Gardening Myanmar-မြန်မာ့စိုက်ပျိုးရေး

Gardening Myanmar-မြန်မာ့စိုက်ပျိုးရေး မြန်မာ့စိုက်ပျိုးရေးအတွက်

ဘောစကိုင်းပင်နှင့် မြေဆီလွှာ ထိန်းသိမ်းခြင်းစားကျက်များကို လွန်ကဲစွာအသုံးပြုခြင်း၊ မီးရှို့မှုလွန်ကဲခြင်း၊ တာဝန်မဲ့အလေအလ...
12/06/2025

ဘောစကိုင်းပင်နှင့် မြေဆီလွှာ ထိန်းသိမ်းခြင်း

စားကျက်များကို လွန်ကဲစွာအသုံးပြုခြင်း၊ မီးရှို့မှုလွန်ကဲခြင်း၊ တာဝန်မဲ့အလေအလွင့်များသော သစ်ခုတ်ခြင်း၊ အလွန်အကျွံ စုဆောင်းခြင်းတို့မှာ သစ်တောသယံဇာတများကို အလွဲသုံးစားလုပ်ခြင်းများပင် ဖြစ်သည်။ ယင်းကိစ္စများ၏ အကျိုးဆက်များအဖြစ် မြေပြိုခြင်း၊ ရေကြီးခြင်း၊ မြေဆီလွှာတိုက်စားခံရခြင်း၊ မြစ်များ၊ ချောင်းများ ရောခြင်း အဖြစ်နှင့် ရင်ဆိုင်ရပေသည်။ အဖိုးတန်သော မြေဆီလွှာဖြစ်ပေါ်ရန် နှစ်ပေါင်းရာနှင့်ချီ၍ ကြာခဲ့သော်လည်း ပျက်စီးဆုံးပါးရာတွင် မုန်တိုင်းငယ်တစ်ခုနှင့်ပင် လုံလောက်ပေသည်။
အပူပိုင်းသစ်တောများမှာ မိမိတို့၏ စွန့်ပစ်ပစ္စည်းများကို ပြန်လည်စားသုံးခြင်းဖြင့် ရှင်သန်နေကြခြင်းဖြစ်သည်။ အာဟာရအများစုမှာ မြေဆီလွှာမှ ရရှိခြင်းမဟုတ်ဘဲ ပုပ်ဆွေးသွားသော အပင်အစိတ်အပိုင်းများမှသာဖြစ်သည်။ အကယ်၍ သစ်ပင်တစ်ပင် ခုတ်လှဲခံရပါက သို့မဟုတ် မီးရှို့ဖျက်ဆီးခြင်းခံရပါက ထိုနေရာမှ အကာအကွယ်မဲ့ ဖြစ်သွားပြီး မြေဆီလွှာနှင့် အပင်အာဟာရများ ဆုံပါးရတော့သည်။ ထို့သို့ ပျက်စီးသွားပြီးသော သစ်တောနေရာများတွင် အမြစ်အဖွဲ့အစည်းရှည်သော ကြီးထွားမြန်သော အခြေချစွမ်းရည်ကောင်းသော ဘောစကိုင်းပင်များကို ပြန်လည်စိုက်ပျိုးခြင်းအားဖြင့် လျင်မြန်စွာ ပြန်လည်အသက်ဝင်လာပြီး ပုံမှန်သစ်တောအဖြစ် ရှင်သန်သွားနိုင်သည်။

ဘောစကိုင်းပင်သည် မြေဆီလွှာကို-
(၁) နိုက်ထရိုဂျင်ပမာဏတိုးစေသည်
(၂) ဩဂင်းနစ်ပစ္စည်းများဖြစ်ပေါ်စေခြင်းဖြင့် မြေအနေအထားကို ကောင်းမွန်စေသည်။
(၃) တင်းမာနေသောမြေမျက်နှာပြင်ကို ခွဲပေးခြင်းဖြင့် မြေဆီလွှာအတွင်းသို့ လေနှင့်ရေကို ရောက်ရှိစေသည်။ ရေတိုက်စားမှုကို သက်သာစေသည်။
(၅) မြေဆီလွှာဆုံးပါးခြင်းကို လျော့နည်းစေသည်။

မြေဩဇာပင်

ဘောစကိုင်းသည် စင်စစ်အားဖြင့် မြေဩဇာပင် (Fertilizer Crop) ဖြစ်သည်။ အပူပိုင်းဒေသ၏ မြင့်သော အပူချိန်၊ အစိုဓာတ်များသော မြေဆီလွှာ၊ အရွက်၏အရွက်သေးငယ်ခြင်းတို့မှာ လျင်မြန်စွာဆွေးစေခြင်း၏ အကြောင်းရင်းများဖြစ်သည်။ မြေသို့ကျပြီး (၂) ပတ်အတွင်း အပင်များစားသုံးနိုင်သော အခြေအနေသို့ရောက်လာသည်။ ဘောစကိုင်းအရွက်တွင် နိုက်ထရိုဂျင်ဓာတ် (၄) ရာနှုန်းပါဝင်သည်။ ဘောစကိုင်းစိုက်ခင်း တစ်ဟက်တာမှ တစ်နှစ် ကာလအတွင်း နိုက်ထရိုဂျင် ကီလို (၅၀၀) မှ (၆၀၀) ရရှိနိုင်သည်။ ဘောစကိုင်းအရွက်ကို မြေဩဇာအဖြစ် အသုံးပြုသော ပြောင်းစိုက်ခင်းမှာ ဓာတ်မြေဩဇာများ အသုံးပြုသကဲ့သို့ပင် အထွက်နှုန်းကောင်းသည်။ ပြောင်းစေ့ တစ်တန်ပိုထွက်ရန် ဘောစကိုင်းရွက်ခြောက်အလေးချိန် တစ်တန်သုံးရန် လိုအပ်သည်။ ထိုအလေးချိန်မှာ အစို အလေးချိန် (၄) တန်နှင့် ညီမျှသည်။ ဘောစကိုင်း တစ်ဟက်တာစိုက်ခင်းမှ တစ်နှစ်အတွင်းရရှိသော အရွက်များ၏ နိုက်ထရိုဂျင်တန်ဖိုးမှာ အမိုနီယမ်ဆာလ်ဖိတ် တစ်တန်နှင့် ညီပေသည်။
ဘောစကိုင်းအရွက်မှာ သဘာဝအလျောက် ”ရွက်စိမ်းမြေဩဇာ” (Green Manuring ဖြစ်လျက်ရှိသည်။) တစ်ဟက်တာအတွင်း အပင်တစ်သောင်းမှ နှစ်စဉ် အရွက်ခြောက်အလေးချိန် (၈.၅) တန်ဖြစ်ပြီး နိုက်ထရိုဂျင် ဓာတ် (၁၀၀) ကီလိုနှင့် ညီမျှသည်။ တိရိစ္ဆာန်ချေးများကဲ့သို့ပင် မြေဩဇာကောင်းသည်။ နိုက်ထရိုဂျင်ဓာတ်ကို ဆုံးပါးစေသော အဏုဇီဝရုပ်များ မြေဆီလွှာအတွင်းရှိနေလင့်ကစား အပင်အတွက် အာဟာရများ ထောက်ပံ့နိုင် သည်။ ဘောစကိုင်းအရွက်၏ (၆၅) ရာနှုန်းသော နိုက်ထရိုဂျင်ဓာတ်ကို အပင်များစားသုံးနိုင်သည်။ ဘောစကိုင်း အရွက်များသည် နိုက်ထရိုဂျင်တစ်မျိုးတည်းသာမက အခြားအာဟာရများကိုလည်း ထောက်ပံ့လျက်ရှိသည်။ ဘောစကိုင်းအမြစ်များသည် မြေ၏အနက်ပိုင်းမှ မီးစုန်းနှင့် ပိုတက်စီယမ်ဓာတ်များကို အပင်အတွက် စုပ်ယူပေး သည်။ မြေတစ်ဟက်တာမှ တစ်နှစ်တာကာလအတွင်း ကြွေကျသော ဘောစကိုင်းအရွက်များတွင် မီးစုန်း(၄၄) ကီလိုနှင့် ပိုတက်စီယမ် (၁၈၇) ကီလိုပါဝင်သည်။ ထို့ပြင် ထုံးဓာတ်နှင့် အခြားအနည်းလိုဓာတ်စင်များလည်း ပါဝင်သည်။

✍️ ဦးဖရက်သိန်းဖေ (စိုက်ပျိုးရေးစာစုများ)
Credit: အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်။

 #အော်ဂဲနစ်က ဘာကြောင့်ကောင်းသလဲဆိုသည့် အကြောင်းပြချက် (၈) ချက် (၁) အော်ဂဲနစ်လယ်ယာစိုက်ပျိုးခြင်းက မြေဆီလွှာကို ပိုကောင်း...
16/05/2025

#အော်ဂဲနစ်က ဘာကြောင့်ကောင်းသလဲဆိုသည့် အကြောင်းပြချက် (၈) ချက်

(၁) အော်ဂဲနစ်လယ်ယာစိုက်ပျိုးခြင်းက မြေဆီလွှာကို ပိုကောင်းစေပါတယ်။

အော်ဂဲနစ်လယ်ယာ ကိုလက်တွေ့ကျင့်သုံးခြင်းဖြင့် သီးနှံပင်တွေရဲ့ အမြစ်များက ခပ်နက်နက်ဆင်းပြီး (၈၀) ရာခိုင်နှုန်းထက်ပိုသောမြေဆီလွှာ အဏုဇီ၀သက်ရှိအထူးသဖြင့်မှိုတွေက သစ်ပင်ရဲ့အမြစ်တွေမှာ အတူရှိနေပြီးတော့ အပင်အဟာရတွေကို စုပ်ယူထားကြတယ်။

(၂)အော်ဂဲနစ်အစားအစာက ကင်ဆာကို တိုက်ခိုက်ရာမှာကူညီတယ်။

လေဖြတ်တာ မဖြစ်အောင်ကူညီတယ်။အော်ဂဲနစ်အပင်များမှ ထောက်ပံ့ပေးတဲ့ အစာတွေထဲက Salicylic Acid (အက်စပရင်းဆေးမှာ အဓိကပါဝင်) ဟာရောဂါနဲ့ ဖိစီးမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၃) အော်ဂဲနစ်လယ်ယာ စိုက်ပျိုးခြင်းကသဘာ၀မျိုးစိတ် (Wild Species) တွေကို (၅၀) ရာခိုင်နှုန်းထက်ပိုလာစေပြီး ငှက်မျိုးစုံတွေကို (၄၅) ရာခိုင်နှုန်းအထိပိုပြီးဆွဲဆောင်စေတယ်။ အော်ဂဲနစ်လယ်ကွက်တွေမှာလည်း လိပ်ပြာတွေ အဏုဇီ၀သက်ရှိတွေ အခြားသမားရိုးကျ စိုက်ကွင်းတွေထက် (၂)ဆ ပိုမိုဆွဲဆောင်ပါတယ်။

(၄) အော်ဂဲနစ်အစားအစာက အဟာရဓာတ်ပိုပြီးပါဝင်ပါတယ်။

ဒါကလည်း အံဩစရာတော့ မဟုတ်ပါဘူး။ အော်ဂဲနစ် မဟုတ်တဲ့စနစ်တွေက ဓာတုပစ္စည်းတွေကို မြန်သထက်မြန်မြန်ကြီးထွားစေဖို့ အသုံးပြုတဲ့အတွက် အစားအစာအပေါ်မှာအာဟာရအကျိုးသက်ရောက်မှု အချိန်ကာလမရှိတော့ပါဖူး။နှစ်ပေါင်း (၅၀)မျှ ဓာတုအသုံးပြုလို့ မိမိတို့ရဲ့ထုတ်လုပ်မှုကျဆင်းလာတဲ့အတိုင်း မိမိတို့ထုတ်ကုန်ရဲ့ အာဟာရတန်ဖိုးတွေကလည်း ကျဆင်းလာတယ်။ အာလူးမှာဆိုရင်ဗီတာမင် A (၁၀၀) ရာခိုင်နှုန်းမရှိတော့ဘူး။

ဗီတာမင်(C) နဲ့ သံဓာတ် (Fe) က၊ (၅၅) ရာခိုင်နှုန်း ပျောက်ဆုံးနေပြီးတော့ ထုံးဓာတ် (Ca) (၂၅) ရာခိုင်နှုန်းနဲ့ဗီတာမင် B ရရှိစေနိုင်မဲ့ ရိုင်ဗိုလေလင်က (၅၀) ရာခိုင်နှုန်းဆုံးရှုံးကုန်တယ်။ ပုလဲ ကဲ့သို့ ဓာတ်မြေဩဇာက အာလူးရဲ့ အရသာကိုပျက်ယွင်းစေတယ်။ ယခင်ပုလဲ ယူရီးယားမထည့်တဲ့အာလူးက သကြားပွင့်နေသလိုမျိုးပဲ စားရတာလည်း လျှာထဲမှာပျော်သွားလောက်အောင် အရသာရှိပါတယ်။

(၅) လူတွေရဲ့ ကျန်းမာရေးအတွက် အသီးတွေထဲမှာ ပန်းသီးကို တန်ဖိုးထားကြပါတယ်။ အော်ဂဲနစ်ပန်းသီးက ကျန်းမာရေးနဲ့ပြည့်စုံစေပါတယ်။မိမိတို့အနေနဲ့ ပန်းသီးစိုက်ပျိုးရေးခြံတွေကို ရောက်ဘူးကြပါသလား။ ပန်းသီး တစ်လုံးကောင်းမွန်စွာ စားသုံးရဖို့ မှိုသတ်ဆေး၊ပိုးသတ်ဆေးမျိုးစုံ အသုံးပြုနေကြတာကို တွေ့မြင်ကြရမှာပါ။ ဒီလိုနည်းလမ်းနဲ့ အော်ဂဲနစ်နည်းလမ်းမှ ရလာတဲ့ ပန်းသီးရဲ့ကွာခြားမှုကအလွန်ကို ကြီးမားလှပါတယ်။ အော်ဂဲနစ်ပန်းသီး က အရသာထူးခြားကောင်းမွန်တယ် အာဟာရလည်း ပိုပြီးပါဝင်ပါတယ်။ "အော်ဂဲနစ် ပန်းသီးနေ့စဉ်စားရင် ဆရာဝန်မလိုအပ်တော့ပါဘူး။''တဲ့။

(၆) အော်ဂဲနစ်လယ်ယာစိုက်ပျိုးခြင်းက ရာသီဥတုပတ်ဝန်းကျင်ကို ကာကွယ်ပေးနိုင်ပါတယ်။

အော်ဂဲနစ်မြေဆီလွှာက ကာဗွန်ကိုသယ်ဆောင်တဲ့ အဏုဇီ၀ သက်ရှိတွေနဲ့ ပြည့်၀ရှင်သန်နေပါတယ်။ စမ်းသပ်မှုများအရ မြေဆီလွှာတိုးတတ်မှုဟာအော်ဂဲနစ်မြေမှာရာခိုင်နှုန်း (၁၂၀)တိုးတတ်ပြီး ဓာတုပစ္စည်းအသုံးပြုမှုမှာ စမ်းသပ်ချက်အရ (၂၀) ရာခိုင်နှုန်းတိုးတတ်တာတွေ့ရတယ်။ အော်ဂဲနစ်လယ်ယာမှာအော်ဂဲနစ်ကာဗွန်ထုတ်လုပ်မှု (၂၅)ရာခိုင်နှုန်းပိုမိုပြီး မြေဆီလွှာထဲမှာ သိုမှီးထားနိုင်တယ်။

(၇)ခြောက်သွေ့တဲ့ အခြေအနေမှာ အော်ဂဲနစ်လယ်ယာရဲ့ထုတ်လုပ်မှုက အထွက်ပိုမြှင့်မားစေတယ်။

အော်ဂဲနစ်မြေဆီလွှာက အစိုဓာတ်ကို ပိုပြီးထိန်းထားနိုင်တယ်။ အမြစ်အဖွဲ့အစည်းကလည်း မြေကြီးအောက်ကို နက်နက်ဆင်းလို့ အစိုဓာတ်ပိုရစေတယ်။ ကနေဒါနိုင်ငံ အော်ဂဲနစ် စိုက်ပျိုးသူများက
သမားရိုးကျထက်ပိုပြီးတော့ ခြောက်သွေ့အခြေအနေမှာ အထွက်ပိုကောင်းအောင် ထုတ်လုပ်နိုင်တယ်
လို့ဆိုပါတယ်။

(၈) အော်ဂဲနစ်အစားအစာက လုံခြုံစိတ်ချရတယ်။

နောက်ဆုံးအချက်ကတော့ အော်ဂဲနစ်အစားအစာဟာ လုံခြုံစိတ်ချရပါတယ်။အော်ဂဲနစ်လယ်ယာ အလုပ်အကိုင်ကို ပိုမို ဖန်တီးပေးနိုင်တယ်။ အမြတ်ပိုရစေတယ်။ နိုက်ထရိုဂျင်စီးဆင်းမှုမဖြစ်တဲ့ အတွက်ရေထုမညစ်ညမ်းစေပါဘူး။ ဒီလောက်တင်မဟုတ်ပါဘူး။ နိုင်ငံတကာ စိုက်ပျိုးရေးကို သွားရောက်လေ့လာကြည့်မယ်ဆိုရင် သမားရိုးကျနဲ့ စိုက်ပျိုးထုတ်လုပ်သူတွေက ဓာတုပစ္စည်းတွေနဲ့ လက်ပွန်းတတီး အသုံးပြုနေရလို့ကျန်းမာရေးဆုံးရှုံးမှုဖြစ်တယ်ဆိုတဲ့အချက်ကိုတွေ့ရမှပါ။ နောက်ဆုံးမှာတော့ အော်ဂဲနစ်လယ်ယာအလေ့အကျင့်ဟာ အားလုံကိုအောင်နိုင်သွားမှာပါ။ အာဟာရကောင်း၊ဓာတုအန္တရာယ်မရှိ၊ တစ်နှစ်ပတ်လုံးအတွက်အထွက်ကောင်း၊သဘာ၀သက်ရှိပိုမိုပွားများလာမယ်။ မြေဆီလွှာအရည်အသွေးပိုကောင်းကာ လူတွေလည်းဖျားနာတာမဖြစ်တော့ပါဖူး။
Credit
——



crd မင်းဝင်းထိန် (B.Ag)

ထိုင်းနိုင်ငံက ကုန်စိမ်းရောင်းတဲ့စျေးကားဟင်းရွက်စုံ၊သစ်သီးဝလံ၊အသားငါးပုစွန် လိုချင်တာအကုန်ရတယ်။တခါတလေ ရေဘဝဲနဲ့ကျောက်ပုစွ...
08/08/2024

ထိုင်းနိုင်ငံက ကုန်စိမ်းရောင်းတဲ့စျေးကား
ဟင်းရွက်စုံ၊သစ်သီးဝလံ၊အသားငါးပုစွန် လိုချင်တာအကုန်ရတယ်။တခါတလေ ရေဘဝဲနဲ့ကျောက်ပုစွန်တွေတောင်ဝယ်လို့ရတယ်👍

သန့်ရှင်းတယ် သပ်ရပ်တယ် လတ်ဆက်တယ်
ထုပ်ပိုးမှုစနစ်က မြင်သူတိုင်းကိုဆွဲဆောင်နေတယ်.

အချိုတည်းဖို့အတွက် မုန့်လက်ဆောင်း၊
အုန်းနို့ကျောက်ကျော၊ရွှေရင်အေး၊သီးစုံဖာလူဒါ၊
ပဲနို့ အမျိုးစုံလင်းစွာ အရံသင့်ဝယ်စားလို့ရအောင်
လှလှပပလေး ထုပ်ထားတော့ အခုမြင် အခုဝယ်စားချင်စိတ်ပေါက်အောင် ဆွဲဆောင်ထားနိုင်တယ်။

သူတို့လူမျိုးတွေရဲ့ သန့်ရှင်းမှုနဲ့စနစ်ကျမှုဟာ အတုယူထိုက်ပါတယ်👍❤

❤❤❤
Chang

ကညွတ်စိုက်ပျိုးနည်း👩‍🌾👩‍🌾👩‍🌾=================သမပိုင်းဒေသမှာ ပေါက်ရောက်မှုများတဲ့ ကညွတ် က မြန်မာနိုင်ငံမှာ စိုက်ပျိုးသူမျ...
06/08/2024

ကညွတ်စိုက်ပျိုးနည်း👩‍🌾👩‍🌾
👩‍🌾

=================
သမပိုင်းဒေသမှာ ပေါက်ရောက်မှုများတဲ့ ကညွတ် က မြန်မာနိုင်ငံမှာ စိုက်ပျိုးသူများလာပြီး ဝင်ငွေကောင်းစေသော သီးနှံတစ်ခု ဖြစ်နေပါတယ်။ အရသာရှိပြီး ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ်၊ သတ္ထုဓာတ်နဲ့ သက်စောင့်ဓာတ်များစွာ ကြွယ်ဝတဲ့ ကညွတ် ဟာ ကျန်းမားရေးအတွက် မဖြစ်မနေစားသင့်သော ဟင်းသီးဟင်းရွက် တစ်မျိုးပဲ ဖြစ်ပါတယ်။ ကညွတ်က နှစ်ပေါင်း ၂၀ ကျော်အောင် ခူးယူနိုင်သော နှစ်ရှည် ဟင်းသီးဟင်းရွက် ဖြစ်ပါတယ်။

မြေရွေးချယ်ခြင်းနှင့် ပြင်ဆင်ခြင်း

ကညွတ် က မြေဆီထက်သန်ပြီး ရေဝင်ရေထွက်ကောင်းသော မြေကြီးအမျိုးစားကို နှစ်သက်ပါတယ်။ အက်စစ်ဓာတ်ဆန်သော (မြေချဉ်သော) အမျိုးစားကို မကြိုက်ပါဘူး။ နှစ်ရှည်ပင်ဖြစ်တဲ့အတွက်ကြောင့် စတင်စိုက်ပျိုးကတည်းက မြေကို အကောင်းဆုံးဖြစ်အောင် အချိန်ယူပြီး ပြင်ဆင်ထားသင့်ပါတယ်။

အချိန်ရမယ်ဆိုရင်တော့ ကညွတ် စိုက်မည့် မြေကြီးမှာ ပဲမျိုးရင်ဝင် တစ်ခုခုကို သစ်စိမ်းမြေသြဇာ အဖြစ် စိုက်ပျိုးပြီး မြေကို အဟာရ ပြည့်ဝအောင် ပြင်ဆင်ထားသင့်ပါတယ်။ ထို့ပြင် မြေကြီးထဲတွင် ရေရှည် အဟာရ ပြည့်ဝနေရန်အတွက် သဘာဝမြေသြဇာများကို တက်နိုင်သလောက် များများ ထည့်ထားပါ။

စိုက်ပျိုးမည့် မြေကြီးထဲမှာ ရှိနေတဲ့ အပင်အကြွင်းအကျန်များကို အမြစ်ပါမချန် ရှင်းလင်းပစ်ပါ။

မြေကြီး အနက် ၆-၈ လက်မအထိ မြေကို ပွနေစေရန် ထွန်ယက်ပေးပါ။

မြေဆွေးကို စိုက်ပျိုးမည့် မြေကြီးအထက် ၂-၃ လက်မအထိ ဖြန့်ပေးပြီး မြေကြီးထဲသို့ ရောမွှေပေးပါ။

မြေကြီးက အချဉ်ပေါက်နေပါက ထုံးဓာတ်ပြီး သမသည့် အနေအထားရောက်အောင် ပြုပြင်ပါ။ (ချဉ်ငန်ဓာတ် ကိန်းဂဏန်းပေါ်မူတည်ပြီး ထုံးပမာဏ ကွာခြားပါသည်)

မြေကြီးကို ၁၂ လက်မ အကျယ် ၈-၁၂ အမြင့် ဘောင်ပြုလုပ်ပေးပါ။ တစ်တန်းနှင့် တစ်တန်းကြား အနည်းဆုံး ၂ ပေထားပေးပါ။

စိုက်ပျိုးခြင်း

(က) အစေ့မှ စိုက်ပျိုးခြင်း

အစေ့မှ စိုက်ပျိုးခြင်းသည် အပင်ပေါက်ရောက်မှုနည်းသည့်အတွက် ဥမှ စိုက်ကြသူ များပါတယ်။ အစေ့မှ စိုက်ပျိုးပါက မျိုးစေ့ကို ရေ (၃-၄) ရက်ခန့် ကြာအောင် စိမ်ထားသင့်ပါတယ်။ ရေကို တစ်နေ့တစ်ခါ လဲပေးရမည်။ ထိုနောက် ပျိုးဘောင်ပေါ်တွင် တစ်စေ့နှင့် တစ်စေ့ ၁ လက်မ ၁လက်မခွဲခန့်၊ တန်းကြား ၁ ပေခန့် ထားပြီး ပျိုးထောင်ပါ။ ၂-၆ ပတ်အကြာတွင် အပင်ပေါက်လာပြီး တစ်လသားခန့်တွင် ပျိုးအိတ်ထဲသို့ ပြောင်းထဲပါ။ ပျိုးပင် ၄ လသား အရွယ်တွင် ရွေ့ပြောင်း စိုက်ပျိုးနိုင်ပါတယ်။

(ခ) ဥမှ စိုက်ပျိုးခြင်း

မိုးဦးပိုင်းတွင် စတင်စိုက်ပျိုးနိုင်ပါ။ ပင်ကြား ၁-၁.၅ ပေထိ ထားပြီး တန်းကြား ၃-၄ ပေခန့် ထားသင့်ပါသည်။ ကျင်းကို ၈ လက်မ အနက်ထိ တူး၍ စိုက်ပျိုးနိုင်ပါသည်။

ထိန်းသိမ်းပြုစုခြင်း

ကညွတ် စိုက်ပျိုးပြီး တစ်နှစ်ကြာသည်အထိ အပင်၏ အမြစ်များ အားကောင်း သန်မာစေရန်အတွက် အစို့များကို ခူးဆွတ်ရိတ်သိမ်းခြင်း မပြုလုပ်ပါနှင့်။ ပေါင်းများကို အခါအားလေ ြှာျစှာ ရှင်းပေးပါ။ မြေကြီး မြေသြဇာ ထက်သန်စေရန်နှင့် မွနေစေရန်အတွက် မြေဆွေး၊ သစ်ရွက်ဆွေးများကို ထည့်သွင်းပေးပါ။

ရိတ်သိမ်းခြင်း

၂နှစ်သားမှ စ၍ ရိတ်သိမ်းနိုင်ပါတယ်။ ရိတ်သိမ်းမည့် အစို့များမှာ ၆-၈ လက်မအထိ ရှိရပါမယ်။ အစို့များကို လက်ဖြင့် အလွယ်တကူချိုးယူနိုင်ပါတယ်။ ဓားဖြင့် လှီးဖြတ်ပါက ဘေးနားရှိ အစို့အငယ်လေးများနှင့် ပင်မအမြစ်စုံ (ဥ) များကို မထိခိုက်မစေရန် သတိထားပြီး လှီးဖြတ်ပါ။

မြန်မာနိုင်ငံအတွင် နှစ်ရှည်ပင် စိုက်ပျိုးရေး

ကိုအေးမင်းအောင် (ဝမ်းတွင်းမြို့)

မျိုးစေ့/ပျိုးပင်များနှင့်ဧကပြတ်စိုက်ပျိုးလိုသောမိတ်ဆွေများအတွက်
credit

မိုးရေခံနည်းများ
02/08/2024

မိုးရေခံနည်းများ

စစ်ဘေးက နှိပ်စက်...ရွှေဈေး...ဒေါ်လာဈေးတွေကတက်...အခုဆို တစ်နိုင်ငံလုံးလိုလို...ရေတွေတက်တော့ စိုက်ခင်းတွေလည်းပျက်...သီးနှံ...
31/07/2024

စစ်ဘေးက နှိပ်စက်...ရွှေဈေး...
ဒေါ်လာဈေးတွေကတက်...
အခုဆို တစ်နိုင်ငံလုံးလိုလို...
ရေတွေတက်တော့ စိုက်ခင်းတွေလည်းပျက်...
သီးနှံဈေးတွေက ဈေးထပ်တက်လိမ့်ဦးမယ်...
ရေဘေး/ စစ်ဘေး လွတ်နေသေးတဲ့
ဒေသမှာ နေသူတွေက
တော်ရုံအသီးအနှံဆို ဝယ်စားစရာ
မလိုအောင် ‌မြေနေရာမရှိရင်တောင်
ပန်းအိုးလေးတွေနဲ့ စိုက်ကြပါ...
စေတနာရှေ့ထား အကြံပြုရခြင်းပါဗျ...

Link ကိုနှိပ်ပြီး စိုက်ပျိုးနည်းများကိုဝင်ကြည့်ပါ
👇👇👇👇👇👇👇👇👇👇👇👇👇👇👇

မိုးမျှော်ငရုတ်/ ပန်းငရုတ် ပန်းအိုးဖြင့်စိုက်နည်း
https://www.facebook.com/share/JqUEEs4mdRkj4Tj1/?mibextid=oFDknk

ဂွေးတောက်ရွက်ပင် စိုက်ပျိုးနည်း
https://www.facebook.com/share/p/RDhaDSLFQsJS5DAX/?mibextid=oFDknk

ရှားစောင်းလက်ပက် စိုက်ပျိုးနည်း
https://www.facebook.com/share/p/g3F89ehhVr9vEM2S/?mibextid=oFDknk

သင်္ဘောပင်စိုက်ပျိုးနည်း
https://www.facebook.com/share/p/RssNB2KmnQ5M87xc/?mibextid=oFDknk

ဘူးသီး/ သခွားသီး/ ရုံးပတီသီး စိုက်နည်း
https://www.facebook.com/share/p/eKuvLJMtc88qRQeg/?mibextid=oFDknk

အမြစ်သန်ဆေးရည်ဖော်စပ်နည်း
https://www.facebook.com/share/p/RBkgMnupeyhdaVqR/?mibextid=oFDknk

ဆလပ်ရွက်/ ဂျင်း/ အာလူး/ ကြက်သွန်မြိတ်
https://www.facebook.com/share/p/bVR9jjDPkBxzhNe2/?mibextid=oFDknk

မြေဆီလွှာပြဿနာ ပြုပြင်ဖြေရှင်းနည်း
https://www.facebook.com/share/p/RFGpb2PwPZXz9TAD/?mibextid=oFDknk

မုန်လာဥနီ/ ကြက်သွန်ဖြူ/ နံနံပင်/ စပါးလင်/
နိုကိုဥ/ ပူစီနံ/ ပင်စိမ်း/ မုန်ညှင်းထုပ်/ ကန်စွန်းဥ/ ကြက်သွန်နီ
https://www.facebook.com/share/ADZk4ySADGR5n4EB/?mibextid=oFDknk

မာလကာပင် စိုက်ပျိုးနည်း
https://www.facebook.com/share/RXBnG69shB59nN2k/?mibextid=oFDknk

သီးပင်စားပင်များကို ပန်းအိုးဖြင့်စိုက်နည်း
https://www.facebook.com/share/S6rbuBnsh4RYUPwK/?mibextid=oFDknk

မူရင်းတင်ပေးသူများအား Credit ပါခင်ဗျ...

လက်သမားများအတွက် အသုံးချ
26/07/2024

လက်သမားများအတွက် အသုံးချ

Good Ideas
26/07/2024

Good Ideas

**ဒူးနာတဲ့သူတွေကို ကိုယ်ခြင်းစာလို့တင်ပေးလိုက်တာပါ…(လက်တွေ့ ဒူးနာပျောက်ဆေးနည်းတခုပါ)ဒူးနာပျောက်တဲ့ဆေးနည်း    လက်တွေ့သက်သ...
24/07/2024

**ဒူးနာတဲ့သူတွေကို ကိုယ်ခြင်းစာလို့တင်ပေးလိုက်တာပါ…(လက်တွေ့ ဒူးနာပျောက်ဆေးနည်းတခုပါ)

ဒူးနာပျောက်တဲ့ဆေးနည်း

လက်တွေ့သက်သာခဲ့တာမို့ ဒူးနာနေတဲ့မိတ်ဆွေတွေ လုပ်ကြည့်စေချင်ပါတယ် ညာဖက်ဒူးကတစစ်စစ်နဲ့ကိုက်ကိုက်ပြီးနာနေတာ တော်တော်ကြာပေါ့ နာလာရင်အော်နေရတယ် …

ဆေးမျိုးစုံလိမ်းကြည့်တာ ပူပြီးနံတယ် …ခဏသက်သာတယ်ပြီးတော့ ပြန်ဖြစ်ရော …ဒါနဲ့ ခြေဖနောင့်နာတုန်းကလုပ်ဖူးတဲ့ ဆေးနည်းအတိုင်း လုပ်ကြည့်မယ်ဆိုပြီး ပြန်လုပ်ကြည့်တာပါ

….ရှားစောင်းလက်ပတ် လက်တဝါးစာကို ဆူးတွေ လှီးထုတ်ပြီးအပြားလိုက်နှစ်ခြမ်းခြမ်းလိုက်ပါ ….ပြီးရင်မီးနွေးနွေးလေးကင်ပါ အပူခံနိုင်သလောက်ကင်ပြီးရင် ဒူးခေါင်းပေါ်မှာဖြေးဖြေးခြင်းတင်ပါ …..

ပြီးရင်ရှားစောင်းလက်ပတ်ပြုတ်ကျမှာစိုးလို့ ပုံပါအတိုင်း ကြွပ်ကြွပ်အိပ် ကိုအနေတော်ညှပ်ပြီ အပြင်မှာပြန်ကပ်ထားပါ ….ပြီးရင် ကြွပ်ကြွပ်ကြိုးနဲ့မလျှော့မတင်းစီးပြီးထားပါ သွားစရာမရှိရင်တော့ နေလည်လဲလုပ်ထားလို့ရပါတယ် …..

ညအိပ်ရာဝင်လုပ်ထားရင် ပိုကောင်းတယ် တညလုံးစည်းပြီးအိပ်လိုက် မနက်ကျတော့ပြန်ဖြေ နောက်ရက်ညအိပ်ရာဝင်တခါထပ်လုပ် အနာပေါ်မူတည်ပြီးပျောက်ပါမယ် …. ၃ ရက်ဆက်လုပ်တာနဲ့ခုပျောက်သွားပြီ …..

ခုတော့ချော်လဲထားတဲ့ ဘယ်ဖက်ဒူးကဒဏ်ကိုပြန်လုပ်ထားတာပါ ….ခြေဖနောင့်နာရင်လဲ ဒီအတိုင်းပဲလုပ် ခုထိပြန်မနာတော့ပါဘူး….. ဒူးနာတဲ့သူတွေကို ကိုယ်ခြင်းစာလို့တင်ပေးလိုက်တာပါ။

ဒူးနာခြင်းမှကင်ဝေးကြပါစေ…..။
crd.

အပင်အတွက်လိုအပ်တဲ့ NPK ဆိုတာ … မြေဩဇာဟုဆိုရာတွင် အကြမ်းဖျဉ်းအားဖြင့် NPK ပါရမယ်လို့သိထားကြပါတယ်။ NPK ဆိုတာN - Nitrogen (...
20/07/2024

အပင်အတွက်လိုအပ်တဲ့ NPK ဆိုတာ …

မြေဩဇာဟုဆိုရာတွင် အကြမ်းဖျဉ်းအားဖြင့် NPK ပါရမယ်လို့သိထားကြပါတယ်။ NPK ဆိုတာ

N - Nitrogen (N) နိုက်ထရိုဂျင်
P - Phosphorus ဖော့စ်ဖောရပ်စ်
K - Potassium ပိုတက်စီယမ် ပဲ ဖြစ်ပါတယ်။

~နိုက်ထရိုက်ဂျင်Nitrogen(N) - အရွက်အညွှန့်၊့အကိုင်းအခက် ၊ အသီးအပွင့် ၊ ဥနဲ့အစေ့၊ အမြစ်နဲ့ပင်စည်တွေကို အားပေးတာဖြစ်တယ်။
~ဖော့စ်ဖေါရပ်စ် phosphorus (P) - အပွင့်နဲ့အသီးကိုအားပေးစေတယ်။
~ပိုတက်စီယမ် Potassium (K) - အမြစ်ကိုအားပေးတယ်။ပင်စည်ဆဲလ်တွေသန်မာစေပါ
တယ်။ ပင်စည်ကနေ အညွှန့်အရွက်အထိကို မြေသြဇာပို့ပေးစေတယ်။အသီးကိုချိုစေတယ်။အသီးအရောင်လှစေတယ်

မိမိစိုက်တဲ့အပင်က အရွက်အခက် အပင်လား၊ အသီးအပွင့်အပင်လား၊ ပင်စည်းအသုံးပြုပင်လား ဆိုတာကို ခွဲခြားသိရမယ်။ ဒီတော့မှ လိုအပ်တဲ့မြေသြဇာကို လိုအပ်ချိန်မှာ ပေးမယ်ဆိုရင် အပင်အတွက်လည်းကောင်းမယ်။ ကုန်ကျစရိတ်လည်းသက်သာမယ်။
ဥပမာ သစ်သီးပင် အသီးသီးဖို့အရွယ်မရောက်ခင်မှာ အပွင့်အသီးအတွက် မြေသြဇာကို ပေးရင် ပိုက်ဆံကုန်တာပဲရှိမယ်။ အသီးအပွင့်ရမှာမဟုတ်ဘူး၊
အလားတူပဲ အပွင့် အသီးထွက်ရမယ့် အချိန်မှာ အသီးအပွင့်အတွက် မြေသြဇာ မပေးဘူးဆိုရင် အသီးအပွင့်ကောင်းကောင်းရမှာမဟုတ်ပါ။
မြေသြဇာကို 3 မျိုးခွဲခြားထားပါတယ်။
1) သဘာဝမြေသြဇာ
2) ဓါတ်မြေသြဇာ
3) ဇီဝ မြေသြဇာ(ဘိုင်အိုမြေဩဇာ)
သဘာဝမြေသြဇာနဲ့ဓါတ်မြေသြဇာအားနည်းအားသာချက်
=============================
~သဘာဝမြေသြဇာကအပင်ကစုပ်ယူစားသုံးဖို့့မြေသြဇာ ဖြစ်ဖို့အချိန်ကြာတယ်။ NPK အချိုးကို အတိအကျသိရဖို့ခက်မယ်။ အရေအတွက်များများသုံးရတယ်။ ဒါပေမယ့် မြေပွမြေဆွေးဖြစ်စေတယ်။ ရေရှည်အတွက်ကောင်းတယ်။
~ဓါတ်မြေသြဇာက လိုအပ်တဲ့ NPK အချိုးကို အတိအကျသိနိုင်တယ်။ အရေအတွက်နည်းနည်းပြီး အမြန်မြေသြဇာပျော်၀င်တယ်။အပင်ကိုလိုအပ်သလိုပေးနိုင်တယ်။ဓါတ်မြေသြဇာတစ်မျိုးသုံးရင်မြေကြပ်ပြီးမြေခံမြေဆီ
ခန်းတယ်။ရေရှည်အတွက်မကောင်းပါ။
(1) သဘာဝမြေသြဇာ
- တိရိစ္ဆာန်ချေးတွေကရတာဖြစ်တယ်။
- သစ်ရွက်၊မြက်၊ သစ်ကိုင်းတွေကို စုပုံနှပ်ပြီးရတယ်။
- မြေသြဇာအစို။ မြေသြဇာအစိုဆိုတာက ဥပမာ မြေပဲလိုမျိုး ပဲတမျိုးကို စိုက်ပြီး ပဲပွင့်လာရင်ထွန်ပြီးအုပ်လိုက်ရင် ရတဲ့မြေသြဇာဖြစ်တယ်။
(2) ဓါတုမြေသြဇာ
ဓါတ်တုမြေသြဇာ က ဓါတ်တုပစ္စည်းတွေနဲ့မြေသြဇာဖြစ်အောင်လုပ်ထားတာဖြစ်ပါတယ်။
ဓါတ်မြေသြဇာမှာ -
နိုက်ထရိုက်ဂျင် Nitrogen တမျိုးတည်းပါတဲ့တာရှိတယ်။
ဖော့စ်ဖေါရပ်စ် phosphorus (P) တမျိုးတည်းပါတဲ့တာရှိတယ်။
ပိုတက်စီယံ Potassium (K) တမျိုးတည်းပါတဲ့တာရှိတယ်။
NPK 3 မျိုးလုံးပါတာရှိတယ်။
ဓါတ်မြေသြဇာအိတ်တွေမှာ ရေးထားကိန်းဂဏန်းတွေကို သတိထားကြည့်ရပါမယ်။
45-0-0 လို့ရေးထားရင် နိုက်ထရိုက်ဂျင် Nitrogen တမျိုးတည်းပါတာဖြစ်တယ်။
0-45-0 လို့ရေးထားရင် ဖော့စ်ဖေါရပ်စ် phosphorus (P) တမျိုးတည်းပါတာဖြစ်တယ်။
0-0-45 လို့ရေးထားရင် ပိုတက်စီယံ Potassium (K) တမျိုးတည်းပါတာဖြစ်တယ်။
15-15-15 လို့ရေးထားရင် NPK သုံးမျိုးလုံးပါ၀င်တာဖြစ်တယ်။ အများက15ပတ်လည်မြေသြဇာလို့ခေါ်ကြပါတယ်။
အဲ့ဒီကိန်းဂဏန်းတွေက ကီလို 100 မှာ ပါ၀င်တဲ့ ရာခိုင်နှုန်းဖြစ်တယ်။ ကိန်းဂဏန်း အနည်းအများပေါ်မူတည်ပြီး ဓါတ်မြေသြဇာ အာနိသင် အနည်းအများကွာခြားပါတယ်။
အပင်တွေကို ဓါတ်မြေသြဇာ 15 ပတ်လည်ပေးရမယ်လို့ပြောနေတာကြတာကို အမြဲလိုလိုကြားရပါတယ်။ သစ်သီးပင် စစိုက်ချိန်မှာ အရွက်အခက် သန်ဖို့နဲ့အမြစ်သန်ဖို့ပင်စည် ကောင်းဖို့လိုတယ်။ အဲ့ဒီတော့ စစိုက်ချိန်မှာ အပင်သန်ဖို့က N အမြင့် ဂဏန်းပါတဲ့ဓါတ်မြေသြဇာကိုပေးရမယ်။ ဥပမာ 35-5-15အချိုးပါအရှေ့ကNအမြင့်ဂဏန်းပါတဲ့ဓါတ်မြေသြဇာဖြစ်ရပါမယ်။
(3) ဇီဝမြသြဇာ(ဘိုင်အိုမြေဩဇာ)
ဘိုင်အိုမြေသြဇာဆိုတာက အကျိုးပြုအနုဇီ၀ပိုး(EM~ Effective Microorganism)တွေရဲ့အကူအညီနဲ့ အပင်စားသုံးနိုင်တဲ့မြေသြဇာကိုပြုလုတ်ပေးတာဖြစ်တယ်။
အကျိုးပြုအနုဇီ၀ပိုးတွေကိုအီးအမ်(EM)ကနေရရှိတာဖြစ်
တယ်။ EM ကိုသယ်ယူသုံးစွဲရန်ပုံစံ2မျိုးပြုလုတ်နိုင်ပါတယ်။ အရည်(EM1)သို့မဟုတ် အမှုန့်(ဥပမာ ဖွဲနုဘိုကာရှီ) များအနေနဲ့ပြုလုပ်ပြီးသုံးစွဲနိုင်ပါတယ်။EMပြုလုတ်လုတ်ပုံများ ကိုအောက်မှာဖေါ်ပြပေးထားပါတယ်။
သဘာဝမြေသြဇာဖြစ်တဲ့ နွားချေး၊ ကြက်ချေး၊ ငှက်ချေး၊ ၀ကျခြေး၊ သစ်ရွက်ခြောက် ၊မြက်စို၊ဟင်းရွက်အစိုစတာတွေက ဒီအတိုင်စုပုံနပ်ထားမယ်ဆိုရင် အနုဇီ၀ပိုးတွေက အကျိုးပြုတာရော အကျိုးမပြုတာရော ရောနှောနေမယ်။ အပူဓါတ်များမယ်။ မြေသြဇာဖြစ်ဖို့့ကြာလိမ့်မယ်။
နွားချေး၊ ကြက်ချေး၊ ငှက်ချေး၊ ၀ကျခြေး၊ သစ်ရွက်ခြောက် ၊ မြက်စို၊ ဟင်းရွက်အစိုစတာတွေကို စုပုံထားမယ်။ EM ဖြန်းပြီးရောမွှေမယ်။ ပလပ်စတစ်မိုးကာနဲ့အလုံအုပ်ထားမယ်ဆိုရင် 45 ရက်အကြာမှာ အပူဓါတ်လျော့သွားပြီးမြေသြဇာဖြစ်သွားပါမယ်။
သဘာဝမြေသြဇာတွေကိုEMအရည်နဲ့့စိမ်ပြီး မြေသြဇာ အရည်အဖြစ်လုပ်နိုင်တယ်။ သဘာဝမြေသြဇာမှာလည်း လိုချင်တဲ့ NPK အချိုးရအောင် အနီးစပ်ဆုံးလုပ်ယူလို့ရတယ်။
သဘာဝမြေဩဇာNPK ပါ၀င်မှု ရာခိုင်နှုန်း
========================
N P K
အရိုးမှုန့် 3 - 4 15 - 23 0.68
နွားချေး 1.10 0.40 1.60
ကျွဲချေး 0.97 0.60 1.66
ဆိတ်ချေး 1.03 0.66 0.64
လင်းနို့ချေး 1.54 14.28 0.60
ငုံးချေး 9.28 2.31 1.91
ကြက်ချေး 2.42 6.29 2.11
ဘဲချေး 1.02 1.84 0.52
၀ကျခြေး 2.69 2.24 1.12
သစ်ရွက်အစိမ်းရောင် 1.64 0.14 0.43
ဗေဒါပင် 1.55 0.45 2.80
ဖွဲနု 1.9 2.3 4 - 6 1.9
စပါးခြံ 0.46 0.26 0.70
စပါးခွံမီးသွေး 0.00 0.15 0.81
ကောက်ရိုး 0.59 0.08 1.72
ငါးခြောက်မှုန့်9 -10 2.13 1.2 2.7
ပြောင်းဖူးရိုး 1.78 0.25 1.53
ပြောင်းဖူးပင် 0.71 0.11 1.38
ပဲပုတ်ပင် 2.71 0.56 2.47
ပဲပုတ်အခွံ 7-10 2.13 1.12 2.7
နွားချေး၊ လင်းနို့ချေး ကြက်ချေး သစ်ရွက်စို၊ သစ်ရွက်ခြောက်တွေကို အပင်ကို တိုက်ရိုက်ပေးတာမျိုးက အပူဓါတ်ဖြစ်စေနိုင်တယ်။ အပင်ကို ဖျက်ဆီးတဲ့ မှိုပိုးကိုဖြစ်ပွားစျေးတယ်။ ပိုးမွားတွေ ပေါက်ဖွားမှုကို ဖြစ်စေတယ်။ ဒါကြောင့် တိုက်ရိုက်မထည့်ပဲ သိပ်ထားပြီးမှာ ထည့်ပေးတာကအပင်အတွက်ပိုမိုအကျိုးဖြစ်ထွန်းစေပါတယ်။

 #ကြက်သွန်နီ  အသုံးဝင်ပုံကြက်သွန်နီက ပိုတက်ဆီယမ်ကျရင်တက်တာ တကယ်မြန်တယ်ကြက်သွန်နီ အရသာက အရည်ရွှမ်း၊ ချိုမြမြ၊ စပ်ရှရှ၊အငွ...
19/07/2024

#ကြက်သွန်နီ အသုံးဝင်ပုံ
ကြက်သွန်နီက ပိုတက်ဆီယမ်ကျရင်တက်တာ တကယ်မြန်တယ်

ကြက်သွန်နီ အရသာက အရည်ရွှမ်း၊ ချိုမြမြ၊ စပ်ရှရှ၊
အငွေ့က မျက်ရည်ကျစေပါတယ်။

• ကြက်သွန်နီရည် + ဆား နဲ့ သောက်ရင်
- အစာအဆိပ်၊ မြွေအဆိပ် ပြေတယ်။
လည်ချောင်းနာ၊ ချောင်းဆိုး ပျောက်တယ်။

• ကြက်သွန်နီရည် + ဆား နဲ့ လိမ်းရင်
- ကင်းဆိပ်၊ ပျားဆိပ်၊ အဆိပ် အမျိုးမျိုး၊
မိတ်၊ အင်ပြင်၊ ပျောက်တယ်။

• ကြက်သွန်နီရည် + သကြား သောက်ရင်
- ဆီးကျောက်တည်၊ ဆီးကျင်တာ ပျောက်တယ်။

• ကြက်သွန်နီရည် + သကြား လိမ်းရင်
- အသားအရေ စိုပြေတယ်။

• ကြက်သွန်နီအငွေ့
- မျက်စိနာ ပျောက်စေတယ်၊
- အသက်ရူလမ်းကြောင်း ရှင်းစေတယ်၊

• ကြက်သွန်နီအရည်လိမ်းရင်
- ဗောက် ဆံပင်ကျွတ် ကာကွယ်ပေးတယ်၊
- နားကိုက်ပျောက်တယ်၊

• ကြက်သွန်နီစားရင်
- အအေးမိ တုတ်ကွေး ပျောက်စေတယ်၊
- ကင်ဆာ ကာကွယ်၊
- သွေးချို ဆီးချို ကာကွယ်၊
- သွေးတိုး ကာကွယ်၊
- အစာအိမ် အူလမ်းကြောင်း သန့်စေတယ်၊

- အစာအိမ်နာတာ သက်သာစေတယ်၊
- သွေးအား ကောင်းစေတယ်၊
- ကိုယ်ခံအား ကောင်းစေတယ်၊
- ဆီးလမ်းကြောင်းရောဂါ ကင်းစေတယ်၊
- ပါးစပ်နာ သွားဆွေးတာကို ကာကွယ်ပေးတယ်၊
- မှတ်ဥာဏ် ကောင်းစေတယ်၊

• ကြက်သွန်နီ အစိမ်းစားရင်
- ကြွက်တက် ကြွက်သားရောင်ရမ်းနာကျဉ်တာကို
သက်သာစေတယ်။
- အဝ လွန်ခြင်းကို လျော့ချပေးတယ်။

• ပါးစပ်မှာကြက်သွန်နီနံ့ နံရင်
- မြေပဲဆံဝါးပြီး ရေနွေးကြမ်းနဲ့ အာလုပ်ကျင်းပါ၊
• ကြွက်ပေါရင်
- ကြွက်လမ်းမှာ ကြက်သွန်နီချမ်းတွေ ချထားပါ။
crd.

ကိုယ့်ရဲ့ အိမ်ဝင်းနဲ့ ပစ္စည်းတွေမှာ " ခြ " တွေ ရှိရင် ဘယ်လိုနှိမ်နင်းမလဲ ?Shampoo ခေါင်းလျှော်ရည်                     တစ...
15/07/2024

ကိုယ့်ရဲ့ အိမ်ဝင်းနဲ့ ပစ္စည်းတွေမှာ " ခြ " တွေ ရှိရင် ဘယ်လိုနှိမ်နင်းမလဲ ?

Shampoo ခေါင်းလျှော်ရည် တစ်ဇွန်း
ပန်ကန်ဆေးဆပ်ပြာရည် တစ်ဇွန်း
ရှာလကာရည် ၂ဇွန်း
ဆား ၂ဇွန်း
ရေ ၂လီတာ

သမအောင် ရောမွှေပြီး ဖြန်းပေးပါ ။
မူလရေးသား သူအား credit ပါရှင့်🪲
ကျမ ကူးယူဖော်ပြ ပေးပါသည်။

🙏🏻🙏🏻🙏🏻
🌹🌹🌹
crd

ที่อยู่

Chiang Khong

เบอร์โทรศัพท์

+959454788001

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Gardening Myanmar-မြန်မာ့စိုက်ပျိုးရေးผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์