ရပါမယ်...
(ညီညာစွာ ဆက်စပ်မှုရှိအောင် လုပ်ဆောင် ရပါမယ်)

ထို့နောက် ချိတ်ဆက်ထားသော မျက်နှာပြင်ကို သတ်မှတ်ထားသည့် အအေးပေးရမည့် အချိန်ကာလအတိုင်း ချိတ်ဆက်မှု အနေအထားကို ထားရှိပေးရမှာ ဖြစ်ပါတယ်...

ဖော်ပြပါ လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီး အဆင်ပြေသည့် အခါ သုံးစွဲမည့် ‌နေရာတွင် ထားရှိပြီး ချိတ်ဆက်ခြင်းကို လုပ်ဆောင်၍ စီစစ်ပြီး လက်ခံနိုင်သည့် အရည်အသွေး ရှိသောအခါ ပုံမှန်သုံးစွဲခွင့်ကို ရရှိမှာ ဖြစ်ပါတယ်...













Pipe ချိတ်ဆက်ခြင်း (အပိုင်း - ၃)Heat Fusion ၏ Theory မှာ ၁၊ မျက်နှာပြင် ၂ ခုကို သတ်မှတ်ထားသော အပူချိန်ဖြင့် အပူပေးခြင်း၂...
19/11/2021

Pipe ချိတ်ဆက်ခြင်း
(အပိုင်း - ၃)

Heat Fusion ၏ Theory မှာ
၁၊ မျက်နှာပြင် ၂ ခုကို သတ်မှတ်ထားသော အပူချိန်ဖြင့် အပူပေးခြင်း
၂၊ Melt Zone အဖြစ် ဖန်တီးလိုက်ခြင်း
၃၊ Force Application ဖြင့် မျက်နှာပြင် ၂ ခုကို ပေါင်းစပ်ခြင်း
စသည်တို့ ဖြစ်ပါတယ်...

Polyethylene Material ကို အပူပေးလိုက်သော အခါ Crystalline State မှ Amorphous အခြေအနေသို့ ပြောင်းသွားပါတယ်...

ထိုအချိန်တွင် Fusion ဖြစ်အောင် ဖိအားတစ်ခုဖြင့် ပေးလိုက်သော အချိန်တွင် တစ်ဘက်စီတွင်ရှိသော Polyethylene မှ Molecules များသည် ရောနှောပေါင်းစပ်သွားကြသည်...

ထို့နောက် ဆက်ထားသော Joint အဆက်နေရာကို အချိန်ပေး၍ အအေးခံထားသော အခါတွင် Molecules များသည် Amorphous မှ Crystalline Form အခြေအနေသို့ ပြောင်းလဲသွားပြီး Interface လုပ်ငန်းစဉ် ပြီးဆုံး၍ မျက်နှာပြင် ၂ ခုသည် တစ်မျိုးနှင့် တစ်မျိုး ညီညွှတ်အောင် ပေါင်းစပ်ထားသည့် အနေအထား ဖွဲ့စည်းထားသည့် ပုံစံအဖြစ်သို့ ရောက်ရှိသွားပါတယ်...

ASTM F2620 ၏ ညွှန်းဆိုချက်အရ Butt Fusion Joint ကို အသုံးပြုထားသော ပိုက် (သို့) Fitting တို့၏ Outside Diameter သည် တူညီနေရမည် ဖြစ်သော်လည်း အချို့သော Standard များ၏ Diameter Ratio အရ Wall Thickness သည် အနည်းငယ် ကွာခြားမှု ရှိနိုင်ပါတယ်...

ထို့ကြောင့် အချို့သော အ‌ခြေအနေများတွင် Industry Practice အရ လက်ခံပေးနိုင်သည့် Wall Thickness ကွာခြားမှုမှာ 26% ထက်မပိုသင့်ပါ...

အဘယ့်ကြောင့်ဆိုသော် Butt Fusion ဖြင့် ဆက်ထားသော ပိုက် (သို့) Fitting ၂ ခုတွင် Wall Thickness အပါးဆုံး နေရာ၌ ခံနိုင်သည့် အနေအထားထက် ဖိအားသက်ရောက်ခြင်း မဖြစ်အောင် ထိန်းထားရန် ဖြစ်ပါတယ်...

ဥပမာ ဆက်မည့် တစ်ဘက်ခြမ်းက ပိုက် (သို့) Fitting ၏ Wall Thickness သည် 1" ရှိခဲ့သော် အခြားတစ်ဘက်မှ ဆက်မည့် ပိုက် (သို့) Fitting ၏ Wall Thickness မှာ 0.74" (သို့) 1.35" ရှိသင့်ပါတယ်...

မျက်နှာပြင် ၂ ခုကို Fused လုပ်ရန်အတွက် ပိုက်ကို ထိန်းချုပ်ထားမည့် Clamp ကို ပိုက်အရွယ်အစားလိုက် ရွေးချယ်ပြီး Fusion Machine အပေါ်ဘက် Jaw တွင် တစ်ခြမ်း တပ်ဆင်ပြီ အောက်ဘက် Jaw တွင် တစ်ခြမ်း တပ်ဆင် ထားပါမယ်...

Fusion Machine ထဲသို့ ချိတ်ဆက်မည့် အရာကို မထည့်သွင်းမှီ မျက်နှာဝနှင့်အတူ အပြင်ဘက်ခြမ်း၊ အတွင်းဘက် အခြမ်း တို့ကို သန့်ရှင်းသော အဝတ်စဖြင့် သန့်ရှင်းရေး လုပ်ပေးရမှာ ဖြစ်ပါတယ်...

အကယ်၍ ညစ်ညမ်း ‌နေမှုကို ဤကဲ့သို့ သန့်ရှင်းရေး မလုပ်နိုင်ပါက ရေဖြင့် ပြောင်နေအောင် ဆေးကြောပြီး သန့်ရှင်းသော Paper Towel (သို့) အဝတ်စဖြင့် သုတ်ပေးရပါမယ်...

မျက်နှာဝကို ဖြတ်‌‌တောက်ပြီးသော အချိန်တွင် Oil များ ထပ်၍ ပေကျံ မိပါက Isopropyl alcohol ကို အဝတ်တွင် စွတ်ပြီး အညစ်အကြေးများ မရှိအောင် သန့်စင်ပေးရမှာ ဖြစ်ပါတယ်...

ဒါပေမယ့် Soap (သို့) Cleaning Solvents များဖြင့် ဆေးကြောသန့်စင်ခြင်း မပြုရပါ...

ထို့‌နောက် စက်၏ Upper Jaw ကို ထိန်းထားမည့် Nut ကို လှည့်ဖွင့်ပြီး ထဲသို့ Fused လုပ်မည့် အရာကိုထည့်ပြီး‌နောက် အပေါ်ဘပ်က Jaw ကို ပြန်ပိတ်ပြီး‌ Nut ကိုပြန်ကြပ်၍ ချုပ်ထားရပါမယ်...

ထို့အခြေအနေတွင် အတွင်းဘက် အကျဆုံး Jaw နေရာမှ ၁ လက္မ မျှသာ ပိုထွက်စေရမှာ ဖြစ်ပြီး Jaw ဖြင့် ပိုက်ကို ထိန်းချုပ်သော အခါတွင် Nut ကို လွန်ပဲစွာ တင်းကြပ်ခြင်း မပြုရပါ...

ထို့နောက် ပိုက် (သို့) Fitting ၏ မျက်နှာဝ အတွင်းအပြင်ကို ထပ်မံ၍ သန့်ရှင်းရေး ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်...















“ Pipe ချိတ်ဆက်ခြင်း “(Part - 2)HDPE ပိုက်ကို Butt-welding နည်းလမ်းကို အသုံးပြုပြီး  ချိတ်ဆက်သောအခါ ဆောင်ရွက်ရမည့် Proce...
13/11/2021

“ Pipe ချိတ်ဆက်ခြင်း “
(Part - 2)

HDPE ပိုက်ကို Butt-welding နည်းလမ်းကို အသုံးပြုပြီး ချိတ်ဆက်သောအခါ ဆောင်ရွက်ရမည့် Procedure များမှာ...

1. Clamping

2. Facing

3. Alignment

4. Heating

5. Joining

6. Holding

စသည်ဖြင့် မှတ်သားထားနိုင်ပြီး အဆင့်များအလိုက်နားလည် လွယ်အောင် ရေးသား ဖော်ပြရလျှင်...

၁၊ ဆက်မည့် ပိုက် အရွယ်အစားပေါ်မူတည်ပြီး ကိုက်ညီမည့် Clamp ကို ရွေးချယ်၍ စက်တွင် တပ်ဆင်ထားပါ...

၂၊ ဆက်မည့် ပိုက် ၂ ချောင်း (သို့) Fitting ကို Alignment Jig ထဲသို့ထည့်ပြီး ပိုက် Level ကို ညီအောင် Clamp များဖြင့် ချုပ်၍ ထိန်းထားပေးရပါမယ်...

၃၊ Pipe (သို့) Fitting ၏ အစဘက် ပိုက်အဝကို သန့်ရှင်းရေး အရင်လုပ်ပေးထားပါ...

၄၊ ပိုက်အဝ မျက်နှာပြင်ကို ညီညာအောင် ညှိပေးရန် စက်ကိုအသုံးပြု၍ ဆောင်ရွက်သော လုပ်ငန်းစဉ် အဆင့်ဖြစ်ပြီး ၎င်းကို Machining Surface ဆောင်ရွက်သော အဆင့်ဟု သတ်မှတ် ၍ Electric Facer ကို Jig အထဲ ပိုက် ၂ ချောင်း (သို့) Fitting ၂ ခု၏ အလယ်တွင်ထားပြီး မျက်နှာပြင်အဝကို စားထုတ်ရပါမယ်...

၅၊ ထို့နောက် စားထုတ်လိုက်သောကြောင့် ထွက်လာသော ပိုက်အဝ အစများကို ဖယ်ရှားပြီး ပိုက်၏ မျက်နှာဝကို သန့်ရှင်းပေးရပါမယ်...

၆၊ ထပ်၍ ဆက်မည့် ပိုက် ၂ ခု (သို့) Fitting ၂ ၏ Level ညီ မညီကို ပြန်လည်၍ စီစစ် စစ်ဆေးရမှာ ဖြစ်ပြီး သေချာစွာ ညီညာအောင် ထားရှိရမှာ ဖြစ်ပါတယ်...
(ကွာဟမှုသည် 10% ထက်မပိုသင့်ပါ)

၇၊ အထက်တွင်ဖော်ထားသော လုပ်ဆောင်ရမည့် အချက်များ အဆင်ပြေပါက ပိုက် ၂ ခု (သို့) Fitting ၂ ခုကို ဆက်ပေးမည့် Butt Fusion Heater ၏ မျက်နှာပြင်ကို သန့်ရှင်းရေး လုပ်ပေးထားရပါမယ်...

၈၊ Heater ကိုအသုံးပြုရန် အဆင်ပြေသော အနေအထား ရှိသည့် အခါမှ Alignment Jig ၌ ပိုက် ၂ ခု (သို့) Fitting ၂ ခုကြားတွင် Heater ကို ထည့်သွင်း ထားရှိရပါမယ်...

၉၊ ချိတ်ဆက်မည့် အရာဝတ္ထု၏ မျက်နှာပြင်များသည် Heater ၏ မျက်နှာပြင်၌ သေချာစွာ ထိရောက်မှု ရှိမရှိ စစ်ဆေးရပါမယ်...

၁၀၊ ပိုက် (သို့) Fitting ကိုချိတ်ဆက်ရန် Heater ၏ အပူချိန်မှာ Minimum 400° F / Optimum 425° F / Maximum 450° F ရှိနေအောင် စောင့်ကြည့်ရပါမယ်...
(ပိုက်အရွယ်အစား အလိုက် အပူပေးရမည့် Heater Plate ကိုဖယ်ခွာမှု ကွာခြား ပါလိမ့်မယ်)

၁၁၊ သတ်မှတ် အပူချိန်ရသောအခါတွင် ပိုက် (သို့) Fitting အချင်းချင်းကို ချိတ်ဆက်ပြီး ပိုက်အရွယ်အစား အလိုက် သတ်မှတ်ထားသော Bead အရွယ်အစားရအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်...

၁၂၊ လိုအပ်သော Bead အနေအထား ရလာသော အချိန်တွင် ပိုက်၏ မျက်နှာဝကို စစ်ဆေးပြီး အဆင်ပြေပါက သတ်မှတ်ထားသော တွန်းအားဖြင့် ချိတ်ဆက်ရမှာ ဖြစ်ပါတယ်...
(Minimum 60 psi, Optimum 75 psi, Maximum 90 psi)

၁၃၊ ဖိအားဖြင့် ချိတ်ဆက်ထားသော ပိုက် (သို့) Fitting အတွက် သတ်မှတ်ထားသည့် အအေးပေးထားရမည့် အချိန် (Cooling Time) ကို လုံလောက်စွာ ထားရှိရပါမယ်...

၁၄၊ ထိုသို့ လုပ်ဆောင်ပြီးသောအခါ တွန်းအားဖြင့် ထိန်းချုပ်ထားတာတွေ ဖယ်ရှားပြီး ချိတ်ဆက်ထားမှု၏ ဖြစ်တည်မှုကို စစ်ဆေး စီစစ်ရမှာ ဖြစ်ပါတယ်...

၁၅၊ ချိတ်ဆက်မှု အဆင်မပြေပါက လက်ခံနိုင်သည့် အနေအထား ရရှိအောင် ပြန်လည် လုပ်ဆောင်ပေးရပါမယ်...

ဆက်လက်ပြီး ရေးသားပါမယ်...













“ Pipe ချိတ်ဆက်ခြင်း “(Part - 1)ယခုနောက်ပိုင်းတွင် မြေမြှုပ်ထားရမည့် နေရာများ ဖြစ်သော (Underground) တွင် Sewage နှင့် Fi...
11/11/2021

“ Pipe ချိတ်ဆက်ခြင်း “
(Part - 1)

ယခုနောက်ပိုင်းတွင် မြေမြှုပ်ထားရမည့် နေရာများ ဖြစ်သော (Underground) တွင် Sewage နှင့် Fire Fighting စနစ်များ အတွက် HDPE ကို အသုံးပြုလာကြပါတယ်...

HDPE ဆိုသည်မှာ High Density Polyethylene ဖြစ်ပါတယ်...

Pipe အချင်းချင်း ဆက်သည့် နည်းလမ်းများကို ဖော်ပြရလျှင်...

1. Butt-weld Joint

2. Electrofusion Joint

3. Plug-in Joint

4. Snap Joint

5. Screw-threaded Joint

6. Fl**ge Joint

7. Contraction sleeve Joint

8. Metal coupling

9. Pipe-in-pipe Joint

စသည်ဖြင့် ရှိပါသည်...

Butt Joint အတွက် ဖော်ပြပေးရလျှင်...

HDPE အတွက် Welding နည်းစနစ်ကို အသုံးပြုပြီး ချိတ်ဆက်‌သောအခါ Glue (သို့) Rubber Ring Joint များကို ထပ်တိုး၍ အသုံးပြုစရာမလိုအပ်ပါ...

ဤပိုက်များကို Pull Tight နှင့် Leak Proof ဖြစ်ပြီး ပိုက်သားချင်း ချိတ်ဆက်ပြီး Testing လုပ်သောအခါတွင်လည်း Risk ဖြစ်နိုင်မှု အနည်းဆုံး အနေအထားတွင် ရှိပါတယ်...

အဘယ့်ကြောင့်ဆိုသော် Pipe ၏ အနေအထားသည်...

1. Flexibility ဖြစ်ခြင်း

2. Impact resistance ရှိမှု

3. Material ၏ Overall အနေအထားသည်
Toughness ရှိခြင်း

စသည်တို့ကြေင့်ဖြစ်ပါတယ်...

Application ပေါ်မူတည်ပြီး ပိုက်အချင်းချင်း နှင့်အတူ ပိုက်နှင့် ပိုက်ဆက် ပစ္စည်များကို ချိတ်ဆက်သည့် Method ကွာခြားနိုင်ပါတယ်...

ချိတ်ဆက် မှုများကိုလည်း ခွဲခြားနိုင်သည်မှာ...

1. Welded/mechanical

2. Pull-tight/not pull-tight

စသည်ဖြင့် ရှိပါတယ်...

Butt-welding / Fusion ချိတ်ဆက်နည်းသည် Economical ဖြစ်သလို Reliable ဖြစ်ရခြင်းမှာ...

အသုံပြုသည့် အချိန်တွင် ပိုက်ကိုဆက်ပေးမည့် Equipment မှလွဲ၍ အခြား ထပ်တိုး ပစ္စည်းများ မလိုအပ်သောကြောင့် ဖြစ်ပါတယ်...

ဤ Method သည် Prefabrication နှင့် Special Fitting များထုတ်လုပ်သော လုပ်ငန်းများအတွက် အထူး သင့်လျော်ပါတယ်...

Joining Methods များမှာ...

1. Machining the surface

2. Preheating under pressure

3. Heating up with less pressure

4. Change over

5. Welding and cooling

စသည်တို့ ဖြစ်ပါတယ်...

ဆက်လက်ပြီး ရေးသားပါမယ်...

















**ge







Beam Smoke Detector Installation & Sensitivity Test (အပိုင်း - ၄) / Finalအရှေ့ပိုင်းတွင် ဖော်ပြပြီးသော လုပ်ငန်းစဉ်များကိ...
11/11/2021

Beam Smoke Detector Installation & Sensitivity Test (အပိုင်း - ၄) / Final

အရှေ့ပိုင်းတွင် ဖော်ပြပြီးသော လုပ်ငန်းစဉ်များကို လုပ်ဆောင်ပြီးသည့်နောက် ဆက်လက်၍ ဆောင်ရွက်ရမည်တို့မှာ…

- ပေါ်နေသော နံပါတ်၏ ဂဏန်း ပမာဏနည်းနေလျှင် Wheel များကို လှည့်၍ အတိုးအလျှော့ လုပ်၍ ပမာဏများလာသည် အထိ ဆက်တိုက် လုပ်နေရမည် ဖြစ်ပြီး အများဆုံး ရနိုင်သည် အထိ သေချာ ကောင်းမွန်စွာဖြင့် လုပ်ကြည့်၍ ရပြီဆိုသော အခါမှ Adjust လုပ်ဆောင်ခြင်းကို ရပ်တန့်ရမည်...
(ဂဏန်းများသည် 100 မပြည့်လည်း ရပါသည်)

- ထိုအချိန်တွင် Aligment Switch ကို နောက်တစ်ကြိမ်ထပ်နှိပ်၍ ပိတ်လိုက်ရမည်ဖြစ်ပြီး အဝါ LED မီးသည် ဆက် ၍ ပွင့်လိုက် ပိတ်လိုက် လင်းနေမည်...

- ဤ အချိန်တွင် Sensitivity Switch ကိုနှိပ်၍ လိုချင်သော Sensitivity Level အထိရအောင် ဖိနှိပ်ထားရပါမည်...

(Sensitivity Level ကို ပစ္စည်း၏ Installation and Maintenance Instructions စာအုပ်တွင် ဖော်ပြထားပြီး ၎င်း၏ Level မှာ Detector နှင့် Reflector ကြား လက်ခံနိုင်မည့် အကွာအဝေးကို ညွှန်းဆိုခြင်း ဖြစ်ပါသည်)

- ထုတ်လုပ်သည့် စက်ရုံမှ Setting ချထားသော Sensitivity နှုန်းထားမှာ Level 4 ဖြစ်သော်လည်း ကိုယ်လိုအပ်သော အနေအထားကို ပြန်လည် ချိန်ညှိ နိုင်ပါသည်...

- ဤလုပ်ငန်းစဥ်များ ပြီးဆုံးသွားပြီဆိုပါက ပထမ လုပ်ငန်းစဥ် အချိန်တုန်းက လျှော့ခဲ့သော Lock Screw များကို ပြန် ၍ အဆုံးထိ ရောက်အောင် တင်းကြပ်ရပါမည်...
(Screw များကို Over Tight မဖြစ်စေရပါ)

- ထို့နောက် အပေါ်မှ အဖုံးကို ပြန်ဖုံး၍ Screw များဖြင့် ကြပ်ပြီး အပေါ်က ပလပ်စတစ်ကို ခွာချရပါမည်...

- ထိုအချိန်တွင် Detector နှင့် Reflector ကြားတွင် အခြား ကြားခံများ ရှိမနေရပါ...

- ထို့နောက် Detector ၏ အောက်ခြေနားတွင် ရှိသော Reset ခလုပ်ကို နှိပ်ရပါမည်...

- ထိုအခါတွင် အဂါရောင် မီးလုံးမှ 20 to 30 Second အချိန်မျှ မှိန်တုတ် မှိတ်တုတ် လင်းနေချိန် အတွင်း Detector မှ Final Adjustment ကိုလုပ်နေပြီး ထို့ နောက် အဝါရောင် မီးပိတ်သွား၍ အစိမ်းရောင် LED မီး စတင်၍ လင်းလာ ပါလိမ့်မည်...

- ဤသို့ အစိမ်းရောင် LED မီးလင်း၍ မှိတ်တုတ် မှိတ်တုတ် ပြနေခြင်းသည် နောက်ဆုံး စစ်ဆေး ထိန်းညှိခြင်း အောင်မြင်၍ Detector မှ အလုပ်စတင် လုပ်နေပြီဟု မှတ်ယူနိုင်ပါသည်...



- Detector လုပ်ဆောင်မှု မှန်ကန်ခြင်း ရှိမရှိကို ပို၍ သေချာစေရန် အတွက် ပြန်လည်၍ Testing လုပ်ရပါမည်...

- ပထမအနေဖြင့် Reflector အရှေ့မှ Reflection မဖြစ်နိုင်သော အခြားအရာတစ်ခုဖြင့် ကာကြည့်ပါမည်...

- ထိုအချိန်၌ စက္ကန့် အနည်းငယ်မျှ ကြာသော အခါတွင် Detector မှ အဝါရောင် LED မီးပြန်လင်း၍ မှိတ်တုတ် မှိတ်တုတ် ပြနေမည်...

- ထို့နောက် Reflector ရှေ့မှ ကာထားသော အရာကို ပြန်ဖယ်လိုက် ပြီးနောက် ၁ မိနစ် ခန့်ကြာသောအခါ Detector မှ Activate ဖြစ်ပြီး ပုံမှန် အခြေအနေသို့ ရောက်ရှိပြီး စတင်၍ Detect လုပ်နေပါမည်...

- နောက်တစ်ချက်က Reflector ကို ပထမအတိုင်း အကာတစ်ခုခုဖြင့် အပြည့်မဟုတ်ပဲ တစ်ဝက်မျှ ၁ မိနစ်ခန့် ကြာအောင် ကာကြည့်ပါမည်...

- ထိုအခါတွင် Detector ၌ အခြား LED မီးတစ်လုံးထပ်ပြ၍ Reflector အရှေ့တွင် အခြားအရာတစ်ခု တားဆီးနေကြောင်းကို အချက်ပြ သတိပေးပါလိမ့်မည်...

တပ်ဆင်သောအခါတွင် ဖြစ်တတ်သော အမှားများမှာ...

- သတ်မှတ်အကွားအဝေးထက် ကျော်လွန်၍ Beam Detector နှင့် Reflector ကို တပ်ဆင်ထားမိခြင်း...

- Detector နှင့် Reflector တစ်ခုနှင့်တစ်ခု Alignment မတည့်ခြင်း...

- Warehouse တွင်ရှိသော ပစ္စည်းသယ်ယူမည့် စက်များ၏ သွားလာနိုင်သော အမြင့်နှင် လွန်အောင် မထားရှိခြင်း...

စသည်တို့ မဖြစ်ရအောင် သေချာ တိုင်းထွာ တွက်ချက် ၍ Beam Detector ကိုတပ်ဆင်သင့်ပါသည်...









Beam Smoke Detector Installation (အပိုင်း - ၃)Detector နှင့် Reflector တစ်ဘက်စီတွင် တပ်ဆင်ပြီးသောအခါ Alignment Process က...
10/11/2021

Beam Smoke Detector Installation
(အပိုင်း - ၃)

Detector နှင့် Reflector တစ်ဘက်စီတွင် တပ်ဆင်ပြီးသောအခါ Alignment Process ကိုစတင်နိုင်ပါ သည်...

- Detector ထဲတွင်ရှိနေမည့် Lock လုပ်သော Screw အချို့ ကို အနည်းငယ် လျှော့ထားပါ...

- ထို့နောက် အပေါ်ဘက်နားတွင် Alignment အတွက် ချိန်ရန်ရှိသော နေရာ၌ Reflector မြင်ရသည် အထိကြည့်၍ Adjust လုပ်ကြည့်ပါ...

- Reflection မြင်ရန် အနည်းငယ် ခက်ခဲနေပါက Reflector ပေါ်တွင် အဝါရောင် Sticker ကို ကပ်ထား၍ ရှာဖွေ ကြည့်ရှုပြီး ချိန်ညှိနိုင်ပါသည်...

- ထိုအချိန်တွင် ခုခံအတားအဆီးဖြစ်မည့် အရာဝတ္ထုများကို Detector နှင့် Reflector ကြားထဲတွင် ရှိမနေရန် ဆောင် ရွက် ထားရမည် ဖြစ်ပြီး Beam Path မှ 15 inches (38 cm) အတွင်း အခြား အတားအဆီးများရှိမနေအောင် ပြင်ဆင်ထားရပါမည်...

- Detector ၏ အပေါ်ဘက်နားရှိ မှန်လေးပေါ်တွင် Reflector ကိုသေချာ မြင်ရသည်အထိ ချိန်ညှိရမည့် Center Line ကိုရောက်နေအောင် Detector မှ Horizontal အတွက် ထိန်းညှိရမည့် ဘီးလုံးကို လှည့်၍ သော်လည်းကောင်း၊ Vertical အတွက် ထိန်းညှိရန် ရှိနေသော ဘီးကို လှည့်၍သော် လည်းကောင်း ချိန်ကြည့်နေရပါမည်...

- ထပ်၍ Confirm လုပ်ရမည်က Reflector နှင့် Detector ကြားတွင် မည့်သည့် အရာဝတ္ထုမှ ခုခံတားဆီးနေခြင်း ရှိမရှိ သေချာစွာ စစ်ဆေးပါ...

- အချို့ Beam Detector များတွင် Automatic Beam Alignment ပါခဲ့လျှင် Detector မှ မျက်နှာချင်းဆိုင်ဘက် အခြမ်းသို့ ရေပြင်ညီ အလျားအတိုင်း Infrared Light သည် Reflector ကိုထိပြီး ရောင်ပြန် ဟပ်သည်၍ ရောင်ခြည်ကို ပြန်ခံရသည်အထိ ရှိဖွေနေပါမည်...

- AGC (Automatic Gain Control) စနစ်ပါလျှင် Signal Level ပြောင်းလဲနေခြင်းကို

ဥပမာ...

Lenses သို့မဟုတ် Reflector ပေါ်တွင် Dirty/Dust များတင်ကျန်နေခြင်း

Building ၏ Movement ဖြစ်ခြင်း

Slow Burning Fire ဖြစ်ခြင်း

စသည်တို့ကို အာရုံခံ သိရှိ နိုင်ပါသည်...

- ပထမ ဦးစွာ Detector ထဲတွင် ရှိမည့် Aligment Switch ကို ဖွင့်ပေးသောအခါတွင် အပေါ်နားတွင် ရှိသော Digital Display သည်ပွင့်လာပြီး အောက်အနားတွင်ရှိသော အဂါရောင်ရှိသော LED မီးကလင်းလိုက်မှိတ်လိုက်နှင့် အချက်ပြနေမည်...

-Digital Display တွင် (- -) ဤပုံစံကဲ့သို့ ပေါ်စေချိန်တွင် ဘေး နှင့် အောက်တွင်ရှိသော Adjustment လုပ်ရမည့် Wheel လေးများကို တဖြေးဖြေး လှည့်ပေးသော အခါတွင် Display ၌ နံပါတ်များ ပေါ်လာပါမည်...

- ထိုသို့ပေါ်လာသည့် နံပါတ်များ၏ ကိန်းဂဏန်း အနည်းအများသည် လှိုင်းပမာဏ ကောင်းခြင်း မကောင်းခြင်း ကို ဖော်ပြနေခြင်း ​​ဖြစ်သည်...









Address

No(14A), Mya Yadanar Street, 16 Quarter , Baukhtaw, Yankin Township
Yangon
11081

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30

Telephone

09762723707

Alerts

Be the first to know and let us send you an email when AES ACCURATE ENGINEERING CO.,LTD. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AES ACCURATE ENGINEERING CO.,LTD.:

Share