Fresh Bamboo Leaves - ဝါးရွက်စိမ်းများ

Fresh Bamboo Leaves - ဝါးရွက်စိမ်းများ “Gazing at the bamboos, Another day has once again passed”

Phyo Khai

"Among the Leaves"Mixed media (ink drawing, digital, screen print, and acrylic) on canvas ... by Nay Ni Hlaing Kha
07/03/2026

"Among the Leaves"
Mixed media (ink drawing, digital, screen print, and acrylic) on canvas ...
by Nay Ni Hlaing Kha

ချန်ဂင်တို့စခန်း အတွဲ (၁)
01/10/2025

ချန်ဂင်တို့စခန်း အတွဲ (၁)

"100% donation to revolutionary causes" (Available)ရာနှုန်းပြည့် မြေပြင်ကို သွားမှာ ဖြစ်တဲ့အတွက် အရောင်းအဝယ်ဖြစ်ရင် သက်ဆ...
22/09/2025

"100% donation to revolutionary causes"
(Available)

ရာနှုန်းပြည့် မြေပြင်ကို သွားမှာ ဖြစ်တဲ့အတွက် အရောင်းအဝယ်ဖြစ်ရင် သက်ဆိုင်ရာ အလှူငွေဖြတ်ပိုင်းကို ဒီ post ရဲ့ comment မှာ Pin ထောက်ပေးထားပါမယ်၊ စိတ်ဝင်စားပါက messenger က တဆင့် ဆက်သွယ်နိုင်ပါတယ်။

Title - "Parrot Sings" (2025)
Medium - Acrylic on canvas
Size - 107 Height x 92 Width in cm (About 3.5 Feet x 3 Feet)
price - ฿ 15,000 (Thai Baht)
Artist - Nay Ni Hlaing Kha
🟢

(ဝယ်ယူသူအ​နေနဲ့ သက်ဆိုင်ရာနိုင်ငံ အတွက် သယ်ပို့စားရိတ်ကို သီးသန့်ကျခံ​ပေးရမှာဖြစ်ပါတယ်)

ပန်းကလေးများ ပွင့်တော့မည် ဖူးတံ ဝင့်လို့ ချီ။နေခြည်မှာ ရွှေရည်လောင်း ငါတို့ စာသင်ကျောင်း။
17/05/2025

ပန်းကလေးများ ပွင့်တော့မည် ဖူးတံ ဝင့်လို့ ချီ။
နေခြည်မှာ ရွှေရည်လောင်း ငါတို့ စာသင်ကျောင်း။

03/03/2025

ပဲခူးရိုးမစစ်ဆင်ရေးရဲ့ ရိုးမခေါ်သံ (၂) Campaign အတွက် လှူထားတဲ့ ပန်းချီကားရဲ့ အကြောင်းပါ။

ကျနော့် ပန်းချီကားရောင်းရငွေထဲကနေ အညာအတွက် အင်တာနက်သုံးဖို့ စီစဉ်ပေးနိုင်ခဲ့ပါတယ်။ကျောင်းသားတွေ စာသင်တာတို့ Online စာမေး...
31/01/2025

ကျနော့် ပန်းချီကားရောင်းရငွေထဲကနေ အညာအတွက် အင်တာနက်သုံးဖို့ စီစဉ်ပေးနိုင်ခဲ့ပါတယ်။

ကျောင်းသားတွေ စာသင်တာတို့ Online စာမေးပွဲဖြေတာတို့ အသုံးပြုနေပါတယ် တဲ့ ...

(လမ်းခရီးမှာ အလွဲလွဲအချော်ချော်ဖြစ်ခဲ့ပေမယ့် မရ ရအောင် ပို့ဆောင်စီစဉ်ပေးခဲ့ကြသူများကိုလည်း ကျေးဇူးတင်ပါတယ်
နောက်ပြီးတော့ ပန်းချီကားဝယ်သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်)

08/01/2025

"ဝါးရွက်စိမ်းများ" ပြပွဲ အတွက် ကို တောထဲမှာ စ ပြီးတော့ရေးခဲ့တယ်။ ရာသီဥတု နှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အဆင်မပြေခဲ့သလို တောထဲမှာ ရေးခဲ့တဲ့ကားတွေလည်း မှိုစွဲပြီးတော့ ပျက်စီးကုန်တယ်။ (အဲ့ဒီတုန်းက ပန်းချီဆေးနှင့် ပစ္စည်းများကို မရောက်ရောက်အောင် ပို့ပေးသော အသိမိတ်ဆွေပန်းချီဆရာများအားလည်း ကျေးဇူးတင်ပါတယ်)

နောက်ပြီးတော့ အခြေအနေ အကြောင်းအကြောင်းကြောင်း အရ "မဲဆောက်" မှာပဲ တည်ရေးပြီးတော့ ပြပွဲလုပ်ဖြစ်ခဲ့တယ်။
အမှတ်တရပါပဲ။

Send a message to learn more

“ဝါးရွက်စိမ်းများ” ပြပွဲမှာ ကိုကြီးပေါက် ပန်းချီကားလာဝယ်တဲ့အချိန်မှာ ကားကျန်အရမ်းနည်းသွားတော့ “အသစ်ရေးပေးပါ့မယ်” ဆိုပြီး...
05/12/2024

“ဝါးရွက်စိမ်းများ” ပြပွဲမှာ ကိုကြီးပေါက် ပန်းချီကားလာဝယ်တဲ့အချိန်မှာ ကားကျန်အရမ်းနည်းသွားတော့ “အသစ်ရေးပေးပါ့မယ်” ဆိုပြီး ဒီကားလေးရေးပေးဖြစ်ခဲ့တယ်

28/10/2024

"ဝါးရွက်စိမ်းများ" အကြောင်းကို တကူးတက ထည့်ပြောပေးတဲ့အတွက် စကားမစပ်အဖွဲ့သားများအားလုံးကို ကျေးဇူးတင်ပါတယ်။

ပြီးခဲ့တဲ့ ပွဲက အမေရိကန်ဒေါ်လာ (၈,၀၀၀) နှင့် လေလံအောင်ခဲ့တဲ့ပန်းချီကားအတွက် လေလံဆွဲပေးတဲ့အဖွဲ့နှင့် ရုပ်ရှင်အဖွဲ့က သူတို့ကိုယ်တိုင်လှူဖို့ ၅၀ ရာခိုင်နှုန်း ယူထားပြီးတော့ ရေးဆွဲတဲ့သူအတွက် (၅၀) ရာခိုင်နှုန်း ဆိုပြီးတော့ ဒေါ်လာ (၄,၀၀၀) ကျနော့်ဆီကို လွှဲပေးခဲ့ပါတယ်။

အဲ့ဒီအထဲက ငွေကိုသုံးပြီးတော့ အညာဒေသရဲ့ နေရာတခုမှာ ဆက်သွယ်ရေးအတွက် လှူဒါန်းဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ဒီပန်းချီကားကို ဝယ်ယူခဲ့တဲ့ US က မိသားစုကိုလည်းကျေးဇူးအထူးတင်ရပါတယ်။

“ဝါးရွက်စိမ်းများ” ပန်းချီပြပွဲကတ်တလောက် ရဲ့နောက်ဘက်မှာ ထည့်ထားတဲ့ စာတမ်းလေးက ရဲဘော်လေး တယောက် ပြောခဲ့ဖူးတဲ့ စကားစုလေး တ...
01/10/2024

“ဝါးရွက်စိမ်းများ” ပန်းချီပြပွဲကတ်တလောက် ရဲ့နောက်ဘက်မှာ ထည့်ထားတဲ့ စာတမ်းလေးက ရဲဘော်လေး တယောက် ပြောခဲ့ဖူးတဲ့ စကားစုလေး တခုပါ။

ရဲဘော်လေးက အသက် (၂၀) ဝန်းကျင်၊ တကယ့် ပျော်ဖို့ ပါးဖို့ လည်ဖို့ ပတ်ဖို့ စားဖို့ သောက်ဖို့ ကောင်းလွန်းတဲ့ အရွယ်လေး ...
တခါတလေ ဘာမှလုပ်စရာမရှိတဲ့ နေဝင်ခါစ ညနေတွေမှာဆို သူ့ကဆီက ငြီးတွားတဲ့ စကားတခု အမြဲကြားရလေ့ရှိတယ်။
“ဝါးပင်တွေကြည့်ရင်း တနေကုန်သွားပြန်ပြီ” တဲ့
ကျနော်က အဲ့လိုကြားတိုင်း “ကဗျာတွေ စာတွေ စပ်လို့ပါလား” လို့နောက်ဖြစ်တယ်။

အဲ့ဒီ ရဲဘော်လေးကတော့ ကျသွားပါပြီ။
သူ့ကို သတိရသောအားဖြင့် ဂုဏ်ပြုသောအားဖြင့် ပထမဆုံးပြပွဲရဲ့ ကတ်တလောက်ရဲ့အနောက်ဘက်မှာ အဲ့ဒီစာသားကို ထည့်ထားခဲ့ပါတယ်။

တလရ ကို အနုတ်လက္ခဏာဆောင်စေချင်တာမျိုးမဟုတ်ပါ။
လူငယ်တွေရဲ့ အကောင်းဆုံး အချိန်တွေ၊ အကောင်းဆုံးအသက်အပိုင်းအခြားတွေကို ရင်းနှီးပြီး ဒီနွေဦးတော်လှန်ရေးရဲ့ အောက်ခြေမှာ ထမ်းပိုးပေးထားကြရတာကို အားလုံးအနေနဲ့ ပြန်လည်သတိထားမိစေချင်အတွက်ကြောင့်သာ ဖြစ်ပါတယ်။

Public မှာ ကိုယ်ဘယ်သူပါဆိုပြီး မျက်နှာမပြဘဲ တလရမှာ ပါဝင်နေကြတဲ့ ရဲဘော်တွေအများကြီးနဲ့ တွေ့ခဲ့ဖူးတယ်။တချို့ဆို  မထင်မှတ်ထ...
20/09/2024

Public မှာ ကိုယ်ဘယ်သူပါဆိုပြီး မျက်နှာမပြဘဲ တလရမှာ ပါဝင်နေကြတဲ့ ရဲဘော်တွေအများကြီးနဲ့ တွေ့ခဲ့ဖူးတယ်။
တချို့ဆို မထင်မှတ်ထားတဲ့ ဟိုအရင်က လူသိများတဲ့လူတွေလည်းပါတယ်။ တနေ့တော့ Digital Mask တွေ နဲ့ ဖုံးထားတဲ့ သူတို့မျက်နှာတွေကို မြင်ကြရပါလိမ့်မယ်။

(ဒီပန်းချီကားက Royal Peacock Column ကိုလှူထားတာမို့ စစ်ကြောင်းရဲ့ သက်ဆိုင်ရာ fundraiser တွေမှ စီစဉ်ရောင်းချကြပါလိမ့်မယ်။ ဘယ်လိုမျိုးဖြစ်မလဲတော့ ကျနော်မသိပါ။)

Name - Digital Mask
Artist - Nay Ni Hlaing Kha
Medium - Acrylic on canvas
Size - 60 cm x 50 cm

ပြီးခဲ့တဲ့ တနေ့က နယူးယောက်မြို့မှာလုပ်တဲ့ “Broken Dreams - ကျိုးပဲ့သောအိမ်မက်များ” ရုပ်ရှင်ပွဲ မှာ တလရ ရန်ပုံငွေအတွက် ကျ...
10/09/2024

ပြီးခဲ့တဲ့ တနေ့က နယူးယောက်မြို့မှာလုပ်တဲ့ “Broken Dreams - ကျိုးပဲ့သောအိမ်မက်များ” ရုပ်ရှင်ပွဲ မှာ တလရ ရန်ပုံငွေအတွက် ကျနော့်ပန်းချီကားတကားကို လေလံတင်ဖို့ လှူခဲ့ပါတယ်။

ပန်းချီကားက အမေရိကန်ဒေါ်လာ ၈,၀၀၀ နှင့် လေလံအောင်ခဲ့ပါတယ်။ တလရ ရန်ပုံငွေဖြစ်တဲ့အတွက် ပန်းချီကားတကားကနေ တော်တော်များတဲ့ ပမာဏကို ရခဲ့ပါတယ်။ (သာမာန်ကျနော့် ပန်းချီကားက အဲ့ဒီလောက် ဈေးရစရာ အကြောင်းမရှိပါ)

ပန်းချီကားတခု အကြောင်းပြုပြီး အခုငွေဈေးနှင့်ဆိုရင် မြန်မာငွေ သိန်း ၄၀၀ နီးပါး ကူရှာပေးနိုင်ခဲ့ပေမယ့် ဒီအတွက် စီစဉ်ရတဲ့လူတွေရဲ့ပင်ပန်းမှုတွေကိုတွေ့ရတော့ ကိုယ့်မှာ ရာနှုန်းပြည့် မပျော်နိုင်ပါ။
ပွဲအတွင်း Zoom ကနေ ကြည့်ရတော့ လေလံလုပ်ပေးတဲ့ ပွဲစီစဉ်သူတွေရဲ့ Stress တွေ၊ နောက်ကနေဝိုင်းဝန်းပြီး ပရိုမိုလုပ်ပေးတဲ့ တလရမင်းသား မင်းသမီးတွေရဲ့ Stress တွေ နှင့် ရုပ်ရှင်ပြပွဲ လာသူတွေ နောက် လေလံ ဝယ်ယူသူတွေကို အားနာစိတ်ပိုဖြစ်ရပါတယ်။

ကျနော့် အတွက်က ပန်းချီကားတချပ်ရေးလိုက်ရတာ လွယ်ပေမယ့် သူတို့ တွေအတွက်က ပိုပြီးခက်ခဲပါတယ်။

အစစအရာရာ ခက်ခဲလာပြီး ဝေဖန်တိုက်ခိုက်မှု များလာတဲ့အထဲကနေ တလရ စိတ်တခုတည်းအတွက် ဆိုပြီးတော့ အားတင်းလုပ်နေကြရတာ ဖြစ်ပါလိမ့်မယ်။
မြင်ခဲ့တွေ့ခဲ့ရတာ အားလုံးကို လေးစားရပါတယ်။

(ရေးထားတဲ့ အကြောင်းအရာကတော့ အခါတိုင်းလို လက်နက်တွေ ယူနီဖောင်းတွေ မဟုတ်ပဲ ကိုတေဇာဆန်းရဲ့ ဆန္ဒပြတော်လှန်ဟန်ကို မှီငြမ်းရေးဆွဲထားတာဖြစ်ပါတယ်)

ที่อยู่

Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Fresh Bamboo Leaves - ဝါးရွက်စိမ်းများผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท