18/10/2024
ကလေးငယ်တယောက်
ပင်လယ်အရောက်မှာ
လိူင်းခတ်သွားတာကြောင့်
ဖိနပ်ပျောက်၍သွားသောအခါ
"ပင်လယ်ဟာသူခိုး"လို့
သဲပြင်မှာရေးပြီး သူစွပ်စွဲတယ်...
တံငါသည်လင်မယား
ငါးများစွာ ရတဲ့တစ်နေ့မှာ
"ပင်လယ်ဟာကျေးဇူးရှင်"ပါလို့
သဲပြင်မှာရေးပြီး
ကျေးဇူးတင်တယ်...
လူငယ်တစ်ယောက်
ပင်လယ်ရောက်ပြီး
လိူင်းရေတွေကြား
နစ်မြုတ်သေသွားသောအခါ
သူ့အမေက
"ပင်လယ်ဟာလူသတ်သမား"ပါလို့
သဲပြင်ထက်မှာ သူရေးခဲ့တယ်...
မရှိဆင်းရဲသား တစ်ယောက်
ပင်လယ်အောက်မှ
အဖိုးတန်တဲ့ ပုလဲကို
ကောက်ရတဲ့အခိုက်မှာ
"ပင်လယ်ဟာတန်ခိုးရှင်"ပါလို့
သဲပြင်ထက်မှာ
တင်စားရေးခဲ့တယ်....
သူတို့ရေးထားသမျှ စာအားလုံးက
သိပ်မကြာခင်မှာပဲ
လိူင်းရေတွေရဲ့ ပုတ်ခတ်မူ့ကြာင့်
သူ့အလိုလို ပျောက်ပျက်ခဲ့ရတယ်...
ပင်လယ်ကသူ့ကို ဘယ်သူတွေ
ဘယ်လိုထင်ထင် ဘယ်လိုမြင်မြင်
ဘယ်လိုပဲတွေးတွေး
ဘယ်လိုပဲရေးရေး
ပင်လယ်က ပင်လယ်ပါပဲ..
သူ့တာဝန်
သူ့သဘာဝအရ ပြောင်းလဲ
လည်ပတ်နေတာကလွဲလို့
သူ့အတွက် ဘာမှဖြစ်လာနိုင်စရာ
အကြောင်းမရှိပါ...
လူ့လောကမှာလည်း
ဒီလိုပါပဲလေ
အကောင်းနေမလား
အဆိုးနေမလား
ဝမ်းနည်းနေမလား
ဝမ်းသာနေမလား
အဆိုးလုပ်မလား
အကောင်းလုပ်မလား
ဘယ်လိုပဲနေနေ
ဘာတွေပဲလုပ်လုပ်
လူတို့ရဲ့နုတ်ဖျားက စကားတခွန်းနဲ့
လွတ်ကင်းသွားတယ်လို့ မရှိပါဘူး
အမြဲတမ်းဝေဖန်ပုတ်ချ
ခံနေရမှာပဲလေ။
ကြိုက်သူက အကောင်းပြောမယ်
မကြိုက်သူက မကောင်းပြောမယ်
လူအားလုံးရဲ့စကားကို
လိုက်ပြီးခံစားမနေပါနဲ့
ဘယ်လောက်ထိ
နားကျည်းစရာတွေနဲ့
ကြုံနေပါစေ
အချိန်တန်တော့လည်း
အရာတိုင်းဟာ
သူ့အလိုလို တဖြည်းဖြည်းနဲ့
ပျောက်ကွယ်သွားကြတာပဲလေ...
Credit မူရင်း
ေးသုတ်လုပ်ငန်း
#ဆေးသုတ်ခြင်း
#အိမ်ဆေးသုတ်မယ်အိမ်အလှဆင်မယ်