Bonsai Ko Thaw Gyi

Bonsai Ko Thaw Gyi Bonsai Trees

01/05/2026

Part -4
ထိုင်းနိုင်ငံ- ချွန်ဘူရီခရိုင်- Nong Nooch ပန်းခြံအတွင်းက bonsai ပြကွက်ကို တင်ဆက်ပေးလိုက်ပါတယ် …..




#ဘွန်ဇိုင်း

30/04/2026

သေးသေးပေါက်စလေးတွေ….
မြေလဲ/အိုးပြောင်းဘို့ ပြင်နေတုန်း…..
မိုးရွာပြီထင်ပြီး ဝမ်းသာနေတာ…….

လေကြမ်းချက်က- “မိုး” ပျောက်သွားတယ်…..



#ဘွန်ဇိုင်း

🙏🏻ကဆုန်လပြည့် ဗုဒ္ဓနေ့...🙏ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် အခါသမယတ...
30/04/2026

🙏🏻ကဆုန်လပြည့် ဗုဒ္ဓနေ့...🙏

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် အခါသမယတွင် နိုင်ငံသူ၊နိုင်ငံသားအားလုံး .......
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်🙏🏻



#ဘွန်ဇိုင်း #ဆုတောင်းမေတ္တာ

29/04/2026

#ညောင်ကြေးစည်

Ficus deltoidea
Mistletoe Fig

အရွက်ပုံစံက တြိဂံပုံစံ ခပ်ဆင်ဆင်ရှိပြီး အရွက်နားသတ်တွေက အဖြူရောင် (သို့) အဝါနုရောင် အနားသတ် (Variegated) ပါတဲ့ ပြည်ပမျိုးစိပ်လေးဖြစ်ပါတယ်.....

နေရောင်ခြည်ကို ကြိုက်နှစ်သက်ပေမယ့် နေပူရှိန် အရမ်းပြင်းတဲ့ အချိန်မျိုးမှာတော့ အရွက်တွေ လောင်တတ်ပါတယ်......
စိုထိုင်းဆ မြင့်မားတာကို ကြိုက်နှစ်သက်ပါတယ်.....

အပေါ်ယံမြေသား ခြောက်သွေ့လာပြီဆိုရင် ရေလောင်းပေးသင့်ပါတယ်။ ဒါပေမယ့် ရေဝပ်တာကိုတော့ လုံးဝမကြိုက်ပါဘူး။ ရေဝပ်ရင် အမြစ်ပုပ်လွယ်တဲ့ အမျိုးအစား ဖြစ်ပါတယ်......

ရေစီးဆင်းမှု ကောင်းမွန်တဲ့ မြေမျိုး ကို သုံးရပါမယ်......

အပင်တက်နှုန်းနှေးပေမယ့်....
အပင်က သန်မာပြီး အကိုင်းဖြတ် တောက်တာကို ခံနိုင်ရည်ရှိပါတယ်။
အရွယ်အစား ငယ်ငယ်လေးနဲ့တင် အဝါရောင်/လိမ္မော်ရောင် အသီးလေးတွေ သီးတတ်ပါသေးတယ်....

Root over rock style ကျနော့ရဲ့ အပင်လေးနှင့် ဖော်ပြပေးလိုက်ပါတယ်......


#ဘွန်ဇိုင်း

28/04/2026

#အညာပင်ရဲ့Fade Cut
လိုသလိုထွက်တတ်တဲ့ "အညာ-ရှားထနောင်း" လေးရဲ့ fade cut....

#ရှားထနောင်း
Sha hta naung
Acacia inopinata Prain.
Sub family Mimosoidae
Family Fabaceae


#ဘွန်ဇိုင်း

တစ်ရွက်ချင်းစီ-အရွက်မချနိုင်တော့….ရေအငတ်ခံလိုက်/အတိုးအလျော့နဲ့ အရွက်ချတဲ့ ပုံစံလေးလုပ်ရတာပေါ့….နည်းနည်းတော့ စွန့်စားရတာပ...
27/04/2026

တစ်ရွက်ချင်းစီ-အရွက်မချနိုင်တော့….
ရေအငတ်ခံလိုက်/အတိုးအလျော့နဲ့
အရွက်ချတဲ့ ပုံစံလေးလုပ်ရတာပေါ့….
နည်းနည်းတော့ စွန့်စားရတာပဲလေ………..
ဒီကြားထဲ စပ်မြေ နဲ့ အိုးချိန်းလိုက်သေးတယ်….
#အတော်ရက်စက်တဲ့လူ


#ဘွန်ဇိုင်း

26/04/2026

#တိုင်ထောင်လေ့ကျင့်ခန်း
#ပရီကြမ်းကြမ်းလေးမှထော်ထော်လေး


#ဘွန်ဇိုင်း

 #ကျနော်တို့အားလုံးမည်သူမဆိုတစ်နေ့တာအတွက်၂၄နာရီပဲပိုင်ဆိုင်ရတာပါ #ဘာတွေဖြစ်ဖြစ်အကောင်းဆုံးကျော်ဖြတ်နိုင်ကြပါစေ    #ဘွန်ဇ...
25/04/2026

#ကျနော်တို့အားလုံးမည်သူမဆိုတစ်နေ့တာအတွက်၂၄နာရီပဲပိုင်ဆိုင်ရတာပါ
#ဘာတွေဖြစ်ဖြစ်အကောင်းဆုံးကျော်ဖြတ်နိုင်ကြပါစေ


#ဘွန်ဇိုင်း

24/04/2026

#အဆင်ပြေမနေဘူး
မြေကြပ်နေလို့ အကုန်ခါထုတ်ပစ်လိုက်တယ်….
လဲစရာ စပ်မြေမရှိတော့ဘူး……
လိုတာလေးသွားဝယ်မယ်ဆိုပြီး ထွက်သွားလိုက်တာ…..
ဆေးတွေပဲပါလာတယ် စပ်မြေသုံးဘို့ ပါမလာဘူး…..


#ဘွန်ဇိုင်း

သာမာန်လေးပဲပျော်မွေ့ကြမယ်…..နည်းပညာဆိုတဲ့ ခုံတန်းရှည်ကြီးပေါ် မနေချင်ဘူး…..မွေးမယ်/သင်ယူဖြတ်တောက်မယ်/လေ့လာနေမယ်….သဘာဝနဲ့...
23/04/2026

သာမာန်လေးပဲပျော်မွေ့ကြမယ်…..
နည်းပညာဆိုတဲ့ ခုံတန်းရှည်ကြီးပေါ် မနေချင်ဘူး…..

မွေးမယ်/သင်ယူဖြတ်တောက်မယ်/လေ့လာနေမယ်….
သဘာဝနဲ့လက်တွဲပြီး …. အားလုံးပျော်ရွှင်ကြပါစေ…..
#ပြုပြင်နေဆဲပရီမနာအကြမ်းလေး


#ဘွန်ဇိုင်း

22/04/2026

တအားကိုစပ်စုချင်တဲ့ ကျနော့ဘော်ဒါကမေးတယ်....
သန်းပင်ကြီးအခြေအနေတဲ့.....
မြေခါ/အရွက်ချပြီး ၅ပတ်ကြာ အခြေအနေ.....

သန်းပင် (Than Tree - Terminalia oliveri)


#ဘွန်ဇိုင်း

20/04/2026

#သူငယ်ချင်းရဲ့အပင်လေးလှလို့တင်ပေးလိုက်တာပါ
#ဒီတိုင်းအဆင်ပြေသလိုရိုက်တင်ပေးလိုက်တဲ့အတွက်ကြည်လင်ပြတ်သားမှုမရှိပါကခွင့်လွတ်ပါ



#ဘွန်ဇိုင်း

Address

No-18 Sayarsan Road/Bahan Township
Yangon
09421036807

Telephone

+959421036807

Website

Alerts

Be the first to know and let us send you an email when Bonsai Ko Thaw Gyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share