Shwe Mate Thit

Call Directions Website Contact the business

Shwe Mate Thit “Upvc” နဲ့ ပတ်သက်ရင် ဘယ်လိုခက်ခဲတဲ့ ပုံစံမျိုးပဲလာလာ “ရွှေမိတ်သစ်” ကိုသာ သတိရလိုက်ပါ။ 💛
(5)

"ရွှေမိတ်သစ်" ဟာဆိုရင်...
▪ ကိုယ်ပိုင်နည်းပညာများ၊ ကိုယ်ပိုင်စက်ကိရိယာများ၊ ကျွမ်းကျင်ပညာရှင်များစွာဖြင့် ဖွဲ့စည်းထားသော UPVC စက်ရုံဖြစ်ပြီး မြို့ပေါင်း (၄၆) မြို့နယ်မှ ဆိုင်ပေါင်း (၁၀၅) ဆိုင်အထိ ဝယ်ယူအားပေးမှုကို ရရှိထားတဲ့ စက်ရုံဖြစ်ပါတယ်။
▪ပစ္စည်း Quality အာမခံတဲ့အပြင် တပ်ဆင်ပေးထားတဲ့ ပြတင်းတံခါးများ (၃) နှစ်အတွင်း မိုးရေယိုစိမ့်ခဲ့ရင်လည်း အခမဲ့** ပြန်လည်ပြုပြင်ပေးတဲ့ အထူး service ရှိပါတယ်။
▪ဒီဇိုင်းပိုင်းမှာဆိုရင်လည်း မိတ်ဆွေတို့လိုချင်တဲ့ ဒီဇိုင်းကိုသာ ပြောလိုက်ပါ၊ ခေါက်တံခါး၊ ဂုန်းကွေးတွေလိုမျိုး ခက်ခဲတဲ့ဒီဇိုင်းတွေကိုတောင်မှ တိကျမှန်ကန်ခိုင်ခံ့စွာ ထုတ်လုပ်ပေးနိုင်ပါတယ်။
▪ဘယ်လိုဒီဇိုင်းမျိုးကို အသုံးပြုသင့်လဲမသိသေးသူများရှိရင်လည်း အခန်းဖွဲ့နဲ့လိုက်ဖက်တဲ့ ဒီဇိုင်းကို တိုင်ပင်ဆွေးနွေးပေးပါတယ်။
▪ ရာသီဥတုဒဏ်၊ လေဒဏ်၊ မိုးဒဏ်တွေအတွက်လည်း မပူပါနဲ့၊ ရာသီဥတုဒဏ်ကို အနှစ်(၃၀) ခံနိုင်ရည်ရှိသော UPVC ကုန်ကြမ်းများကိုသာ အဓိက ဦးစားပေး အသုံးပြုပေးပါတယ်နော်။

ဒါတင်မက...
📌📌 လက်ကားပြန်ယူလိုသော အိမ်ဆောက်ပစ္စည်းဆိုင်များအတွက်လည်း သီးသန့်စျေးနှုန်းဖြင့်ရောင်းချပေးပါတယ်။
"ရွှေမိတ်သစ်"စက်ရုံထံမှ ဝယ်ယူထားသော ပြတင်းတံခါးများကို ရောင်းမကုန်ခဲ့ရင်လည်း ငွေအပြည့်ပြန်အမ်းပြီးဝယ်ပေးတာမို့ အရှုံးမရှိ အမြတ်သာတိုးမယ့် "ရွှေမိတ်သစ်" နဲ့ လက်တွဲလိုပါက မနှေးအမြန်ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

ဒါကြောင့်မို့ ပူပင်စရာတွေများတဲ့ လောကကြီးမှာ ပူပင်စရာမလိုတာကတော့ "ရွှေမိတ်သစ်" ကနေမှာတဲ့ ပစ္စည်း Quality ပါပဲခင်ဗျာ။💁

📢 အလုပ်ပိတ်ရက် အသိပေးကြေညာခြင်းရွှေမိတ်သစ် UPVC တံခါး၊ ပြတင်းပေါက်စက်ရုံအား နိုဝင်ဘာလ (၁၅) ရက်၊ တနင်္ဂနွေနေ့တွင် (၁) ရက်...
14/11/2026

📢 အလုပ်ပိတ်ရက် အသိပေးကြေညာခြင်း

ရွှေမိတ်သစ် UPVC တံခါး၊ ပြတင်းပေါက်စက်ရုံအား နိုဝင်ဘာလ (၁၅) ရက်၊ တနင်္ဂနွေနေ့တွင် (၁) ရက်တာ ပိတ်ထားမည် ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်ရှင့်။

နိုဝင်ဘာလ (၁၆) ရက်၊ တနင်္လာနေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်ရှင့်။ 💛

💛 UPVC တံခါးတွေ ဝယ်ယူတဲ့အခါ ပစ္စည်းကောင်းဖို့တင်မကဘဲ ဝန်ဆောင်မှုကောင်းဖို့လည်း အရေးကြီးပါတယ်…�UPVC ပြတင်းတံခါးတွေ ဝယ်ယူဖ...
14/11/2026

💛 UPVC တံခါးတွေ ဝယ်ယူတဲ့အခါ ပစ္စည်းကောင်းဖို့တင်မကဘဲ ဝန်ဆောင်မှုကောင်းဖို့လည်း အရေးကြီးပါတယ်…�

UPVC ပြတင်းတံခါးတွေ ဝယ်ယူဖို့ စဉ်းစားနေတဲ့အခါ မိတ်ဆွေတို့ မေးချင်တာလေးတွေ ရှိကြမှာပေါ့နော်။

ဘယ်လိုတံခါးပုံစံမျိုး ရွေးရမလဲ၊ ကိုယ့်အိမ်နဲ့ ဘယ်လိုအရွယ်အစားက သင့်တော်မလဲ၊ မှန်အမျိုးအစားကရော ဘာရွေးရမလဲဆိုတဲ့ မေးခွန်းတွေပါ။

ဒီလိုမေးခွန်းတွေကို မဝယ်ခင်ကတည်းက သေချာသိထားဖို့ လိုပါတယ်ရှင့်။

ဒါကြောင့် “ရွှေမိတ်သစ်” UPVC တံခါးစက်ရုံမှာ ကာစတာမာမိတ်ဆွေကြီးများကို တံခါးရောင်းချပေးရုံတင်မကဘဲ UPVC နဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်အလက်များကို ရှင်းပြဆွေးနွေးပေးဖို့လည်း အလေးထားပါတယ်။ 💙

🔹 မဝယ်ယူခင်မှာဆိုရင်
မိတ်ဆွေတို့ တပ်ဆင်ချင်တဲ့နေရာ၊ လိုချင်တဲ့ပုံစံနဲ့ အသုံးပြုမယ့် ရည်ရွယ်ချက်ပေါ်မူတည်ပြီး သင့်တော်မယ့် ပြတင်းတံခါးအမျိုးအစားတွေကို ရှင်းပြအကြံပြုပေးပါတယ်။

🔹 မှာယူတဲ့အချိန်မှာဆိုရင်
ရွေးချယ်ထားတဲ့ တံခါးပုံစံ၊ အရွယ်အစား၊ မှန်အမျိုးအစားနဲ့ Order အသေးစိတ်တွေကို ဆွေးနွေးပေးပါတယ်။

🔹 ဝယ်ယူပြီးတဲ့နောက်မှာဆိုရင်
တံခါးအသုံးပြုရာမှာ အခက်အခဲတစ်စုံတစ်ရာရှိလာရင်လည်း လိုအပ်တဲ့ အကူအညီနဲ့ ဝန်ဆောင်မှုတွေအတွက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဘာကြောင့် ဒီလိုဝန်ဆောင်မှုတွေကို အလေးထားရတာလဲ?

“ရွှေမိတ်သစ်” ဟာဆိုရင် UPVC တံခါးတစ်ချပ်ထက် ကာစတာမာမိတ်ဆွေကြီးတွေရဲ့ အိမ်နဲ့ သင့်တော်တဲ့ ပြတင်းတံခါးတွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့နဲ့ ဝယ်ယူပြီးတဲ့နောက်မှာလည်း စိတ်ချလက်ချ အသုံးပြုနိုင်ဖို့ကို ပိုပြီး အလေးထားပါတယ်ရှင့်။ 💛

UPVC တံခါးတွေဟာဆိုရင် အိမ်မှာ နေ့စဉ်အသုံးပြုရမယ့် ပစ္စည်းဖြစ်တာကြောင့် မဝယ်ခင်ကတည်းက မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ဖို့နဲ့ ဝယ်ယူပြီးနောက်မှာလည်း စိတ်ချစွာ အသုံးပြုနိုင်ဖို့လည်း အရေးကြီးပါတယ်။
ဒါကြောင့် “ရွှေမိတ်သစ်” အတွက် Customer Service ဆိုတာ တံခါးရောင်းချတဲ့အချိန်တစ်ခုတည်းမှာပဲ ရှိနေတဲ့ ဝန်ဆောင်မှုမျိုး မဟုတ်ပါဘူး။

မိတ်ဆွေတို့ရဲ့ လိုအပ်ချက်ကို နားထောင်ပေးတာကနေစပြီး ဝယ်ယူပြီးနောက်အထိ ဝန်ဆောင်မှုများ ပေးနေပါတယ်ရှင့်။ 💛

UPVC ပြတင်းတံခါးတွေနဲ့ ပတ်သက်ပြီး သိချင်တာရှိရင် ဝယ်ဖြစ်သည်ဖြစ်စေ၊ မဝယ်ဖြစ်သည်ဖြစ်စေ “ရွှေမိတ်သစ်” ရဲ့ Chat Box မှာ လွတ်လပ်စွာ မေးမြန်းဆွေးနွေးနိုင်သလို ဖုန်းဆက်ပြီးတော့လည်း မေးမြန်းနိုင်ပါတယ်ရှင့်။

☎️ 09 77 559 7171 / 09 77 559 7117
☎️ 09 45 111 999 2 / 09 45 111 999 3

⏰ ရုံးချိန် — မနက် ၈:၀၀ မှ ညနေ ၅:၀၀ နာရီအထိ

#ရွှေမိတ်သစ် #ဝန်ဆောင်မှု ြတင်းတံခါး #ဝယ်ယူပြီးနောက်ဝန်ဆောင်မှု

🏠 အိမ်အတွက် UPVC ပြတင်းပေါက်၊ တံခါးရွေးတော့မယ်ဆိုရင် ဒီအခေါ်အဝေါ်လေးတွေ သိထားသင့်ပါတယ်။ 💛UPVC ပြတင်းပေါက်၊ တံခါးတွေမှာ ပ...
12/11/2026

🏠 အိမ်အတွက် UPVC ပြတင်းပေါက်၊ တံခါးရွေးတော့မယ်ဆိုရင် ဒီအခေါ်အဝေါ်လေးတွေ သိထားသင့်ပါတယ်။ 💛

UPVC ပြတင်းပေါက်၊ တံခါးတွေမှာ ပုံစံအမျိုးမျိုးရှိသလို အမျိုးအစားအလိုက် အသုံးပြုသင့်တဲ့နေရာတွေနဲ့ အသုံးများတဲ့ Size တွေလည်း မတူကြပါဘူးရှင့်။

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ မိတ်ဆွေတို့အတွက် UPVC ပြတင်းပေါက်၊ တံခါးတွေရဲ့

🔹 အမျိုးအစားအလိုက် အခေါ်အဝေါ်များ

🔹 အသုံးများတဲ့ နေရာများ

🔹 လူသုံးများတဲ့ Size များ

ကို တစ်နေရာတည်းမှာ အလွယ်တကူ လေ့လာနိုင်ဖို့ Knowledge Sharing လေးအဖြစ် စုစည်းဖော်ပြပေးထားပါတယ်ရှင့်။ 🙆🏻‍♀️💛

အိမ်ဆောက်ဖို့၊ ပြုပြင်ဖို့ စီစဉ်နေတဲ့ မိတ်ဆွေတွေအတွက်လည်း ပြတင်းပေါက်၊ တံခါးရွေးချယ်တဲ့အခါ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။

📌 နောက်မှ ပြန်ကြည့်လို့ရအောင် ဒီ Post လေးကို Save ထားနိုင်သလို အိမ်ဆောက်ဖို့ စီစဉ်နေတဲ့ မိတ်ဆွေတွေကိုလည်း Share ပေးနိုင်ပါတယ်နော်။

💛 UPVC နဲ့ ပတ်သက်လာရင် ဘယ်လိုခက်ခဲတဲ့ ပုံစံမျိုးပဲလာလာ ရွှေမိတ်သစ်ကိုသာ သတိရလိုက်ပါ။

📩 UPVC ပြတင်းပေါက်၊ တံခါးတွေနဲ့ ပတ်သက်ပြီး သိချင်တာရှိရင်လည်း Chat Box မှာ မေးမြန်းနိုင်ပါတယ်ရှင့်။

⏰ ရုံးချိန် — မနက် ၈:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ

#ရွှေမိတ်သစ် #ပြတင်းပေါက် #တံခါး #အိမ်ဆောက်ဗဟုသုတ

🚪 UPVC တံခါးတစ်ချပ်ရဲ့ အရည်အသွေးကို ကုန်ကြမ်းတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ရမလား ❓❓UPVC ပြတင်းတံခါးတွေဟာ အပြင်ပန်းကြည့်လိုက်ရ...
11/11/2026

🚪 UPVC တံခါးတစ်ချပ်ရဲ့ အရည်အသွေးကို ကုန်ကြမ်းတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ရမလား ❓❓

UPVC ပြတင်းတံခါးတွေဟာ အပြင်ပန်းကြည့်လိုက်ရင် ပုံစံချင်းတူနေပေမယ့် အရည်အသွေးချင်းတော့ မတူပါဘူး။

တံခါးတစ်ချပ်ကို နေ့စဉ်ဖွင့်ပိတ်အသုံးပြုတဲ့အခါမှာမှ တံခါးဘောင်နဲ့ တံခါးရွက် အံဝင်ခွင်ကျရှိမှု၊ ပတ္တာ၊ ဘီးလုံးနဲ့ တံခါးလက်ကိုင်တွေရဲ့ အသုံးပြုရအဆင်ပြေမှုတွေက အရေးပါလာတာပါ။

ဒါကြောင့် “ရွှေမိတ်သစ်” UPVC စက်ရုံမှာ တံခါးတစ်ချပ်ရဲ့ မတူကွဲပြားတဲ့ design ပိုင်းတင်မကဘဲ ရေရှည်အသုံးပြုရာမှာ အဆင်ပြေစေဖို့အတွက်လည်း အလေးထားထုတ်လုပ်ပေးနေပါတယ်။

🔹 ကုန်ကြမ်းပိုင်း – UPVC Profile အရည်အသွေးနဲ့ သစ်မာသားထည့်သွင်းထားမှု

🔹 လက်ရာပိုင်း – အတိုင်းအတာတိကျမှု၊ Joint ဆက်များ သပ်ရပ်မှုနဲ့ တံခါးရွက် အံဝင်ခွင်ကျရှိမှု

🔹 အသုံးပြုမှုပိုင်း – ပတ္တာ၊ ဘီးလုံး၊ တံခါးလက်ကိုင်နဲ့ Lock များ ချောမွေ့မှုရှိမရှိ စမ်းသပ်စစ်ဆေးခြင်း

ထုတ်လုပ်ပြီးတဲ့ ပြတင်းတံခါးတွေကိုလည်း ကာစတာမာလက်ထဲ မရောက်ခင် QC စစ်ဆေးမှုတွေ ပြုလုပ်ပေးပါတယ်ရှင့်။

တံခါးတစ်ချပ်ဆိုတာ ဝယ်ယူတပ်ဆင်ပြီးရုံနဲ့ ပြီးသွားတဲ့ပစ္စည်း မဟုတ်ပါဘူး။

ဒါကြောင့် မိတ်ဆွေတို့အိမ်အတွက် UPVC ပြတင်းတံခါးတွေ ရွေးချယ်တဲ့အခါ ဈေးနှုန်းနဲ့ ဒီဇိုင်းအပြင် ကုန်ကြမ်း၊ ထုတ်လုပ်မှုလက်ရာနဲ့ QC စစ်ဆေးမှုတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ အကြံပြုချင်ပါတယ်ရှင့်။ 💛

UPVC ပြတင်းတံခါးတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက “ရွှေမိတ်သစ်” page ရဲ့ Chat Box မှာ မေးမြန်းနိုင်ပါတယ်ရှင့်။

⏰ ရုံးချိန် — မနက် ၈:၀၀ မှ ညနေ ၅:၀၀ နာရီအထိ

#ရွှေမိတ်သစ် ြတင်းတံခါး #အရည်အသွေး #ထုတ်လုပ်မှုလက်ရာ

🪟 အိမ်ထဲကို အလင်းလည်း ဝင်ချင်တယ်၊ အပြင်ကနေလည်း အတွင်းကို ရှင်းရှင်းလင်းလင်း မမြင်စေချင်ဘူးဆိုရင် ဘယ်လိုမှန်မျိုး ရွေးချယ...
09/11/2026

🪟 အိမ်ထဲကို အလင်းလည်း ဝင်ချင်တယ်၊ အပြင်ကနေလည်း အတွင်းကို ရှင်းရှင်းလင်းလင်း မမြင်စေချင်ဘူးဆိုရင် ဘယ်လိုမှန်မျိုး ရွေးချယ်မလဲ? 🤔

အိမ်ဆောက်တဲ့အခါ UPVC ပြတင်းတံခါးတွေအတွက် ဒီဇိုင်းရွေးချယ်ရုံသာမကဘဲ အသုံးပြုမယ့် မှန်အမျိုးအစားကိုလည်း သေချာရွေးချယ်ဖို့ လိုပါတယ်ရှင့်။

အထူးသဖြင့် အိမ်ထဲကို သဘာဝအလင်းရောင် ဝင်စေချင်ပေမဲ့ အပြင်ကနေ အတွင်းကို တိုက်ရိုက်မမြင်စေချင်တဲ့ နေရာတွေအတွက်ဆိုရင် Design မှန်လေးတွေကို ရွေးချယ်နိုင်ပါတယ်။ 💛

🪞 Design မှန်ဆိုတာ မှန်မျက်နှာပြင်ပေါ်မှာ ပုံဖော်ထားတဲ့ အကွက်ပုံစံလေးတွေ ပါဝင်တဲ့ မှန်အမျိုးအစားဖြစ်ပါတယ်။

ရိုးရိုးမှန်အကြည်နဲ့ မတူတာက မှန်ပေါ်မှာပါတဲ့ ပုံဖော်ထားတဲ့ အကွက်ပုံစံလေးတွေကြောင့် တစ်ဖက်ကနေ နောက်တစ်ဖက်ကို မြင်ရမှုကို လျှော့ချပေးနိုင်တာပါ။

📍 ဒါဆို Design မှန်တွေကို ဘယ်လိုနေရာတွေမှာ အသုံးပြုနိုင်မလဲ?

🏠 ရေချိုးခန်းနဲ့ အိမ်သာတံခါးတွေ

🏠 အိပ်ခန်းနဲ့ ရုံးခန်းတံခါးတွေ

🏠 အပြင်ကနေ အတွင်းကို တိုက်ရိုက်မမြင်စေချင်တဲ့ ပြတင်းပေါက်နဲ့ အခန်းဖွဲ့တွေမှာ အသုံးပြုနိုင်ပါတယ်။

Design မှန်တွေမှာလည်း အဆင်းပုံစံအမျိုးမျိုးရှိတာကြောင့် မိတ်ဆွေတို့အိမ်ရဲ့ ဒီဇိုင်းနဲ့ လိုက်ဖက်တာကို ရွေးချယ်နိုင်ပါတယ်ရှင့်။

💡 ဒါပေမဲ့ Design မှန်တစ်မျိုးနဲ့တစ်မျိုးက အလင်းရောင်ဝင်ရောက်မှုနဲ့ တစ်ဖက်ကနေ တစ်ဖက်ကို မြင်ရနိုင်မှုတွေ မတူညီနိုင်ပါဘူး။

ဒါကြောင့် ပြတင်းတံခါးတွေအတွက် မှန်ရွေးချယ်တဲ့အခါ အသုံးပြုမယ့်နေရာ၊ လိုချင်တဲ့ အလင်းရောင်ပမာဏနဲ့ ကိုယ်ပိုင်လွတ်လပ်မှု (Privacy) ကိုပါ ထည့်သွင်းစဉ်းစားပြီး ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်ရှင့်။ 💛

💬 Design မှန်အမျိုးအစားတွေကို ကြည့်ရှုရွေးချယ်ချင်တယ်ဆိုရင် “ရွှေမိတ်သစ်” ရဲ့ Chat Box မှာ မေးမြန်းနိုင်ပါတယ်ရှင့်။

#ရွှေမိတ်သစ် ှန် ှန်အမျိုးအစား #အိမ်အလှဆင် ုသုတ

📢 အလုပ်ပိတ်ရက် အသိပေးကြေညာခြင်းရွှေမိတ်သစ် UPVC တံခါး၊ ပြတင်းပေါက်စက်ရုံအား နိုဝင်ဘာလ (၈) ရက်၊ တနင်္ဂနွေနေ့တွင် (၁) ရက်တ...
07/11/2026

📢 အလုပ်ပိတ်ရက် အသိပေးကြေညာခြင်း

ရွှေမိတ်သစ် UPVC တံခါး၊ ပြတင်းပေါက်စက်ရုံအား နိုဝင်ဘာလ (၈) ရက်၊ တနင်္ဂနွေနေ့တွင် (၁) ရက်တာ ပိတ်ထားမည် ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်ရှင့်။

နိုဝင်ဘာလ (၉) ရက်၊ တနင်္လာနေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်ရှင့်။ 💛

💛 “UPVC တံခါးတွေ ဝယ်ချင်တယ်… ဒါပေမဲ့”ဒီ “ဒါပေမဲ့” နောက်မှာ မိတ်ဆွေတို့ စိတ်ပူလေ့ရှိတဲ့ အချက် (၃) ချက် ရှိပါတယ်။1️⃣ “ပစ္စ...
07/11/2026

💛 “UPVC တံခါးတွေ ဝယ်ချင်တယ်… ဒါပေမဲ့”

ဒီ “ဒါပေမဲ့” နောက်မှာ မိတ်ဆွေတို့ စိတ်ပူလေ့ရှိတဲ့ အချက် (၃) ချက် ရှိပါတယ်။

1️⃣ “ပစ္စည်းအရည်အသွေးက တကယ်ကောင်းပါ့မလား”

2️⃣ “တပ်ဆင်ပြီးရင် လက်ရာပိုင်း သေသပ်ပါ့မလား”

3️⃣ “တစ်ခုခုဖြစ်ရင် တာဝန်ယူဖြေရှင်းပေးပါ့မလား”

ဒီမေးခွန်းတွေအတွက် “ရွှေမိတ်သစ်” ကပဲ ကောင်းပါတယ်လို့ ပြောနေမယ့်အစား…

“ရွှေမိတ်သစ်” ကို ကိုယ်တိုင်ရွေးချယ်အသုံးပြုခဲ့ကြတဲ့ ကာစတာမာတွေရဲ့ စကားသံလေးတွေကိုပဲ နားထောင်ကြည့်စေချင်ပါတယ်။ 💬

တချို့က လက်ရာသေသပ်မှုကို အသိအမှတ်ပြုပေးကြတယ်။

တချို့က ဝန်ဆောင်မှုနဲ့ တာဝန်ယူမှုအပေါ် စိတ်ကျေနပ်ကြတယ်။

တချို့ကတော့ (၅) နှစ်ကြာတဲ့အထိ ယုံကြည်စွာ အားပေးလာကြတယ်။

ဒီလို စိတ်ရင်းနဲ့ Review လေးတွေ ရေးသားပေးကြတဲ့ ကာစတာမာတစ်ဦးချင်းစီတိုင်းကို ရွှေမိတ်သစ်မှ အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။ 🙏💛

“ရွှေမိတ်သစ်” အတွက်တော့ ကာစတာမာတွေရဲ့ စိတ်ကျေနပ်မှုက အကောင်းဆုံး အသိအမှတ်ပြုမှုပါပဲ။ 💛

#ရွှေမိတ်သစ် #ကာစတာမာများရဲ့ယုံကြည်မှု ံခါးပြတင်းပေါက်

🏠 UPVC တံခါးတစ်ချပ် ဖြစ်လာဖို့ ဘယ်လိုကုန်ကြမ်းတွေကို အသုံးပြုလဲ? 🤔💛UPVC ပြတင်းတံခါးတွေ ထုတ်လုပ်ဖို့အတွက် အသုံးပြုရတဲ့ ပစ...
07/11/2026

🏠 UPVC တံခါးတစ်ချပ် ဖြစ်လာဖို့ ဘယ်လိုကုန်ကြမ်းတွေကို အသုံးပြုလဲ? 🤔💛

UPVC ပြတင်းတံခါးတွေ ထုတ်လုပ်ဖို့အတွက် အသုံးပြုရတဲ့ ပစ္စည်းတွေထဲမှာ UPVC ကုန်ကြမ်းချောင်းတွေ က အဓိကပါဝင် ပစ္စည်းတွေပဲဖြစ်ပါတယ်ရှင့်။ 🏭

ဒီကုန်ကြမ်းချောင်းတွေကို လိုအပ်တဲ့ အတိုင်းအတာအတိုင်း ဖြတ်တောက်ပြီး တံခါးဘောင်နဲ့ တံခါးရွက်တွေ ဖြစ်လာအောင် ထုတ်လုပ်ရပါတယ်။ 🛠️

📌 UPVC ကုန်ကြမ်းချောင်းတွေမှာလည်း အထူ၊ အလတ်၊ အပါး ဆိုပြီး အမျိုးအစားကွဲပြားမှုတွေရှိသလို ကုန််ကြမ်းရဲ့ အတွင်းပိုင်းဖွဲ့စည်းပုံနဲ့ အရည်အသွေးတွေလည်း မတူကြပါဘူး။

အသုံးပြုထားတဲ့ ကုန်ကြမ်းအမျိုးအစားပေါ်မူတည်ပြီး တံခါးရဲ့ ကုန်ကျစရိတ်နဲ့ ဈေးနှုန်းတွေကလည်း ကွာခြားနိုင်ပါတယ်။ 💰

🔍 ဒါ့အပြင် ကုန်ကြမ်းရွေးချယ်မှုတစ်ခုတည်းသာမက အတိုင်းအတာတိကျစွာ ဖြတ်တောက်ခြင်း၊ Joint ဆက်များ သေချာဆက်စပ်ခြင်းနဲ့ ထုတ်လုပ်မှုလက်ရာတွေကလည်း အရေးကြီးပါတယ်။

💡 ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ UPVC ပြတင်းတံခါးတွေ မဝယ်ယူခင် အသုံးပြုထားတဲ့ ကုန်ကြမ်း Brand နဲ့ ထုတ်လုပ်မှုလက်ရာတွေကိုပါ သေချာမေးမြန်းဝယ်ယူဖို့ကို အကြံပြုချင်ပါတယ်ရှင့်။ 💛

💬 UPVC ပြတင်းတံခါးတွေနဲ့ ပတ်သက်ပြီး သိချင်တာရှိရင် “ရွှေမိတ်သစ်” ရဲ့ Chat Box မှာ မေးမြန်းဆွေးနွေးနိုင်ပါတယ်ရှင့်။

#ရွှေမိတ်သစ် ုန်ကြမ်း ုသုတ ြတင်းတံခါး

🪟 ဖွင့်လို့မရတဲ့ ပြတင်းပေါက်ဆိုတာ…🤔❓❓အိမ်ထဲကို သဘာဝအလင်းရောင် ဝင်စေချင်တယ်။ ဒါပေမယ့် လေဝင်ဖို့ မလိုအပ်ဘူးဆိုရင်တော့ Fixe...
05/11/2026

🪟 ဖွင့်လို့မရတဲ့ ပြတင်းပေါက်ဆိုတာ…🤔❓❓

အိမ်ထဲကို သဘာဝအလင်းရောင် ဝင်စေချင်တယ်။ ဒါပေမယ့် လေဝင်ဖို့ မလိုအပ်ဘူးဆိုရင်တော့ Fixed Window (မှန်အသေပြတင်းပေါက်) ကို ရွေးချယ်နိုင်ပါတယ်ရှင့်။ 💛

🔎 Fixed Window ဆိုတာ ဘယ်လိုပြတင်းပေါက်မျိုးလဲ?

Fixed Window ဆိုတာ ဖွင့်လို့ပိတ်လို့မရဘဲ မှန်ကို အသေတပ်ဆင်ထားတဲ့ ပြတင်းပေါက်အမျိုးအစား ဖြစ်ပါတယ်။

🏠 ဘယ်လိုနေရာတွေမှာ တပ်ဆင်သင့်လဲ?

▪️ လှေကားအနီး – နေ့ဘက်မှာ သဘာဝအလင်းရောင် ရရှိစေဖို့။

▪️ အမြင့်ပိုင်းနံရံတွေ – ပြတင်းပေါက်ဖွင့်ဖို့ မလိုအပ်ဘဲ အလင်းရောင်ဝင်စေချင်တဲ့ နေရာတွေအတွက်။

▪️ အလင်းရောင်အဓိကလိုအပ်တဲ့ နေရာတွေ – လေဝင်လေထွက်ထက် သဘာဝအလင်းရောင်ရရှိဖို့ ဦးစားပေးထားတဲ့ နေရာတွေအတွက် အသုံးပြုနိုင်ပါတယ်။

📌 သတိထားသင့်တဲ့အချက်တစ်ခုကတော့…

Fixed Window ဟာ ဖွင့်လို့မရတဲ့အတွက် လေဝင်လေထွက်လိုအပ်တဲ့ အခန်းတွေမှာ Fixed Window တစ်မျိုးတည်းတပ်ဆင်ဖို့ မသင့်တော်ပါဘူး။

အဲဒီလိုနေရာတွေမှာတော့ ဖွင့်လို့ရတဲ့ ပြတင်းပေါက်အမျိုးအစားတွေနဲ့ တွဲဖက်တပ်ဆင်တာက ပိုသင့်တော်ပါတယ်။

💛 ဒါကြောင့် အိမ်အတွက် ပြတင်းပေါက်ရွေးချယ်တဲ့အခါ အလင်းရောင်ဝင်ဖို့လား၊ လေဝင်လေထွက်ရဖို့လား ဆိုတဲ့ အသုံးပြုမယ့်ရည်ရွယ်ချက်ကို စဉ်းစားပြီးမှ ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်ရှင့်။

#ရွှေမိတ်သစ် ံခါးပြတင်းပေါက် #မှန်အသေပြတင်းပေါက် #အိမ်ဆောက်မည့်သူများအတွက် #အိမ်အလှဆင်

Address

အမှတ် (၁၉) နဝရတ်လမ်းနှင့် တပင်ရွှေထီးလမ်းထောင့်၊ အောင်ချမ်းသာ (၁)ရပ်ကွက်၊ သန်လျင်မြို့နယ်၊
Yangon
11291

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959775597171

Alerts

Be the first to know and let us send you an email when Shwe Mate Thit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Mate Thit:

Shortcuts

Share

Nearby home improvement businesses