Mg Mg Tar - contractor

Mg Mg Tar - contractor Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mg Mg Tar - contractor, Yangon.

30/03/2023
29/03/2023

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်
အရေးမဆိုရဲကုန်းကျောင်း တွင်သီတင်းသုံးတော် မူသော ဝိဇ္ဇာဓမ္မဗောဓိ ဝိဟာရ သက်တော်ရှည်ရဲကုန်းဆရာတော်ကြီး ဘဒ္ဒန္ထ ကေသရ မဟာထေရ်၏
ဆုံးမ မိန့်မှာချက်များ

၁/ ကိုယ် အနားမှာပုတီးမရှိလဲ လက်ညိုးနဲ့
လက်မကပုတီးပဲ၊ ထူးပြီးလိုက်ရှာမနေနဲ့.
ဗုဒ္ဓေါဂုဏ်တော် ကို (၅) မိနစ်ခန့် ရွတ်ဆိုပွါးများပါ၊အရမ်းကိုထူးပါလိမ့်မယ်၊

အဖန်ဖန်ပွါးများခြင်းဖြင့် မိမိကို ကူညီမဲ့သူပေါမယ်၊လူချစ်လူခင်များမယ်။

တပါးသူအကောက်ကြံမရဘူး။

မျက်နှာသွင်ပြင်နုပျိုပြီးဒီအရွယ်မှာတင်တည်နေမယ်၊ပိုပြီးလဲမအို ပိုပြီးလဲမပျိုတော့ဘူး။

စားသမျှ အဆိပ်မသင့်ဘူး။

သူတော်ကောင်းတွေစောင့်ရှောက်မယ်။

၂/လောကကြီးထဲ မရိုးဖြောင့် လိမ်ကောက် သူ၊အကောက်ကြံသူများနဲ့ တွေ့ရင် အကုသိုလ် တဖန်ပြန်အဖြစ်မခံပါနဲ့။
ပြိုင်ပြီးတုပြိုင်အနိုင်မယူပါနဲ့၊

ကိုယ့်အကြောင်းမကောင်းခဲ့ လို့ ဒီလိုလူတွေနဲ့ ဆုံရတာ၊ပြုသူအသစ် ဖြစ်သူအဟောင်းမို့ ပြိုင်မမိုက် ပါနဲ့၊ ဝဋ်ကျွေးကံကုန်ရင်ပြီးသွားပါမယ်၊အေးချမ်းအောင်သာနေပါ၊

မိမိစိတ်သန္တန်လေးမှာ အေးချမ်းအောင်
ရန်လိုမုန်း တီးပြိုင်ဆိုင်လိုစိတ်လျှော့ပါ၊
တချိန်မှာပြီးသွားပါမယ် ။

၃/လူရယ်ဖြစ်လာရင်ဒေါသဖြစ်စရာအကြောင်းတွေအများကြီးပဲဆုံကြုံရမယ်၊
ဘုန်းကြီးတို့လဲ ခုချိန်တောင် ရံဖန်ရံခါဒေါသထွက်မိသေးတယ် ၊ထွက်မိတဲ့ ဒေါသစိတ်ကလေးကိုသိလိုက်တာနဲ့ ဆင်ခြင်ပါ၊

ဒေါသထွက်ရင်နှလုံးသွေးတွေဆူပွက်အရောင်ပြောင်းတယ် မဲညစ်တဲ့သွေးတွေခန္ဓာကိုယ်ထဲလှည့်ပါတ်တယ်၊စိတ်တွေဗလောင်ဆူတယ်။
မျက်နှာအမူအရာပြောင်းတယ်။
အမှားတွေဆက်တိုက်လုပ်မိတတ်တယ်။
ရောဂါဘယထပ်တိုးတယ်။

နောက်ဆက်တွဲ နှလုံး၊သဲခြေ ကျောက်ကပ် ထိမယ်၊သွေးတိုးနှလုံး ဆီချို ရောဂါပေါင်းစုံဟာ
ဒီဒေါသစိတ်အခြေခံတယ်။

အဲဒီအတွက်အကျိုးမရှိတဲ့ ဒေါသထိမ်းပါ။

ဒေါသ မရှိတဲ့ သူတော်ကောင်းရဲ့ မျက်နှာတွေဟာ အေးချမ်းပြီးကြည်လင်နေတယ်။

နောက်ဆုံးဒေါသနဲ့သေ အပ္ပါယ်ငရဲ တန်းနေတာပဲ၊သတိရှိကြပါ။

၄/ဒေါသဖြစ်စရာတခုခုကြုံရင် ဖြစ်စေတဲ့ အကြောင်း၊လူ/ပုဂ္ဂိုလ် သတ္ထဝါ တခုခုကိုကျေးဇူးတင်လိုက်ပါ၊

သူ့ကြောင့် ငါ့မှာဒေါသစိတ်ထိမ်းနိုင်တယ်၊ဒေါသဖြစ်စေခြင်ပေမဲ့ ငါ့ဒေါသငါထိမ်းမယ်၊သီးခံမယ်၊
ငါ့ကိုသီးခံနိုင်အောင် ခန္တီ ပါရမီပြည့်အောင်
ပါရမီလာဖြည့်တယ်မှတ်ပါ၊

ဒေါသကိုသိအောင်ကြည့် သီးခံစိတ်ရအောင်မွေးပါ၊ရအောင်လုပ်ကြည့် ရလာလိမ့်မယ် အရာရာကိုသီးခံနိုင်ရင် အောင်မြင်ခြင်းပဲ ၊အကျိုးတကယ်ထူးပါတယ်။

၅/ကိုယ့်ဥစ္စာ မတရားယူသိမ်းပိုက်လား၊
ကိုယ့်ပစ္စည်း မတရား အခြောင် ယူပြီး မသိခြင်ယောင် ဆောင်နေလား(ငွေကြေး/ဥစ္စာ/စိန်ရွှေ ရတနာ)

ကိုယ်မှမပေးတာ သူတို့ယူကြတာ သူတိူ့အကုသိုလ် ဘဝ အဆက်ဆက်ပေးဆပ်ရမယ်။
ဒီဘဝနဲ့တင်မပြီးဘူး၊သံသရာပါပြီ။
ကိုယ်ကတော့ အကြွေးကျေပြီမှတ်ပါ၊

အကုသိုလ်ထပ်မပွါးပါနဲ့၊
အေးချမ်းတဲ့စိတ်မပျက်စေနဲ့၊

၆/ဝစီကံ အကုသိုလ်တွေကို အထူးသတိထားရှောင်ကြဉ်ကြပါ။
မုသာဝါဒါ၊ပိသုဏဝါစာ
ဖရုသဝါစာ သမ်ဖပ်ပဘာပါဝါစာစတဲ့
ဝစီဒုစရိုက်တွေရှောင်ပါ၊

မုသားပြောခြင်း၊
သူတပါးအတင်းပြောခြင်း၊
သိမ်ဖျင်း စကားပြောခြင်း၊
ကဲ့ရဲ့စွတ်စွဲ လှောင်ပြောင်ရီမောခြင်း၊
ရှုံ့ချ နှိမ့်ချ အထင်သေးစကားပြောခြင်း၊
ကုန်းတိုက်ကာ မိတ်ခွဲခြင်း၊
ကြမ်းတန်းစွာဆဲရေးခြင်း၊
အကျိုးမရှိယုတ်ညံ့ သိမ်ဖျင်း သောစကား
ပြောဆိုခြင်း စတဲ့ နူတ်ထွက်ဝစီကံတွေကို
အထူး ဂရုစိုက်ရှောင်ကြဉ်ကြပါ။

၇/ကုသိုလ်အထုံ ပါရမီဆိုတာ ဒီတဘဝတင်မဟုတ်။ ပါရမီဆက်ဆက် ဖြည့်ဆည်းလာကြတာ။

ဘဝဘဝတွေက အလှူ၊ဒါန၊သီလ၊ကုသိုလ်တွေနဲ့ မွေ့‌ လျော်တဲ့ သူတွေဟာ ဒီဘဝမှာလဲကုသိုလ်နဲ့ ပျော်တယ်။အကုသိုလ် ကို အထူးရှောင်တယ်၊
မတိုက်တွန်းမနိုးဆော်ရပဲ မိမိသန္တန်မှာ ကုသိုလ်တရားတွေကိန်းအောင်းတယ် ၊

ကုသိုလ်ရေးပဲတွေးတောပြုကျင့်တယ်၊
ဒါ့ကြောင့် ကုသိုလ်ပါရမီ တည်အောင်ဆက်လက် ပြုကျင့်ကြပါ။

၈/ခုကာလဟာ ကပ်ရောဂါတွေနဲ့ လူ့လောကမှာ လူတွေအပူကြုံနေရလို့ သတ္ထဝါတွေမေတ္တာထား ပါ၊
သူ့အသက်ချမ်းသာပေးရင် ကိုယ့်အသက်လဲချမ်းသာရသလို သူ့အသက်စားသုံးခြင်းမှ တတ်နိုင်သလောက်ရှောင်ကျဉ်ကြပါ၊သားကြီးငါးကြီးရှောင်ကြပါ၊ တစစကျင့်ရင်း သိဒ္ဓိ(၁၀)ပါးမှာ တပါးဖြစ်တဲအဟာရသိဒ္ဓိပေါက်မြောက်အောင်မြင်ပါလိမ့်မယ်၊

အဟာရ သိဒ္ဓိ အောင် သူတွေဟာအစာစားရတာ အလုပ်ပိုတခုလိုမြင်လာပြီး အစားမစားပဲလဲ ကာလကြာရှည်နေနိုင်မယ်၊
ဘာစားရမှ ဘာလုပ်ရမှအပိုတွေအလိုတော့ပဲ အလုပ်ရူပ်တာတွေမရှိတော့ဘူး၊

ဝမ်းဗိုက်ဆာလောင်တာတွေမရှိတော့ပဲ အလိုလိုငြိမ်းချမ်းနေမယ်၊

၉/ခုကာလမှာ ဘုရားတရား သံဃာ ဆည်းကပ်ကိုးကွယ် ပြီးဒါနသီလ ဘာဝနာ ကုသိုလ်တရားတွေပွါးများနေကြတဲ့ ဘုန်းဘုန်း သာဝက ဒါယကာ၊ဒါယိကာမတွေအားလုံး ကျမ်းမာချမ်းသာကြပြီး ကပ်ကြီး(၃)ပါး ကျော်လွှား နိုင် ရန် မေတ္ထာအထူးပို့ပေးပါတယ်၊အားလုံး စိတိရှိတုင်းလူဒါန်းနိုင်ကြ သာသနာတော်ထောက်ပံ့နိုင်ကြပါစေ။

ပါရမီ အထုံဆက် ဖြည့်ကျင့်နိုင်ပြီးသူတော်ကောင်းသူမြတ်လောင်းတွေဖြစ်ကြပါစေ။

အဟာရသိဒ္ဓိ အစပြု သိဒ္ဓိ(၁၀)ပါး ပြည့်ကြပါစေ။

အဆုတ်အသဲ ကျောက်ကပ် အူသိမ်အူမ၊ကင်ဆာ ကပ်ရောဂါဆိုးတွေမှကင်းဝေးကြပါစေ။

မကောင်းသောဘေး ရန်အန္တရာယ်များမှ လွတ်ကင်းကြပါစေ။ဘုန်းဘုန်းကြီးမှ မေတ္ထာပို့ ပေးပါတယ်၊အေးချမ်းကြပါစေ၊အောင်မြင်ကြပါစေ၊အေးစေ၊အောင်စေ၊ငြိမ်းစေ၊ပြီးစေ။ ဆရာတော်ဘုရားကြီး၏ မေတ္တာဓာတ်ကိုခံယူပါ၏။

(ဆရာတော်ဘုရားကြီး၏ မေတ္တာရေကိုသောက်သုံးပါ၏။ ဆရာတော်ဘုရား၏ မေတ္တာရိပ်ကိုခိုလူံပါ၏ ။ သာဓုသာဓုသာဓု
(ဟုရွတ်ဆိုပါ))
Crd ​
Ashin Yazar Nanda

29/03/2023
29/03/2023

Address

Yangon

Telephone

09794800793

Website

Alerts

Be the first to know and let us send you an email when Mg Mg Tar - contractor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share