30/10/2026
ဆောင်းဦးရဲ့ညတွေမှာ ဆောင်းအဝင်ရဲ့ အမှတ်သညာ
တခုဖြစ်တဲ့ တောင်မရိုးပန်းနဲ့ ညမွှေးပန်းရနံ့တွေဟာ
လေတချက်အဝှေ့မှာ ဟိုဟိုဒီဒီကနေ လွင့်ပျံ့လာတတ်တယ်
မင်မင်တို့ ငယ်ဘဝနေခဲ့ဖူးတဲ့ အိမ်ရဲ့ နောက်ဖေးမှာ တောင်မရိုးပင်ကြီးရှိတယ်
အနံ့စူးပြင်းတဲ့ ရနံ့ဒဏ်ကို လုံးဝကို မခံနိုင်ခဲ့ဘူး
ဒီပင်ရဲ့ အနံ့ကို ဟိုးဝေးဝေးကနေဆိုရင်တော့ ခံနိုင်သေးတယ်ရယ်
နှစ်ချီနေခဲ့ရတော့လည်း ရနံ့ယဥ်သွားခဲ့တာ
အခုလည်း ရန်ကုန်မယ် ဟိုဟိုဒီဒီ သွားရင်း
တောင်မရိုးပန်းရနံ့ရလို့ ငယ်ဘဝအမှတ်သညာရနံ့ပဲဆိုတဲ့စိတ်နဲ့အတူ ဆောင်းဦးကို ဝင်ရောက်လာပြီဆိုတဲ့အသိပါ
တပြိုက်နက်ထဲ ခံစားမိလိုက်တယ်
ကြိုက်သူ မကြိုက်သူတွေရှိလည်း သဘာဝက သဘာဝပဲမို့ သူ့ရာသီ ခါမှီရောက်ပြန်တော့ ပွင့်ပေပြန်မပေါ့လေ
ဒီရနံ့ဟာ မင့်ငယ်ဘဝ အမှတ်သညာတစ်ခုပါ
ဖိုတို......စီအာဒီ