Shwe Kanyin Plant Nursery ,Trade and Haven

Shwe Kanyin Plant Nursery ,Trade and Haven positive vibes .love nature .

13/07/2025

😍😍😍

💪💪💪
09/07/2025

💪💪💪

အရိုးများမှ သဘာဝမြေဩဇာ

အက်ဆစ်ဖြင့်စားခြင်း

ကျွဲ၊ နွားများ၊ ကြက်၊ ဝက်များ၏ အရိုးများသာမက ငါးအရိုးများ၊ ပုဇွန်၊ ဂဏာန်းခွံများမှလည်း သဘာဝမြေဩ ဇာအဖြစ် အသုံးပြုနိုင်ပါသည်။ ငါးသလောက်များ၏ အရိုးများမှာ မာလွန်းသောကြောင့် လူတို့စားသုံး၍ မရနိုင် ပါ။ သို့သော် ရှာလကာရှည်၊ သံပရာရှည်၊ ရှောက်ရည်တို့ကဲ့သို့သော အော်ဂဲနစ်အက်ဆစ်အပျော့စား၊ အရည်များ ဖြင့်နယ်ပြီး၊ ဖိအားပေး၊ အပူပေးပြီး ပေါင်းလိုက်သောအခါ အရိုးများနူးပြီး လွယ်ကူစွာစားသုံး၍ ရသည်ကို အများ သိကြပါသည်။ ရေတွင် မပျော်၊ မနူးသောအရိုးများကို လူတို့စားသုံး၍ မရသကဲ့သို့ အပင်များလည်း စားသုံး၍ မရ နိုင်ပါ။ ဘက်ထရီအိုးများအတွင်း ထည့်ထားသော ကန့်ငရဲမီး Sulphuric acid ကိုအသုံးပြုခြင်းဖြင့် ငါးသ လောက်အရိုးထက်မာသော အရိုးများကိုပင် နူးသွား၊ ကျေသွားစေနိုင်ပါသည်။

စဉ်းအိုး၊ ဖန်ပုလင်းကြီး သို့မဟုတ် ပလပ်စတစ်ပုံများအတွင်း အရိုးတစ်မျိုးကို အက်ဆစ်နှင့်စားပြီး ဆွေးစေနိုင်ပါ သည်။ ပိဿာအစိတ်ဝင်စဉ်းအိုးအတွင်း အရိုးတစ်မျိုးကို အိုးတစ်ဝက်မှ (၃/၄) ပုံအထိ ထည့်ထားပြီး ရေကို ထို အရိုးများ မြုပ်ရုံထည့်လိုက်ပါ။ အက်ဆစ်အပြင်းကို ထိုအရိုးများပေါ်သို့ တိုက်ရိုက်ထည့်ပါက လောင်ကျွမ်းပြီး အရောင်မဲ သွားမည်စိုး၍ ထိုသို့ရေခံထားရခြင်းဖြစ်သည်။

ထိုသို့ရေထားခြင်းကြောင့်လည်း မွှေပေးရန် ပို၍လွယ်ကူစေပါသည်။ ရေခံထည့်ပြီးသောအခါ ကန့်ငရဲမီးအပြင်းကို တစ်ကြိမ်လျှင် အနည်းငယ်ဖြင့် အပြည့်ဖြည့်ထည့်ပေးရသည်။ အက်ဆစ်နှင့်ရေ ဓာတ်ပြုမှုရပ်သွားစေရန် ခေတ္တ ခြားပြီး ထည့်ရခြင်းဖြစ်သည်။ အသုံးပြုရသော အက်ဆစ်ပမာဏမှာ အသုံးပြုသောအရိုး၏ အမာအပျော့ အနေ အထားနှင့် ထိုအရိုးများ၏ ပမာဏအပေါ်မူတည်၍ ကွာခြားပါလိမ့်မည်။ ပုဇွန်ခွံကဲ့သို့သော ပျော့သောပစ္စည်းများ တွင် အက်ဆစ်အနည်းငယ်သာ ကုန်မည်ဖြစ်သော်လည်း မာသောအရိုးများတွင်ကား ပို၍အသုံးပြုရမည်ဖြစ်သည်။

အရိုးမီးသွေး

အမဲရိုး၊ ကြက်ရိုးမှ ခရုခွံ၊ ယောက်သွားခွံတို့ကို မီးသွေးဖုတ်ပြီး မြေဩဇာအဖြစ် အသုံးပြုကြသည်။ ကျေးလက် ဖွံ့ဖြိုးရေးအတွက် လူသားဖွံ့ဖြိုးရေးပညာရှင်များ တီထွင်ထားသော နည်းကောင်းတစ်ခုဖြစ်ပေသည်။

မီးသွေးဖုတ်ရန် အသုံးပြုမည့် အရိုးပမာဏနှင့်ဆ၍ တွင်းအရွယ်ကို သင့်အောင်တူးကြရသည်။ ယေဘူယျအားဖြင့် အလျား၊ အနံ (၂) ပေ၊ (၂’ x ၂’) နှင့် အနက် (၃’ x ၄’) ခန့် တွင်းကိုတူးပါ။ အရိုးဖုတ်စဉ် အရိုးမှ စိမ့်ထွက်လာ သောအဆီများ၊ အရိုးနှင့်ပူးကပ်မနေဘဲ အောက်ဖက်သို့ စိမ့်ဆင်းသွားစေရန် တွင်း၏အခြေတွင် အသုံးမပြုတော့ သော သံတိုသံစများ၊ စပရင်များကို အနည်းငယ် (၆) လက်မ ထူအထိ ခင်းထားရမည်။ ထို့နောက် အသုံးပြုရမည့် အရိုးများကို သိပ်သည်းစွာ စီထည့်ပါ။ တွင်း၏ နှုတ်ခမ်းဝနှင့် (၄”) မှ (၆”) အထိ အရိုးများထည့်ပြီးသောအခါ သံပြား သို့မဟုတ် သွပ်ပြားတစ်ချပ်ကို ခင်းလိုက်ပါ။ ထိုသံပြား သို့မဟုတ် သွပ်ပြားအပေါ်တွင် မီးဖိုတစ်ခုဖိုပါ။ ထိုမီးဖိုမှာ မြေမျက်နှာပြင်၏ အတွင်းဖက် (၄” မှ ၆”) မြေအတွင်းရှိနေသဖြင့် ဘေးမှလေတိုက်ခတ်ပြီး ဝန်းကျင် သို့ မီးပြန့်သွားရန် အကြောင်းမရှိပါ။ အရိုးများမှ အရိုးမီးသွေးဖြစ်ပေါ်ရန်မှာ မီးဖို၏ ပြင်းအား၊ အရိုးများ၏ အမာအကြောအနေအထားနှင့် မီးဖိုသည့်အချိန်အတိုင်းအတာ ကွာခြားမှုအပေါ် မူတည်ပါလိမ့်မည်။ လတ်ဆတ် သော အရိုးများသည် ထုထောင်းရန်မလွယ်ပါ။ နေလှန်းလျှင်လည်း အချိန်ကြာမြင့်စွာလိုပြီး မာမြဲမာနေဦးမည် ဖြစ်သည်။ မီးသွေးဖုတ်လိုက်သောအခါ အရိုးများမှာ ထင်းမီးသွေးများကဲ့သို့ အရောင်မဲသွားသော်လည်း ထု ထောင်း၍ အမှုန့်ပြုလုပ်ရန် အလွန်လွယ်ကူသွားပါသည်။ မြေဆီလွှာစိုက်ခင်းများဆီသို့ သဘာဝမြေဩဇာတစ်မျိုး အဖြစ် လွယ်ကူစွားအသုံးပြုနိုင်ပါသည်။

အရိုးတွင် ယေဘုယျအားဖြင့် ကယ်လ်စီယမ် ခေါ်ထုံးဓာတ် (၁၁) ဆ နှင့် ဖော့စပရပ်(စ) ခေါ် မီးစုန်းဓာတ်(၁) ဆ ပါဝင်လေ့ရှိသည်။ ထိုသို့ အရိုးမြေဩဇာများကို အသုံးပြုခြင်းဖြင့် စိုက်ပျိုးသီးနှံများ၏ အထွက်နှုန်းနှင့် အရည် အသွေးကို ကောင်းမွန်စေသည်။ အမြစ်နှင့်အပင်၏ မျိုးပွားအင်္ဂါများဖြစ်သော အပွင့်၊ အသီး၊ အစေ့များ ဖွံ့ဖြိုးခြင်း ကို အထူးကောင်းမွန်စေသည်။ ထို့ကြောင့် အပင်များအတွက် လိုအပ်သော ဖော့စဖိတ်အာဟာရ ရရှိစေရန် ဤကဲ့ သို့သော အရိုးမြေဩဇာများကို အလေးထား အသုံးပြုသင့်ပေသည်။

ဦးဖရက်သိန်းဖေ မှ ရေးသား

09/07/2025

🙏🙏🙏
ဝါဆိုလပြည့်အလှူ (10000kS)
မက်ဆင်ဂျာမှာ ​ကေ​ပေးနံပါတ် ၅ဦးပို့​ပေးပါ....(post ​တွေ့သူမည်သူမဆိုပါရှင်)
Edited...​ပြည့်ပါပြီ..ကျေးဇူးပါ

08/07/2025

I got over 50 reactions on my posts last week! Thanks everyone for your support! 🎉

🦂🦂🦂
30/06/2025

🦂🦂🦂

🍌ငှက်ပျော စိုက်ပျိုးနည်း🌿🌿

♻️မျိုး

သီးမွှေး (အခွံစိမ်း/ အခွံဝါ/ ရွှေနီ)၊ ဝက်မလွတ်၊ ဖီးကြမ်း၊ ရခိုင်/ပြည်မျိုး၊ သူငယ်စာ၊ နံ့သာပွတ်၊ တရုတ် ငှက်ပျောမျိုးများ စိုက်ကြသည်။သီးမွှေး နှင့် ဖီးကြမ်းအား စီးပွားဖြစ်စိုက်ကြသည်။

♻️မြေအမျိုးအစား

မြေဆီသြဇာထက်သန်ပြီး သစ်ဆွေးဓါတ်များသောမြေ၊ ရေမဝပ်စိမ့်မစွဲသောမြေ၊ မြေသားထုထူပြီး နိုက်ထရိုဂျင် နှင့် ပိုတက်ကြွယ်ဝသောမြေကိုကြိုက်နှစ်သက်သည်။ မြေချဉ်ငံဓါတ် (၆.၅-၇.၅) အတွင်း ဖြစ်ထွန်းသည်။ မြေချဉ်ငံဓါတ် (၇.၅) ကျော်သောမြေတွင် ငှက်ပျော မစိုက်သင့်ပါ။မြေချဉ်ငံဓါတ် (၆.၅) ထက်နည်းပါက စီကာတိုဂါနှင့်ဖြူစေရီယမ်ရောဂါ ကျလွယ်သည်။

♻️စိုက်ချိန်

ရေလုံလောက်ပါက တစ်နှစ်လုံးစိုက်နိုင်သည်။မေ၊ ဇွန်လများအတွင်း မြေကြီးအစိုဓါတ် လုံလောက်အောင် မိုးရွာပြီးချိန်တွင် ရွှေ့စိုက်သင့်သည်။

♻️သားတက်ခွဲခြင်း

ငှက်ပျော အဖီး၊ အခိုင် မထွက်မီအတွင်း ထွက်သမျှ သားတက်များအားဖြတ်ထုတ်ပေးပါ။ ငှက်ပျောစိုက်ပြီး (၅)လအကြာတွင် အသားတက် (၂)တက်အားစမွေးပါ။နောက်ပိုင်း အသန်ဆုံး (၁) တက်သာချန်ပြီး ကျန်သားတက်များ ခုတ်ပစ်ပါ။
ယင်းသားတက် မွေးပြီးနောက်ပိုင်း ထွက်သမျှ သားတက်များလည်း ဖြတ်ထုတ်ပေးရမည်။

♻️အပင်ကြား အတန်းကြားအကွာအဝေးနှင့် စိုက်စနစ်

အပင်ပုမျိုး (၇-၈)ပေခြား၊ အပင်ကြီးမျိုး (၁၂-၁၅) ပေခြား စိုက်သင့်ပါသည်။ ၁ပေအကျယ်၊ ၁ပေ အနက် တူးထားသောမြေကျင်းတွင် နွားချေး/သဘာဝမြေဆွေး (၁)ပြည်ခန့်ထည့်ပြီး တူးထားသောမြေကြီး နှင့် သမအောင်ရောစပ်ပါ။ ရေသင့်တင့်ရုံသာလောင်းပြီး တစ်ပတ်ခန့် မြေနှပ်ထားပေးပါ။ ထို့နောက်ရွှေရောင်ပျိုးလက်မှငှက်ပျောပျိုးပင်ဖြစ်ပါက မြေလုံးမပျက်အောင် ဂရုစိုက်၍ ပျိုးအိတ်ချွတ်ပြီး စိုက်ကျင်းအတွင်းရွှေ့စိုက်ပါ။
အသားတက်အား စိုက်ပျိုးပါက အသားတက်ရှိ အမြစ်အား ပြောင်အောင်ခုတ်ပြီးမှ စိုက်ပါ။

♻️ကြိုက်နှစ်သက်သော ရာသီဥတု

မပူလွန်း၊ မအေးလွန်ဘဲ မျှတသောရာသီရှိသည့်ဒေသ၊ မြေအတွင်း အစိုဓါတ်ထိန်းနိုင်ပြီး လေထုစိုထိုင်းဆ များသောဒေသကို ကြိုက်နှစ်သက်သည်။
လေပြင်းတိုက်သောဒေသ၊ ပူလွန်းအေးလွန်းသောဒေသ၊ အစိုဓါတ် မထိန်းနိုင်သော မြေများတွင် စိုက်မရပါ။ လေထုစိုထိုင်းဆ (၅ဝ%)ထက်များသော ရာသီဥတု ပုံမှန်ရှိပါက ပိုမိုဖြစ်ထွန်းပါသည်။ အပူချိန် (၂၆-၃ဝ) ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်ထွန်းသည်။ အပူချိန် (၁၄)ဒီဂရီစင်တီဂရိတ် ရောက်လျှင် အပင်မကြီးတော့ဘဲ (၃၄) ဒီဂရီစင်တီဂရိတ်ထက် ပူလျှင်လည်း မကြိုက်ပါ။ မိုးရေချိန် တစ်နှစ် (၇၅-၉ဝ) လက်မရွာသော ရာသီကို ကြိုက်နှစ်သက်သည် ။

♻️မြေသြဇာကျွေးခြင်း

ငှက်ပျောပင်သည် နိုက်ထရိုဂျင်၊ ဖော့စဖရပ်နှင့် ပိုတက်စီယမ်အချိုး (၃း၁း၆) လိုအပ်သည်။အပင်စိုက်ပြီးပြီးခြင်း (၂)ပတ်သားခန့်မှ စတင်၍အပင်ခြေပတ်လည် (၆)လက်မခန့်တွင် ဝိုက်၍ မြေသြဇာ စကျွေးပါ။ အပင်သက်တမ်း (၄)လအထိ တစ်လလျှင် တစ်ကြိမ် ယူရီးယား မြေဩဇာအား အပင်အရွယ်အစားလိုက် ချင့်ချိန်ကျွေးပေးပါ။ အပင်သက်တမ်း (၅) လအကြာတွင် ၁၅ပတ်လည်/၁၆ပတ်လည်မြေဩဇာ ပြောင်းကျွေးပေးပါ။ မြေဩဇာကျွေးတိုင်း သဘာဝမြေဩဇာ နှင့်တွဲဖက်ကျွေးပေးပါ။

♻️ပေါင်းနှိမ်နင်းခြင်း

ငှက်ပျောပင်သည် ပေါင်းမြက်အလွန်ကြောက်သော အပင်ဖြစ်၍ ငှက်ပျောမစိုက်မီ ပေါင်းပေါက်နေသော မြေပြင်အား ပေါင်းကေလာပေါင်းသတ်ဆေးဖြင့် ပေါင်းကြိုသတ်ပေးပါ။

♻️ရေသွင်းခြင်း

သာမန်အားဖြင့် မိုးရာသီတွင် ရေသွင်းရန်မလိုပါ။ ခြောက်သွေ့သောရာသီတွင် (၄-၇) ရက်ခြား ရေပေးသွင်း သင့်ပါသည်။ စိုက်ခင်းမြေသား(၁) လက်မခန့်အား လက်ချောင်းဖြင့် နှိုက်စမ်းကြည့်ပါ။ အစိုဓါတ်တွေ့ပါက မသွင်းရသေးပါ။ ခြောက်သွေ့နေပါက ရေသွင်းရန် ဆုံးဖြတ်ပါ။ရေအိုင်နေအောင်လည်း မသွင်းရပါ။

♻️အပင်ပြုစုခြင်း

အရွက်ရင့်များ ဝါလာ၊ ခြောက်လာပါက ဖြတ်ထုတ်ပေးပါ။ နောက်ထပ် အပင်သစ်မမွေးမီအတွင်း ထွက်လာသောသားတက်များအားဖြတ်ထုတ်ပါ။ အပင်ငယ်စဉ် အပင်ခြေ ပတ်ပတ်လည် (၆) လက်မခန့်ခွာ၍ သစ်ရွက်ဆွေး အမှိုက်ဆွေးများ သဘာဝမြေသြဇာမျာအုပ်ပေးခြင်းဖြင့် ပေါင်းမြက်သက်သာစေပြီး၊ အပင်ကို နေအပူချိန်မှ သက်သာစေသည်။ ငှက်ပျောခိုင်ထွက်လာပြီး အသီးများရင့်စပြုပါကပိုးငှက်ကာကွယ်ရန်နှင့် အသီးအရည်အသွေးကောင်းစေရန်အတွက် ပလပ်စတစ်နှင့် စက္ကူစပ်ထားသော အိပ်စွပ်သင့်သည်။ မိုးများလျှင် ရေမဝပ်စေရန် စိမ့်မြောင်းများဖောက်ထားရမည်။

♻️ရိတ်သိမ်းခြင်း

ငှက်ပျောဖူးမှ အသီးများစထွက်ပြီး (၁၀၀-၁၂၀) ရက်ကြာလျှင် ရိတ်သိမ်းနိုင်သည်။ ဒုတိယမြောက်အဖီးမှ အသီးများ အားလုံး ဇောင်းလုံးသွားလျှင်အခိုင်ခုတ်နိုင်ပါပြီ။ အသီးများအားလုံး အစိမ်းရောင်မပျောက်မီ ခုတ်မှ အဝေးတင်ခံပါမည်။ အဝါရောင်သန်းသွားလျှင် အထားမခံ၊ အဝေးတင်မခံနိုင်ပါ။

♻️ငှက်ပျောတွင် ပိုးမွှားရောဂါကင်းစင်စေရန်

1️⃣ အပင်ကြား၊ အတန်းကြား ပုံမှန်စိုက်ပါ။
2️⃣ ရေမဝပ်၊ စိမ့်မစွဲပါစေနှင့်။
3️⃣ ရောဂါ ကင်းသောမျိုး ရှာစိုက်ပါ။
4️⃣ ပေါင်းမြက် မရှိအောင် ဆောင်ရွက်ပါ။
5️⃣လောင်းရိပ် မမိအောင် ဆောင်ရွက်ပါ။
6️⃣မိုးတွင်း အစိုဓါတ်များနေလျှင် ထုံး မကြာ မကြာ ဖြူးပေးပါ။
7️⃣ ရောဂါကူးစက်ပေးသော ပျ၊ ယင်ဖြူ၊ ပိုးစေးနှဲ စသော စုပ်စားပိုးများ မကျအောင် ကာကွယ်ပါ။
၈။ ရောဂါရ အပင်အစိတ်အပိုင်းများ မီးရှို့ဖျက်ဆီးပါ။

#ငှက်ပျောစိုက်ပျိုးနည်း
#တစ်သျှူးငှက်ပျော
#ရွှေရောင်ပျိုးလက်

30/06/2025

ငရုတ်သီးပင်များ အသီးသီးပြီး အပွင့်များ တစ်နှစ်ပတ်လုံး ပွင့်စေရန် နည်းလမ်း.....။🌶🌶🌶

ဒီနည်းလမ်းအတိုင်းလုပ်ရင် ငရုတ်ပင်က တစ်နှစ်ပတ်လုံး အပွင့်တွေပွင့်ပြီး အသီးတွေအများကြီး သီးလာမှာပါ။

လိုအပ်သော ပစ္စည်းများ........
* ပါရာစီတမော ၂ လုံး
* အားဖြည့်အချိုရည် ၂ ဖုံး (ဘယ်တံဆိပ်မဆို ရပါတယ်)
* ရေသန့် ၃ လီတာ

ပြုလုပ်ပုံအဆင့်ဆင့်........
ပါရာစီတမော ၂ လုံးကို အရင်ဆုံး ညက်နေအောင် ကြိတ်ပါ။ ပြီးရင် အားဖြည့်အချိုရည် ၂ ဖုံးနဲ့ ရေ ၃ လီတာကိုရောပြီး သေချာမွှေပေးပါ။ အဲဒီအရည်ကို အရွက်တွေပေါ်ကို တစ်ပတ်တစ်ခါ ပက်ဖျန်းပေးပါ သို့မဟုတ် ရေလောင်းပေးပါ။

ဒီနည်းလမ်းက ငရုတ်သီးပင်ကို အပွင့်မြန်မြန်ပွင့်လာအောင် အရှိန်မြှင့်ပေးပြီး တစ်နှစ်ပတ်လုံးလည်း အသီးတွေ အများကြီးသီးလာစေမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို စမ်းသပ်ကြည့်ပြီး အကျိုးကျေးဇူးတွေ ရရှိကြောင်း တွေ့ရပါတယ်။ ငရုတ်ပင်က အပွင့်ပွင့်တာနှေးပြီး အသီးမသီးတဲ့ ခြံတွေရှိရင် ဒီနည်းလမ်းကို စမ်းကြည့်သင့်ပါတယ်....။

MON SOUNG

30/06/2025

Ontheelephanttoday 🐘☕️🍪🥘

Call now to connect with business.

28/06/2025

ဗိုက်ဆာ​စေချင်​သော စိတ်ထား​လေးတခုဖြင့်....😅😅😅

28/06/2025

အဖြူမကြည့်နိုင်​တော့လို့ အစိမ်း​ရောင်နဲ့လှည့်စားးးးး☕️🥪

26/06/2025

Love

ที่อยู่

Chiang Mai
50140

เบอร์โทรศัพท์

09795395270

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Shwe Kanyin Plant Nursery ,Trade and Havenผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์