28/04/2017
Air Conditioning System များအတွက် အရည်အသွေးကောင်းမွန်သော Armaflex Insulation မိတ်ဆက်ပွဲအခမ်းအနားအား ၂၀၁၆ ခုနှစ် သြဂုတ်လ (၂၆)ရက်နေ့တွင် မန္တလေးမြို့ Golden Country Hotel ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ ထိုပွဲသို့ Mandalay ACMV Technical Association မှ အသင်းသားများ ၊ Monywa ACMV အသင်းမှ အသင်းသားများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်အားပေးခဲ့ကြသည်။