09/03/2025
အခုတလော မြန်မာပြည်မှာ အလိမ်ဖုန်းတွေကို ပြန်နောက်ချင်လို့ လက်ခံစကားပြောပြီး ရိုက်ထားတဲ့ Video လေးတွေ တွေ့မိလို့ သတိပေးချင်လို့ပါ။ အလိမ်ဖုန်းဆို လုံးဝကို မကိုင်ပါနဲ့နော်။ ကိုင်မိရင်လည်း သိတာနဲ့ ချက်ချင်း ချပစ်ပါနော်။ ကိုယ့်လက်ခံ စကားပြောနေစဥ်အတွင်းမှာဘဲ ကိုယ့်ရဲ့ ဖုန်းဘေတွေ ယူသွားတာ။ ကိုယ့်ရဲ့ ဒေတာတွေ ကူးယူသွားတာတွေပါ လုပ်နိုင်တဲ့အထိ နည်းပညာက တိုးတက်နေတာပါ။အသံကို ကူးယူပြီး လိုက်လိမ်တဲ့ case တွေလည်း ရှိပါတယ်။ မြန်မာပြည်မှာ လိမ်နေတာတွေက ပါချီပါချက်အဆင့်တွေဘဲ ရှိသေးလို့ ဘာမှမဖြစ်တာပါ။
အားလုံးသတိထားရအောင်လို့ပါရှင်။