God Is Good - G.I.G Home Decoration

God Is Good - G.I.G Home Decoration we do the best quality

05/12/2025

တခါက ရွာတစ်ရွာမှာ အလွန်သဘောကောင်းပြီး ကူညီတတ်တဲ့ တောင်သူကြီးတစ်ဦးရှိပါတယ်။ သူဟာ လူတစ်ဖက်သားကိုလည်း အလွန်သနားတတ်ပါသတဲ့။

တစ်နေ့တော့ နေစရာ ထိုင်စရာလည်း မရှိ ဆင်းရဲဒုက္ခရောက်နေတဲ့ ဆွေမျိုးနီးစပ်ထဲက ယောင်ချာချာ ဖြစ်နေတဲ့ လင်မယားနှစ်ယောက်ကို ခေါ်လာပြီး သူ့ယာတဲလေးမှာ နေထိုင်ခွင့်ပေး ထားပါသတဲ့။

ဆန်နဲ့ ဆီ၊ ဟင်းချက်စရာတွေကိုလည်း တစ်လစာလောက် ဝယ်ပေးလိုက်ပါတယ်။ နေစရာ တဲလေးကလည်း အဆင်သင့်ပါပဲ။ တစ်ဧကကျော်လောက်ရှိတဲ့ ယာကွက်ထဲမှာ သီးနှံလေးတွေကိုလည်း စိုက်ခွင့်ပေးပါတယ်။

ဒါပေမယ့် တောင်သူကြီးက သူ့ရဲ့အိုစာမင်းစာအတွက်ဆိုပြီး စိန်တစ်လုံးသရက်ပင်၊ သံပုရာပင်နဲ့ ပိန်နဲပငျလို နှစ်ရှည်ပင်အချို့ကို စိုက်ခိုင်းပါသတဲ့။

ဗူး၊ ဖရုံ၊ ငရုတ်၊ သခွားပင်တွေကိုတော့ သူတို့ဘာသာစိုက်ပြီး ရောင်းချစားစေပါတယ်။ ဒီလိုနဲ့...လင်မယားနှစ်ယောက်ဟာ ပြင်ပက အလုပ်လေးတွေ လုပ်ရင်း ယာခင်းထဲက ထွက်တဲ့သီးနှံလေးတွေ ရောင်းရင်း စီးပွားရေးလေး အဆင်ပြေလာပါတယ်။

လင်မယားလေးနှစ်ယောက်ဟာ သူတို့ရဲ့ကျေးဇူးရှင်တောင်သူကြီးကို ဝါဝင်ဝါထွက်တိုင်း ကန်တော့တဲ့အပြင်ဟင်းလေးတွေ ကောင်းရင်လည်း ဦးဦးဖျားဖျား ပို့ပါတယ်။

ဒီလိုနဲ့ နေလာရင်း ကာလအတန်ကြာမှာတော့ စိန်တစ်လုံးသရက်တွေလည်း သီးလို့၊ သံပုရာသီးတွေလည်းဝေလို့ နေချင်စဖွယ် ယာတဲလေး ဖြစ်လာပါတယ်။ တောင်သူကြီးနဲ့ သူတို့လင်မယားဟာလည်း သားအဖတွေသဖွယ် ချစ်ခင်လာကြပါသတဲ့။

တစ်နေ့တော့ တောင်သူကြီးဟာ သူတို့လင်မယားနှစ်ယောက်ကိုခေါ်ပြီး..... " မင်းတို့ လင်မယားနှစ်ယောက်လည်း ငါ့ယာတဲလေးမှာ နေတာ ၅ နှစ်ရှိပြီ။ မင်းတို့စီးပွားရေးလေးလည်း အဆင်ပြေနေပါပြီ။ ငါလည်း အသက်ကကြီး ငွေလည်းလိုနေလို့ ငါ့ယာတောလေးကိုရောင်းတော့မယ် မင်းတို့ နေစရာ ရှာပါတော့ တစ်လအချိန်ပေးမယ်"လို့ ပြောပါသတဲ့။

လင်မယားနှစ်ယောက်ဟာ ယာတဲကို ပြန်ရောက်တော့ မိန်းမဖြစ်သူက ပြောပါသတဲ့.... " တောင်သူကြီး မတရားဘူး။ စိန်တစ်လုံးတွေ သံပုရာတွေ သီးလာမှ ကျွန်မတို့ကို နှင်ထုတ်တယ်။ တော် ဒီအတိုင်းပဲ ငြိမ်ခံနေမှာလား" လို့ ပြောပါသတဲ့။

ယောင်္ကျားလုပ်သူက.... " ဒီအတိုင်းတော့ ငြိမ်ခံ မနေနိုင်ဘူးဟေ့.... တို့စိုက်ထားတဲ့ အပင်တွေ တို့ပြန်ဖျက်ဆီးရမယ် " ဆိုပြီး... သရက်ပင်တွေ၊ သံပုရာပင်တွေကို အရင်းကနေ ခုတ်လှဲပစ်ပါသတဲ့။
မိန်းမလုပ်သူကလည်း ဗူး၊ ဖရုံ၊ ငရုတ်၊ သခွားပင်တွေကိုအကုန် ဖျက်ဆီးပစ်ပါသတဲ့။

နေချင့်စဖွယ် ယာတဲလေးဟာ အပျက်အစီးတွေနဲ့ လုံးဝခြောက်ကပ် သွားပါတော့တယ်။

သစ်ပင်တွေ အလဲလဲ အပြိုပြို၊ သီးပင်စားပင်တွေ ပျက်ဆီးသွားတာကိုကြည့်ရင်း လင်မယားနှစ်ယောက် အလွန်ကျေနပ်နေကြပါသတဲ့။

" ခင်ဗျား ဘာတတ်နိုင်သေးလဲ ...." လို့တောင် ကြိမ်းဝါးလိုက်ကြပါသေးတယ်။ အဲဒီညမှာတော့ အောင်ေ,သ အောင်သားအနေနဲ့ မွေးထားတဲ့ ကြက်ကိုတောင် ချက်စားလိုက်ပါတယ်။

မိန်းမလုပ်သူက ...." တောင်သူကြီးက.. သူ့အပင်တွေ
ပျက်ဆီးကုန်တာတွေ့လို့ ပြောရင် ဘယ်လို လုပ်မလဲလို့" မေးတော့.....

" မေးရဲရင်မေးကြည့်လေ.... သူစိုက်ထားတာ တစ်ပင်မှ မပါဘူး။ ငါတို့စိုက်ထားတဲ့ အပင် ငါတို့ခုတ်တာ ဘာဖြစ်လဲ "လို့ ဒေါသတကြီးအော်ဟစ်လိုက်တယ်။

ဒေါသ ဦးဆောင်နေတဲ့သူနဲ့ မိတ်ဆွေ ဖြစ်ရတာ အလွန်ကြော,က်စရာ ကောင်းပါတယ်။ အဲဒီနေ့က တောင်သူကြီးရောက်မလာလို့ တော်ပါသေးတယ်။ ရောက်လာလို့ မေးမိပြောမိရင်တောင် မလွယ်လောက်ပါဘူး။

လင်မယားနှစ်ယောက်ဟာ လောဘနဲ့ ဒေါသဦးဆောင်နေတာကြောင့် မောဟဖုံးပြီး ကျေးဇူးတရားကို လုံးလုံးသတိ မရကြတော့ပါဘူး။ ကျေးဇူးရှိမှ ကျေးစွပ်တယ်ဆိုတာ သိပ်မှန်တာပါပဲ။

လူတော်တော်မျာများဟာ သူတို့အတွက် အကျိုးပြုနေရင် သူတို့အတွက် အသုံးချစရာရှိနေသေးရင် အဲ့ဒီလူအပေါ် ကျေးဇူးတွေ သိတတ်သလောက် သူတို့ကို အကျိုးမပြုနိုင်တော့ရင် အသုံးချလို့ မရတော့ဘူးဆိုရင်တော့ ကျေးစွပ်ဖို့ဝန်မလေးတဲ့အပြင် အဆင်းမှာ တွန်းချဖို့ ဝန်မလေးတဲ့ သူတွေလည်း ဖြစ်သွားကြပါတော့တယ်။

လင်မယားနှစ်ယောက်ဟာ သီးနှံပင်တွေကိုဖျက်ဆီးရုံနဲ့တင် အားမရသေးပါဘူး။ ဘာတွေ ဆက်ပြီး ဖျက်ဆီးရင်ကောင်းမလဲလို့ တိုင်ပင်ကြပါတယ်...."ကျုပ်တို့ ရောက်စက ဒီတဲလေးဟာ ဒီလောက် မကောင်းသေးဘူး။ ကျုပ်တို့ပြုပြင်ထားလို့ ဒီလောက်ကောင်းနေတာ ပြန်ဖျက်ပစ်ရမယ်" လို့ မျိနျးမက ပြောလိုက်ပါတယ်။

ယောင်္ကျားလုပ်သူက..တဲကလေးကို ဖျက်ဆီးပစ်လိုက်ပါတော့တယ်။ ယာတောတစ်ခုလုံး မြင်မကောင်းအောင် ဖြစ်သွားပါပြီ။

နောက်နေ့မှာတော့ တောင်သူကြီးဟာ ရွာသူကြီးရယ်လူကြီးလေးယောက်ရယ်နဲ့အတူ ယာတောကို ရောက်လာခဲ့ပါတယ်။ ယာတောကြီးတစ်ခုလုံး မြင်မကောင်းအောင်ပျက်စီးနေတာ တွေ့တော့ အလွန်အံ့သြသွားခဲ့ပါတယ်။

တောင်သူကြီးက ဘာကြောင့် ဒီလိုဖြစ်သွားတာလဲလို့ မေးတော့...
လင်မယားနှစ်ယောက်က...." ကျုပ်တို့ စိုက်တဲ့အပင်နဲ့ကျုပ်တို့ပြင်ထားတဲ့တဲ ကျုပ်တို့ပြန်ဖျက်ဆီးတာ ဘာလုပ်ချင်လဲလို့....."ရိုင်းစိုင်းစွာ ပြန်ဖြေကြပါတယ်။

တောင်သူကြီးက....."မိုက်လိုက်ကြတာကွယ်...ငါက မနေ့က ဆုံးဖြတ်ချက် ပြောင်းခဲ့တယ်။ ငါ...သာသနာ့ဘောင်အပြီးဝင်တော့မှာမို့ ဒီယာတောကို မင်းတို့အမည်နဲ့ အပြီးလွဲခဲ့မယ်ဆိုပြီး သူကြီးရယ် ရပ်မိရပ်ဖတွေရယ် ခေါ်လာခဲ့တာကွဲ့"

"ဗျာ...ကျွန်တော်တို့ကို ပေးခဲ့မယ်ဟုတ်လား......"
လင်မယားနှစ်ယောက်ဟာ နောင်တ အကြီးအကျယ်ရပြီး ငိုချပါတော့တယ်။

တောင်သူကြီးက ခွင့်လွှတ်ပြီး ယာတောကို ပေးချင်ပေမယ့် သူကြီးနဲ့ ရွာသားတွေက ကျေးဇူးမဲ့တတ် ဒုစရိုက်ဆန်လှတဲ့ လင်မယားကိုပေးဖို့ သဘောမတူကြောင်း အကြီးအကျယ် ကန့်ကွက်ကြလို့ ဘုန်းကြီးကျောင်းကိုပဲလှူဖြစ်သွားခဲ့ပါတော့တယ်။
လင်မယားနှစ်ယောက်ကိုတော့ ရွာသားတွေက အဲ့ဒီရွာကနေ နှင်ထုတ်ခဲ့ကြပါတယ်။

ေ,သေ,သချာချာ ဖတ်ဖြစ်ရင်တော့ လူတွေရဲ့သဘောသဘာဝက "လူ၏ အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တစ်ခါ ရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူ၏"... တဲ့

သူတပါးကိုကူညီတာ ကောင်းမြတ်ပေမယ့် အခွင့်အရေးသမားတွေနဲ့ တွေ့တဲ့အခါ အဲ့ဒီကူညီခြင်းက သဲထဲရေသွန် ဖြစ်သွားတတ်ပါတယ်။ ကျေးဇူးတရားကို စော်ကားတဲ့ ကျေးဇူးကန်းသူတို့ဟာလည်း ကိုယ်ပြုတဲ့ကံ ကိုယ်ပဲခံစားရမြဲပါ။

လောကကြီးမှာ ဘာပဲလုပ်လုပ် ကိုယ်လုပ်ခဲ့တဲ့ကံသည် တချိန်မှာ ကိုယ့်ဆီကို ပြန်လည်ရောက်ရှိလာတတ်ပါသည်။ ဒါကြောင့် ကောင်းမွန်တဲ့ အပြောအဆို ကောင်းမွန်တဲ့အလုပ်ကိုပဲ လုပ်ကြပါလို့ အကြံပြုလိုက်ပါတယ်...........။

Cedit မူရင်း

ပစ္စည်းကဟောင်းလေ ပြစ်ချက်များလေလေပဲလုပ်သက်ရင့်တဲ့အ လုပ်သမားအတွက်ကတော့ဘယ်လောက်ပဲဟောင်းတဲ့ပစ္စည်းဖြစ်နေပါစေသင်ယူခဲ့ရတဲ့ဘဝရ...
12/09/2023

ပစ္စည်းကဟောင်းလေ
ပြစ်ချက်များလေလေပဲ
လုပ်သက်ရင့်တဲ့အ လုပ်သမားအတွက်ကတော့
ဘယ်လောက်ပဲဟောင်းတဲ့ပစ္စည်းဖြစ်နေပါစေ
သင်ယူခဲ့ရတဲ့ဘဝရဲ့အတွေ့အကြုံနဲ့
သင်္ခန်းစာတွေက
ပြစ်ချက်နဲနိုင်သမျှနဲအောင် ဒီလူတွေ လုပ်နိုင်ကြပါတယ်.....

စောသက်ဝင်းမောင်

Address

U Wisara Road
Yangon
11421

Telephone

+959793595934

Website

Alerts

Be the first to know and let us send you an email when God Is Good - G.I.G Home Decoration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to God Is Good - G.I.G Home Decoration:

Share