Htoo Cooking

เส้นทาง

Htoo Cooking အချက်အပြုတ်ဝါသနာပါသောသူတွေအတွက်
ဖြစ်ပါတယ်

11/11/2026

နိုင်ငံခြားသားသငှေးတွေနဲ့အလုပ်လုပ်ရတာကောင်းတယ်ကြိုက်တယ်သူတို့ကအချိန်တိကျတယ် ဒီအချိန်အရောက်သွားမယ်ဆိုအချိန်တိကျတယ်ရောက်အောင်သွားတယ်

ကြိုတင်စီစဥ်ထားတတ်တယ်
တစ်ပါတ်စာ တစ်လစာ တစ်နှစ်စာ
Plan သူတို့မှာရှိတယ်

ပြီးရင်အားမနာတတ်ဘူး..
လုပ်တာမှားရင်အားမနာဘူးပြောရဲတယ်
တော်ရင်လည်းချီးကျူးဂုဏ်ပြုစကားပြောတယ်
လက်ရှိကောင်းတဲ့သငှေးနဲ့အလုပ်လုပ်နေရတာ
ကျမအတွက် ဘုရားကောင်းကြီးဘဲ
နောက်ထပ်သုံးနှစ်လောက်သူတို့နဲ့လုပ်ရအုံးမယ်
😇😘

11/11/2026

ရှာသုံးကုန်ဘဝကနေတကယ်လွတ်မြောက်ချင်လား ✅
ဒီနှစ်မှာရှာလိုက်သုံးလိုက်ကုန်လိုက်ဖြစ်နေပြီးဆိုရင်
မကြာခင်ရောက်လာတော့မယ့် ၂၀၂၇ မှာ
ကိုယ်ဘာတွေလုပ်မလဲ ဘာတွေအပြောင်း
အလဲလုပ်မလဲ ကိုယ့်အမှားတွေကနေဘာတွေ
သင်ခန်းစာယူမလဲ ကြိုတင်ပြင်ဆင်ထားရတော့
မယ်..ကျမကတော့ကြိုတင် ပြင်ဆင်ထားပြီးပြီး😇
၂၀၂၇ အတွက်ရင်ခုန်နေပြီး..😘

10/11/2026

မနေ့ကဘဲ စာရေးတင်လိုက်တယ်
ဖတ်ရှူသူ1.2k ဖြစ်သွားပြီး..
ကျမကိုယ်တိုင်လည်းဆုတောင်းထားတယ်
မချမ်းသာရင်နေပါစေ အကြွေးကင်းတဲ့
ဘဝဘဲနေပါရစေလို့ 🙏

😇

10/11/2026

ဆိုရှယ်မီဒီယာမှာမလှဘူး
အပြင်မှာပိုလှတယ်😁😂🤗

🌺

09/11/2026

📌📌📌
အခုနောက်ပိုင်းနိုင်ငံခြားထွက်လာတဲ့လူငယ်
တချို့နိုင်ငံခြားမှာနေတာကြာပြီးဘာကြောင့်
ပိုက်ဆံမစုမိတာလဲဆိုတဲ့အကြောင်းရင်း

ရည်ရွယ်ချက် ပန်းတိုင်မရှိဘဲငွေရှာနေခြင်း

သူများဝယ်လို့လိုက်ဝယ် နောက်ဆုံးပေါ်တွေ
နောက်လိုက်ပြီးပစည်းတွေဝယ်တာ

ဆိုရှယ်ပေါ်မှာသူများလုပ်သလိုလိုက်လုပ်
တတ်တာ သူများက ခရီးတွေသွားရင်ကိုယ်ပါ
လိုက်သွား သူများကမွေးနေ့ပါတီတွေလုပ်
ရင်ကိုယ်ပါလိုက်လုပ် သူများကဘယ်ဆိုင်
ကောင်းလို့သွားစားရင်ကိုယ်ပါဆိုင်ကြီးတွေ
လိုက်စားတာ

ကိုယ့်ဝင်ငွေနဲ့မမျှဘဲ စျေးကြီးပစည်းတွေ
အသုံးအဆောင်ပစည်းတွေလိုက်ဝယ်တာ
စားသောက်ဆိုင်ကောင်းကောင်းတွေမှာ
လိုက်စားတာ

ငွေကိုစည်းကမ်းတကျကိုင်တွယ်မသုံးတတ်
ခြင်း..

ငွေကြေးနဲ့ပါတ်သက်ပြီးစည်းကမ်းချက်
မထားဘဲသုံးစွဲခြင်း ကြိုက်မယ်ဆို
၅၀၀လည်းဝယ်မယ် ၁၀၀၀လည်းဝယ်မယ်
ဆိုပြီးဝယ်လိုက်ခြင်း

ဝင်ငွေနဲ့ထွက်ငွေမမျှအောင်သုံးစွဲခြင်း

သူငယ်ချင်းတွေနဲ့လိုက်သွားပြီးငွေသုံးခြင်း

အပျော်အပါးမက်ပြီး night out ခဏခဏ
ထွက်ခြင်း

စသဖြင့်ဝင်ငွေကနည်းပြီးသုံးငွေကပိုများနေ
တဲ့အခါဘယ်လောက်ဘဲရှာရှာဘယ်တော့မှ
လက်ထဲမှာပိုက်ဆံကျန်မှာမဟုတ်ပါဘူး

မကြာခင် ၂၀၂၇ရောက်လာတော့မယ် ကိုယ့်ရဲ့
အကျင့်ဟောင်းတွေကိုပြောင်းလဲဘို့အခုထဲက
ကျမကိုယ်တိုင်ပြင်ဆင်ဘို့လိုနေပြီး..

ပြုပြင်ပြောင်းလဲဘို့မလုပ်ဘူးဆိုရင်ရှာလိုက်သုံးလိုက်
ကုန်လိုက်နဲ့နိုင်ငံခြားမှာအချိန်တွေကုန်
သွားမှာဘဲဖြစ်တယ် နောက်ဆုံးပင်ပန်းသမျှ
ဘာအကျိုးမှခံစားရမှာမဟုတ်ဘူး

၂၀၂၇ မကြာခင်ရောက်လာတော့မယ်
ဘာတွေပြင်ဆင်ထားပြီးလဲ 🤔

❤

09/11/2026

အရင်တုန်းကဆိုရင် အိမ်ထောင်ရှင်တွေဘဲ
အိမ်ထောင်ကျပြီးသားမိန်းမ ယောကျ်ားတွေ
ဘဲအကြွေးရှိကြတယ်..မိသားစုအခက်အခဲ
ကြောင့်အကြွေးတင်ကြတယ်

ယခုခေါတ်က အိမ်ထောင်မကျသေးဘူး
မိန်းကလေး ယောကျ်ားလေး
အပျို လူပျိုဘဝမှာကတည်းက အကြွေးတွေ
အများကြီးရှိနေတဲ့သူတွေလည်းရှိကြတယ်

ဒါကြောင့်ကိုယ့်ယူမယ့်ကိုယ်ရဲ့ချစ်သူ
မိန်းကလေး ယောကျ်ားလေးက
အကြွေးကင်းတဲ့သူဟုတ်မဟုတ်သေချာ
လေ့လာဘို့လိုပါတယ် မဟုတ်ရင်နောက်မှ
သူ့အပူက ကိုယ့်အပူဖြစ်နေမယ် သူအကြွေးတွေကိုယ်ပါလိုက်ဆပ်ပေးနေရအုံးမယ်

အပြင်မှာတကယ်တွေ့ဖူးတယ်..အမျိုးသမီး
တယောက် မယူခင်ကသူအကြွေးရှိတယ်
သူယောကျ်ားယူလိုက်ကောအကြွေးရှင်က
သူ့ယောကျ်ားဆီမှာလာတောင်းတယ်..

အဲလိုတွေမဖြစ်ဘို့ကိုယ်ရွေးချယ်မယ့်သူက
အသုံးအဖြုန်းကြီးလား အပျော်အပါးမက်လား
လူအထင်ကြီးအောင်ငွေသုံးပြ ဝယ်ပြ စားပြ
နေလား ငွေကိုစီမံခန့်ခွဲပြီးသုံးတတ်လား စည်းကမ်းရှိတဲ့သူဟုတ်လားမဟုတ်လားသေချာရွေးချယ်ဘို့လိုပါတယ်..

🌷

08/11/2026

ကိုယ်တွေးနေတဲ့အရာ
ကိုယ်ကြံစည်ထားတဲ့အရာ
ကိုယ်ဖြစ်ချင်တဲ့အရာ
ကိုယ်ဖြစ်ချင်တဲ့ဘဝပုံစံ
ကိုယ်လိုချင်တဲ့ငွေကြေး
ကိုယ်ဖြစ်ချင်တဲ့အိမ်မက်
ကိုယ်လိုချင်တဲ့အနာဂါတ်ပုံစံ
ကိုယ်လိုချင်တဲ့အလုပ်
ကိုယ်လိုချင်တဲ့နံရိုးပိုင်ရှင်
အခုလက်ရှိမှာမဖြစ်လာသေးဘူး
မရလာသေးဘူးဆိုရင်လဲ
ရနေပြီဆိုတဲ့စိတ်နဲ့စိတ်အေးချမ်းချမ်း
ပျော်ပျော်ရွှင်ရွှင်နဲ့နေထားလိုက်ပါ..
တချိန်မှာရကိုရလာလိမ့်မယ်..
စိုးရိမ်စိတ် ပူလောင်စိတ်နဲ့နေရင်တော့
ကိုယ့်ဆီပူလောင်တဲ့အရာတွေဘဲ
ရောက်လာလိမ့်မယ်..
အေးချမ်းတဲ့သူအနားမှာအေးချမ်းတဲ့အရာ
တွေဘဲရောက်လာတတ်ပါတယ်..❤😇
Happy Blessed monday 🥰

🍀🌿

ဘုရားကျောင်းပြီးတော့ တူလေးထိန်း ကလေးထိန်း တပါတ်တခါမှတွေ့ရ အလွမ်းသယ် KFC Date 🥰😍
08/11/2026

ဘုရားကျောင်းပြီးတော့ တူလေးထိန်း
ကလေးထိန်း တပါတ်တခါမှတွေ့ရ
အလွမ်းသယ် KFC Date 🥰😍

Hello from Thailand ❤ထိုင်းနိုင်ငံမှာဒီနေ့တရက်ဘဲလှရတာကျန်တဲ့ရက်တွေအလုပ်သမားဘဝ 😂😇
08/11/2026

Hello from Thailand ❤
ထိုင်းနိုင်ငံမှာဒီနေ့တရက်ဘဲလှရတာ
ကျန်တဲ့ရက်တွေအလုပ်သမားဘဝ 😂😇

စနေနေ့ ညနေ ၄နာရီထိအလုပ်ပြီးတော့အပြင်ထွက်ညစာစားပြီးThai tea လေးနဲ့အမောဖြေ..စာအုပ်အပန်းရောင်လေးထဲမှာကိုယ်ဖြစ်ချင်တာတွေ လို...
07/11/2026

စနေနေ့ ညနေ ၄နာရီထိအလုပ်ပြီးတော့
အပြင်ထွက်ညစာစားပြီးThai tea လေးနဲ့
အမောဖြေ..စာအုပ်အပန်းရောင်လေးထဲမှာ
ကိုယ်ဖြစ်ချင်တာတွေ လိုချင်တာတွေကိုယ်
တွေ့ချင်တဲ့မင်းသားလေးပုံစံချရေးပြီး
အတွေးထဲမှာဖြစ်လာမယ်ဆိုတာကြိုသိနေပြီး
ပျော်နေရတာပေါ့ 🥰😘

ที่อยู่

Sukhuvit 24 Bangkok
Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Htoo Cooking โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

ธุรกิจการปรับปรุงบ้านใกล้เคียง