ဟိန်းဆက်သင်္ဘောဆေးဆိုင်

  • Home
  • Myanmar
  • Yangon
  • ဟိန်းဆက်သင်္ဘောဆေးဆိုင်

ဟိန်းဆက်သင်္ဘောဆေးဆိုင် Paint & Building Materials Trading
အမှတ်(၁၀၂၄)၊ ပြည်လမ်း၊ စ? We have thousands of paints and accessories for your decor needs.

16/04/2026
🎁၁၃၈၈ ခုနှစ်၊ 🇲🇲မြန်မာ့ရိုးရာနှစ်သစ်ကူး 🇲🇲                  🎉မင်္ဂလာဆုတောင်းလွှာ 🎉🙏🏻🙏🏻နှစ်သစ်မဂ်လာဆုတောင်းမေတ္တာစာ"*🙏🏻🙏🏻...
16/04/2026

🎁၁၃၈၈ ခုနှစ်၊ 🇲🇲မြန်မာ့ရိုးရာနှစ်သစ်ကူး 🇲🇲
🎉မင်္ဂလာဆုတောင်းလွှာ 🎉

🙏🏻🙏🏻နှစ်သစ်မဂ်လာဆုတောင်းမေတ္တာစာ"*🙏🏻🙏🏻
၁၃၈၈ ခုနှစ် နှစ်သစ်မှစ၍ -
💦အေးချမ်းကြပါစေ💦
🇲🇲မြန်မာပြည်သူ ပြည်သားအားလုံး ဘေးရန်ခပင်း ဝေးကွာကင်းလျက် ငြိမ်းချမ်းသာယာသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ ...
🎉အောင်မြင်ကြပါစေ🎉 ဆောင်ရွက်သမျှ စီးပွားရေး၊ လူမှုရေးလုပ်ငန်းအဝဝတို့တွင် အဆင်ပြေချောမွေ့ပြီး အောင်မြင်မှုအပေါင်းနှင့် ပြည့်စုံကြပါစေ။
🪅သာသနာပြုနိုင်ကြပါစေ🪅အမျိုးဘာသာ သာသနာတော်အတွက် ကောင်းမြတ်သော ကုသိုလ်အလုပ်များကို ယခုထက်မက ပိုမိုတိုးတက် ဆောင်ရွက်နိုင်ကြပါစေ။

**"နှစ်ဟောင်းက အညစ်အကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောသန့်စင်ပြီး၊ နှစ်သစ်မှာ မင်္ဂလာအသစ်များဖြင့် စတင်နိုင်ကြပါစေ။"**

နှစ်သစ်ကစ တောင့်တမှုမှန်သမျှကြောင့်ကြမှုမရှိဘဲ ရရှိနိုင်ကြပါစေ။ လုပ်ကိုင်စီးပွါး ဒီရေအလား တိုးပွါးကြပါစေ။ အခက်အခဲများကင်းရှင်း အောင်မြင်ခြင်းများစွာ ရရှိနိုင်ကြပါစေ။ အနာရောဂါကင်းစင် ကျန်းမာပျော်ရွှင်ကြပါစေ။

🙏🏻သုနက္ခတ္တံ ၊ သုမင်္ဂလံ ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ၊ သုခဏော သုမုဟုတ္တောစ ၊ သုယိဋ္ဌံဗြဟ္မစာရိသု ။

🙏🏻ကောင်းမြတ်သော နက္ခတ်ကြုံပါစေ။

🙏🏻ကောင်းမြတ်သော မင်္ဂလာရှိပါစေ။

🙏🏻ကောင်းမြတ်သော မိုးသောက်ခြင်းဖြင့် အလင်းရောက်ပါစေ။

🙏🏻ကောင်းမြတ်သောစီးပွါးတို့သည်လည်း အချိန်မဆိုင်း ခဏတိုင်းရရှိပါစေ။

🙏🏻ကောင်းမြတ်သော အကျင့်မြတ်ကို ကျင့်ကြံနေသော သူတော်ကောင်းကို ကောင်းစွာ ပူဇော်နိုင်ပါစေကြောင်း

🙏🏻နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ် ....
**🙏🏻အားလုံး မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ🙏🏻**

#🙏🏻နှစ်သစ်ဆုတောင်း🙏🏻

#ဟိန်းဆက်သင်္ဘောဆေးဆိုင် မိသားစု

#
🏫ပြည်လမ်းဆိုင်
အမှတ်(၁၀၂၄)၊ ပြည်လမ်း၊ စော်ဘွားကြီးကုန်း၊
ကျောက်တော်ကြီးကားမှတ်တိုင်အနီး၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
📍 Location
https://maps.app.goo.gl/1YRHbcZqgTUM3knq9?g_st=ic
0943144647
09420444647

🏫စော်ဘွားကြီးကုန်းဆိုင်
အဆောင်(၃၁)၊ အခန်း(၈)၊ ပတ္တမြား(၇)လမ်း၊ စော်ဘွားကြီးကုန်းပွဲရုံဝင်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
📍 Location
🗺️ https://maps.app.goo.gl/kTBcbRuQjhGkXWS66?g_st=com.google.maps.preview.copy
01-3641257, 01-3643025
09407316074
09789096432

🏫သီရိရတနာ လက္ကားစျေး
ဆိုင်အမှတ်. N-37 ၊ သီရိရတနာလက်လီ/လက်ကားစျေး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
09445644647
📍 Location
🗺️ https://maps.app.goo.gl/rX74XGpUT3ga9ZjJ8?g_st=com.google.maps.preview.copy
09445644647

🏫 မန္တလေး
🏠 အမှတ်(၄ - A)၊ ရတနာတိုင်းပြည်အိမ်ရာ၊ လမ်း ၆၀၊ (၃၁ ~ ၃၂ ကြား)၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
📞 09750141696
📍 Location
🗺️ https://maps.app.goo.gl/vYSRrQY2Ex2uYxQ57?g_st=com.google.maps.preview.copy

   # Nippon Paint Myanmar #ဟိန်းဆက်သင်္ဘောဆေးဆိုင်
24/12/2024



# Nippon Paint Myanmar
#ဟိန်းဆက်သင်္ဘောဆေးဆိုင်

🎄 Merry Christmas 🎁
24/12/2024

🎄 Merry Christmas 🎁

🎄𝗡𝗶𝗽𝗽𝗼𝗻 𝗣𝗮𝗶𝗻𝘁 ဆေးပုံးတွေကိုအသုံးပြုပြီး ခရစ္စမတ်သစ်ပင်အလှဆင်ရင်း ဆုတွေယူကြမယ်.😍

ပျော်စရာကောင်းတဲ့ခရစ္စမတ်ရာသီရောက်လာပြီဆိုတော့ 𝗡𝗶𝗽𝗽𝗼𝗻 𝗣𝗮𝗶𝗻𝘁 𝗠𝘆𝗮𝗻𝗺𝗮𝗿 အရောင်းကိုယ်စားလှယ်များအတွက် ရင်ခုန်စိတ်လှုပ်ရှားစွာပါဝင်နိုင်တဲ့ 𝗚𝗮𝗺𝗲 အစီအစဥ်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ 🤗

အဲ့ဒါကတော့ အောက်ကပုံမှာပြထားသလိုပဲ 𝗡𝗶𝗽𝗽𝗼𝗻 𝗣𝗮𝗶𝗻𝘁 ဆေးပုံးတွေ၊ 𝗥𝗼𝗹𝗹𝗲𝗿𝘀တွေ၊ 𝗕𝗿𝘂𝘀𝗵 တွေ၊ အခြားအိမ်သုတ်ဆေးပစ္စည်းကိရိယာတွေ၊ ခရစ္စမတ်နဲ့သက်ဆိုင်တဲ့အသုံးအဆောင်တွေကိုအသုံးပြုပြီး မိမိစိတ်ကူးအိုင်ဒီယာထဲကရှိတဲ့အတိုင်း ခရစ္စမတ်သစ်ပင်ဖြစ်အောင် အလှဆုံးဖန်တီးရမှာပဲ ဖြစ်ပါတယ်။🎄🎄🎄

ဒီ 𝗖𝗮𝗺𝗽𝗮𝗶𝗴𝗻 မှာ ပါဝင်ထားသူများထဲမှ ခရစ္စမတ်သစ်ပင်အလှဆုံးဖန်တီးနိုင်သူအား ရွေးချယ်သွားမည့်ပုံစံနဲ့ စည်းကမ်းချက်များကတော့⤵️

(၁) အရင်ဆုံး ဒီ𝗖𝗮𝗺𝗽𝗮𝗶𝗴𝗻 မူရင်းပို့စ်ကို 𝗟𝗼𝘃𝗲 𝗥𝗲𝗮𝗰𝘁 ပေးပြီး 𝗣𝘂𝗯𝗹𝗶𝗰 နဲ့ 𝗦𝗵𝗮𝗿𝗲 ထားသူဖြစ်ရမှာဖြစ်ပြီး 𝗡𝗶𝗽𝗽𝗼𝗻 𝗣𝗮𝗶𝗻𝘁 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကိုလည်း 𝗟𝗶𝗸𝗲 & 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ထားသူဖြစ်ရပါမည်။

(၂) ခရစ္စမတ်သစ်ပင်အား မိမိစိတ်ကြိုက်အလှဆင်ဖန်းတီးပြီးပါက မိမိတို့ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗔𝗰𝗰𝗼𝘂𝗻𝘁 တွင်သော်လည်းကောင်း၊ မိမိတို့ကိုယ်ပိုင် 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 တွင်သော်လည်းကောင်း 𝗡𝗶𝗽𝗽𝗼𝗻 𝗣𝗮𝗶𝗻𝘁 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 အား 𝗧𝗮𝗴 တွဲ၍ #𝗡𝗶𝗽𝗽𝗼𝗻𝗣𝗮𝗶𝗻𝘁𝗠𝘆𝗮𝗻𝗺𝗮𝗿𝗫𝗺𝗮𝘀𝗧𝗿𝗲𝗲𝟮𝟬𝟮𝟰 ဆိုပြီး 𝗣𝘂𝗯𝗹𝗶𝗰 နဲ့ ပို့စ်တင်ထားသူဖြစ်ရပါမည်။

(၃) မိမိတင်ထားတဲ့ပို့စ်ကို 𝗦𝗰𝗿𝗲𝗲𝗻𝘀𝗵𝗼𝘁 ရိုက်ပြီး 𝗡𝗶𝗽𝗽𝗼𝗻 𝗣𝗮𝗶𝗻𝘁 𝗠𝘆𝗮𝗻𝗺𝗮𝗿 ရဲ့ မူရင်းပို့စ်အောက်မှာ ကွန်မန့်ပေးထားသူဖြစ်ရပါမည်။

(၄) ပါဝင်ယှဥ်ပြိုင်ထားသူတွေရဲ့ မူရင်းပို့စ် 𝗟𝗶𝗸𝗲 အရေအတွက်နှင့် 𝗡𝗶𝗽𝗽𝗼𝗻 𝗣𝗮𝗶𝗻𝘁 𝗠𝘆𝗮𝗻𝗺𝗮𝗿 ရဲ့ မူရင်းပို့စ်အောက်မှာ ကွန်မန့်ပေးထားသော 𝗦𝗰𝗿𝗲𝗲𝗻𝘀𝗵𝗼𝘁 တို့၏ 𝗟𝗶𝗸𝗲 အရေအတွက်များပေါင်းပြီး 𝗟𝗶𝗸𝗲 အများဆုံးရရှိသူ (၃)ဦးအား ရွေးချယ်သွားပါမည်။

(၅) ကံထူးရှင် (၃)ဦးအား ပထမဆု 𝗖𝗿𝗲𝗱𝗶𝘁 𝗡𝗼𝘁𝗲 (၁၀)သိန်း၊ ဒုတိယဆု 𝗖𝗿𝗲𝗱𝗶𝘁 𝗡𝗼𝘁𝗲 (၅)သိန်း၊ တတိယဆု 𝗖𝗿𝗲𝗱𝗶𝘁 𝗡𝗼𝘁𝗲 (၃)သိန်း တို့အား ပေးအပ်သွားပါမည်။

(၆) ၄င်းကံထူးရှင် (၃)ဦးအား 𝗡𝗶𝗽𝗽𝗼𝗻 𝗣𝗮𝗶𝗻𝘁 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 တွင် ကြေညာပေးသွားပါမည်။

(၇) 𝗖𝗮𝗺𝗽𝗮𝗶𝗴𝗻 အစီအစဥ်စတင်သည့် ဒီဇင်ဘာ (၁၂)ရက် မှ (၂၄) အထိ ပါဝင်ထားသောသူများကိုသာ ရွေးချယ်သွားပါမည်။

(၈) အကောင့်တစ်ခုကို တစ်ကြိမ်သာပါဝင်ရမှာဖြစ်ပြီး ပါဝင်ထားသူ၏အကောင့်သည် အကောင့်အတုမဖြစ်ရပါ။

(၉) မသမာမှုနှင့်တစ်စုံတစ်ရာအငြင်းပွားဖွယ်ရာ ဖြစ်‌ပေါ်လာပါက 𝗡𝗶𝗽𝗽𝗼𝗻 𝗣𝗮𝗶𝗻𝘁 𝗠𝘆𝗮𝗻𝗺𝗮𝗿 ၏ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်ပါမည်။

နောက်တစ်ခုက ပါဝင်သူအယောက် (၁၀၀)ကိုလည်း 𝗡𝗶𝗽𝗽𝗼𝗻 𝗣𝗮𝗶𝗻𝘁 𝗠𝘆𝗮𝗻𝗺𝗮𝗿 မှ မေတ္တာလက်ဆောင်များစီစဥ်ထားသေးတယ်ဆိုတာလေးပါ။🤩

𝗚𝗮𝗺𝗲 နှင့်ပတ်သက်ပြီး မရှင်းလင်းတာများရှိခဲ့ပါက 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 မှဖြစ်စေ၊ 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 ဌာနသို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။👨🏻‍💻
📞 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗗𝗲𝗽𝘁: 𝟬𝟵 𝟳𝟲𝟱 𝟰𝟳𝟴 𝟮𝟬𝟲

ကဲဒါဆိုရင် ဒီဇင်ဘာ (၂၄) ရက်နေ့နောက်ဆုံးထားပြီး မိမိစိတ်ကူးအိုင်ဒီယာထဲမှာရှိတဲ့အတိုင်း ခရစ္စမတ်သစ်ပင်လေးဖန်တီးပြီး ဆုလက်ဆောင်တွေအရယူလိုက်တော့နော်။ 🎄🥰

🙏🏻🙏🏻🙏🏻သီတင်းကျွတ်ဆုတောင်း🙏🏻🙏🏻🙏🏻🪅ဝါလကင်းလွတ် 🪅သီတင်းကျွတ်အခါသမယတွင် ဝယ်ယူအားပေးသူ မိဘပြည်သူအပေါင်း ……🎉ကိုယ်စိတ်နှစ်ဖြာ ကျ...
17/10/2024

🙏🏻🙏🏻🙏🏻သီတင်းကျွတ်ဆုတောင်း🙏🏻🙏🏻🙏🏻
🪅ဝါလကင်းလွတ် 🪅
သီတင်းကျွတ်အခါသမယတွင် ဝယ်ယူအားပေးသူ မိဘပြည်သူအပေါင်း ……
🎉ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး
💰စီးပွားလာဘ်လာဘများ
🎊ဒီရေအလား တိုးတက်ပါစေကြောင်း
🪅ဆုမွန်ကောင်းတောင်းအပ်ပါတယ်🙏🏻🙏🏻🙏🏻

🙏🏻ဟိန်းဆက်သင်္ဘောဆေးဆိုင်မိသားစု🙏🏻

17/10/2024
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့အဘိဓမ္မာအမေးအဖြေနှင့် သိကောင်းစရာများ************************************ #အဘိဓမ္မာအ...
17/10/2024

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့
အဘိဓမ္မာအမေးအဖြေနှင့် သိကောင်းစရာများ
************************************
#အဘိဓမ္မာအမေးအဖြေ

မေး ။ ။ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည် အဘိဓမ္မတရားကို ဘယ်အချိန် ဘယ်ကာလ ဘယ်နေရာ ဘယ်ဌာန၌ ဘယ်ရည်ရွယ်ချက်ဖြင့် ဘယ်သူတို့အား ဟောကြားတော်မူခဲ့ပါသနည်း။

ဖြေ ။ ။ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည် အဘိဓမ္မာတရားတော်ကို ၆ ဝါအလွန်၊ ' ၇ ' ဝါအရောက် မဟာသက္ကရာဇ် ၁၀၉ ခုနှစ်တွင် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာကျောက်နေရာထက်၌
မယ်တော်မိနတ်ကို ကျေးဇူးဆပ်လိုသော
ရည်ရွယ်ချက်ဖြင့် နတ်ဗြဟ္မာအပေါင်းတို့အား
ဟောကြားတော်မူခဲ့ပါသည်။

မေး ။ ။ သဗ္ဗညုမြတ်စွာဘုရားသည်
အဘိဓမ္မာတရားတော်ကို အချိန်ကာလ
မည်မျှကြာအောင် ဟောတော်မူပါသနည်း။

ဖြေ ။ ။ သဗ္ဗညုမြတ်စွာဘုရားသည် အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလရက်ပေါင်း ၉၀ ကြာအောင် ဟောတော်မူပါသည်။

မေး ။ ။ ဘုရားရှင်တိုင်း အဘိဓမ္မာတရားတော်ကို လူ့ပြည်၌မဟောကြားဘဲ အဘယ်ကြောင့် နတ်ပြည်မှာသာ ဟောကြားပါသနည်း။

ဖြေ ။ ။ အဘိဓမ္မာတရားတော်သည် သုတ္တန်ဒေသနာ, ဝိနည်းဒေသနာတော်များကဲ့သို့ လူတို့၏ အချိန်ကာလတစ်ရက်အတွင်း၌ အစ, အလယ်, အဆုံး အပြည့်အစုံပြီးအောင် ဟောကြား၍ မဖြစ်ပါ။ အဘိဓမ္မာတရား၏ ရှည်လျားသော ဒေသနာအစဉ်ကို လူသားများ ဣရိယာပုတ်တစ်ခုတည်းဖြင့်
ပြီးဆုံးအောင်နာယူနိုင်သောစွမ်းရည်လည်း မရှိပါ။
လူတို့၏ အချိန်ကာလ ဝါတွင်းသုံးလသည်
တာဝတိံသာနတ်တို့၏ အချိန်ကာလ တစ်ခဏမျှသာ ဖြစ်ပါသည်။ဘဤအကြောင်းများကြောင့် ဘုရားရှင်တိုင်း အဘိဓမ္မာတရားတော်ကို လူ့ပြည်၌ မဟောကြားဘဲ နတ်ပြည်မှာသာ ဟောကြားရခြင်း ဖြစ်ပါသည်။

မေး ။ ။ အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားရာ၌ လူသားဘုရားအနေဖြင့် နတ်အာဟာရကို မှီဝဲပါသလော၊ အာဟာရကိစ္စ မည်သို့ ဖြေရှင်းပါသနည်း။

ဖြေ ။ ။ အဘိဓမ္မာတရားကို ဝါတွင်းသုံးလ
ဟောကြားရာ၌ လူသားဘုရားအနေဖြင့်
နတ်အာဟာရကို မမှီဝဲပါ၊ လူ့ပြည့်လူ့ရွာ မြောက်ကျွန်းသို့ ဆွမ်းခံကြွပြီး လူ့အာဟာရကိုပင် မှီဝဲသုံးဆောင်ပါသည်။

မေး ။ ။ ပကတိမြတ်စွာဘုရား ဆွမ်းခံကြွသောအခါ အဘိဓမ္မာတရားကို ဟောကြားခြင်းမှ
ရပ်ဆိုင်းထားပါသလော၊ တရားဟောစဉ် အဆက်မပြတ်အောင် မည်သို့မည်ပုံ ဆောင်ရွက်တော်မူပါသနည်း။

ဖြေ ။ ။ ပကတိမြတ်စွာဘုရား ဆွမ်းခံကြွသောအခါ အဘိဓမ္မာတရားကို ဟောကြားခြင်းမှ
ရပ်ဆိုင်း၍မထားပါ၊ ပကတိမြတ်စွာဘုရားကိုယ်စား တန်ခိုးတော်ဖြင့် ဖန်ဆင်းထားသော
နိမ္မိတဘုရားရှင်က ဆက်၍ဟောကြားတော်မူပါသည်။

မေး ။ ။ အဘိဓမ္မာတရား ဟောကြားပုံဟောကြားနည်းများကို ဗဟုသုတအဖြစ် မှတ်သားလို၍ ရှင်းပြပေးပါ။

ဖြေ ။ ။ အဘိဓမ္မာတရား ဟောကြားပုံ
ဟောကြားနည်း သုံးမျိုးရှိပါသည်။
(က) သဗ္ဗညုမြတ်စွာဘုရားက တာဝတိံသာနတ်ပြည်၌ နတ်ဗြဟ္မာ ပရိသတ်တို့အား အကျယ်နည်းဖြင့် ဟောကြားတော်မူပါသည်။
(ခ) စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား
အကျဉ်းနည်းဖြင့် ဟောကြားတော်မူပါသည်။
(ဂ) ဘုရားဟောကြားသော အဘိဓမ္မာတရားကို
အရှင်သာရိပုတ္တရာမထေရ်က မဇ္စျိမဒေသကို
ယူဆောင်ပြီး လင့်နို့သားဖြစ်ခဲ့ဖူးသော တပည့်ရဟန်း ၅၀၀ တို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်ဟောကြားတော်မူပါသည်။

မေး ။ ။ ယနေ့မျက်မှောက်ခေတ်အထိ ရဟန်းရှင်လူတို့ အဘိဓမ္မာတရားကို သင်ကြားခွင့်ရရှိနေသည်မှာ မည်သူ၏ ကျေးဇူးကြောင့် ဖြစ်ပါသနည်း။

ဖြေ ။ ။ ယနေ့မျက်မှောက်ခေတ်အထိ ရဟန်းရှင်လူတို့ အဘိဓမ္မာတရားကို သင်ကြားခွင့်ရရှိနေသည်မှာ
အရှင်သာရိပုတ္တရာ၏ ကျေးဇူးကြောင့် ဖြစ်ပါသည်။

မေး ။ ။ အဘိဓမ္မာတရားကို အကြောင်းပြု၍
ဗုဒ္ဓဘာသာဝင်များအနေဖြင့် သီတင်းကျွတ်အခါ၌ မြင်းမိုရ်မီးပွဲ ဆင်နွှဲကြပုံ ယဉ်ကျေးမှုအစဉ်အလာကို သိပါရစေ။

ဖြေ ။ ။ သဗ္ဗညုမြတ်စွာဘုရားသည် အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားတော်မူရာ
သီတင်းကျွတ်လပြည့်နေ့တွင် ပြီးဆုံးသောကြောင့်
လူတို့နေရာ သင်္ကဿနဂိုရ်ပြည်သို့ပြန်လည်
သက်ဆင်းတော်မူပါသည်။
နတ်ပြည်မှ လူပြည့်သို့ သက်ဆင်းရာ၌ -
နတ်ပရိသတ်တွေက လက်ယာဘက် ရွှေစောင်းတန်း၊ ဗြဟ္မာပရိသတ်တွေက လက်ဝဲဘက် ငွေစောင်းတန်း၊ မြတ်စွာဘုရားသခင်က အလယ် ပတ္တမြားစောင်းတန်းမှ သက်ဆင်းတော်မူပါသည်။
မာတလိနတ်သားက မြတ်စွာဘုရားအနီး ဝဲဘက်တော်မှ ခစားလိုက်ပါပြီး ပဉ္စသီခနတ်သားက
စောင်းတီးပူဇော်ရင်း လိုက်ပါပို့ဆောင်ပါသည်။
သိကြားမင်းက ဘုရားနောက်တော်မှ ထီးမိုးလိုက်ပါပြီး သုယာမနတ်သားက ယပ်ခတ်လို့ လိုက်ပါလာပါသည်။ အဲဒီအချိန်က ဗုဒ္ဓအသရေတော်ကို ဖူးတွေ့လိုက်ရတဲ့လူတွေဟာ ဗောဓိဆုကို ရလိုကြောင်း ဆုတောင်းသူက များပါသတဲ့။ ကုဋေပေါင်းများစွာ ကျွတ်တမ်းဝင်လိုကြတယ်လို့ ပိဋကတ်ကျမ်းဂန်တွေမှာ ဖော်ပြထားပါတယ်။
မြတ်စွာဘုရားသခင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်ရာ၌ မီးရှူးတန်ဆောင် အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော်ကြသည့်ထုံးကို နှလုံးမူ၍ နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ်ချိန်တွင် မြင်းမိုရ်မီးပွဲ ထွန်းညှိပူဇော်ကြခြင်း ဖြစ်ပါသည်။

မေး ။ ။ သီတင်းကျွတ်နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် ကျင်းပရပုံ ရှင်းပြပါ။

ဖြေ ။ ။ (က) နတ်ပြည်မှာ နတ်ပရိသတ်တွေကို အကျယ် ဟောကြားပြီးဆုံးခြင်းသည်လည်း
သီတင်းကျွတ်လပြည့်နေ့။

(ခ) စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အကျဉ်း ဟောကြားပြီးဆုံးခြင်းသည်လည်း
သီတင်းကျွတ်လပြည့်နေ့။

(ဂ) အရှင်သာရိပုတ္တရာက တပည့်ငါးရာတို့အား
မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်
သင်ကြားပို့ချပြီးဆုံးခြင်းသည်လည်း
သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါသည်။
ဤအချက်ကို ရည်ညွှန်းပြီး သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ ကျင်းပခြင်းဖြစ်ပါသည်။

#အဘိဓမ္မာအကြောင်း သိကောင်းစရာများ

၁။ အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားသည်
၆ ဝါအလွန် ၇ ဝါအရောက် သက်တော် ၄၂ နှစ်အရွယ်တွင် တာဝတိံသာနတ်ပြည်၌ ဟောကြားခဲ့ပါသည်။

၂။ မယ်တော်မိနတ်ကို ကျေးဇူးဆပ်လိုသော
ရည်ရွယ်ချက်ဖြင့် ဟောကြားတော်မူပါသည်။

၃။ မယ်တော်မိနတ် အမှူးပြုသော နတ်ဗြဟ္မာပရိသတ်တို့အား ဟောကြားခဲ့ပါသည်။

၄။ ဝါတွင်းသုံးလ ရက်ပေါင်း ၉၀ ကြာမျှ ဟောကြားတော်မူခဲ့ပါသည်။

၅။ မြတ်စွာဘုရားသည် နတ်ဗြဟ္မာပရိသတ်တို့အား အကျယ်နည်းဖြင့် ဟောကြား၍ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောကြား၍ အရှင်သာရိပုတ္တရာက လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းငါးရာတို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် ဟောကြားတော်မူပါသည်။

၆။ သုတ္တန်တရားတို့ထက် သာလွန်ထူးခြားသောတရားဖြစ်၍ အဘိဓမ္မာ ခေါ်ပါသည်။

၇။ အဘိဓမ္မာသည် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္တု၊ ယမိုက်၊ ပဋ္ဌာန်းဟူ၍ အရေအတွက် ၇ ကျမ်း ရှိပါသည်။

၈။ ကုသိုလ်, အကုသိုလ် စသောတရားတို့ကို အကျဉ်းချုပ်အားဖြင့် ဟောကြားတော်မူသောကျမ်းကို `ဓမ္မသင်္ဂဏီ` ကျမ်းဟု ခေါ်ပါသည်။

၉။ ခန္ဓာ စသောတရားတို့ကို သုတ္တန်နည်း၊ အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေပြု၍ အကျယ်ဝေဖန်ဟောကြားသောကျမ်းကို `ဝိဘင်း` ကျမ်းဟု ခေါ်ပါသည်။

၁၀။ ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို `ဓာတုကထာ` ကျမ်းဟု ခေါ်ပါသည်။

၁၁။ ပုဂ္ဂိုလ်အမျိုးမျိုးတို့ကို ခွဲခြားသတ်မှတ် အမည်တပ်၍ ဟောကြားသောကျမ်းကို `ပုဂ္ဂလပညတ်` ကျမ်းဟု ခေါ်ပါသည်။

၁၂။ အယူဝါဒနှင့်ဆိုင်သော စကားတို့၏ တည်ရာဖြစ်၍ အဘိဓမ္မာအနှစ်သာရတို့နှင့် ပြည့်စုံသောကျမ်းကို `ကထာဝတ္တု` ကျမ်းဟု ခေါ်ပါသည်။

၁၃။ အနုလုံနှင့် ပဋိလုံ၊ ပုစ္ဆာနှင့် ဝိသဇ္ဇနာ၊ သန္နိဋ္ဌာန်နှင့် သံသယအစုံစုံပြု၍ ဟောကြားသောကျမ်းကို `ယမိုက်` ကျမ်းဟု ခေါ်ပါသည်။

၁၄။ အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊ ကုသိုလ် စသော တရားတို့ကို ၂၄ ပစ္စည်းတို့ဖြင့်ဝေဖန်အပ်သောကျမ်း၊ သဗ္ဗညုတဉာဏ်တော်၏ ကျက်စားရာဖြစ်သောကျမ်းကို `ပဋ္ဌာန်း` ကျမ်းဟုခေါ်ပါသည်။

၁၅။ အဘိဓမ္မာတရားသည် အမိကျေးဇူးဆပ်တရားဖြစ်ပြီး နတ်ပြည်၌ ဟောကြားခြင်း၊ သုံလကြာမျှ ဟောရခြင်း၊ ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တစ်လှည့်စီဟောကြားခြင်းဟူသော ထူးခြားချက် လေးမျိုးနှင့် ပြည့်စုံပါသည်။

၁၆။ အဘိဓမ္မာတရားသည် ပါဠိ၏နက်နဲခြင်း၊ သဘောအဓိပ္ပါယ်၏ နက်နဲခြင်း၊ ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း၊ ဉာဏ်တော်၏ နက်နဲခြင်းဟူသော ဂမ္ဘီရလေးမျိုးနှင့်လည်း ပြည့်စုံပါသည်။

၁၇။ အဘိဓမ္မာတရားတော်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ သင်ကြားနာယူရခြင်းကြောင့် လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းတော်များကဲ့သို့ နာမရူပ ပရိစ္ဆေဒဉာဏ် ရင့်သန်စေခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ရန် လမ်းကြောင်း အထောက်အပံ့ကောင်း ရနိုင်ခြင်း၊ ဘေးဥပဒ်အန္တရာယ် ကင်းဝေးခြင်း၊ ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံခြင်းဟူသော အကျိုးတရားများကို ရရှိနိုင်ပါသည်။

သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရား ဟောကြားပြီးဆုံးသည်ကို ရည်စူး၍ ဤနေ့တွင် အဘိဓမ္မာအခါတော်နေ့ အထိမ်းအမှတ်အဖြစ်ဖြင့် ကျင်းပခြင်း ဖြစ်ပါသည်။

ဆရာတော် ဘဒ္ဒန္တပညာသာမိ
(မာဂဓီ-သာစည်)
(အခါတော်နေ့များ စာအုပ်မှ)
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

Credit - U Kyaw Hlaing.
Credit - photo.

02/08/2024

UPG Smart Mastic Waterproofing

Sika Top Seal 107 🙏🏼မင်္ဂလာနံနက်ခင်းလေးပါ…..🙏🏻လူကြီးမင်းတို့နေထိုင်ရာ 🏢အဆောက်အဦ ၊ 🏭💒Project များအတွက် 💦ရေယိုစိမ့်ခြင်းမှ...
29/06/2024

Sika Top Seal 107

🙏🏼မင်္ဂလာနံနက်ခင်းလေးပါ…..🙏🏻

လူကြီးမင်းတို့နေထိုင်ရာ 🏢အဆောက်အဦ ၊ 🏭💒Project များအတွက် 💦ရေယိုစိမ့်ခြင်းမှ ကာကွယ်ရန်အတွက် ဘိလပ်မြေအခြေခံ ရေလုံဆေး Sika Top Seal 107 လေးနဲ့မိတ်ဆက်ပေးပါရစေရှင့်။

✅Sika Top Seal 107 ဟာ Cementitious Type Waterproofing ဖြစ်ပြီး 💦ရေစိမ့်ထွက်ခြင်းမှ အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်ရှင့်။
👉🏻ရေချိုးခန်း ၊ အိမ်သာနဲ့ ဝရံတာတွေ ၊ ရေကူးကန်နဲ့ ရေတားနံရံ ၊ ( Retaining Wall ) တွေ Basement တွေအပြင်
👉🏻သောက်သုံးရေကန်များမှာပါ အသုံးပြုနိုင်တာကြောင့် ရေယိုစိမ့်တဲ့ နေရာတိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့ Product လေးဖြစ်ပါတယ်…..
👉🏻စွဲကပ်အားကောင်းပြီး အသုံးပြုရလည်းလွယ် Quality လည်းစိတ်ချရတဲ့ နှစ်မျိုးစပ်
☔️ရေလုံဆေးလေးပါရှင့်။

✅ရောစပ်အသုံးပြုပုံ -

👉🏻Sika Top Seal 107 1Set တွင် အဖြူရောင်အရည် 5kg နှင့် အမှုန့် 20kg စုစုပေါင်း 25kg ပါဝင်ပြီး ရောစပ်ရာတွင် အရည် ၁ဆ အမှုန့်‌ ၄ ဆခန့်ရော၍ ၃မိနစ်ခန့် သမအောင်မွှေရပါမယ်။
👉🏻Sika Top Seal 107 သုတ်လိမ်းမည့် မျက်နှာပြင်အား ရေဖြင့်သေချာစွာဆေးကြောသန့်ရှင်းပြီး စိုထိုင်းထိုင်းအနေအထားတွင်ဖျော်စပ်ထားသော Sika Top Seal 107 အား wet to wet အနေအထားဖြင့် ပတ္တီးပြား (သို့) ဆေးသုတ် brush တို့ ဖြင့် သုတ်လိမ်းနိုင်ပါတယ်….
👉🏻1 coat နှင့် 1 coat ⏱️3 နာရီမှ ⏱️6နာရီ ခြား၍ သုတ်သင့်ပါတယ်ရှင့်။ 🛢️25kg 1 set ကို 2 coat 2 ကျင်းခွဲခန့် အသုံးပြုနိုင်ပါတယ်ရှင့်။

🏫ပြည်လမ်းဆိုင်
အမှတ်(၁၀၂၄)၊ ပြည်လမ်း၊ စော်ဘွားကြီးကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
📍 Location
https://maps.app.goo.gl/1YRHbcZqgTUM3knq9?g_st=ic
0943144647
09420444647
09685414647

🏫စော်ဘွားကြီးကုန်းဆိုင်
အဆောင်(၃၁)၊ အခန်း(၈)၊ ပတ္တမြား(၇)လမ်း၊ စော်ဘွားကြီးကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
📍 Location
🗺️ https://maps.app.goo.gl/kTBcbRuQjhGkXWS66?g_st=com.google.maps.preview.copy
01-3641257, 01-3643025
09407316074
09789096432

🏫သီရိရတနာ လက္ကားစျေး
ဆိုင်အမှတ်. N-37 ၊ သီရိရတနာလက်လီ/လက်ကားစျေး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
📍 Location
🗺️ https://maps.app.goo.gl/rX74XGpUT3ga9ZjJ8?g_st=com.google.maps.preview.copy
09445644647
တွေမှာ SIKA Top Seal 107 ကို လာရောက်ဝယ်ယူနိုင်ပါတယ်။

Real Plug(Water plug ) 🙏🏻မင်္ဂလာပါ…🙏🏻အခုလိုမိုးတွေအရမ်းနေတဲ့ မိုးရာသီမှာ မိတ်ဆွေတို့ နေအိမ်၊ အဆောက်ဦတွေမှာ ရေယိုစိမ်မှုတ...
27/06/2024

Real Plug(Water plug )
🙏🏻မင်္ဂလာပါ…🙏🏻
အခုလိုမိုးတွေအရမ်းနေတဲ့ မိုးရာသီမှာ မိတ်ဆွေတို့ နေအိမ်၊ အဆောက်ဦတွေမှာ ရေယိုစိမ်မှုတွေကြောင့် စိတ်ညစ်နေရပါသလား🤯..
👉3️⃣⏱️3မိနစ်အတွင်း💦ရေယိုပေါက်အမြန်ပိတ် ဘိလပ်မြေ ဆေးမှုန့် Real Hub Company ထုတ်တဲ့ ⏱️3မိနစ်အတွင်းရေယို၊ ရေစိမ့်ပိတ်ဆေး Real plug(water plug ) Hydraulic Cement ရေလုံ ဘိလပ်မြေဆေးမှုန့် ရှိပါတယ်ရှင်….
👉Real plug(water plug) အမှုန့်ဟာ cement base water leakage repair motarတစ်မျိုးဖြစ်ပြီး မိမိတို့အသုံးပြု‌‌နေတဲ့
ကွန်ကရစ်ရေလှောင်ကန်များ/ကွန်ကရစ်
ရေကန်များ/ ကွန်ကရစ် အက်ကွဲကြောင်းကြားက အဆက်မပြတ် 💦ရေယိုစိမ့်မှုများကို⏱️ မိနစ်ပိုင်းအတွင်းရပ်တန့်ပေးနိုင်တဲ့ဆေးမှုန့်
ဖြစ်ပါတယ်ရှင့်……

🛢️ရရှိနိုင်သော ပုံးSize တွေက တော့
1️⃣1 Kg 1️⃣4.5Kg

🏫ပြည်လမ်းဆိုင်
အမှတ်(၁၀၂၄)၊ ပြည်လမ်း၊ စော်ဘွားကြီးကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
📍 Location
https://maps.app.goo.gl/1YRHbcZqgTUM3knq9?g_st=ic
0943144647
09420444647
09685414647

🏫စော်ဘွားကြီးကုန်းဆိုင်
အဆောင်(၃၁)၊ အခန်း(၈)၊ ပတ္တမြား(၇)လမ်း၊ စော်ဘွားကြီးကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
📍 Location
🗺️ https://maps.app.goo.gl/kTBcbRuQjhGkXWS66?g_st=com.google.maps.preview.copy
01-3641257, 01-3643025
09407316074
09789096432

🏫သီရိရတနာ လက္ကားစျေး
ဆိုင်အမှတ်. N-37 ၊ သီရိရတနာလက်လီ/လက်ကားစျေး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
📍 Location
🗺️ https://maps.app.goo.gl/rX74XGpUT3ga9ZjJ8?g_st=com.google.maps.preview.copy
09445644647
တွေမှာ Real plug(water plug ) Hydraulic Cement ကို လာရောက်ဝယ်ယူလို့ ရနိုင်ပါပြီ ရှင့်…

https://www.facebook.com/profile.php?id=100073476849821&mibextid=LQQJ4d
တို့ကိုလည်း ဆက်သွယ်ဝယ်ယူနိုင်ပြီး
ဟိန်းဆက်သင်္ဘော ဆေးဆိုင် Messenger နှင့် Viber တို့တွင် ဆက်သွယ်ရုံဖြင့် သင်၏မေးခွန်းများကို အလိုအလျောက်ဖြေကြားခြင်းစနစ်မှ လျင်မြန်စွာ ပြန်လည်ဖြေကြားပေးပါလိမ့်မယ်ရှင့်….

Plug Cement Plug #3မိနစ်အတွင်းရေယို/ရေစိမ့်ပိတ်ဆေး

TOA  T-4000 Polyurethane Premium Wood Coating 🙏🏻မင်္ဂလာရှိသော နံနက်ခင်းလေးပါ..ရှင့်🙏🏻အိမ်မှာရှိတဲ့ သစ်သားပရိဘောဂတွေ ၊  ပ...
27/06/2024

TOA T-4000 Polyurethane Premium Wood Coating

🙏🏻မင်္ဂလာရှိသော နံနက်ခင်းလေးပါ..ရှင့်🙏🏻
အိမ်မှာရှိတဲ့ သစ်သားပရိဘောဂတွေ ၊ ပါကေးအခင်းတွေ ၊ လှေကားနဲ့ လက်ရန်းတွေ ဟာ အချိန်ကြာလာတာနဲ့ အမျှ အရောင်ဖျော့လာကာ ခပ်မှိုင်းမှိုင်း မွဲခြောက်ခြောက်ဖြစ်သွားတတ်ပါတယ်။

👉အဲဒီလို အရောင်ဖျော့တာတွေကို ကာကွယ်ပေးပြီး သဘာဝအတိုင်း တောက်ပြောင်လှပနေဖို့ဆိုရင်တော့ TOA ရဲ့ T-4000 Premium Wood Coating သစ်သားသုတ်ဆေးက ကူညီပေးနိုင်ပါတယ်။

👉T-4000 ဟာ အသုံးပြုရလွယ်ကူပြီး လျင်မြန်စွာခြောက်လွယ်တဲ့ သုတ်ဆေးဖြစ်သလို ဆေးသားထူထဲကာ ကြာရှည်ခံတာကြောင့်လည်း ရွေးချယ်သင့်တဲ့ သုတ်ဆေးဖြစ်ပါတယ်။

👉စွဲကပ်မှု ကောင်းကောင်းနဲ့ သစ်သားလွှာတွေကို ဖုံးအုပ်ပေးနိုင်ပြီး ခြစ်ရာ နဲ့ ပွန်းပဲ့ရာတွေကို ပါ ခံနိုင်ရည်ရှိလို့ အမျိုးမျိုးသော သစ်သားပစ္စည်းတွေကို သစ်လွင်တောက်ပြောင်မှုတွေ ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။

👉အန္တရာယ်ဖြစ်စေတဲ့ ဓာတ်တုပစ္စည်းတွေ မပါဝင်တာကြောင့် စိတ်ချလက်ချ အသုံးပြုနိုင်ပြီး ခရမ်းလွန်ရောင်ခြည်ကို လည်း ကာကွယ်ပေးနိုင်ပါတယ်။

👉သူ့ရဲ့ အဲဒီလို ဂုဏ်သတ္တိတွေကြောင့် သင့်အိမ်မှာရှိတဲ့ သစ်သားနဲ့လုပ်ထားတဲ့ အရာမှန်သမျှကို အမြဲတမ်း ပြောင်လက်လှပနေဖို့ ဆိုရင်တော့ TOA T-4000 Wood Coating သုတ်ဆေးကိုသာ ယုံကြည်စွာ ရွေးချယ်လိုက်ပါရှင်……….

🛢️ရရှိနိုင်သော ပုံးSize တွေက တော့
1️⃣1 Gallon, 1️⃣1 liter

🏫ပြည်လမ်းဆိုင်
အမှတ်(၁၀၂၄)၊ ပြည်လမ်း၊ စော်ဘွားကြီးကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
📍 Location
https://maps.app.goo.gl/1YRHbcZqgTUM3knq9?g_st=ic
0943144647
09420444647
09685414647

🏫စော်ဘွားကြီးကုန်းဆိုင်
အဆောင်(၃၁)၊ အခန်း(၈)၊ ပတ္တမြား(၇)လမ်း၊ စော်ဘွားကြီးကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
📍 Location
🗺️ https://maps.app.goo.gl/kTBcbRuQjhGkXWS66?g_st=com.google.maps.preview.copy
01-3641257, 01-3643025
09407316074
09789096432

🏫သီရိရတနာ လက္ကားစျေး
ဆိုင်အမှတ်. N-37 ၊ သီရိရတနာလက်လီ/လက်ကားစျေး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
📍 Location
🗺️ https://maps.app.goo.gl/rX74XGpUT3ga9ZjJ8?g_st=com.google.maps.preview.copy
09445644647
တွေမှာ TOA T-4000 Polyurethane Premium Wood Coating ကို လာရောက်ဝယ်ယူလို့ ရနိုင်ပါပြီ ရှင့်…

Coating #

Coating

Address

No(1024), Pyay Road, Insein Township
Yangon
11011

Opening Hours

Monday 06:30 - 18:00
Tuesday 06:30 - 18:00
Wednesday 06:30 - 18:00
Thursday 06:30 - 18:00
Friday 06:30 - 18:00
Saturday 06:30 - 18:00
Sunday 06:30 - 18:00

Telephone

+95943144647

Website

Alerts

Be the first to know and let us send you an email when ဟိန်းဆက်သင်္ဘောဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဟိန်းဆက်သင်္ဘောဆေးဆိုင်:

Share