Kyaw San Construction

Kyaw San Construction Best Build your home

06/10/2025
ပေါ်လစ်အကြောင်း တစ်စေ့တစ်စောင်း__________ _________ _________ကျွန်းပါကေး ခင်းပြီးရင်တော့ ပေါ်လစ်ဆေးသုတ်ပေးရပါတယ်✅️​(Poli...
04/10/2025

ပေါ်လစ်အကြောင်း တစ်စေ့တစ်စောင်း
__________ _________ _________

ကျွန်းပါကေး ခင်းပြီးရင်တော့ ပေါ်လစ်ဆေးသုတ်ပေးရပါတယ်✅️

​(Polish)ပေါ်လစ်ပုံးတွေရဲ့အောက်ခြေမှာ စာတွေရေးထားတာကိုတွေ့ပါလိမ့်မယ်/အမျိုးအစားတူမှသာအသုံးပြုရတာ လွယ်ကူပြီ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။

နိုင်ငံခြားပေါ်လစ်ဆေးတွေမှာတော့ လုပ်ငန်း(၃)ရပ်ရှိပါတယ်လို့လေ့လာမိပါတယ်✅️

သို့သော်လည်း ပထမဦးဆုံးအနေနဲ့ ပေါ်လစ်မသုတ်မှီ
(Easy Bleach) သစ်အရောင်ညှိဆေး သုတ်ပေးရပါတယ်
သစ်အရောင်ညှိဆေး ဆိုပေ့မယ် သစ်သားဂျေးချွတ်ဆေးလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။
သူ့ကိုတော့ရေနဲ့ရောသုတ်ရပါတယ်။
သူမပါရင်တော့ ပေါလစ်အရောင်က မလှတော့ပါဘူး။

1️⃣ဖီလာ(Filler)

ဖီလာကတော့ အရောင်အတွက်ဖြစ်ပြီးတော့ အရောင်များစွာရှိပါတယ် ကိုယ်လိုချင်တဲ့အရောင်အသုံးပြုနိုင်ပါတယ်/ သူ့ကို အသုံးပြုမယ်ဆိုရင် သင်နာ(Tinner)နဲ့ဖျော်စပ်ရပါတယ်။

2️⃣ ဆီလာ(Sealer)

ဆီလာမှာလည်း အများကြီး သိဖို့တော့မလိုပါဘူး လေးမျိုးလောက်သိထားရင် အဆင်ပြေနေပါပြီ။

💥NC/ဆီလာနဲ့ PCဆီလာ
________ ________ _______
ဒီနှစ်မျိုးကတော့ အသုံးပြုပုံနဲ့ ဆေးအာနိသင် သိပ်မကွာလှပါဘူး
NC/PC ၁ဆ+တင်နာ၂ဆဖျော်စပ်သုတ်ပေးရင်အဆင်ပြေပါတယ်။
သစ်ကြောပိတ်တာ မပိတ်တာကိုကြတော့ သုတ်ကြည့်ရင်းနဲ့ သိနိုင်မှာပါ
အရည်အသွေး နည်းနည်းနိမ့်တဲ့ ဆီလာထဲမှာပါဝင်ပါတယ်။

ACဆီလာ
_________
AC ဆီလာကတော့ အက်စစ်ပါတဲ့ ဆီလာအကြည်ဖြစ်တာကြောင့် ရုပ်ထွက်ကောင်းတယ် ကြည်လင်တယ်အလယ်လတ်တန်းစား ဆီးလာလို့သိထားရင် ရပါပြီ။

AC ဆီလာမှာတော့ (Hardener)ဟာဒနာ ပါဝင်လာပါတယ်
ဆီလာမှာတော့ သူပါမှသာ ခြောက်သွေ့မှာဖြစ်ပါတယ်

ဒါပေမယ့် ဒီမှာ အချိုးစားအများကြီး မသုံးထားပါဘူး
ဆီလာ ၁၀ဆ+ဟာဒနာ ၁ဆ+တင်နာ ၅ဆ ပေါင်းစပ်ဖျော်ရပါတယ်။ သုံးမျိုးပေါင်း ဆီလာအတွဲတွေပါ ပရိဘောဂတွေ ကြမ်းခင်းပိုင်းတွေ အတွက်အသုံးပြုရတာ ပိုအဆင်ပြေပါတယ်✅️

PUဆီလာ
_________

PU ဆီလာက သစ်ဆီးအများဆုံး ပါဝင်တဲ့ ဆီလာဖြစ်ပါတယ်
ဆီလာသားနည်းနည်းနောက်တယ်
အိတယ်
ချောမွေ့တယ်
ပြောင်တင်းတယ်

ဆီလာတွေထဲ အမြင့် စာရင်းဝင်သလို
ကြမ်းခင်းပိုင်း
လှေခါးပိုင်းလို့ အနင်းပိုင်းတွေအတွက်အထူးသင့်တော်ပါတယ်။
စျေးလည်း မြင့်ပါတယ်။ဆေးအချိုးအစားမှာ ဟာဒနာ အသုံးပြုမှုပိုများလာပါတယ်။

PUဆီလာ ၁၀ဆ+PU ဟာဒနာ ၅ဆ+PUတင်နာ ၅ဆ
သုံးမျိုးပဲ ပေါင်းစပ်အသုံးပြုရပါတယ်။

3️⃣Lacquer နဲ့ Topcoat

တတိယ လုပ်ငန်းဖြစ်တဲ့... Lcaနဲ့ Topရဲ့ တူမလိုလိုနဲ့ မတူတဲ့ အကြောင်းလေးပေါ့

Lacquer လိုက်ကာတွေဟာ NC/PC(ဆီလာ)နဲ့ မျိုးနွယ် နေသလိုရှိပါတယ်။သူ့ကို တင်နာနဲ့ ပေါင်းစပ်ပြီး နှစ်မျိုးတည်း သုံးပါတယ်။
ဒါပေမယ့် 2k တစ်ချို့မှာ ဟာဒနာပါတယ်။ UTလို့ရေးထားရင် လက်ဆွဲသုတ်လို့ကောင်းပါတယ်။

ခြောက်ချိန်နှေးမယ်၊ တင်နာအမျိုးစားရွေးတယ်၊ကြည်လင်တယ်၊ အသန့်ကြိုက်တယ်ပေါ့၊ရုပ်ထွက်အလွန်ကောင်းပါတယ်၊% ရာခိုင်နုန်းအနေနဲ့ပြောရရင် 90%လောက်ထိ ကြည်လင်ပြီ ပြောင်ပါတယ်။

T အမျိုးအစားတွေကတော့ စုတ်ဆွဲအား သိပ်မကောင်းချင်ဘူး၊ ခြောက်သွေ့မြန်တယ်၊ တင်နာ အချိုး လိုက်ကာနဲ့ ဆတူလောက်ထိ သုံးခွင့်ရှိပါတယ်။

ဒီအမျိုးအစားတွေထဲမှာ အမှိန်တွေ လာလည်ပါတယ်
ပိုပြီးဆေးပျစ်တယ် သင်နာအချိုးပိုသုံးရပါတယ်။
ဒါတွေကတော့ Lacquer လိုက်ကာအပိုင်းဖြစ်ပါတယ်။

♦️Topcoat ကိုတော့ ဆီလာတွေနဲ့ တွဲဖက်အသုံးပြုရတဲ့ လိုက်ကာများလို့ နားလည်ထားပါတယ်။

NC/PC Topcoat
AC/ Topcoat
PU/ Topcoat
စသဖြင့် မူလ ဆီလာတွေရဲ့ ဆေးအချိုးအစားအတိုင်း အသုံးပြုပေးရမှာ ဖြစ်ပါတယ်

နိုင်ငံခြားပေါ်လစ်ရဲ့ အခြေခံအချက်အားလုံးက အတူတူပဲမို့ ဒီနည်းအတိုင်း ဖျော်စပ်အသုံးပြုလို့ ရပါတယ်ခင်ဗျာ

👉🏻လှေးခါးများသံစင်နည်းအချို့ မျှဝေပေးလိုက်တယ်
03/09/2025

👉🏻လှေးခါးများသံစင်နည်းအချို့ မျှဝေပေးလိုက်တယ်

သံဆင်ခြင်းဆိုင်ရာ အကြောင်းတစ်ချို့Slab တွေမှာ သံ 1လွှာပဲဆင်လို့ရတယ် နောက်တမျိုး 12" ကြားအပေါ် အောက် လွှဲဆင်ရင်ရပြီ ဆိုတဲ...
29/08/2025

သံဆင်ခြင်းဆိုင်ရာ အကြောင်းတစ်ချို့
Slab တွေမှာ သံ 1လွှာပဲဆင်လို့ရတယ် နောက်တမျိုး 12" ကြားအပေါ် အောက် လွှဲဆင်ရင်ရပြီ ဆိုတဲ့ အတွေးအခေါ်တွေက ဘယ်ကဆင်းသက်လာတာလဲ

🗣️တကယ်ဆိုရင် Building တခုမှာ load(အလေးချိန်/ဝန်)တွေ, stress တွေ ဘယ်လိုဆင်းသက်လာတယ်ဆိုတာ Engineer ကပဲသိတဲ့ အရာပါ.
🗣️Slabတွေမှာ အကြမ်းအားဖြင့် one-way slab & two-way slab ၂မျိုးရှိပါတယ်.အဲ့ဒါကလဲ သံတစ်လွှာဆင်ခြင်း၊ နှစ်လွှာဆင်ခြင်းကို ဆိုလိုခြင်းလုံးဝမဟုတ်ပါဘူး🙅🏻 Slab ပေါ် load တွေ stress တွေ ဘယ်လိုစီးဆင်းလဲဆိုတာကို ဆိုလိုခြင်းဖြစ်ပါတယ်
👉🏻Type of slab ဘယ်လိုခွဲလဲဆို Lb/La > 2 ဆိုရင် အဲ့ဒါ one-way slab ပါ. ( Lb = ရှည်သောspan, La = တိုသောspan) Load တွေက အပျင်းကြီးပါတယ်.Span က နှစ်ဆ ထက်ကျော်ပြီး ရှည်နေရင် loadက တိုတဲ့ span ကိုပဲ စီးဆင်းသွားတယ်. Two-way မသွားတော့ဘူးပေါ့.
👉🏻အဲ့တော့ load စီးဆင်းတဲ့ နေရာ တိုင်း rebar ထည့်ရပါတယ်. ထည့်ချင်တိုင်းလဲ ထည့်လို့မရပါဘူး. Bending moment diagram အရ tension zone တွေမှာပဲ ထည့်ရပါတယ်.(ချွင်းချက်အနေနဲ့ Compression zone တွေကိုတော့ ကန့်သက်ချက်အရ min;As ထည့်ပေးရပါတယ်).
Concrete ဆိုတဲ့အမျိုးက compression(ဖိအား) အံ့မခန်း ခံနိုင်ပေမယ့် tension(ဆွဲအား)တော့ ၁၀ပုံပုံ ၁ပုံလောက်သာ ခံနိုင်ပါတယ်. အဲ့အတွက် rebar က ဝင်ကူပြီး ထမ်းပေးရပါတယ်. အဲ့ဒါကြောင့်လဲ reinforced concrete RC လို့ ခေါ်တာပါ.
👉🏻အဲ့ဒီမှာ စတွေ့တာပဲ concrete မထမ်းနိုင်လို့ သံကကူထမ်းပေးရပါတယ်ဆိုမှ သူရှိသင့်တဲ့နေရာမှာ rebar က ရှိမနေဘူးဆို သွားပြီပေါ့. အဲ့slab က serviceability မကောင်းပဲ အခန့်မသင့်ရင် brittle failure တောင် ဖြစ်သွားနိုင်ပါတယ်
👉🏻Design Drawing မှာ slab အတွက် 10mm ကို 6" ကြား spacing ပေးထားရင် tension zone တိုင်းမှာ 6" ကြား ထည့်ကို ထည့်ပေးရမှာပါ. 10"ကြားတွေ 12"ကြားတွေဆို design out သွားပါပြီ. ပြိုတာကတော့ တန်းမပြိုဘူးပေါ့ ဘာလို့လဲဆို structural designer တွေက design load ကို factor တွေနဲ့မြောက်ထားလို့ပါ. တကယ်ခံနိုင်ရည်ထက် ပိုတိုးစဉ်းစားပြီး design လုပ်ထားလို့ပါ. အချိန်တခုကြာလာတာနဲ့အမျှ cracking လိုက်လာတာတို့ cover ကွာကြလာတာတို့ slab ကြီး တုန်နေတာမျိုးတို့ ဖြစ်လာမှာပါ

အဲ့တော့ မဟုတ်ကဟုတ်ကတွေ လျှောက်မလုပ်စေချင်ပါဘူး. Slab မှာသံဘယ်နားထည့်ရမလဲဆိုတာ engineer သာလျှင် သေချာသိတာပါ. အဲ့ဒါကြောင့် ကိုယ့်မြန်မာတွေ ဆောက်လုပ်ရေးလောက တိုးတက်စေချင်တဲ့ စိတ်နဲ့ ရေးသားလိုက်ခြင်းဖြစ်ပါတယ်

ဗဟုသုတ တစုံတရာ ရသွားရင်ပဲကျေနပ်ပါတယ်ခင်ဗျာ စာအရမ်းရှည်သွားလို့ အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်.

Crd to StellerConstruction မှရေးသားသည်။

01/07/2025
 #သိန်း350အပြီးအစီး  ➡️(silver package )မော်လမြိုင် မုပွန် project📌 သိန်း (350) RC ၁ ထပ်        ( ရေ၊မီး၊ဆေး အပြီးအစီး )...
20/12/2024

#သိန်း350အပြီးအစီး ➡️(silver package )
မော်လမြိုင် မုပွန် project
📌 သိန်း (350) RC ၁ ထပ်
( ရေ၊မီး၊ဆေး အပြီးအစီး )

↪️ ယခုလတွင်တည်ဆောက်မည်
projectအသစ် ၂၅' x ၂၈' RC 1ထပ်
အဆောက်အဦး လေပါ↩️

⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬
projectတွင် ပါဝင်သည့် features များ⤵️
➡ Living Room
➡ shinning Room
➡ single Bed Room 1
➡ Double Bed Room 1
➡ Bath & WC
➡ Dinning Area
➡ Kitchen Area
➡ Varenda

💁တို့ ပါဝင်တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်🤗

🏛️ သင့်စိတ်ကူးထဲကအိမ်လေးကို တည်ဆောက်ဖို့ စိတ်ကူးနေပါသလား

📌ခေတ်မီတဲ့ အဆင့်တန်းမြင့်မြင့် အိမ်ဆောက်လုပ် ပေးပါသညါ
📌 ရေရှည် တည့်တံ့ခိုင်ခံ့တဲ့ အိမ်ဖြစ်အောင်ဆောက်လုပ် ပေးပါသည်
📌 ဆောက်လုပ်ရေးတွင် အသုံးပြုသည့် ပစ္စည်းများအားအသက်သာဆုံးစျေးနှုန်းဖြင့် အရည်အသွေးကောင်းတာမျိုး ရွေးချယ်၍ဆောက်လုပ်ပေးပါသည်။
📌 အိမ်ဒီဇိုင်းကို ခေတ်မှီတဲ့ latest design တော့ဖြစ်ချင်တယ် ဒါပေမယ့် ဘယ်လို design ပြောရမလည်း မသိဘူး ဖြစ်နေတယ်ဆို KYAW SAN Construction နဲ့ အသေးစိပ်ဆွေးနွေးနိုင်ပါတယ်
📌 စက္ကန့်တိုင်း၊မိနစ်တိုင်း အရာရာ စျေးနှစ်ဆ သုံးဆတက်နေတဲ့ ဒီခေတ်ကြီးမှာ သတ်မှတ်ထားတဲ့ budget နဲ့ ဖြစ်အောင်ဆောက်လုပ်ပေးပါသည်

“အိမ်ဆောက်မယ်ဆို အဆင်ပြေဆုံးကတော့ KYAW SAN Construction ပါ”

☎️Phone - 09 961 127 111
📬 office - မိုးကောင်းလမ်း၊ မိုးကောင်း
ရိပ်သာ(တိုက်တန်းယာဘေး၊ ရန်ကင်း
မြို့နယ်၊ ရန်ကုန်မြို့

။ 🛠️🏠💙 •

✅ “သင့်တင့်မျှတသော PAE စျေးနှူန်းများဖြစ် အိမ်၊စက်ရုံ၊ ဂိုထောင်  အဆောက်အဦးများကိုတည်ဆောက်လုပ်လိုပါက  KYAW SAN Constructi...
17/12/2024

✅ “သင့်တင့်မျှတသော PAE စျေးနှူန်းများဖြစ် အိမ်၊စက်ရုံ၊ ဂိုထောင် အဆောက်အဦးများကိုတည်ဆောက်လုပ်လိုပါက KYAW SAN Construction ကိုဆက်သွယ်ပါ….!”

🏛️ သင့်စိတ်ကူးထဲကအိမ်လေးကို တည်ဆောက်ဖို့ စိတ်ကူးနေပါသလား

📌ခေတ်မီတဲ့ အဆင့်တန်းမြင့်မြင့် အိမ်ဆောက်လုပ် ပေးပါသညါ
📌 ရေရှည် တည့်တံ့ခိုင်ခံ့တဲ့ အိမ်ဖြစ်အောင်ဆောက်လုပ် ပေးပါသည်
📌 ဆောက်လုပ်ရေးတွင် အသုံးပြုသည့် ပစ္စည်းများအားအသက်သာဆုံးစျေးနှုန်းဖြင့် အရည်အသွေးကောင်းတာမျိုး ရွေးချယ်၍ဆောက်လုပ်ပေးပါသည်။
📌 အိမ်ဒီဇိုင်းကို ခေတ်မှီတဲ့ latest design တော့ဖြစ်ချင်တယ် ဒါပေမယ့် ဘယ်လို design ပြောရမလည်း မသိဘူး ဖြစ်နေတယ်ဆို KYAW SAN Construction နဲ့ အသေးစိပ်ဆွေးနွေးနိုင်ပါတယ်
📌 စက္ကန့်တိုင်း၊မိနစ်တိုင်း အရာရာ စျေးနှစ်ဆ သုံးဆတက်နေတဲ့ ဒီခေတ်ကြီးမှာ သတ်မှတ်ထားတဲ့ budget နဲ့ ဖြစ်အောင်ဆောက်လုပ်ပေးပါသည်

“အိမ်ဆောက်မယ်ဆို အဆင်ပြေဆုံးကတော့ KYAW SAN Construction ပါ”

☎️Phone - 09 961 127 111
📬 office - မိုးကောင်းလမ်း၊ မိုးကောင်း
ရိပ်သာ(တိုက်တန်းယာဘေး၊ ရန်ကင်း
မြို့နယ်၊ ရန်ကုန်မြို့

။ 🛠️🏠💙 •

Modern Kitchen Counter Design 🤩👌🏻💡
16/12/2024

Modern Kitchen Counter Design 🤩👌🏻💡

Address

No(66) Moekaung Road, Yankin
Yangon

Telephone

+959961127111

Website

Alerts

Be the first to know and let us send you an email when Kyaw San Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyaw San Construction:

Share