Aung Khant Painting Service

Aung Khant Painting Service ရေဆေး.ဆီဆေး.ပေါ်လစ်လုပ်ငန်းများကိုလူကြိးမင်းတို့စိတ်တိုင်းကြအာမခံမျိုးစုံဖြင့်လုပ်ဆောင်ပေးပါတယ်ခင်ဗျာ

ဈေးနှုန်း လက်ရာနဲ့ အရည်အသွေးတခုနဲ့တခု ဆက်စပ်နေတာကို သိစေချင်လို့ ဒီပို့စ်ကိုတင်ဖြစ်တာပါ ပစ္စည်း+လက်ခ ဆိုရင်ရော ဘယ်လောက်လ...
03/01/2026

ဈေးနှုန်း လက်ရာနဲ့ အရည်အသွေး
တခုနဲ့တခု ဆက်စပ်နေတာကို သိစေချင်လို့ ဒီပို့စ်ကိုတင်ဖြစ်တာပါ

ပစ္စည်း+လက်ခ ဆိုရင်ရော ဘယ်လောက်လဲ?
ဆေးပါ အပြီးဆိုရင်ရော ဘယ်ဈေးလဲ?
ဈေးအသက်သာဆုံးကို ရွေးချယ်ပြီး ခိုင်းချင်ကြတဲ့ အိမ်ရှင်တွေက ပိုများပါတယ်
ပြန်ရလာမဲ့ အကျိုးဆက်တွေ သူတို့က မသိသေးတော့ သက်သာတာရွေးကြတာ များလာတာလဲဖြစ်နိင်ပါတယ် ဈေးနှုန်ပဲ အဓိကထား မေးမြန်းနေကြတယ်
လုပ်မဲ့သူတွေကလဲ သေချာရှင်းပြဖို့ထက် အလုပ်ရဖို့သာ ဦးစားပေးနေကြတာက များလာတယ်
လက်ရှိနိင်ငံရေး အခြေအနေတွေ အရ ကုန်ဈေးနှုန်းတက်ပြီး အလုပ်အကိုင် ရှားပါးလာတာကြောင့်လဲ ပါတယ်
သေချာတာက မရှိလို့ အလုပ်လုပ်ပါတယ်ဆိုမှတော့ ဘယ်သူက အိပ်စိုက်လုပ်မှာလဲ ရတဲ့ဈေးနဲ့ သင့်တော်တာ လုပ်လိုရနိင်မဲ့ အနေထားပဲ လုပ်ပေးမှာပါ

ဆေးသုတ်လုပ်ငန်းမှာလဲ ရေတားဆေးလိုအပ်လား ပါတ်တီးက ဘယ်နှစ်ထပ် ဆီလာဘယ်၂ထပ် အဆင့်ဘယ်နှစ်ဆင့်နဲ့လုပ်မှာလဲ ဆိုတာတွေထက် လက်ခ ဘယ်လောက်လဲ ဆိုတာပဲလာတယ် အလုပ်လက်ခံသူကလဲ ရတဲ့ဈေးနဲ့ လုပ်နိင်သလောက်ပဲ လုပ်လို့ရမှာပါ
အဆင့်တဆင့်တိုင်းမှာ အချိန်ပေးရသလို ကုန်သွားမဲ့ အချိန်တိုင်းအတွက် အလုပ်သမားလေဘာခ ပေးရပါတယ် ရတဲ့ဈေးနဲရင်တော့ တချို့အဆင့်တွေ ကျော်ခွပြီး လုပ်သွားကြမှာပါပဲ

ရလာမဲ့အကျိုးဆက်က ခဏချင်းမှာ မသိသာပါဘူး
နှစ်အနည်းငယ်မှာ ခံစားရမှာပါ ၂နှစ်လောက်နဲ့ ပျက်စီးလာရင်?
သူများအိမ် နံရံဆေးတွေ ၅နှစ် ၁၀နှစ်လောက် ပြုပြင်စရာသိပ်မလိုပေမဲ့ ကိုယ်အိမ်က နံရံဆေးတွေ ၁နှစ်၂နှစ်နဲ့ ပွလာတာ ဆေးကွာတာ အရောင်လွင့်တာတွေ ဖြစ်လာခဲ့ရင်?

အလုပ်အပ်မဲ့ အိမ်ရှင်တွေအနေနဲ့ ဈေးနှုန်းသက်သာတာကိုပဲမကြည့်ဖို့နဲ့ ကုန်ကျသင့်တာကို အကုန်ကျခံပြီး
ကုန်သွားတာနဲ့ ထိုက်တန်တာကို ရစေဖို့ ဒီပိုစ့်ကို တင်ပါတယ်

လုပ်ငန်းလုပ်ကိုင်နေကြတဲ့ ညီအကိုတွေအနေနဲ့လဲ သိပ်ပြီး ဖြစ်ကတတ်ဆန်းလုပ်ရမဲ့ ဈေးနှုန်းတွေနဲ့ နာမည်ပျက်ခံပြီး မလုပ်ကြစေချင်ပါဘူး

အမှားပါရင် ခွင့်လွှတ်ပေးကြပါ
ဘယ်သူ့ကိုမှ ထိခိုက်လိုစိတ်မရှိပါဘူး ခင်မျာ

ကဲ.ထမင်းရှင်များခင်ဗျာ.ဒီတိုက်လေးတစ်လုံးလည်းလှပစွာခြယ်သလို့ပိးစိးပါသဖြင့်....🏠🏠🏠လူကြိးမင်းများလိုအပ်ရင်..🤵🤵🤵ကျွန်တော်တို...
10/09/2025

ကဲ.ထမင်းရှင်များခင်ဗျာ.ဒီတိုက်လေးတစ်လုံးလည်းလှပစွာခြယ်သလို့ပိးစိးပါသဖြင့်....🏠🏠🏠
လူကြိးမင်းများလိုအပ်ရင်..🤵🤵🤵
ကျွန်တော်တို့အဖွဲ့လေးကိုအချိန်မရွေးဆက်သွယ်နိုင်ပါကြောင်း...
အစဥ်ကြိုးစားလျှက်ပါဗျ..🙏🙏🙏

29/08/2025

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

ကဲ.ထမင်းရှင်အမျိုးတို့ရေ.ကမ္ဘာပေါ်မှာတော့နောက်ထပ်အလှလေးတစ်ခုဖန်တိးပိးပါပိဗျာ...🏯🏯🏯မိုးတွင်းလည်းဝင်တော့မယ်ဆိုတော့.လိုအပ်ရ...
22/05/2025

ကဲ.ထမင်းရှင်အမျိုးတို့ရေ.ကမ္ဘာပေါ်မှာတော့နောက်ထပ်အလှလေးတစ်ခုဖန်တိးပိးပါပိဗျာ...🏯🏯🏯
မိုးတွင်းလည်းဝင်တော့မယ်ဆိုတော့.လိုအပ်ရင်ကြိုပြိတော့ဆက်သွယ်ပေးပါလို့..
Aungkhant painting serviceကိုယုံကြည်မူတစ်ခုသာပေးပါ.
နောက်ပိုင်းစိတ်ချမ်းသာမူအပြည့်ပေးပါရစေဗျ..

 #ဆေးတစ်ထပ်သုတ်တာနှင့်နှစ်ထပ်သုတ်တဲ့အခါဘယ်လိုကွာခြားစေတတ်သလဲ..?ဆေးသုတ်တဲ့အခါ တစ်ထပ်တည်းသုတ်တာနဲ့နှစ်ထပ်သုတ်တဲ့အခါ ဘယ်လို...
26/01/2025

#ဆေးတစ်ထပ်သုတ်တာနှင့်နှစ်ထပ်သုတ်တဲ့အခါဘယ်လိုကွာခြားစေတတ်သလဲ..?

ဆေးသုတ်တဲ့အခါ တစ်ထပ်တည်းသုတ်တာနဲ့နှစ်ထပ်သုတ်တဲ့အခါ ဘယ်လိုကွာခြားစေလဲဆိုတဲ့ အချက် ကိုပြန်လည်းဝေမျှပေးခြင်ပါတယ်ခဗျာ..

1. **အရောင်ပြည့်ဝမှု**: တစ်ကုတ်သုတ်ရင် အရောင်ပြည့်ဝမှုမဖြစ်နိုင်ပါဘူး။ ဒါကြောင့် အရောင်မညီဖြစ်တတ်ပါတယ်။ နှစ်ကုတ်သုတ်ရင် အရောင်ပြည့်ဝပြီး မညီမှုမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။

2. **ခံနိုင်ရည်**: နှစ်ကုတ်သုတ်ရင် ဆေးကြာရှည်ခံနိုင်ပြီး ကျစ်လစ်ခိုင်မာစေပါတယ်။ တစ်ကုတ်သာသုတ်ရင်တော့ လွယ်ကူစွာယိုယွင်းတတ်ပါတယ်။

3. **ပျက်စီးမှုကာကွယ်မှု**: နှစ်ကုတ်သုတ်ရင် ပျက်စီးမှုကာကွယ်မှုပိုကောင်းပါတယ်။ အပြင်ဘက် ခြမ်းနံရံများအတွက် အလွန်အသုံးဝင်ပါတယ်။

4. **အကြမ်းခံမှု**: နှစ်ကုတ်သုတ်ခြင်းသည် စိုထိုင်းခြင်းနှင့် အပူအအေးပေါ်မူတည်သောဖိအားများကိုပိုမိုခံနိုင်ရည်ရှိစေပါတယ်။

5. **အရောင်လွှမ်းမိုးခြင်း**: နှစ်ကုတ်သုတ်ရင် အရောင်အရမ်းကောင်းစေပြီး အရောင်လွှမ်းမိုးမှု့ကောင်းစေပါတယ်။

တစ်ကုတ်သာသုတ်ခြင်းနှင့် နှစ်ကုတ်သုတ်ခြင်း၏ကွာခြားချက်များကြောင့် လိုအပ်သလို သုံးစွဲဖို့လိုပါတယ်။ အရောင်လှပခြင်းနှင့် အကြမ်းခံမှုကိုလိုချင်ရင် နှစ်ကုတ်သုတ်တာပိုမိုကောင်းမွန်ပါတယ်..
ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားတာမို့ page ကို like and following လုပ်ပေးကြပါအုန်းနော်....

khant ဆေးသုတ်လုပ်ငန်း
#ရေဆေး_ဆီဆေး_ပေါလစ်
#တိုက်အမျိုးမျိုးဆေးသုတ်လုပ်ငန်း
-09785622525
ောင်

✔️✔️✔️     ပတ်တီးရိုတ်သည် လုပ်ငန်းသည်လည်းအခြေခံ     အကျဆုံးအလုပ်တစ်ခုဖြစ်ပါတယ် ပတ်တီးမ     ရိုတ်ခင် ကြိုတင်ပြင်ဆင်ရမည်အခ...
12/01/2025

✔️✔️✔️
ပတ်တီးရိုတ်သည် လုပ်ငန်းသည်လည်းအခြေခံ

အကျဆုံးအလုပ်တစ်ခုဖြစ်ပါတယ် ပတ်တီးမ

ရိုတ်ခင် ကြိုတင်ပြင်ဆင်ရမည်အချက်ကလေး

တွေကိုစုစည်းတင်ပြပေးထားပါတယ့်

(1)ပတ်တီးရိုတ်မည်နံရံအား လေခိုခြင်းရှိမရှိ,အက်

ကွဲကြောင်များရှိမရှိ စစ်ဆေးပေးရပါမယ် အက်

ကွဲကြောင်းများရှိခဲရင်လည်းအက်ကွဲကြောင်းမျာ

ကိုဖာထေးပြုပြင်ပြီးမှပတ်တီးရိုတ်ပေးပါ...

(2)နံရံမှာအစို ဓာတ်ရှိမရှိစစ်ဆေးပေးပါ နံရံအသစ်

ဆိုရင် ဘိလပ်မြေချောသား 4ပတ်လောက်ထား

ပြီးမှပတ်တီးရိုတ်ရင်ပိုကောင်းပါတယ်...

(3)နံရံ မှာရှိတဲ့အမှိုက် သစ်ဆွေးစ များကိုလည်းဖယ်

ရှားပြီး ကော်ပတ်အကြမ်းဖြစ်တိုက်ပေးရပါမယ်

ပတ်တီးကိုသမအောင် Mixer ဖြင့်မွေပြီး အသုံး

ပြုပေးရပါမယ်.ပတ်တီးရိုတ်ခြင်းပြီးဆုံးသွားမှ

ကော်ပတ်စားခြင်း ဆေးကာလာလှိမ့်ခြင်းများ

ကိုဆက်လက်လုပ်ဆောင်လိုရပါပြီးဖြစ်ပါတယ်

ေးသုတ်လုပ်ငန်း

 #ဆေးသုတ်ဖို့_ဆေးအရောင်_ဘယ်လိုရွေးချယ်ပေးရမလဲ  (ဆေးအရောငျတှရေဲ့အဓိပ်ပါယျ) အိမ်ဆေးသုတ်ဖို့ အရောင်တွေကို ဆေးအရောင်တွေရဲ့ အ...
01/01/2025

#ဆေးသုတ်ဖို့_ဆေးအရောင်_ဘယ်လိုရွေးချယ်ပေးရမလဲ (ဆေးအရောငျတှရေဲ့အဓိပ်ပါယျ)

အိမ်ဆေးသုတ်ဖို့ အရောင်တွေကို ဆေးအရောင်တွေရဲ့ အဓိပ္ပာယ်အခြေခံပြီး အသင့်တော်ဆုံး ဆေးအရောင် ( Paint ) ကို ရွေးချယ်ပေးရပါတယ်။

ဆေးလောကမှာ လူကြိုက်များပြီး အသုံးမ်ားတဲ့ ဆေးအရောင်တွေရဲ့ အဓိပ်ပါယျ ကို မျှဝေပေးချင်ပါတယ်။

1.အပြာရောင်
အပြာရောင် ဆိုတာ ငြိမ်သက်ခြင်းနှင့် အေးမြမှုတို့ကို ကိုယ်စားပြုထားတဲ့အရောင်လေးဖြစ်ပါတယ်။ အပြာရောင်ကတော့ ယုံကြည်ကိုးစားမှုနဲ့ ငြိမ်းချမ်းရေးကို ကိုယ်စားပြုပါတယ်။ သစ္စာရှိခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းလို့ ပြောနိုင်သလို ရှေးရိုးစွဲအားကြီးမှုနဲ့ စိမ်းကားအေးစက်မှုလို့လဲ အဓိပ်ပါယျ ကိုဖော်ပြသလို၊ အေးဆေးသော စွမ်းအားတို့ကို ကိုယ်စားပြုတဲ့ အပြာရောင်လေးကို အိပ်ခန်းထဲမှာ သုတ်ထားမယ်ဆိုရင်တော့ ကောင်းစွာအိပ်ပျော်ဖို့ အတွက် အသင့်တော်ဆုံးဖြစ်စေမှာပါ။

2.အဝါရောင်
အဝါရောင်လေးကတော့ ပျော်ရွှင်မှုရှိစေမယ့်အရောင် လှုံဆော်မှု၊ အကောင်းမြင်မှုတို့ကို ကိုယ်စားပြုထားတဲ့ နွရောသီအရောင်လေးဖြစ်ပါတယ်။အဝါရောင်ကြိုက်နှစ်သက်သူတွေက အသစ်သစ်တွေနဲ့ ခေတ်ဆန်မှုတွေကို အလိုရှိသူလေးတွေဖြစ်ပါတယ်။အဝါရောင်ဖျော့ သုတ်ထားတဲ့နေရာလေးက နွရောသီရဲ့ အငွေ့အသက်လေးတွေကို ဆောင်ကြဉ်းပေးနိုင်ပြီး အမြင်အာရုံမှတဆင့် တက်ကြွပျော်ရွှင်စေမှုတို့ကို ဖြစ်ပေါ်စေပါတယ်။

3.ခရမ်းနုရောင်
ခရမ်းနုရောင်ကတော့ စိတ်ကူးနိုင်စွမ်းရဲ့ အရောင်ပါ။ သူဟာ ဖန်တီးနိုင်စွမ်းနဲ့ သီးသန့်ဆန်မှု အပြင် မရင့်ကျက်မှုနဲ့ လက်တွေ့မဆန်မှုလဲ ဖြစ်နိုင်ပါတယ်။

4.ခရမ်းရောင်
ခရမ်းရောင်လေးကတော့ စိတ်ကူးစိတ်သန်းတို့ကို လှုံဆော်ပေးတဲ့အရောင်လေးဖြစ်ပါတယ်။ဒါဟာ နန်းဆန်မှုနဲ့ အတူ စည်းစိမ်ရှိရှိနေခြင်းရဲ့ အရောင်လေးလဲဖြစ်ပါတယ်။ခရမ်းရောင် ကြိုက်နှစ်သက်သူတွေက ဖန်းတီးမှုရှိသူ အမြော်မြင်ရှိမှု နဲ့ Romantics ဆန်တဲ့သူတွေဖြစ်ကျပါတယ်။အခန်းတခန်းထဲမှာ အနားယူပြီး သောကကင်းဝေအောင် ဖန်တီးချင်ပါလား။အိမ်ကနံရံကို ခရမ်းဖျော့ရောင်လေး သုတ်ဖို့ကြိုးစားကြည့်လိုက်ပါ။

5.အနီရောင်
အနီရောင်ဆိုတာ ယုံကြည်မှုရှိမှု ၊ စိတ်လှုပ်ရှားမှု ၊ စွမ်းအားရှိမှုတို့ကိုဖြစ်ပေါ်စေပြီး စိတ်ပိုင်းဆိုင်ရာ အလှုံ့ဆော်နိုင်ဆုံးသော အရောင်ဖြစ်ပါတယ်။အနီရောင်ကြိုက်နှစ်သက်သူတွေဆိုတာ စိတ်ဓာတ်ပြင်းပြခွန်အားပြည့်ဝပြီးစိတ်မြန်ရဲရင့်သူတွေ ဖြစ်ကျပါတယ်။သင်ရဲ့ အိမ်ခန်းနေရာလေးကို ရွှင်လန်းတက်ကြွပြီး စိတ်ဓာတ်ပြင်းတဲ့ နေရာလေးဖြစ်စေချင်တယ်ဆိုရင်တော့
အနီရောင်လေး သုတ်ဖို့ကြိုးစားကြည့်လိုက်ပါ။

6.နီညိုရောင်
နီညိုရောင်ကတော့ တည်ကြည်လေးနက်ခြင်းရဲ့ အရောင် ဖြစ်ပါတယ်။ လုံခြုံမှုရှိခြင်း၊ ကာကွယ်မှုပေးခြင်းနဲ့ ပေါများကြွယ်ဝခြင်းတို့လဲ ဖြစ်နိုင်ပါတယ်။

7.အစိမ်းရောင်
ဟန်ချက်ညီမှုနဲ့ ရှင်သန်ကြီးထွားခြင်းတို့ရဲ့ အရောင်ပါပဲ။ အစိမ်းရောင်ဆိုတာ သဘာဝရဲ့အရောင်လေးဖြစ်ပြီး ငြိမ်သက်မှုနှင့်အတူ သက်သောင့်သက်သာရှိစေပါတယ်။ဘဝမှာ ဝမ်းမြောက်မှုကိုဖြစ်ပေါ်စေ၍ သဟာဇာတဖြစ်မှု နှင့် သွက်လက်မှု ရှိစေအောင် အစိမ်းရောင်က အမြဲဖော်ကြူးပေးမှာပါ။အစိမ်းရောင်ကို ကြိုက်နှစ်သက်သူတွေဆိုတာ မွ်တ၍ တည်ငြိမ်မှုရှိပြီး ဇွဲကောင်းသူလေးတွေ ဖြစ်ကျပါတယ်။အဲ့ဒီလို စွမ်းအားတွေရရှိနေအောင် အိမ်ကအခန်းကို အစိမ်းရောင်လေး သုတ်ထားရင်ပိုအဆင်ပြေပါတယ်နော်။

8.စိမ်းနုရောင်
အစိမ်းနုရောင်ကတော့ လူမှုဆက်ဆံရေးနဲ့ စိတ်ကြည်လင်ပြတ်သားခြင်းကို ဆိုလိုပါတယ်။ စိတ်ကူးယဉ်မှုနဲ့ လက်တွေ့မဆန်မှုလို့လဲ အဓိပ်ပါယျ ကိုဖော်ပြပါတယ်။

9.ပန်းရောင်
အချစ်စစ်နဲ့ စောင့်ရှောက်ဖေးမခြင်းတို့ရဲ့ အရောင်ဖြစ်ပါတယ်။ ပန်းရောင်ဆိုတာ နှုးညံ့မှုကို ကိုယ်စားပြုထားတဲ့ အနီရောင်ရဲ့ မိသားစုဝင် အရောင်လေးဖြစ်ပါတယ်။ဗျာဆန်မှု၊ မရင့်ကျက်မှုနဲ့ တွေးခေါ်သုံးသပ်နိုင်စွမ်းမရှိမှုတို့ကိုလဲ ကိုယ်စားပြုပါတယ်။ပန်းရောင်ကိုကြိုက်နှစ်သက်သူတွေကတော့ အမျိုးသမီး လေးတွေက အများစုဖြစ်ပြီးအပြစ်ကင်းသူ၊ Romantic ဆန်သူလေးတွေ ဖြစ်ကျပါတယ်။အနီရောင်နဲ့ ယှဉ်ရင်တော့ ပန်းရောင်က ငြိမ်သက်အေးချမ်းတဲ့အရောင်လေးဖြစ်လို့အိပ်ခန်းထဲမှာသုတ်မယ်ဆိုရင် ပိုအဆင်ပြေမယ့် အရောင်လေးဖြစ်ပါတယ်။

10.ရွှေရောင်
ရွှေရောင်ကတော့ အောင်မြင်မှုရဲ့ အရောင်ပါ။ ဖြစ်ထွန်းမှုနဲ့ အောင်ပွဲရဲ့ အဓိပ်ပါယျလဲ ဖြစ်ပါတယ်။ ပေါကြွယ်ဝမှုနဲ့ ကြီးပွားတိုးတက်မှု၊ စည်းစိမ်နဲ့ အရည်အသွေး၊ ရိုသေလေးစားမှုနဲ့ အတွေ့အကြုံများခြင်း၊ တန်ဖိုးရှိမှုနဲ့ ရည်မွန်ကြော့ရှင်းမှု စတာတွေနဲ့လဲ ဆက်စပ်နေပါတယ်။ ဓနငွေကြေးပေါကြွယ်ဝခြင်း၊ ပစ္စည်းဥစ္စာချမ်းသာခြင်းနဲ့ သုံးမကုန်၊ဖြုန်းမကုန်ခြင်းတို့ကိုလဲ ကိုယ်စားပြုပါတယ်။

11.အညိုရောင်
အညိုရောင်လေးကတော့ ကမ်ဘာကြီးရဲ့ သငေ်္ကတဖြစ်ပြီး..လုံခြုံမှု၊ ရောင့်ရဲနိုင်မှု နှင့် အားရကျေနပ်မှု တို့ကို ကိုယ်စားပြုထားတဲ့ အရောင်လေးဖြစ်ပါတယ်။အညိုရောင်ကြိုက်နှစ်သက်သူတွေကတော့ သဘာဝကို ချစ်မြတ်နိုးသူလေးတွေဖြစ်ပြီး ရိုးသားခြင်းရှိသော စိတ်ချမ်းသာမှုကို အလိုရွိတဲ့ သူလေးတွေ ဖြစ်ပါတယ်။

12.လိမေ္မာ်ရောင်
လိမေ္မာရောင်လေးကတော့ ကျန်းမာရေးကိုမြင့်တင်ပေးပြီးစဉ်းစားဉာဏ်ရှိမှု၊ ကောင်းမွန်သည့်အကျိုးကျေးဇူးရရှိမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။မျှတမှုရှိပြီး နွေးထွေးခြင်း၊ မြူးကြွခြင်း၊ စိတ်အားထက်သန်မှုရှိခြင်း ၊ အာရုံစူးစိုက်မှုရှိခြင်းတို့နဲ့ ပြည့်စုံစေတဲ့ အရောင်လေးဖြစ်ပါတယ်။လိမေ္မာ်ရောင်ကြိုက်တတ်တဲ့ သူလေးတွေကတော့ လူတိုင်းနှင့် ခင်မင်တတ်တဲ့သူလေးတွေ ဖြစ်ပါတယ်နော်။
လိမေ္မာ်ရောင်ဟာ စားချင်သောက်ချင်စိတ်ကို လှုံ့ဆော်ပေးတဲ့အရောင်လေးဖြစ်ပြီးထမင်းစားခန်းမှာ ထပ်ဖြည့်ဖို့လိုတဲ့ ဟင်းခတ်အမွေးအကြိုင် တစ်မျိုးဖြစ်ပါတယ်။

13.အဖြူရောင်
အဖြူရောင်ကတော့ သန့်ရှင်းစင်ကြယ်မှုနဲ့ ပြီးပြည့်စုံမှုကို ဖော်ဆောင်ပါတယ်။ ဖြူစင်ခြင်း၊ အပြစ်ကင်းခြင်း၊ ကြီးမြတ်ခြင်း၊ ပြည့်စုံခြင်းလို့လဲ အဓိပျပါယဖြောနြိုငပြါတယြ။အဖှူရောငဟြာ ငယ်ရွယ်မှု၊ သန့်ရှင်းမှုနဲ့အတူ အေးမြအောင်ဖန်တီးပေးတဲ့ အရောင်လေးဖြစ်ပြီး လန်းဆန်းတဲ့ စိတ်ခံစားမှုကို ပေးစွမ်းနိုင်လို့ ရွေးချယ်သင့်တဲ့ အရောင်လေးဖြစ်ပါတယ်နော်။အဖြူရောင်ကြိုက်တဲ့သူတွေက ခေတ်ပေါ်စတိုင်လေးတွေကို ကြိုက်နှစ်သက်မှုရှိတဲ့ သူလေးတွေလဲ ဖြစ်ပါတယ်။ပူနွေးပြီး အရိပ်ကျနေတဲ့နေရာတွေမှာ အဖြူရောင်ဟာ အေးမြမှုကိုရရှိအောင် အကူညီပေးပြီးအအေးရိပ်ကျနေတဲ့ နေရာလေးတွေမှာ ဆိုရင်တော့ အေးမြမှုကို ပိုမိုခံစားရအောင်ပြုလုပ်ပေးပါတယ်။

14.အမဲရောင်
အမဲရောင်ကတော့ လှပတင့်တယ်မှု ၊ လျိုဝှက်ဆန်းကြယ်မှု နဲ့ စွမ်းအားရှိမှုတို့ကို ကိုယ်စားပြုတဲ့ အရောင်လေးဖြစ်ပါတယ်။အမဲရောင်ကြိုက်တဲ့ သူတွေက ရည်မှန်းချက်ကြီးသူတွေ ၊ ခေတ်မှီဆန်းပြားတဲ့သူတွေ ဖြစ်ကျပါတယ်။တစ်ဖက်မှာတော့ စိတ်မချမ်းသာမှုဖြစ်ခြင်း ရဲ့ အရောင်လေးလဲဖြစ်ပြီးDrama ဆန်ဆန် ပြင်ဆင်ချင်တယ်ဆိုရင်တော့ အလေးပေးအရောင် အဖြစ် ရွေးချယ်သင့်ပါတယ်။

15.မီးခိုးရောင်
မီးခိုးရောင်လေးကတော့ လှပကြော့ရှင်းတဲ့ အရောင်လေးဖြစ်ပြီး အခြားသောအရောင်တွေနဲ့ အံဝင်ခွင်ကျအဖြစ်ဆုံးသော အရောင်လေးလဲဖြစ်ပါတယ်နော်။မီးခိုးရောင်ကြိုက်သူတွေက လိမ္မာပါးနပ်ပြီး စည်းကမ်းရှိသော သူတွေဖြစ်ပါတယ်။အခြားသောနွေးထွေးမှုရှိတဲ့ အရောင်လေးတွေနဲ့ တွဲဖက်ပြီး သုတ်ထားမယ်ဆိုရင်တော့ ဖျတ်လတ်တက်ကြွတဲ့နေရာလေးတစ်ခုဖြစ်စေမှာ အသေအချာပါပဲနော်။

လွပတဲ့ ရောင်စုံကမ်ဘာကို ပိုင်ဆိုင်နိုင်ကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
Khant ပတ်တိးရိုက်ဆေးသုတ်လုပ်ငန်း

အိမ်သုတ်ဆေးရေအိတ်ဖြစ်ပေါ်ခြင်း_ပူဖောင်းထဖြစ်ပေါ်ခြင်းရဲ့ပြဿနာ ----------------------------------------------------------...
10/12/2024

အိမ်သုတ်ဆေးရေအိတ်ဖြစ်ပေါ်ခြင်း_ပူဖောင်းထဖြစ်ပေါ်ခြင်းရဲ့ပြဿနာ
-----------------------------------------------------------

ဆေးအသစ်ပြန်သုတ်ထားတာ မကြာသေးဘူး ဆေးတွေကလေစိတွေထပြီး ကြည့်ရဆိုးပြီးပျက်စီးနေတယ်ဆိုတာ အကြောင်းအမျိုးမျိုးရှိပါတယ်။

နံရံမျက်နှာပြင်ခြောက်သွေ့မှုလုံလောက်စွာမရရှိခြင်း
--------------------------------------------

အခုလိုမိုးရာသီဆိုရင် အိမ်ဆေးသုတ်ရတာ မလွယ်ပါဘူး
နေရောင်ခြည်ထိသွေ့မှု အပြည့်မရတဲ့အတွက် ဆေးသုတ်မယ့် နံရံမျက်နှာပြင်မှာ ရေငွေ့တွေ အမြဲရှိတတ်ပါတယ် သုတ်ထားတဲ့ ဆေးသားတွေဟာ အပြင်ရေငွေ့ အတွင်းရေငွေ့ရဲ့ တွန်းကန်အားကြောင့် ဆေးပူဖောင်းထခြင်း ဖြစ်တတ်ပါတယ်။

ဆေးသုတ်လုပ်ငန်းမှာပါဝင်မယ့်အဆင့်ဆင့်ကိုအချိန်ကန့်သတ်ပေးရမယ်။

ခံဆေး သုတ်ပြီး ခြောက်သွေ့မယ့် အချိန်လုံလောက်ရမယ်

ပတ်တီးသား ဖြည့်တင်းပြီး ခြောက်သွေ့မယ့်အချိန် လုံလောက်ရမယ်

အပေါ်ဆေးသားလှိမ့်ပြီးတဲ့အခါ ခြောက်သွေ့မှု အချိန်လုံလောက်မှ နောက်ထပ်သုတ်မယ့် ဆေးအထပ်တိုင်းကို သုတ်ပေးရပါမယ်၊

ဆေးတစ်ထပ်နဲ့ တစ်ထပ် စပ်ကြားမှာ ဆေးသားခြောက်သွေ့ချိန်လုံလောက်မှုရှိရပါမယ်။
လုံလောက်တဲ့ ခြောက်သွေ့မှုမရရင်တော့ ဆေးပူဖောင်းဖြစ်ပေါ်နိုင်ပါတယ်။

သန့်ရှင်းမှုလိုအပ်မှုရှိခြင်း
---------------------

ဆေးသုတ်မယ့် နံရံမျက်နှာပြင်မှာ ဖုန်မှုန့်၊ဆီကွက် အမှုန်အမွှားတွေဟာ ဆေးသား အရည်သွေးကိုထိခိုက်စေတတ်ပါတယ်

ဆီကွက်တွေ ဖုန်မှုန့်တွေက ဆေးသား ခံဆေး တွေကို စွဲကပ်အား ကုတ်အားမကောင်းမကောင်းစေပါဘူး အဲ့အတွက် ဆေးပူဖောင်းထနိုင်ပါတယ်။

ခံဆေးဆီလာအသုံးပြုခြင်း
------------------------

ပတ်တီးသားပေါ်မှာ ဆီလာ ခံဆေးအသုံးပြုတဲ့အခါ သတိထားရပါမယ်။ တချို့ပြောကြပါတယ်။ဆီလာ ခံဆေးသုတ်ထားတာပဲ ဘာကြောင့်ဖြစ်ရတာလဲဆိုတာ

ဆီလာခံဆေး မသုတ်ခင် ပတ်တီးသားကို ကော်ပတ်စားရပါတယ် ။ စားထားတဲ့ကော်ပတ်အမှုန်တွေကို သန့်ရှင်းရေးပြန်လုပ်ပေးဖို့လို့အပ်ပါတယ်။ ကော်ပတ်တိုက်ပြီးတာနဲ့ နံရံကို ကော်ပတ်အမှုန်တွေ ခါထုတ်ပေးရမယ်။ ကော်ပတ်အမှုန်တွေ ကြမ်းခင်းမှာပြန့်ကြဲနေတာတွေကိုလည်း သန့်ရှင်းရေးပြုလုပ်ပေးရမယ်။ ပြီးမှ ဆီလာခံဆေးကို အသုံးပြုရမယ် ။

ဆီလာခံဆေးသုတ်ထားတဲ့ နံရံကို ကော်ပတ်ပြန်မတိုက်ရပါဘူး။ ဆီလာဆေးသားတွေ ပေါက်ပြဲတတ်ပါတယ် ။

ဆီလာခံဆေးက ရေရောတဲ့ အခါမှာလည်း ထည့်သင့်တဲ့ ရေ(%)လောက်ပဲ ထည်ပြီး အသုံးပြုရပါမယ်။

ပတ်တီးသားပေါ် ဆီလာခံဆေးလှိမ့်တဲ့အခါမှာလည်း သေချာလေးသုတ်ပေးပါ။

ဆီလာဆေးသား သုတ်တဲ့အခါဆီလာဆေးသား လွတ်ခဲ့ကျန်ခဲ့တဲ့နေရာတွေရှိရင် အဲ့နေရာမှာ ဆေးသုတ်တဲ့အခါ စွဲကပ်အားမကောင်းစေပါဘူး။ ဆေးသုတ်ပြုလုပ်ပုံ သေချာမှုမရှိတဲ့ နေရာကနေစပြီး ရေပူဖောင်း သို့မဟုတ် လေပူဖောင်းထနိုင်ပါတယ်။

အိမ်သုတ်ဆေးရဲ့အမျိုးစားကွဲလွဲမှု
-------------------------------

ရေပူဖောင်း လေပူဖောင်းဖြစ်ပေါ်စေတဲ့ အိမ်သုတ်ဆေးအများစုဟာ ဆေးအမျိုးစားအကောင်းတွေမှာ တွေ့ရတာ ဖြစ်တတ်တာများပါတယ်။

အဓိကအဖြစ်များတာကတော့ UPG PREMIER ဆေးအမျိုးစားပါပဲ။ UPG PREMIER ဆေးကမကောင်းဘူး ပြောတာမဟုတ်ဘူးနော် တော်တော်ကောင်းပါတယ်။
UPG PREMIER ဆေးအမျိုးစားက ဆေးသားခြောက်သွားရင် ဆီကွန်(silicone)သား သို့မဟုတ် ပလတ်စတစ် ( plastic )ဆေးသားဖြစ်သွားတယ်။
ဒါကြောင့်ဆေးသုတ်တဲ့ သူ ပေါ့ပါ့တန်တန်အသုံးပြုရင် ဆေးသားရေအိတ် ဖြစ်ပေါ်လာနိုင်ပါတယ်။

UPG Premier ဆေးအသုံးပြုတဲ့အခါ အပြင်ဆေးဖြစ်ဖြစ် ၊အတွင်းဆေး ဖြစ်ဖြစ် နံရံမျက်နှာပြင်မှာဆေးသုတ်လို့ စင်တဲ့ဆေးစက်တွေ ဆေးအသီးတွေကို ခြောက်သွေ့သွားရင် မဖဲ့ချပါနဲ့။
"ဖဲ့ချ"လိုက်လို ဆေးသားပေါက်သွားရင် အခြားအိမ်သုတ်ဆေးတွေနဲ့ မတူပါဘူး ။ ဆေးသားဟသွားပြီးလေခိုခြင်း ရေအိတ်ဖြစ်ပြီးဆေးပူဖောင်းဖြစ်ပေါ်နိုင်ပါတယ်။



🏠🏠 မိမိတို့ရဲ့စိတ်ကူးထဲကအိမ်လေးလှပ​သေသပ်စိတ်ချချင်ရင်တော့မှန်ကန်မြန်ဆန်စိတ်ချရတဲ့Aung Khant Construtional Paintကိုယုံကြည်စိတ်ချစွာဆက်သွယ်လိုက်တော့နော်...😍😍😍

ဆက်သွယ်ရန်
☎09.785622525

🏢ရန်ကုန်

ဆောက်လုပ်ရေးနှင့်ပတ်သတ်၍ ဗဟုသုတအသစ်များ
က်ိုလည်းနေ့စဉ်နှင့်အမျှ တင်ပေးနေမှာမို့
Aung Khant Construtional PAINT page ကို
Like & Follow လေးလုပ်သွားလိုက်ပါနော်.....

ချစ်မိတ်ဆွေများအားလုံး လိုအင်ဆန္ဒတွေ မတောင်းဘဲ
ပြည့်ကြပါစေ

 #ဆီလာခံဆေးဆိုတာဆီလာ(ခံဆေး)ဆိုတာ ရေတားဆေးမဟုတ်ပါဘူးနော်=====================================တချို့မသိသေးတဲ့  သူများက ဆီလ...
04/12/2024

#ဆီလာခံဆေးဆိုတာ

ဆီလာ(ခံဆေး)ဆိုတာ ရေတားဆေးမဟုတ်ပါဘူးနော်
=====================================
တချို့မသိသေးတဲ့ သူများက ဆီလာ(ခံဆေး)ကို ရေတားတယ်ထင်တတ်ကြပါတယ်၊ ဆီလာ(ခံဆေး)ကိုသုတ်ထားရင် ရေမစိမ့်ဘူးလို့ အထင်မှား အသိမှားတတ်ကြတာရှိပါတယ်။

ကျွန်တော်တို့လည်း ဆေးသုတ်တဲ့အခါ အိမ်ရှင်တချို့နဲ့ကြုံဖူးပါတယ်။ ဆီလာ(ခံဆေး)ကို ရေတားဆေးဆိုပြီ ထူထူလေးသုတ်ပေးပါ၊ ရေတွေစိမ့်မှာဆိုလို့ပါဆိုပြီး
အဲ့ဒီအခါ ကျွန်တော်တို့က ပြန်ရှင်းပြရပါတယ်အိမ်ရှင်တွေကို ဆီလာ(ခံဆေး)က ရေတားဆေးမဟုတ်ပါဘူးရေစိမ့်တာကို မကာကွယ်နိုင်ပါဘူး ဆိုတဲ့အကြောင်းကို​ရှင်းပြပေးရပါတယ်။

ဆီလာ(ခံဆေး)က ရေမတားပါဘူး ဆီလာဆေးကိုသုတ်ရတဲ့အကြောင်းရင်းက
---------------------------------------------------------------------
✅အိမ်ဆေးသုတ်တဲ့အခါ နံရံကို ပတ်တီးမရိုက်ခင် ၁ထပ်သုတ်တယ်၊ ဘာလို ဆီလာ(ခံဆေး)ကို အရင် သုတ်ရသလဲဆိုရင်... ပတ်တီးသားစွဲကပ်အား၊ကုတ်အားကောင်းအောင်လို့ပါ၊ပတ်တီးအသားတတ်တယ်၊ နံရံမှာရေငွေ့(moisture)ရှိရင်ကာကွယ်ပေးတယ်၊ နံရံမှာထုံးဓာတ်ဖြစ်ပေါ်မှုနဲ့ နံရံဆားပေါက်မှုကိုကာကွယ်ပေးတယ် (အချိန်အတိုင်းတာတစ်ခုထိ)

✅ (နံရံမှာပတ်တီးရိုက်ပြီး) ဆီလာ(ခံဆေး)သုတ်ခြင်းကဆေးသားကိုစွဲကပ်အားကောင်းစေတယ်၊ဆေးသားရဲ့သက်တမ်းကြာရှည်စွာထိန်းထားနိုင်တယ်၊ဆေးသားကွက်ခြင်း၊တွန့်ခြင်း အရောင်မညီခြင်းကိုကာကွယ်ပေးတယ်။

ဥပမာ== ပြောရရင် မိန်းခလေးတွေအလှပြင်တဲ့အခါ အချိန်ကြာကြာမိတ်ကပ်(make.up)မျတ်နှာမှာမပျက်သွားအောင် တိုနာ(toner)ကို အရင်လိမ်းထားရတဲ့သဘောပါ📌📌📌

ဒါကတော့ ဆီလာ(ခံဆေး)ရဲ့ အကြောင်းပါပဲခင်ဗျ ရေတားဆေးမဟုတ်၍ ရေကိုမတားဆီးနိုင်ပါဘူးခင်ဗျ။
-------------------------------------

💦 ရေတားဆေးဆိုတာက
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အဆောက်အဦး အတွင်းပိုင်း/အပြင်ပိုင်းတွေမှာ အကြောင်းအမျိုးမျိုးကြောင့် နံရံ ရေယိုစိမ့်ခြင်းမရှိအောင်အသုံးပြုရတဲ့ ဆေးဖြစ်ပါတယ်

🛡️ဘယ်နေရာတွေမှာ သုံးနိုင်လဲဆိုရင်
==========================

ရေတားဆေးကို အဆောက်အဦး အမိုး Slab တွေမှာ အသုံးပေးမယ်ဆိုရင် ရေယိုတာကိုလည်း တားဆီးပေးပါတယ်၊ အိမ်သာ၊ရေချိုးခန်းတွေမှာ လည်း ဆေးမသုတ်ခင်၊ကြွေပြားမကပ်ခင် ရေတားဆေးသုတ်ထားခြင်းဖြင့်လည်း ရေယိုစိမ့်မှုမရှိအောင် ကာကွယ်ထားနိုင်ပါတယ်။
ဒါက ရေတားဆေးရဲ့အကြောင်းရာ အနည်းငယ်ပါခင်ဗျ။

ဆီလာ (ခံဆေး) က ဆီလာ (ခံဆေး)
(ရေတားဆေး)က (ရေတားဆေး)
သပ်သပ်ဆီပါ ခင်ဗျ မတူပါဘူး။

khant_ရေဆေး_ဆီဆေး_ပေါလစ်ဆေးသုတ်လုပ်ငန်း
09-785622525

 #နည်းနည်းခါးတယ်(ဆေးသုတ်တာ လွယ်လွယ်လေး)(မှန်တာလေးတွေပါလို့ တောင်းပန်ပါတယ်) ေးသုတ်လုပ်ငန်းက.သာမံပါပဲ...လက်ရာပိုင် နဲ့ သေသ...
04/12/2024

#နည်းနည်းခါးတယ်
(ဆေးသုတ်တာ လွယ်လွယ်လေး)
(မှန်တာလေးတွေပါလို့ တောင်းပန်ပါတယ်)

ေးသုတ်လုပ်ငန်းက.သာမံပါပဲ...လက်ရာပိုင် နဲ့ သေသပ်မူလည်း.ပုံမုန်ပါပဲ...လုပ်ရိုးလုပ်နည်းအတိုင်းလေးပါ.အနာစာကင်းပြိး ပြစ်ချက်မရှိယုံလောက်ပါပဲ..
(ပစ္စည်း လက်ခ စျေးနူန်းတွေကရော)..သာမံပါပဲ..
သွားလာစရိတ်၊စားစရိတ် ကုန်စျေးနူန်းလဲ အရင်နဲ့မှ.မတူတော့..လုပ်အားခတွေနဲ့ မမျှတော့ဘူးလေ..
အာကြောင့် လုပ်အားခတွေ တိုးသွားရတယ်ဗျ..။
ဘာကြောင့် လက်ခစျေးက (35000&50000)ဆို
အိမ်ရှင်ပါ စိတ်တိုင်းကျစေအောင် ပြုပြင်ရတာကိုဗျ။
ဒါတောင် (ဖန်စိ) လက်ရာစျေးနူန်း မဟုတ်သေးဘူး..
(ကျနော် အဖွဲ့က သူများထက် များတယ်ထင်ရင်)
(20000&25000)ရှိသွားပြိး လုပ်ငန်းအပ်လိုက်ပါ။
(ဆေးသုတ်တာ လွယ်လွယ်လေးဆိုကိုယ်တိုင်လုပ်ပါ)
ကျနော်ရော ကျနော် အဖွဲ့ဝင် ညိကိုတွေ အားလုံးက
ပညာနဲ့ အချိန် တွေ ပင်ပန်းမူ့တွေက အပေါစားမဟုလို့ပါ....(နောက်ဆုံးဥပမာ-မြို့ထဲက အမှိုက်လှည်းတွန်းတဲ့.. -..သူတွေတောင် ငွေပေးတာနည်းရင်
ခွန်အားနဲ့မို့ တန်ရာတန်ကျေးပဲ ပြန် ပြန်လည်းပြောယူတယ်ဗျ။

ဟုတ်ပါတယ်................ အွန်းလိုင်းပေါ်မှာ ကျနော်ထက် စာရေးသား ကောင်းလွန်းတဲ့ အဖွဲ့တွေရှိပါတယ်...၊သူတို့တာ အကောင်းဆုံးပုံစံမျိုးတွေပေါ့...
ဟုတ်ပါတယ်............... တခြားအဖွဲ့စည်းလွဲရင် သူတို့
အဖွဲ့စည်းပဲ စိတ်ချရပါတယ်...ပေါ့. ။
ဟုတ်ပါတယ်...............သူတို့သာ စျေးနူန်းသင့်ပြိး
သူတို့သာ မြန်မာနိုင်ငံက ဆေးသုတ်ဆရာတွေ အားလုံးထက် တော်ပါတယ်..သူတို့အဖွဲ့စည်းတာ အရာရာ တော်တာပါ...သူတို့အဖွဲ့စည်းတာ အားလုံးထပ် တော်တာပါ။

#အမှားပါသွားရင်လည်း..... ☢☢☢☢
တခြားသော ညီကို ဆေးသုတ်ဆရာတွေကို ရည်ရွယ်ခြင်းမဟုတ်ပါဘူး...တချို့သော Page Like Boost တိုးပြိး..
Post.Boost ပြိး ကြိးကြိးကျယ်ကျယ်ပြောသော အဖွဲ့စည်း တွေ အတွက်နဲ့...တချို့သော စျေးလိုက်နိုက်ယနေသော အိမ်ရှင်များ အတွက်ပါ။
#လိုအပ်လို့ယုံကြည်ရင်တော့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ
📞📞📞09785622525
Paint

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Aung Khant Painting Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category