Top One Engineering Co., Ltd.

Top One Engineering Co., Ltd. Top One Engineering Co., Ltd.

How?
08/11/2017

How?

03/11/2017
Why?
31/10/2017

Why?

24/09/2017
ဦး STA STA ၏ ရေးသားချက်များစုစည်း တင်ပြခြင်း===================================ကြွေပြားခင်းနည်းအကြောင်းရေးမယ်လို့ ပြောထ...
13/09/2017

ဦး STA STA ၏ ရေးသားချက်များစုစည်း တင်ပြခြင်း
===================================

ကြွေပြားခင်းနည်းအကြောင်းရေးမယ်လို့ ပြောထားတာကြာပြီ

ကြွေပြားကပ်ခြင်းလူသစ်အင်ယာလေးတွေအတွက်ရည်ရွယ်ပါတယ်

ခုတင်ပြခြင်းများသည် R & R နဲ့Specification မဟုတ်ပါ

ကျွန်နော့အတွေ့အကြုံများသာဖြစ်ပြီး

ဘယ်လိုစဉ်းစားကြမလဲလမ်းကြောင်းပေးတာဘဲဖြစ်ပါတယ်

သိပ်မကောင်းပေမဲ့ ကြည့်ရတာရှင်းတော့ရှင်းမှာပါ

တကယ်ဆိုရင်အများကြီးဆွဲရမှာ ဒီလောက်နဲ့ဘဲ စရအောင်

အရင်အောက်ခံ Conc: Floor ပြင်ဆင်ဖို့

Joint တွေထည့်ဖို့ရေးပြီးပါပြီ ဒါနဲ့တတွဲထဲကြည့်ရမှာပါ

တချို့အလုပ်တွေမှာ ဒီတာဝန်ကို Archiတာဝန်ယူကြပါတယ်

ခုကတော့လူသစ်အင်ဂျင်နီယာလေးတွေသိအောင်တင်လိုက်တာပါ

ပထမပိုင်းအနေနဲ့ ဘယ်က ဘယ်လိုစကပ်ရမလဲ

အကြောင်းရာအများကြီးထည့်စဉ်းစားရပါတယ်

နောက်ထပ်လဲပြလို့ရသေးပေမဲ့စာများမှာစိုးလို့

ဒီလောက်နဲ့ဘဲ အရင်စလိုက်ရအောင်

ကြွေပြားကပ်မယ်ဆိုရင် အဓိကအခန်းတွင်းပစ္စည်းထည့်ထားတဲ့ပေါ်

အများကြီးမူတည်ပါတယ်

လိုက်ဖက်မဲ့အရောင် (colour) လိုက်ဖက်မဲ့ဒီဇိုင်း (design)

ဖြစ်ဖို့လိုပါတယ်

နောက်အရေးကြီးတာက ကြွေပြားဖြတ်စပါ

အလယ်ကစတယ်ဆိုပါတော့ အနားသတ်တွေက

ဘယ်လိုအဆုံးသတ်မလဲဆိုတာလဲ အရေးကြီးပါတယ်

မကပ်ခင်ကတည်းက တိုင်းထွာစဉ်းစားရမယ့်အချက်ပါ

ဥပမာ -

ဘယ်ဘက်မှာဖြတ်စက လေးလက်မ ညာဘက်မှာဖြတ်စက

နှစ်လက်မဆိုရင် texture မှာ သွားထိခိုက်ပါတယ်

တကယ်တော့ဖြတ်စနှစ်ဘက်စလုံးမှာ သုံးလက်မဖြစ်ရမှာပါ

နောက်တစ်ချက်က အခြေအနေအရ အနားတစ်ဖက်မှာဖြတ်စ

တစ်လက်မလောက်ဘဲဖြစ်နေတယ်ဆိုပါစို့ ဖြတ်ရတာသေးတော့

လက်ရာညံ့တတ်ပါတယ် အစိတ်သေးသေးလေးတွေကပ်ရတာလဲ

အခက်အခဲရှိပါတယ် ဒီတော့ တစ်ဖက်ကို ဖြတ်စမထည့်တော့ဘဲ

ဖြတ်စနှစ်လက်မယူပြီးတစ်ဖက်ထဲကိုဘဲ ထည့်ရင်လဲထည့်ရပါတယ်

ဒီအခြေအနေမှာဖြတ်စကို ဘယ်ဘက်ထည့်မလဲဆိုတဲ့အချက်ကို

စဉ်းစားရပါမယ်

ခင်ဗျားတံခါးဝကရပ်ကြည့်ရင် မျက်နှာချင်းဆိုင်နံရံက

လူမြင်ကွင်းဆိုတော့ ခင်ဗျားခြေထောက်အောက်က

လူမြင်ကွင်းနဲ့ဝေးတဲ့နေရာအဝင်ဝဘက်ကို ရွေးရပါတယ်

နောက်တစ်ချက်က ပုံ၆မှာပြထားတဲ့အတိုင်း

ပစ္စည်းထည့်ထားတဲ့ပေါ်မူတည်ပြီးကပ်ရပါတယ် ဆိုလိုချင်တာက

ရေချိုးခန်းပါရင် သူကိုကပ်ရမယ့်နှာလိုင်းနဲ့

ကြွေပြားကပ်မယ့်နှာလိုင်းတွေ

X ,Y ,Z လိုင်းတွေတစ်တန်းထဲဖြစ်နေရမှာပါ

နောက်တစ်ချက်က နှာအစေ့ကပ်မလား အကြဲကပ်မလားဆိုတာ

ကြွေပြားနဲ့ ဒီဇိုင်းအပေါ်မှာအများကြီးမူတည်ပြီးရွှေးရပါတယ်

ကြွေပြားအရည်အသွေးကောင်းရင်တော့

စိတ်ကြိုက်ကပ်လို့ရပါတယ်

Bath & WC ကိုမူတည်ရေးလိုက်ပါတယ် သူက အခက်ဆုံးမို့ပါ

ဒါပိုင်ရင် ကျန်တာရပြီ

ဒါဆို ညီ ညီမငယ်များ ဘယ်လို တွေးရမလဲ သုံးသပ်မိမှာပါ

အလုပ်တစ်ခုလုပ်တော့မယ် ဆိုရင် ပြီးသွားရင် ဘယ်လိုလုပ်မလဲ

ဘာဖြစ်မလဲ စဉ်းစားတဲ့ အကျင့် အလေ့အထ မွေးကိုမွေးရမှာပါ

Address

Anawmar Street 21
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+9595409079

Website

Alerts

Be the first to know and let us send you an email when Top One Engineering Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share