Cooking Together with Poe

Cooking Together with Poe ပိုးတို့အိမ်မှာ ချက်စားဖြစ်တဲ့ ဟင်းချက်နည်းလေးတွေ၊ မုန့်လုပ်နည်းလေးတွေ မျှဝေပေးနေပါတယ် 🧑‍🍳 ❤️

တူတူချက်စားကြည့်ကြမယ်နော် 🥰

ထုပ်"ထုပ်"လေးနဲ့ အရမ်းစားကောင်းတဲ့ ကြက်အရေခွံသုပ် ချဉ်ငံစပ်လေး 😋ချဉ်ငံစပ်အသုပ်လေးတွေကြိုက်တယ်ဆို ဒီအသုပ်လေးလည်း သုပ်စားက...
14/07/2026

ထုပ်"ထုပ်"လေးနဲ့ အရမ်းစားကောင်းတဲ့ ကြက်အရေခွံသုပ် ချဉ်ငံစပ်လေး 😋

ချဉ်ငံစပ်အသုပ်လေးတွေကြိုက်တယ်ဆို ဒီအသုပ်လေးလည်း သုပ်စားကြည့်နော်

ဒီနေ့‌တော့ အိမ်မှာအသီးအရွက်လေးတွေ ရှိနေတာနဲ့ အစိမ်းကြော်ကို ကြက်သားလေးနဲ့ရောပြီး ကြော်စားဖြစ်ပါတယ်ပူပူနွေးနွေးကြော်ပြီးခ...
13/07/2026

ဒီနေ့‌တော့ အိမ်မှာအသီးအရွက်လေးတွေ ရှိနေတာနဲ့ အစိမ်းကြော်ကို ကြက်သားလေးနဲ့ရောပြီး ကြော်စားဖြစ်ပါတယ်

ပူပူနွေးနွေးကြော်ပြီးခါစ ထမင်းဖြူလေးနဲ့တွဲစားမယ်ဆို အရမ်းကိုစားလို့ကောင်းတယ်နော် ❤️

ချဉ်ငံစပ် ငါးသေတ္တာသုပ်လေး စားကြပါအုံးရှင့် အိမ်မှာ ငါးသေတ္တာတစ်ဘူးရှိရုံနဲ့ အလုပ်မအားတဲ့ရက်မှာတောင် ထမင်းမြိန်စေမယ့် ချ...
12/07/2026

ချဉ်ငံစပ် ငါးသေတ္တာသုပ်လေး စားကြပါအုံးရှင့်

အိမ်မှာ ငါးသေတ္တာတစ်ဘူးရှိရုံနဲ့ အလုပ်မအားတဲ့ရက်မှာတောင် ထမင်းမြိန်စေမယ့် ချဉ်ငံစပ်အသုပ်လေး လုပ်လို့ရပါတယ်နော်

ပိုးတို့အိမ်မှာတော့ ငါးသေတ္တာသုပ်တဲ့အခါ

ငါးသေတ္တာ
ကြက်သွန်နီ
ငရုတ်သီးစိမ်း
နံနံပင်
သံပုရာသီး
ငရုတ်သီးအကျက်မှုန့်၊ ဟင်းချိုမှုန့်၊ ကင်းမွန်ငံပြာရည်လေးထည့်ပြီး ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် ❤️

Homemade ကြက်ကင်ကို အကင်စက်မပါဘဲ ကင်ကြမယ်မကပ်အိုးလေးရှိရုံနဲ့ အရမ်းကိုစားလို့ကောင်းတဲ့ ကြက်ကင်မွှေးမွှေးလေး လုပ်စားလို့ရ...
11/07/2026

Homemade ကြက်ကင်ကို အကင်စက်မပါဘဲ ကင်ကြမယ်

မကပ်အိုးလေးရှိရုံနဲ့ အရမ်းကိုစားလို့ကောင်းတဲ့ ကြက်ကင်မွှေးမွှေးလေး လုပ်စားလို့ရပြီနော်

ကြက်ကင်လေးက အရမ်းကိုနူးညံ့ပြီး မွှေးလွန်းတာမို့ လိုက်လုပ်စားကြည့်ကြအုံးနော်

ပုံအောက်မှာ အသားကင်ဆောစ့်စပ်နည်းလေး ရေးထားပေးပါတယ်ရှင် ❤️

ကြက်ငရုတ်ကောင်း (Black pepper chicken) 😋ဒီဟင်းလေး‌ကလေ အရမ်းကောင်းလွန်းလို့ ထပ်ခါထပ်ခါ စားချင်‌စေမယ့် ဟင်းလေးပါ‌ပဲရှင်ကြက...
09/07/2026

ကြက်ငရုတ်ကောင်း (Black pepper chicken) 😋

ဒီဟင်းလေး‌ကလေ အရမ်းကောင်းလွန်းလို့ ထပ်ခါထပ်ခါ စားချင်‌စေမယ့် ဟင်းလေးပါ‌ပဲရှင်

ကြက်ရင်အုံသားကလည်း နူးညံ့နေပြီးတော့ ငရုတ်ကောင်းအနံ့မွှေးမွှေးလေးနဲ့ အရသာအစပ်အဟပ်မိအောင် ပိုးလိုမျိုး ချက်စားကြည့်အုံးနော်

09/07/2026

ကြက်သားကို ဒီနည်းလေးအတိုင်း ပြောင်းချက်စားကြည့်နော် 🧑‍🍳

အရမ်းကြိုက်သွားလို့ ထပ်ခါထပ်ခါ စားချင်သွားမှာ သေချာပါတယ်ရှင်

သခွါးသီးကင်မ်ချီ အလွယ်လုပ်နည်းကင်မ်ချီလည်းကြိုက်တယ် ကင်မ်ချီသိပ်ဖို့ အချိန်လည်းအကြာကြီး မပေးနိုင်ဘူးဆိုရင် ဒီသခွါးသီးကင်...
08/07/2026

သခွါးသီးကင်မ်ချီ အလွယ်လုပ်နည်း

ကင်မ်ချီလည်းကြိုက်တယ် ကင်မ်ချီသိပ်ဖို့ အချိန်လည်းအကြာကြီး မပေးနိုင်ဘူးဆိုရင် ဒီသခွါးသီးကင်မ်ချီလေး လုပ်စားကြည့်နော်

လုပ်နည်းလေးကို ပုံအောက်မှာ ရေးထားပါတယ်ရှင် ❤️

ပူပူစပ်စပ် ငရုတ်သီးစိမ်းငပိချက်ဒီငပိချက်လေးကလေ ငရုတ်သီးစိမ်းများများနဲ့ ပုစွန်လေးပါထည့်ပြီး ချက်ထားတာဆိုတော့ ပူပူစပ်စပ်လ...
07/07/2026

ပူပူစပ်စပ် ငရုတ်သီးစိမ်းငပိချက်

ဒီငပိချက်လေးကလေ ငရုတ်သီးစိမ်းများများနဲ့ ပုစွန်လေးပါထည့်ပြီး ချက်ထားတာဆိုတော့ ပူပူစပ်စပ်လေးနဲ့ အရမ်းကို ထမင်းမြိန်စေပါတယ်ရှင်

ချက်နည်းလေးကလည်း အရမ်းကို လွယ်တာမို့လို့ လိုက်ချက်စားကြည့်ကြအုံးနော်

ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ဆနွင်းလေးထည့်ပြီး ဆီသပ်လိုက်ပါတယ်

ပြီးတော့မှ ပုစွန်နဲ့ ငရုတ်သီးစိမ်းပါးပါး လှီးထားတာလေး ထည့်ပါတယ်

စိမ်းစားငပိ‌‌ကို ရေဖျော်ပြီးထည့်ပါတယ်
‌‌‌‌‌‌‌‌‌‌‌‌‌‌
အရည်စပ်စပ်လေးရအောင် ရေနွေးလေးပါ ထည့်လိုက်ပါတယ်

အရသာအတွက်ကတော့ ဆားနဲ့ ဟင်းချိုမှုန့်ထည့်ပါတယ်

ငရုတ်သီးစိမ်းလေးတွေ နူးပြီဆိုရင်တော့ ပုစွန်ငရုတ်သီးစိမ်းငပိချက်လေး ကျက်ပါပြီရှင် ❤️

07/07/2026

ထမင်းမြိန်ဖို့ ငရုတ်သီးစိမ်း ငပိချက်တစ်မျိုးပဲ လိုမယ်နော် 😋

ကြာဆံကြော်အိအိလေးကြာဆံကြော်ကို မနက်စာအနေနဲ့ပဲဖြစ်ဖြစ်၊ ထမင်းလွတ်ပဲဖြစ်ဖြစ် ကြော်စားမယ်ဆိုရင် ဒီနည်းလေးအတိုင်း ကြော်စားကြ...
06/07/2026

ကြာဆံကြော်အိအိလေး

ကြာဆံကြော်ကို မနက်စာအနေနဲ့ပဲဖြစ်ဖြစ်၊ ထမင်းလွတ်ပဲဖြစ်ဖြစ် ကြော်စားမယ်ဆိုရင် ဒီနည်းလေးအတိုင်း ကြော်စားကြည့်နော်

လုံးဝမအီဘဲ ကြာဆံသားအိအိလေးနဲ့ အရမ်းစားလို့ကောင်းပါတယ်

ကြော်နည်းလေးကို ပုံအောက်မှာ ရေးထားပါတယ်ရှင် ❤️

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Cooking Together with Poeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์