Brilliant ID Werkz

Brilliant ID Werkz သင့် အိမ်အလှဆင်ခြင်း အတွက် အဖော်မွန် ၊ အခုပဲ Brilliant ID နဲ့ အတူ စတင်ကြပါစို့ 🙋‍♂️🙋

ကွန်ဒို ၊ တိုက်ခန်း ၊ လုံးချင်း ၊ ရုံးခန်း ၊ ဆိုင်ခန်းများ အတွင်းပိုင်း ပြင်ဆင်ခြင်းအတွက် > စင်ကာပူ ဒီဇိုင်နာ၏ ဖန်တီးမှု ၊ ကျွမ်းကျင် အလှဆင်သူ များဖြင့် ဝန်ဆောင်မှုပေးလျှက်ရှိသည့် > BRILLIANT ID

🩵 နှစ်များစွာ မပြုပြင် မဆင်ယင်ပဲထားလို့ ဟောင်းနွမ်းပျက်စီးနေတာတွေကိုလည်း အသစ်ပြောင်းမယ် ၊ ပြီးတော့ ထပ်ခိုးဖွဲ့ပြီး နေရာလ...
04/03/2026

🩵 နှစ်များစွာ မပြုပြင် မဆင်ယင်ပဲထားလို့ ဟောင်းနွမ်းပျက်စီးနေတာတွေကိုလည်း အသစ်ပြောင်းမယ် ၊ ပြီးတော့ ထပ်ခိုးဖွဲ့ပြီး နေရာလည်း ထပ်ကျယ်ချင်တယ် ဆိုတဲ့ Customer အတွက် တာဝန်ယူ ပြုပြင်အလှဆင်ပေးခဲ့တဲ့ Project လေး ဖြစ်ပါတယ်

🩵 100% နီးပါး အသစ်ပြောင်းလဲပေးရတဲ့ Renovation Project လေးမို့ Customer ဆီ လုပ်ငန်းအပ်နှံတဲ့အခါ နဂိုရှိရင်းစွဲ အဟောင်းရဲ့ အငွေ့အသက်တွေ အကုန်ကင်းစင်အောင် Brilliant Team မှ အတတ်နိုင်ဆုံး ကြိုးစားအားထုတ်ပေးခဲ့ရသလို ၊ Before & After ဓါတ်ပုံလေးတွေ ပြန်ကြည့်တော့လည်း ကျေနပ်ရတဲ့ Project လေးပါပဲ

📌 Project : Construction & Interior Renovation Works
📌 Location : Apartment ,Ground Floor , Hlaing Township , Yangon .

🩵🩵 ပါဝင်ဆောင်ရွက်ပေးခဲ့တဲ့ Interior Renovation Works များအနေနဲ့ ...

◼️အလူမီနီယမ် နှင့် မှန်လုပ်ငန်းများ
◼️နံရံ နှင့် ကြမ်းခင်း ကြွေပြားကပ်ခြင်း
◼️ရေချိုးခန်း အိမ်သာ ပန်းရံလုပ်ငန်းများ
◼️မျက်နှာကျက် တပ်ဆင်ခြင်း
◼️Steel Structure ဖြင့် အထပ်ခိုး ပြုလုပ်ခြင်း
◼️Korea Larminate Flooring
◼️Customize Cabinet Works
◼️ရေ မီး ဆေး လုပ်ငန်းများ

🩵 လူကြီးမင်းတို့၏ တန်ဖိုးထား မြတ်နိုးရပါသော အိမ်ဂေဟာများ နှင့် ဆိုင်ခန်းများ အတွင်းပိုင်း အလှဆင် Design & Installation ဆောင်ရွက်ခြင်း အတွက် Brilliant ID Werkz မှ ကြိုဆိုလျှက်ပါနော် 💙

🙋🙋🙋🙋🙋🙋🙋🙋🙋🙋🙋🙋




No.702, Zawtayone Street,
(Near Myintawthar Road)
Tharketa Township , Yangon .
09 50 73034 , 09 79 19 59 79 5
www.brilliantid.sg

သီတင်းကျွတ်ဆုတောင်း🪀🪀🪀🪀🪀🪀🪀ဝါလကင်းလွတ်သီတင်းကျွတ်အခါသာမယမှာမိတ်ဟောင်း မိတ်သစ်များအားလုံးကိုယ်စိတ်နှစ်ပါး ရွှင်ပျကြည်သာကျန...
06/10/2025

သီတင်းကျွတ်ဆုတောင်း

🪀🪀🪀🪀🪀🪀🪀

ဝါလကင်းလွတ်
သီတင်းကျွတ်အခါသာမယမှာ
မိတ်ဟောင်း မိတ်သစ်များအားလုံး
ကိုယ်စိတ်နှစ်ပါး ရွှင်ပျကြည်သာ
ကျန်းမာချမ်းသာပါစေကြောင်း
ဆုမွန်ကောင်းဖြင့် ..

Brilliant ID Werkz

STYLE YOUR HOME YOUR WAY🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🥚 Location : Tower C , Kanbe Condo ,Yankin Township , Yangon . 🥚 Type :Residentia...
18/06/2025

STYLE YOUR HOME YOUR WAY
🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀

🥚 Location : Tower C , Kanbe Condo ,
Yankin Township , Yangon .

🥚 Type :
Residential Modern Furniture.

🥚 Material :
High Pressure Larminate ,
Blockboard & Plywood.

🥚 Category :
🔘 Divider Partition ,
🔘 TV Console & Floating Shelves ,
🔘 Swing & Sliding Wardrobe ,
🔘 Dressing Table etc.

🥚 Status :
Design and Installation.

🥚 Size & Colour :
Customized

𝗙𝗥𝗘𝗘 𝗦𝗘𝗥𝗩𝗜𝗖𝗘 :
🦋 𝑺𝒊𝒕𝒆 𝑺𝒖𝒓𝒗𝒆𝒚𝒊𝒏𝒈 & 𝑪𝒐𝒏𝒔𝒖𝒍𝒕𝒂𝒕𝒊𝒐𝒏 :
Renovation ပြုလုပ်မည့် အခန်းအား အသေးစိတ် တိုင်းတာခြင်း ၊ အခန်းဖွဲ့စည်းပုံ ၊ အသုံးပြုမည့် ပစ္စည်းအမျိုးမျိုး နှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ တွေ့ဆုံတိုင်ပင် ဆွေးနွေးခြင်း

🦋 3𝑫 𝑫𝒆𝒔𝒈𝒊𝒏 & 𝑺𝒑𝒂𝒄𝒆 𝑷𝒍𝒂𝒏𝒏𝒊𝒏𝒈 :
Sample 3D Designs ၊ Refer Project Porfolio များဖြင့် Renovation ပြုလုပ်မည့် အခန်းအတွက် Proposed Design & Space Planning အား အကြံပြုပံ့ပိုးပေးခြင်း

🦋 𝑪𝒐𝒔𝒕 𝑷𝒓𝒊𝒄𝒊𝒏𝒈 :
Customer သုံးစွဲမည့် ဘတ်ဂျက်ကို အခြေခံပြီး ဈေးနှုန်းတွက်ချက်ပေးခြင်း

လူကြီးမင်းတို့၏ တန်ဖိုးထားရပါသော
နေအိမ် ၊ ဆိုင်ခန်းများ ခမ်းနားလှပဖို့
Brilliant ID Werkz မှ အစဥ်သဖြင့်
ကြိုဆိုလျှက်ပါ ▪︎ ▪︎ ▪︎

🙋‍♂️🙋‍♀️🙋🙋‍♂️🙋‍♀️🙋🙋‍♂️🙋‍♀️🙋🙋‍♂️🙋‍♀️🙋




💒 No.702, Zawtayone Street,
(Near Myintawthar Road)
Tharketa Township , Yangon .
☎ 09 50 73034 , 09 89 77 22 77 2
🌎 www.brilliantid.sg

💞💞💞 နေအိမ် ၊ ရုံးခန်း ၊ စီးပွားရေးလုပ်ငန်း ဆိုင်ခန်းတွေ ပြုပြင်တဲ့အခါ အရောင်ရွေးချယ်မှုကို မဖြစ်မနေ ကြုံတွေ့ရလေ့ရှိပါတယ်...
07/06/2025

💞💞💞 နေအိမ် ၊ ရုံးခန်း ၊ စီးပွားရေးလုပ်ငန်း ဆိုင်ခန်းတွေ ပြုပြင်တဲ့အခါ အရောင်ရွေးချယ်မှုကို မဖြစ်မနေ ကြုံတွေ့ရလေ့ရှိပါတယ် ။ အရောင်တွေဟာ ဘယ်လို ခံစားချက် အရိပ်နိမိတ်တွေကို ရည်ညွန်းနေပါသလဲ ??? 💞💞💞

အရောင်တို့၏အနက်အဓိပ္ပာယ်များ

🔴🟠🟡🟢🔵🟣🟤⚪⚫🔴🟠🟡

အရောင်တွေဟာဘာကိုကိုယ်စားပြုကြပါသလဲ ? အရောင်များတွင် အနက်အဓိပ္ပာယ် အမျိုးမျိုးရှိကြ ပါသည် ။ သို့သော် ၄င်းအနက် အဓိပ္ပာယ်တို့သည် အခြားအရောင်များနှင့် ဆက်စပ် နှီးနွှယ်မှုများရှိပြီး အခြားသော အနက် အဓိပ္ပာယ်များ ၊ ဆန့်ကျင်ဘက် သဘောများကိုလည်း ဆောင်နိုင်ပါသည် ။ နေရာဒေသ ၊ လူမျိုး နှင့်ယဉ်ကျေးမှု ဓလေ့ထုံးစံများ အပေါ်တွင် မူတည်၍ မတူညီသော ခံစားမှုနှင့် အနက်အဓိပ္ပာယ် ပြောင်းလဲ သွားခြင်း များလည်း ရှိပါသည် ။ ဥပမာ အားဖြင့် အပြာရောင်သည် ကောင်းကင် ၊ နိဗ္ဗာန်နှင့် ရေကို ကိုယ်စားပြုပါသည် ။အစိမ်းရောင် သည်လည်း ရေကို ကိုယ်စားပြုပါသည် ။

🟢 အစိမ်းရောင်

အစိမ်းရောင်သည် ယေဘုယျအားဖြင့် မျှော်လင့်ခြင်း ၊ spring အရောင် ပြန်လည် မွေးဖွားခြင်း ၊ လူ တိရစ္ဆာန် တို့၏ အစားအစာ စသည်တို့ကိုလည်း အဓိပ္ပာယ်ရ ​စေပါသည်။ အစိမ်းရောင်သည် “အဆိပ်” ဟူသော အဓိပ္ပာယ် ကိုလည်း ဆောင်ပါသည်။ အဘယ်ကြောင့် ဆိုသော် အဆိပ်ဖြစ်စေသော sulphates များစွာနှင့် အာဆင်းနစ် (Arsenic) တို့သည် ရှေးအခါက အစိမ်းရောင်ဟု ကျော်ကြား ခဲ့သောကြောင့် ဖြစ်သည် ။ ယခုကာလ တွင်လည်း အဆိပ်များစွာကို စားသောက်ကုန် ဖြစ်သည့် ဂျုံ ၊ ဆား ၊သကြားတို့နှင့် ကွဲပြားခြားနား စေရန် စီစဉ်၍ အစိမ်းရောင် အမှုန့်ပုံစံဖြင့် ထုတ်လုပ် ကြပါသည် ။ အစိမ်းရောင်သည် သေလောက်အောင် ရန်ငြိုး ကြီးမားသော ၊ မုန်းတီး စက်ဆုပ်ဖွယ် ကိုယ်ကျင့်သိက္ခာ ဖောက်ပြန်ယိုယွင်းစေသော စိတ်ခံစားမှုများကို ဖော်ဆောင်သည့် ကြောက်ရွံ့ခြင်းနှင့် မနာလို သဝန်တိုခြင်းတို့၏ အမှတ် သင်္ကေတလည်း ဖြစ်ပါသည် ။ အစိမ်းရောင်ကို ဂြိုလ်ကြီး(၇)လုံးတွင် စနေဂြိုလ် (saturn)နှင့် ဆိုင်သောအရောင် အဖြစ်သတ်မှတ်ပါသည် ။ တစ်ဖန် အစိမ်းရောင်သည် ဘဝတွင် စဉ်ဆက် မပြတ်သော အမြဲတမ်းသဘောကို ရပ်တည်ပါသည်။ Evergreen အမြဲစိမ်းလန်းခြင်း ဟူသော သဘောသည် အပေါ်ယံ အဓိပ္ပာယ်ကိုချုံ့၍ အမြဲရှင်သန်နေခြင်း ၊ စိမ်းလန်းခြင်း သဘောကို ဖော်ပြသည် ။ ၄င်းသည် တိတ်ဆိတ်ငြိ်မ်သက် အေးချမ်းမှု အပြည့်ဖြင့် တည်ငြိမ်အေး ချမ်းသောအရောင် ၊ ငယ်ရွယ်နုပျိုခြင်း အရောင်ဖြစ်ပါသည် ။ လန်းဆန်း တက်ကြွ ရွှင်လန်းခြင်း ၊ နုပျို လတ်ဆတ်ခြင်း ၊ ကြည်လင် အေးမြခြင်း သဘောတို့ကို ကိုယ်စားပြု ဖော်ညွှန်းပါသည် ။ အစိမ်းရောင်သည် အနာတရ ဖြစ်ပါက အနာကျက်မြန်စေပြီး ဝေဒနာကို သက်သာစေပါသည်။ ကြီးထွားမှုနှုန်းကိုမြန်စေပြီး ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူ ပြုစေပါသည် ။ ပေါ့ပါးသွက်လက်ခြင်း ၊ မေတ္တာ ကရုဏာထားခြင်း ၊ သူတစ်ပါးအား အကူအညီ ပေးတတ်ခြင်းတို့နှင့် သက်ဆိုင်ပါသည် ။ အစိမ်းရောင်သည် စိတ်လက်ပေ့ါပါးမှု ၊ စိတ် သက်သာရာရစေမှုကို အားပေးကူညီပြီး သွေးထွက်လွန်မှုကို ဟန့်တား၍ အနာကျက် မြန်စေသည့်အတွက် ခွဲစိတ်ခန်းများတွင် ခွဲစိတ်သူရော ၊ ခွဲစိတ်ခံသူပါ အစိမ်းရောင်ကို ခင်းကျင်း ဝတ်ဆင်လေ့ရှိကြသည် ။ အစိမ်းရောင် သုတ်ထားသော အခန်းသည် အေးမြ၍ စိတ်ဓာတ်ကျနေသူများ ၊ စိတ်ဆင်းရဲနေသူများနှင့် စိတ်အတက်အကျ မြန်သူများအတွက် မြန်မြန်ဆန်ဆန် သက်သာပျောက်ကင်း စေပါသည် ။

🔵 အပြာရောင်

အပြာရောင်သည် ယောကျာ်းပီသမှုကို ကိုယ်စားပြုသည် ။ စစ်မှန်သော အပြာရောင် “True Blue” ဟူသော စကားစုတွင် သံမဏိကဲ့သို့ မှန်ကန်ခြင်းသဘောကို ဖော်ဆောင်သည် ။ အပြာရောင်သည် ကြင်နာသနားစိတ် ၊ ကြည်ဖြူသဒ္ဓါစိတ် ၊ ကိုယ်ချင်းစာနာစိတ်နှင့် အကူအညီပေးလိုစိတ်ကို ဖြစ်စေနိုင်သောအရောင် ဖြစ်ပါသည် ။ ငြိမ်းချမ်းရေးနှင့် ခွင့်လွှတ် သည်းခံစိတ်ကိုလည်း ဖြစ်စေသည် ။ ငြိမ်းချမ်းအေးဆေးသော သဘောသဘာဝ၏ လက္ခဏာရပ်ဖြစ်သည် ။ ပျော်ရွှင်မှုကို တိုက်တွန်းအားပေး၍ အသက်ရှင်မှုကိုလည်း အထောက်အကူ ပြုသည် ။ စိတ်ကျန်းမာရေးနှင့် အသက်ရှည်စေရန် ပတ်ဝန်းကျင် အပြာရောင်များ လွှမ်းမိုးနေဖို့ လိုအပ်သည် ။ အပြာရောင်များ ၀တ်စားဆင်ယင်ခြင်းဖြင့် ခန္ဓာကိုယ်ကို သက်သောင့် သက်သာရှိစေပြီး ပြည့်ဖြိုး လှပမှုကို အထောက်အကူပြုသည် ။ အပြာရောင်သည် ကြာသပတေးဂြိုလ် (Jupiter)ကို ကိုယ်စားပြု၍ မဲနယ်ပြာသည် သောကြာဂြိုလ် (Venus) ကိုကိုယ်စားပြုသည် ။

🔴 အနီရောင်

အနီရောင်သည်ရဲရင့်ခြင်း ၊ သတ္တိရှိခြင်း ၊ စွန့်လွှတ် အနစ်နာခံခြင်း ၊ ပြတ်သားခြင်း စသည်တို့ကို ကိုယ်စားပြုသည် ။ သွေး၏အရောင်ဖြစ်သည် ။ လူတို့ စိိတ်ဆိုး ဒေါသထွက်သောအခါ မျက်နှာနီလာသည် ။ ထို့ကြောင့် ဒေါသ စိတ်ဆိုးခြင်း၏ သင်္ကေတဖြစ်သည် ။ ရှင်သန်ခြင်း ၊ တောက်လောင်ခြင်းနှင့် မီးကို ကိုယ်စား ပြု၍ သုံးသည် ။ ထို့ပြင် ရန်လိုခြင်း ၊ လှုပ်ရှားသက်ဝင်ခြင်း ၊ တိုက်ခိုက်ခြင်း ၊ နွေးထွေးခြင်း ၊ အောင်မြင်မှု အထိမ်းအမှတ် စသည်တို့ ကိုလည်း ကိုယ်စားပြု ဖော်ညွှန်းပါသည်။ လှုပ်ရှား တက်ကြွစေသော စွမ်းအား သဘာဝသည် အနီရောင်တွင် အဓိက ပါ၀င်နေသည် ။ ထို့ကြောင့် နှလုံးခုန်နှုန်း၊ သွေးခုန်နှုန်းကို မြန်စေသည် ။ အထူးသဖြင့် အစာခြေဖျက်နိုင်မှုနှင့် ဆာလောင် မွတ်သိပ်မှုတို့ကို အားပေးသည်။ စားသောက်ဆိုင်သုံး ၊ အချဉ်ရည် (Sauce ) များကို အနီရောင်အဖြစ် ထုတ်လုပ်မှုသည်လည်းကောင်း ၊ စားသောက်ဆိုင် ၊ စားသောက်ပွဲ အခင်းအကျင်းများတွင် အနီရောင်စားပွဲခင်းများဖြင့် တည်ခင်း ခြင်းသည် လည်းကောင်း ၊ အနီရောင်၏ စွမ်းအင်ကို လက်တွေ့အသုံးချခြင်း ဖြစ်သည်။ အစားအသောက် ပျက်သူများ ၊ အစာစားလို စိတ်နည်းသူများ အနေဖြင့် အနီရောင်အဝတ်အစားကို ဝတ်ဆင်၍ အနီရောင် စားပွဲခင်းပေါ်တွင် ပြင်ဆင် စားသောက်ပါက စားကောင်းသောက်ကောင်း အစာချက်အား ကောင်းလာစေမည် ဖြစ်သော်လည်း သွေးတိုးရောဂါ ရှိသူများ ၊ သွေးတိုး နေသူများ အဖို့ ထို့သို့ပြုမူခြင်းကို ရှောင်ရပေမည် ။ အနီရောင်ကိုအင်္ဂါဂြိုလ် (Mars) နှင့် ဆိုင်သော အရောင်အဖြစ် သတ်မှတ်ပါသည်။

🟡 အဝါရောင်

အဝါရောင်သည် နေ၏ အလင်းရောင်ဖြစ်၍ ထကြွလုံ့လရှိရန် နှင့် ဖြောင့်မတ် မှန်ကန်မှု၏ ပြယုဂ်အဖြစ် တိုက်တွန်း နိုးးဆော်မှု ပြုတတ်သည် ။ ကြောက်ရွံ့မှုတို့ကို ပပျောက် စေနိုင်ပြီး တက်ကြွ ပျော်ရွှင်မှုကို အားပေးသည် ။
လူစုလူဝေးကို ဖြစ်ပေါ်စေပြီး လူတို့၏ ဆက်ဆံရေးကို အဆင်ပြေ ချောမွေ့စေသည့် အရောင်ဖြစ်ကြောင်း စိတ်ပညာရှင်တို့က ဖွင့်ဆိုကြသည် ။ အဝါရောင်သည် နေကို ကိုယ်စားပြုပြီး ကျန်းမာ သန်စွမ်းစွာဖြင့် ဖွံ့ဖြိုး ရှင်သန်မှု၏ ပုံသဏ္ဍာန်တစ်ရပ် ဖြစ်ပါသည် ။ သို့သော်လည်း ဆန့်ကျင်ဘက် အဓိပ္ပာယ် သက်ရောက်မှု အနေဖြင့် သူရဲဘောကြောင်ခြင်း ၊ ကြောက်ရွံခြင်း ကိုလည်း အဝါရောင်ဖြင့် ခိုင်းနှိုင်းတင်စား ပြောဆိုလေ့ ရှိကြသည် ။ ထို့ကြောင့် အဝါရောင်သည် အသက် ရှင်သန်ကြီးထွား ဖွံ့ဖြိုးခြင်း၏ အမှတ်သင်္ကေတ သက်သက်သာ မဟုတ်ဘဲ ရှင်သန်မှု ပျက်စီးခြင်းကိုလည်း ဖော်ဆောင်ကြောင်း ပြသပါသည်။ သစ်ရွက်များ ပျက်စီး သေဆုံးသောအခါ အဝါရောင်သို့ ပြောင်း သွားသည် ။ လူများ နေမကောင်းသည့်အခါ ပန်းနုရောင် အသားအရေတို့ လျော့နည်းသွားပြီး အဝါရောင်သို့ ပြောင်းလဲသွားသည် ။ ထို့ကြောင့် အဝါရောင်သည် ကျန်းမာခြင်း နေမင်းကိုသာ ကိုယ်စားမပြုဘဲ အခြား တစ်ဖက်တွင် နာမကျန်းဖြစ်ခြင်းနှင့် ပျက်စီး သေဆုံးခြင်းကိုလည်း ဖော်ပြပါသည် ။ ရှေးအခါက ပင်လယ်ရေကြောင်း သင်္ဘော တစ်စင်းပေါ်တွင် အဝါရောင် အလံလွှင့် တင်ထားပါက ယင်းသင်္ဘောတွင် ကူးစက်ရောဂါ ကျရောက်နေကြောင်း အချက်ပြခြင်းဖြစ်သည် ။ စာနယ်ဇင်းများတွင် လူအများ သတိပြု ထင်ရှားစေလိုသော သတင်း အမျိုးအစားများကို စပ်စုတတ်သူ များအား လှုံ့ဆော် ဆွဲဆောင်နိုင်ရန် အဝါရောင် အောက်ခံပေါ်တွင် ပုံနှိပ် ဖော်ပြလေ့ ရှိကြသည် ။ အထူးသဖြင့် စီးပွားရေးနှင့် ဆိုင်သော လုပ်ငန်းကြော်ငြာ ၊ စာမျက်နှာများကို စက္ကူ အဝါရောင်ပေါ်တွင် yellow pages အဖြစ် ပုံနှိပ် ထုတ်ဝေလေ့ ရှိကြသည် ။ ထို့ပြင် အဝါရောင်သည် မနာလိုစိတ် ၊ သဝန်တိုစိတ်၊ သစ္စာမဲ့ခြင်း ၊ လှည့်စားတတ်ခြင်း ၊ သူရဲဘော နည်းခြင်းများ ကိုလည်း ဖော်ပြပါသည်။ အဝါရောင်ကို ဗုဒ္ဓဟူးဂြိုလ် (Mercury) ၏
အရောင်အဖြစ် သတ်မှတ်ပါသည် ။

🟠 လိမ္မော်ရောင်

လိမ္မော်ရောင်သည် သက်ဝင်လှုပ်ရှားမှု နှင့် ကောင်းချီးပေးမှု သဘောကို ဆောင်ပါသည် ။ မာန်မာနကြီးခြင်း ၊ ကြီးမားသော ရည်ရွယ် ရည်မှန်းချက် ရှိမှုနှင့် သက်ဆိုင်ပြီး ဆန္ဒ၏ တွန်းအားကို ကိုယ်စားပြုသော အရောင်ဖြစ်
ကြောင်း စိတ်ပညာရှင်တို့က ဖွင့်ဆိုသည် ။ လိမ္မော်ရောင်သည် တနင်္ဂနွေဂြိုလ် ၊ နေမင်းကို ကိုယ်စားပြုပါသည် ။

🟣 ခရမ်းရောင်

ခရမ်းရောင် Purple သည် လုပ်ပိုင်ခွင့် နှင့် ရာထူး၏ အမှတ်သင်္ကေတ ဖြစ်ပါသည် ။ ၄င်းကို ရှေးခေတ်က purple fish ခေါ်ခရမ်းရောင်ငါးမှ ထုတ်ယူရရှိသည့် စျေးကြီးသော ဆိုးဆေးမှ ရရှိသည် ။ ရောမအင်ပါယာကို
အောင်နိုင်သူများနှင့် နောက်ပိုင်းတွင် ရာထူး အမြင့်ဆုံး ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီးများသည် ခရမ်းရောင် ဝတ်ရုံကြီးများကို ဝတ်ဆင်ကြသည် ။ တော်ဝင် အရောင်ဖြစ်သော ခရမ်းရောင်သည် အရှေ့တိုင်း ဒေသတွင် ဘုရင့်အင်ပါယာကို ကိုယ်စားပြုသုံးသည် ။ ဉာဏ်ပညာ ပြည့်ဝခြင်းကို ကိုယ်စားပြုသကဲ့သို့ ဝမ်းနည်း ကြေကွဲမှု သဘောကိုလည်း ဆောင်သည် ။ ၀မ်းနည်း ကြေကွဲမှုသဘောကို ဆောင်ရခြင်းမှာ ရှေးဟောင်း အီဂျစ်တို့၏ အယူအဆအရ သေပြီးနောက် ဘဝ၏ သင်္ကေတဖြစ်သော အနီိရောင်နှင့် ထာဝရ အဆုံးမရှိသော သဘောကို ဆောင်သည့် အပြာရောင်တို့ ရောနှော ပေါင်းစပ်၍ ရရှိသော အရောင်ဖြစ်သောကြောင့် ဟုဆို ပါသည် ။ တနင်္လာဂြိုလ် ဖြစ်သော လမင်းကြီးနှင့် သက်ဆိုင် ကိုယ်စားပြုသော အရောင် ဖြစ်ပါသည် ။ အနီနှင့် အပြာ ရောစပ်ရာမှ ရသော အရောင်ဖြစ်၍ အနီရောင်၏ သဘော သဘာဝ အစွမ်းသတ္တိများ ပါ၀င် ပေါင်းစပ် နေပါသည် ။ မျှော်လင့်ချက် စိတ်ကူးအတွေး အိပ်မက်များကို ကိုယ်စားပြု ဖော်ပြပါသည် ။

🔲🔳🔲🔳🔲🔳🔲🔳🔲🔳

အရောင်များ၏ သဘောသဘာဝနှင့် အဓိပ္ပာယ် ကိုယ်စားပြုချက်များကို လေ့လာရာ စင်စစ်အားဖြင့် အဖြူ ၊ အနက် ၊ မီးခိုးတို့ကို အရောင်အဖြစ် သတ်မှတ်ခြင်း မရှိသော်လည်း ၄င်းတို့တွင် ဆိုင်ရာ ကိုယ်စားပြု အဓိပ္ပာယ် သတ်မှတ်ချက်များ ရှိနေပါသည် ။ အဖြူရောင်သည် ကိုယ်စိတ် စင်ကြယ်ခြင်း ၊ သန့်ရှင်းဖြူစင်ခြင်း သဘောကို ဆောင်သော်လည်း အရှေ့ဖျားဒေသ (တရုတ် ၊ ဂျပန် ၊ ကိုရီးယား ) တို့တွင် ၀မ်းနည်း ပူဆွေးခြင်း သဘောကို ဆောင်ပါသည် ။ ထို့ပြင် အဖြူရောင်သည် လက်မြှောက် အရူံးပေးခြင်း ၊ အညံ့ခံခြင်း သဘောကိုလည်း ဆောင်ပါသည် ။ အဘယ်ကြောင့် ဆိုသော် စစ်ပွဲတစ်ခုတွင် အဖြူရောင် အပိုင်းအစတစ်ခုကို ကိုင်တွယ် ချိတ်ဆွဲထားပါက အလှမ်းကွာ ဝေးသော နေရာမှပင် မြင်တွေ့နိုင်ပြီး အခြား မည်သည့်အလံ အမျိုးအစားနှင့်မှ
မှားယွင်းနိုင် ခြင်းမရှိပေ။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် လုံခြံုမှု ရစေရန် လက်နက်ချ ၊အညံ့ခံသူအချို့ အတွက် အလံဖြူသည် သူရဲသဘောကြောင်ခြင်း ၊ အညံ့ခံခြင်း ၊ အရူံးပေးခြင်း အနက်အဓိပ္ပာယ်သဘောကို ဆောင်ပါသည် ။ သို့သော်လည်း လူ၏စိတ်တွင် အဖြူရောင်ကို မြင်တွေ့ရခြင်းဖြင့် စိတ်သက်သာရာ ရစေမှု ၊ ဝေဒနာ ခံစားနေရသူများအား ဝေဒနာမှ လျော့ပါးစေမှု ၊ ရောဂါသက်သာစေမှုကို အထောက်အကူပြု ပါသည်။အထူးသဖြင့် ခေါင်းကိုက် ဝေဒနာများကို သက်သာ ပျောက်ကင်းစေမှု အတွက် များစွာ အထောက်အကူ ပြုပါသည်။ ထို့ကြောင့် ကျန်းမာရေးနှင့် သက်ဆိုင်သော နေရာဌာနများတွင် နံရံအခင်းအကျင်း ၊ လိုက်ကာခန်းဆီး ၊ အိပ်ရာခင်း ခေါင်းအုံးစွပ် ၀တ်စုံများတွင်အဖြူရောင်ကို အဓိကထား အသုံးပြုကြပါသည်။

သောကြာ ဂြိုလ်နှင့်ဆိုင်သော မဲနယ်ရောင် ၊ အနက်ရောင်တို့သည် အမုန်းတရားနှင့် ရန်ငြိုးဖွဲ့တတ်ခြင်း သဘောကို ဆောင်ပြီး မကောင်းသော နိမိတ်သဘောကိုဖော်ပြသည့် အရောင်ဖြစ်ပါသည်။ သို့သော်လည်း အခြား တစ်ဖက်တွင် တည်ကြည် ခံ့ညားမှု သဘော ၊ လေးနက်မှုသဘော ၊ ဖြောင့်မတ်မှုသဘောနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုသဘောများကို ဖော်ပြနေပါသည်။

မီးခိုးရောင် Gray သည် အရောင်မဲ့သဘောကို ဆောင်သည် ။ တိတိကျကျ တင်စား သုံးနှုန်းခြင်းမျိုး မရှိပေ ။ အရောင်များ၏ သဘောလက္ခဏာများ ၊ အဓိပ္ပာယ် သတ်မှတ်ချက်များကို ဘက်ပေါင်းစုံမှ လေ့လာစိစစ် သုံးသပ် ကြည့်ပါက အရောင်တစ်ရောင်သည် ခိုင်မာသော အဓိပ္ပာယ် သတ်မှတ်ချက် တစ်ရပ်အဖြစ် ရပ်တည်နေခြင်း ဖြစ်ဖွယ်မရှိပါ ။ စင်စစ်တွင် ကြည့်ရူသူ ၏ သိစိတ်နှင့် မသိစိတ်မှ တွေးထင်မှု အပေါ်မူတည်၍ အရောင် တစ်ရောင်၏ အဓိပ္ပာယ်သက်ဝင်မှု မျိုးစုံကို အမျိုးမျိုး အဖုံဖုံ ဖွင့်ဆိုလေ့ရှိကြပါသည် ။ အရောင်များတွင် ၄င်းတို့၏ အနက်အဓိပ္ပာယ် အသီးသီးရှိနေ ကြသည့်တိုင် လူများစွာတို့သည် ထိုအနက် အဓိပ္ပာယ်များကို ကလေးဘဝကပင် စ၍ သင်ယူ ထိတွေ့ခဲ့ကြရပါသည်။ ယဉ်ကျေးမှု ဓလေ့ထုံးစံ အယူအစွဲများကလည်း အနက်အဓိပ္ပာယ်များကို ကွဲပြား ခြားနားစေပါသည်။ ထို့ကြောင့် အရောင်များကို အသုံးပြု၍ ၄င်းတို့၏ အကျိုးသက်ရောက်မူ ရလဒ်များကို အဖြေထုတ်ရန် ကြံစည် ကြိုးပမ်းခြင်းသည် စိန်ခေါ်မှု တစ်ရပ်ဖြစ်သကဲ့သို့ ပျော်ရွှင်ဖွယ် လည်းကောင်းပါသည် ။ မည်သို့ပင်ဆိုစေ ထိရောက် အောင်မြင်သော အရောင်အစီအစဉ် တစ်ရပ်သည် သင်၏ဒီဇိုင်းတစ်ခု ၊ အိမ်ခန်းတစ်ခန်း ၊ ၀တ်စုံတစ်စုံမှသည် ပတ်ဝန်းကျင်ရှိလူအားလုံးသို့ တစ်စုံတစ်ရာသော အဓိပ္ပာယ်နှင့် ခံစားမှုများ သက်ရောက်နိုင်စွမ်း ရှိကြောင်းကို သတိပြုပါလေ ။

____________________________________

Credit : (စာကိုး)
ဆရာဦးသစ်လွင်စိုး ၊ တွဲဖက်ပါမောက္ခ(ပန်းချီ)
အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ရေးသားပြုစုသော -
အရောင်သဘောတရား (Colour Theory)စာအုပ်မှ
ပြန်လည်ကူးယူ ဖော်ပြထားခြင်းဖြစ်ပါသည် ။

➡️➡️➡️➡️➡️➡️➡️➡️➡️➡️➡️➡️➡️➡️

𝐵𝑅𝐼𝐿𝐿𝐼𝐴𝑁𝑇 : 𝑌𝑜𝑢𝑟 𝑅𝑒𝑛𝑜𝑣𝑎𝑡𝑖𝑜𝑛 𝐽𝑜𝑢𝑟𝑛𝑒𝑦 𝐵𝑒𝑔𝑖𝑛𝑠 !

လူကြီးမင်းတို့၏ နေအိမ် ၊ ဆိုင်ခန်း ၊ ရုံးခန်းများ အတွင်းပိုင်း အလှဆင်ခြင်းအတွက် ..
နှစ်လိုဖွယ်ရာ ကာလာရွေးချယ်မှု နှင့်အတူ -
ဒီဇိုင်းရေးဆွဲခြင်း ၊ မွမ်းမံ ပြင်ဆင်ခြင်းများ ဆောင်ရွက်ဖို့ BRILLIANT ID WERKZ မှ ကြိုဆိုလျှက်ပါ ….
🙋‍♂️🙋‍♀️🙋‍♂️🙋‍♀️🙋‍♂️🙋‍♀️🙋‍♂️🙋‍♀️🙋‍♂️🙋‍♀️🙋‍♂️🙋‍♀️🙋‍♂️🙋‍♀️


▪Design Concept Consultation
▪Perspective Drawings Proposal
▪Space Planning & Layout Plan Proposal
▪Materials & Colour Scheme Proposal
▪Project Management & Site Supervision



701 , Zawtayone Street
Tharketha Township , Yangon .
Ph : 09 50 73034 , 09 89 77 22 77 2
Website : www.brilliantid.sg



🖤🖤🖤🖤🖤🖤🖤🖤" EVERY ROOM NEEDS A TOUCH OF BLACK . JUST AS IT NEEDS ONE ANTIQUE PIECE ."🇫🇲 Project : Condo Interior Design🇫🇲 ...
20/04/2025

🖤🖤🖤🖤🖤🖤🖤🖤

" EVERY ROOM NEEDS A TOUCH OF BLACK . JUST AS IT NEEDS ONE ANTIQUE PIECE ."

🇫🇲 Project : Condo Interior Design

🇫🇲 Type : Residential Modern Furniture

🇫🇲 Category : 3D Perspective Propose View

🇫🇲 Size & Colour : Customized









🇸🇬 🇸🇬 🇸🇬 🇸🇬 🇸🇬 🇸🇬 🇸🇬 🇸🇬 🇸🇬 🇸🇬 🇸🇬

💙 ONE STOP INTERIOR DESIGN &
DECORATION SERVICE 💙


▪Design Concept Consultation
▪Perspective Drawings Proposal
▪Space Planning & Layout Plan Proposal
▪Materials & Colour Scheme Proposal
▪Project Management & Site Supervision


■ Customize Kitchen Cabinet , Wardrobe & Modern Furnitures
■ Granite , Marbel , Solid Surface & Quartz Stone Countertop Works
■ Ceiing , Drywall , Painting & Wallpaper
■ Larminate , Vinyl , Parquet & Tile Flooring
■ Electrical & Lighting Installation
■ Plumbing Works
■ Glass & Aluminium Works

🏛🏛🏛🏛🏛🏛🏛🏛🏛

:
No.702 , Ground Floor , Zawtayone St ,Tharketa Township , Yangon .
📱Ph : 09 50 73034
09 89 77 22 77 2

www.brilliantid.sg

နှစ်သစ်ဆုတောင်း🙏_🙏_🙏_🙏_🙏💦 မြန်မာ့သက္ကရာဇ် ၁၃၈၇ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူးအခါသာမယတွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ ...
13/04/2025

နှစ်သစ်ဆုတောင်း

🙏_🙏_🙏_🙏_🙏

💦 မြန်မာ့သက္ကရာဇ် ၁၃၈၇ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူးအခါသာမယတွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ

💦 လာမည့်နှစ်သစ်တွင် ဘေးအန္တရာယ်အပေါင်း ကင်းရှင်းကာ စီးပွားလာဘ်လာဘများလည်း တိုးပွားကြပါစေ

💦 ကောင်းခြင်းအထွေထွေ ခညောင်းမည့် နှစ်သစ်နေ့ရက်များကို မျှော်ရည်လျှက် သင်္ကြန်အားလပ်ရက်များကိုလည်း ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေကြောင်း Brilliant ID Werkz မှ ဆုမွန်ကောင်းမေတ္တာ ပို့သအပ်ပါသည်

💦💦💦💦💦







🟫 Credit : The picture of the Padauk flower has been taken from an online source and belongs to its original creator as intellectual property.

✨✨ ဘာလိုလိုနဲ့ " လှုပ်လှုပ်ရှားရှား ၂၀၂၅ " ရဲ့ နှစ်ဦးပိုင်း‌လေးကို ဖြတ်ကျော်ခဲ့ပြီးပါပြီနော် ⭐⭐⭐💌 ဒီတခါတော့ Brilliant iD...
06/03/2025

✨✨ ဘာလိုလိုနဲ့ " လှုပ်လှုပ်ရှားရှား ၂၀၂၅ " ရဲ့ နှစ်ဦးပိုင်း‌လေးကို ဖြတ်ကျော်ခဲ့ပြီးပါပြီနော် ⭐⭐⭐

💌 ဒီတခါတော့ Brilliant iD Werkz မှ မြေပြင်ဆောက်လုပ်ရေးမှသည် အတွင်းပိုင်းအလှဆင် အထိ အစ-အဆုံး တာဝန်ယူဆောင်ရွက်ပေးခဲ့တဲ့ Commercial Project လေးတခု နဲ့ မိတ်ဆက်ပေးပါရစေ ၊

💌 နေပြည်တော်မှာ ဆိုင်ခွဲများစွာနဲ့ အောင်မြင်‌နေတဲ့ ကော်ဖီဆိုင်လေးရဲ့ ဆိုင်အသစ်တိုးချဲ့ Construction & Renovation Project မှတ်တမ်းများပဲ ဖြစ်ပါတယ် ၊

💌 ကော်ဖီဆိုင် နဲ့ တွဲဖက်ပြီး Pet Spa လေးလည်း ပါဝင်တာမို့လို့ ၊ နဂို ရှိပြီးသား Pet Shop လေး နဲ့ လိုက်ဖက်အောင် Exterior and Interior Design ကို ချိတ်ဆက်ဖန်တီး ပေးခဲ့ပါတယ် ၊

📌 Project : Construction & Interior Renovation Works
📌 Location : KS Cafe , Oattyathiri Township , Naypyidaw .

💌 ဆောက်လုပ်ရေးလုပ်ငန်းပိုင်း ကိုလည်း အစီအစဉ်ကျကျ အကောင်အထည်ဖော်ခဲ့ပြီး Exterior and Interior Renovation Works များအနေနဲ့ ...

◼️ Composite Panel ဖြင့် မျက်နှာစာ အလှဆင်ခြင်း
◼️အလူမီနီယမ် နှင့် မှန်လုပ်ငန်းများ
◼️နံရံ နှင့် ကြမ်းခင်း ကြွေပြားကပ်ခြင်း
◼️မျက်နှာကျက် တပ်ဆင်ခြင်း
◼️Ecowood Panel ဖြင့် နံရံအလှဆင်ခြင်း
◼️Curve Shape Wall Partition လုပ်ငန်း
◼️Customize Cabinet Works
◼️Granite Counter တပ်ဆင်ခြင်း
◼️ရေ မီး ဆေး လုပ်ငန်းများ

🩵 လူကြီးမင်းတို့၏ တန်ဖိုးထား မြတ်နိုးရပါသော အိမ်ဂေဟာများ နှင့် ဆိုင်ခန်းများ အတွင်းပိုင်း အလှဆင် Design & Installation ဆောင်ရွက်ခြင်း အတွက် Brilliant ID Werkz မှ ကြိုဆိုလျှက်ပါနော် 💙

🙋🙋🙋🙋🙋🙋🙋🙋🙋🙋🙋🙋




No.702, Zawtayone Street,
(Near Myintawthar Road)
Tharketa Township , Yangon .
09 50 73034 , 09 89 77 22 77 2
www.brilliantid.sg

🙏နှစ်သစ်ကူးဆုတောင်း🙏❄❄❄❄❄❄❄❄❄နှစ်သစ်ကူး အခါသာမယတွင်စိတ်ချမ်းသာ ကိုယ်ကျန်းမာလျှက်ပျော်ရွှင်ခြင်း ၊ ငြိမ်းချမ်းခြင်း နှင့်...
31/12/2024

🙏နှစ်သစ်ကူးဆုတောင်း🙏
❄❄❄❄❄❄❄❄❄

နှစ်သစ်ကူး အခါသာမယတွင်
စိတ်ချမ်းသာ ကိုယ်ကျန်းမာလျှက်
ပျော်ရွှင်ခြင်း ၊ ငြိမ်းချမ်းခြင်း နှင့်အတူ
မျှော်လင့်ခြင်းအသစ်များ
ပြည့်ဝအောင်မြင်ပါစေ ..

တနှစ်တာ ကာလအတွင်း ယုံကြည်စိတ်ချစွာ လုပ်ငန်းအပ်နှံပေးကြတဲ့ Customer များ ၊ လုပ်ဖော်ကိုင်ဖက်များ အားလုံး စီးပွားဒီရေအလား တိုးပွားလျှက် ဆထက်တပိုး အောင်မြင်ပါစေကြောင်း ..

Brilliant ID Werkz မှ
ဆုမွန်ကောင်း မေတ္တာ ပို့သအပ်ပါသည် ...

🎆🎇🎆🎇🎆🎇🎆🎇🎆🎇🎆

Hello ‼️Customize Wardrobe လေးတွေနဲ့ အထာကျကျ လန်းဖို့ အချိန်ရောက်လာပါပြီနော် 🧡🧡🧡🧡🧡 Planning ကောင်းကောင်းလေးတွေနဲ့ ဖွဲ့စည...
18/10/2024

Hello ‼️
Customize Wardrobe လေးတွေနဲ့ အထာကျကျ လန်းဖို့ အချိန်ရောက်လာပါပြီနော် 🧡🧡🧡🧡

🧡 Planning ကောင်းကောင်းလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Wardrobe လေးတွေဆိုတာ ပစ္စည်းသိမ်းဆည်းစရာ နေရာများများကို ချဲ့ထွင်ပေးတဲ့အပြင် အလှပြင်စင်လို အခြား Function တွေနဲ့လည်း တွဲဖက် အသုံးပြုလို့ရပါတယ် ..

🧡 Customize Wardrobe တွေထဲမှာ အင်္ကျီအဝတ်အစား အပြင် ဖိနပ် ၊ လက်ဆွဲအိတ် ၊ အထွေထွေ ပစ္စည်းလေးတွေနဲ့ တန်ဖိုးကြီး လက်ဝတ်ရတနာများ အထိ သူ့နေရာနဲ့သူ ခွဲခြားသိမ်းဆည်းဖို့ နေရာလေးတွေကို စိတ်ကြိုက် ဖန်တီး ထားလို့ရပါတယ်

🧡 အရောင် ၊ အရွယ်အစား ၊ ဒီဇိုင်း အားလုံး ကိုယ့်စိတ်ကြိုက်မို့ အိပ်ခန်းလေးတွေကို ကိုယ်ပိုင်ကမ္ဘာလေးတခုလို ပိုမိုပြည့်စုံစေမှာ ဖြစ်ပါတယ် ။။။

🟤 Customize Modern Wardrobe များကို တပ်ဆင်လိုသူများအတွက် ▪️▪️▪️
🔸 Site Survey အခမဲ့ လာရောက်ကြည့်ရှူပေးခြင်း
🔸 အသုံးပြမည့် Material နှင့် Wardrobe Accessories များကို အသေးစိတ် ရှင်းပြပေးခြင်း
🔸 Wardrobe Standard Size များနဲ့ ဈေးနှုန်းတွက်ချက်ပေးခြင်း
🔸 3D View ပုံထုတ်ပြီး စနစ်တကျ ထုတ်လုပ်တပ်ဆင်အပ်နှံ‌ပေးခြင်း

🔴 ကျွန်တော်တို့ Brilliant ID မှ ကွန်ဒိုနှင့်လုံးချင်း နေရာစုံမှာ တပ်ဆင်ပေးခဲ့တဲ့ Customize Wardrobe Desgin များကိုလည်း စုစည်းပေးထားပါတယ် ခင်ဗျား... 🫶🫶🫶

လူကြီးမင်းတို့ အိမ်ဂေဟာများအတွက် လိုအပ်တဲ့ Modern Furniture များအတွက် အခုပဲ ဆက်သွယ်ဖို့ ဖိတ်ခေါ်ပါတယ်နော် ..🫶🫶🫶

🆔️🆔️🆔️🆔️🆔️🆔️🆔️🆔️🆔️🆔️🆔️


No.702 , Ground Floor, Zawtayone Street (Near Mya Kan Thar Park),
Tharketa Township , Yangon .
Ph ◾ 095073034 , 09897722772
www.brilliantid.sg






🙏🙏🙏ဝါလကင်းလွတ် သီတင်းကျွတ်ကာလတွင် စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံနိုင်ကြပါစေ ...လိုရာဆန္ဒများလည်း ...
16/10/2024

🙏🙏🙏
ဝါလကင်းလွတ် သီတင်းကျွတ်ကာလတွင် စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံနိုင်ကြပါစေ ...

လိုရာဆန္ဒများလည်း မျှော်မှန်းထားသမျှ ပြီးပြည့်စုံပြီး ငြိမ်းချမ်းသာယာသော အားလပ်ရက်များကို ရရှိပိုင်ဆိုင်နိုင်ပါစေကြောင်း Brilliant ID Werkz မှ ဆုမွန်ကောင်း ပို့သအပ်ပါသည် ..🩵💙




Brilliant ID Werkz

HELLO ‼️Brilliant ID ရဲ့ Interior Design လက်ရာများနဲ့ မိတ်ဆက်လိုက်ပါတယ် ခင်ဗျား .. 🙏ဒီနေ့ခေတ်မှာ လူကြီးမင်းတို့၏ ခမ်းနား...
09/10/2024

HELLO ‼️
Brilliant ID ရဲ့ Interior Design လက်ရာများနဲ့ မိတ်ဆက်လိုက်ပါတယ် ခင်ဗျား .. 🙏

ဒီနေ့ခေတ်မှာ လူကြီးမင်းတို့၏ ခမ်းနားလှပသော နေအိမ်ဆိုင်ခန်းများကို အကောင်းဆုံး ဖန်တီးအလှဆင်ဖို့ အတွက် 3D Interior Design တွေက မဖြစ်မနေ လိုအပ်ချက်တခုပါပဲနော် ! …

♦️ ဒီဇိုင်းရေးဆွဲခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့ **

▪️ ပြင်ဆင်ပြီးသွားတဲ့အခါ ဖြစ်ပေါ်လာမယ့်ပုံစံကို ကြိုတင်မြင်ရခြင်း

▪️လိုအပ်ချက်တွေကို ဒီဇိုင်းအဆင့်မှာတင် ဖြည့်စွက်နိုင်ခြင်း

▪️ ဒီဇိုင်းနဲ့ အတူ ကုန်ကျစရိတ်ကို တိတိကျကျ တွက်ချက်နိုင်ခြင်း

▪️ အကောင်အထည် ဖော်မယ့် လုပ်ငန်းစဉ်ကို ရှင်းရှင်းလင်းလင်း ချမှတ်နိုင်လို့ လုပ်ငန်း နှောင့်နှေးမှု မရှိခြင်း …

♦️ လူကြီးမင်းတို့၏ နေအိမ် ၊ ဆိုင်ခန်း ၊ ရုံးခန်း များအတွက် ဒီဇိုင်းများကို တခန်းချင်းနှုန်းထားဖြင့် ရေးဆွဲပေးသလို ၊ တအိမ်လုံးအတွက် ကြမ်းခင်းဧရိယာဖြင့်လည်း တွက်ချက် ရေးဆွဲပေးလျှက်ရှိပါတယ်နော် …


🇸🇬 🇸🇬 🇸🇬 🇸🇬 🇸🇬 🇸🇬 🇸🇬 🇸🇬 🇸🇬 🇸🇬 🇸🇬

💙 ONE STOP INTERIOR DESIGN &
DECORATION SERVICE 💙


▪Design Concept Consultation
▪Perspective Drawings Proposal
▪Space Planning & Layout Plan Proposal
▪Materials & Colour Scheme Proposal
▪Project Management & Site Supervision


■ Customize Kitchen Cabinet , Wardrobe & Modern Furnitures
■ Granite , Marbel , Solid Surface & Quartz Stone Countertop Works
■ Ceiing , Drywall , Painting & Wallpaper
■ Larminate , Vinyl , Parquet & Tile Flooring
■ Electrical & Lighting Installation
■ Plumbing Works
■ Glass & Aluminium Works

🏛🏛🏛🏛🏛🏛🏛🏛🏛

:
No.702 , Ground Floor , Zawtayone St ,Tharketa Township , Yangon .
📱Ph : 09 50 73034
09 89 77 22 77 2

www.brilliantid.sg

🩵 ပေါ့ပေါ့ပါးပါး မြန်မြန်ဆန်ဆန်လေးနဲ့ အိပ်ခန်းဖွဲ့ကြမယ် …🩵 ကြမ်းခင်း ၊ အခန်းဖွဲ့ ၊ ဆေးသုတ် ၊ အလူမီနီယမ် ဆလိုက်တံခါး နှင့...
30/09/2024

🩵 ပေါ့ပေါ့ပါးပါး မြန်မြန်ဆန်ဆန်လေးနဲ့ အိပ်ခန်းဖွဲ့ကြမယ် …

🩵 ကြမ်းခင်း ၊ အခန်းဖွဲ့ ၊ ဆေးသုတ် ၊ အလူမီနီယမ် ဆလိုက်တံခါး နှင့် ပြတင်း လုပ်ငန်းတွေအားလုံး တပတ်အတွင်း ပြီးစီး ၊ နေထိုင်လို့ရအောင် မြန်မြန်ဆန်ဆန်လေး အပ်နှံပေးခဲ့တဲ့ အခန်းလေး ဖြစ်ပါတယ် …

🩵 နေထိုင်မယ့်သူက Aircon လည်း မတပ်ဆင်ပဲ လေဝင်လေထွက် ကောင်းကောင်းလေး လိုချင်တယ် ဆိုလို့ ပြတင်းပေါက်တွေကို ကျယ်ကျယ်လေး တပ်ဆင်ပေးဖြစ်ခဲ့ပါတယ် ..

◾ လူကြီးမင်းတို့ရဲ့ နေအိမ် ၊ တိုက်ခန်းများမှာလည်း အခုလို ပေါ့ပါးမြန်ဆန်တဲ့ အခန်းဖွဲ့ချင်တာဖြစ်ဖြစ် ၊ အခြား မွမ်းမံပြင်ဆင်ချင်တာတွေ အားလုံးအတွက် ကြိုဆိုလျှက်ပါနော် ….🧡💙🩵🧡💙🩵

❝ အတွင်းပိုင် အလှဆင်ခြင်းအတွက် ယုံကြည်စိတ်ချရတဲ့ အဖော်မွန် ၊ Brilliant iD နဲ့ အတူ စတင်လိုက်ကြပါစို့ ❞




🆔️🆔️🆔️🆔️🆔️🆔️🆔️🆔️🆔️🆔️🆔️🆔️🆔️


No.702 , Ground Floor, Zawtayone Street (Near Myintawthar Road) ,
Tharketa Township , Yangon .
www.brilliantid.sg


#အိမ်တွင်းအလှဆင်



Address

No. (702) , Ground Floor , Zawtayone Street (Near Myintawthar Road) , Tharkayta Township
Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30

Telephone

+9595073034

Alerts

Be the first to know and let us send you an email when Brilliant ID Werkz posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Brilliant ID Werkz:

Share