Happy CCTV & Networking

Call Directions

Happy CCTV & Networking CCTV & Networking Services.
‎Every Angle Secured. Every Connection Strong.

‎👉 Video Surveillance System အတွက် အထူးထုတ်လုပ်ထားတဲ့ Tiandy PoE SwitchHappy CCTV & Networking မှာ ဝယ်ယူရရှိနိုင်ပါတယ်။‎...
20/09/2026

‎👉 Video Surveillance System အတွက် အထူးထုတ်လုပ်ထားတဲ့ Tiandy PoE Switch

Happy CCTV & Networking မှာ ဝယ်ယူရရှိနိုင်ပါတယ်။
‎
‎CCTV System တစ်ခုမှာ Camera ကောင်းရုံနဲ့ မလုံလောက်ပါဘူး။
Network တည်ငြိမ်မှုနဲ့ Power Supply စဉ်ဆက်မပြတ်ရရှိဖို့ PoE Switch ကောင်းကောင်းတစ်လုံး ဟာလည်း အရေးကြီးပါတယ်။
‎
‎Tiandy PoE Switch မှာ CCTV Installer သမားတွေအတွက် အသုံးဝင်တဲ့ အထူးလုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။
‎
‎🔥 PoE Watchdog
‎Camera Video Lost ဖြစ်ခြင်း၊ Camera Hang ဖြစ်ခြင်းတို့ ဖြစ်ပေါ်ပါက သက်ဆိုင်ရာ PoE Port ကို အလိုအလျောက် Restart လုပ်ပေးနိုင်တာကြောင့် System ပြန်လည်အလုပ်လုပ်အောင် ကူညီပေးပါတယ်။
‎
‎🔥PoE Priority Management
‎ချိတ်ဆက်ထားတဲ့ Device တွေရဲ့ Power သုံးစွဲမှုက Switch ရဲ့ PoE Budget ထက် ကျော်လွန်လာတဲ့အခါ Priority နိမ့်တဲ့ Port တွေကို ဖြုတ်ချပြီး အရေးကြီးတဲ့ Camera တွေကို Power ဆက်လက်ရရှိအောင် စီမံပေးနိုင်ပါတယ်။
‎
‎🔥 PoE Max Indicator
‎Switch ရဲ့ PoE Power သုံးစွဲမှုအခြေအနေကို အလွယ်တကူ သိရှိနိုင်တာကြောင့် Overload မဖြစ်မီ ကြိုတင်စစ်ဆေးပြီး Services & Maintenance အတွက် စီစဉ်ရတာပိုအဆင်ပြေစေပါတယ်။
‎
‎🔥VLAN Function
‎Camera Port တစ်ခုနဲ့တစ်ခုကြား Network Traffic ကို ခွဲခြားပေးနိုင်တာကြောင့် Network ပိုမိုတည်ငြိမ်စေပြီး မလိုအပ်တဲ့ Data ပြန့်ပွားမှုကို လျှော့ချပေးပါတယ်။
‎
‎🔥 Extend Mode – 220 Metres
‎Extend Mode ကို ဖွင့်ထားပါက Camera နဲ့ PoE Switch ကြား Data နှင့် Power Transmission ကို အကွာအဝေး 220 မီတာအထိ ရရှိနိုင်တာကြောင့် အကွာအဝေးရှည်တဲ့ CCTV Installation တွေအတွက် အထူးသင့်တော်ပါတယ်။
‎
‎ပိုမိုတည်ငြိမ်တဲ့ Network၊ ပိုမိုလွယ်ကူတဲ့ Maintenance နဲ့ CCTV System အတွက် — Tiandy PoE Switch ကို ရွေးချယ်လိုက်ပါ။

ဝယ်ယူမယ် ဆို ရင်

Happy CCTV & Networking မှာ စိတ်ချရတယ်နော် ။
‎
‎📩 ပစ္စည်းဈေးနှုန်းနှင့် Installation Service များအတွက် Page Messenger မှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
‎


‎
‎

‎📹 CCTV တပ်ဆင်ရာမှာ သတိပြုသင့်တဲ့ အချက် (၅) ချက်‎‎CCTV တပ်ထားရုံနဲ့ လုံခြုံရေးကောင်းသွားတာ မဟုတ်ပါဘူး။‎တပ်ဆင်တဲ့နေရာ၊ Ca...
26/08/2026

‎📹 CCTV တပ်ဆင်ရာမှာ သတိပြုသင့်တဲ့ အချက် (၅) ချက်
‎
‎CCTV တပ်ထားရုံနဲ့ လုံခြုံရေးကောင်းသွားတာ မဟုတ်ပါဘူး။
‎တပ်ဆင်တဲ့နေရာ၊ Camera ရွေးချယ်မှု၊ Recording System နဲ့ Network အထိ စနစ်တကျဖြစ်မှ CCTV ရဲ့ အကျိုးကျေးဇူးကို အပြည့်အဝရနိုင်ပါတယ်။
‎
‎1️⃣ Camera Position ကို မှန်ကန်စွာရွေးချယ်ပါ
‎ဝင်ပေါက်၊ ထွက်ပေါက်၊ ငွေရှင်းကောင်တာ၊ Parking နဲ့ အရေးကြီးနေရာတွေကို အဓိကထားရပါမယ်။
‎Blind Spot မဖြစ်အောင် Camera Angle နဲ့ Height ကို စနစ်တကျချိန်ညှိဖို့လိုပါတယ်။
‎
‎2️⃣ နေရာနဲ့ကိုက်ညီတဲ့ Camera ကိုရွေးပါ
‎Indoor / Outdoor, Day / Night, Wide Area / Long Distance စတဲ့ အသုံးပြုမယ့်နေရာအလိုက် Resolution နဲ့ Lens ကို မှန်ကန်စွာရွေးချယ်ရပါမယ်။
‎Camera များများတပ်ထားပြီး မျက်နှာနဲ့ ကားနံပါတ်မမြင်ရရင် အကျိုးမရှိပါဘူး။
‎
‎3️⃣ Recording Storage ကို မလျှော့ပါနဲ့
‎HDD Capacity မလုံလောက်ရင် လိုအပ်တဲ့နေ့‌ တွေရက် တွေကို ပြန်ကြည့်ချိန်မှာ Record မရှိ‌ နေတာမျိုး ဖြစ်နိုင်ပါတယ်။
‎Camera အရေအတွက်၊ Resolution နဲ့ သိမ်းထားလိုတဲ့ရက်အရေအတွက်ပေါ်မူတည်ပြီး Storage တွက်ချက်သင့်ပါတယ်။
‎
‎4️⃣ Power & Network ကို စနစ်တကျလုပ်ပါ
‎မီးအားမတည်ငြိမ်ခြင်း၊ Cable Quality မကောင်းခြင်းနဲ့ Network ပြတ်တောက်ခြင်းတွေက CCTV System ကို အားနည်းစေနိုင်ပါတယ်။
‎Quality ကောင်းတဲ့ Cable, Power Supply, UPS နဲ့ Network Equipment တွေသုံးတာ ပိုစိတ်ချရပါတယ်။
‎
‎5️⃣ Password & Maintenance ကို မမေ့ပါနဲ့
‎Default Password အတိုင်းထားခြင်းကို ရှောင်ပြီး Strong Password သတ်မှတ်ပါ။
‎Camera Lens၊ HDD Status၊ Recording နဲ့ Remote View ကိုလည်း အချိန်မှန် စစ်ဆေးပေးသင့်ပါတယ်။
‎
‎⚠️ CCTV System က Camera အရေအတွက်များတာထက်
‎လိုအပ်တဲ့နေရာကို မှန်မှန်ကန်ကန် စောင့်ကြည့်နိုင်ဖို့က ပိုအရေးကြီးပါတယ်။
‎
‎🏠 အိမ်
‎🏪 ဆိုင်
‎🏢 ရုံး
‎🏭 စက်ရုံ / Warehouse
‎
‎CCTV System တပ်ဆင်မယ်ဆိုရင် နေရာကြည့်ရှုခြင်း ၊ System Design၊ Installation၊ Configuration and Testing အဆင့်တိုင်းကို စနစ်တကျလုပ်ဆောင် ဖို့ လိုအပ်ပါမယ်။

‎📩 CCTV တပ်ဆင်ချင်သူများ Messenger မှာ နေရာအမျိုးအစား + Camera အရေအတွက် ပို့ပေးပါ။
‎သင့်နေရာနဲ့ ကိုက်ညီတဲ့ System ကို အကြံပေးပေးပါမယ်။
‎
‎🔐 လုံခြုံရေးက ကုန်ကျစရိတ်မဟုတ်ဘူး — မဖြစ်ခင် ကာကွယ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုပါ။

‎📞 09 775 880 854
‎📧 [email protected]
‎
‎HAPPY CCTV & Networking
"‎Every Angle Secured. Every Connection Strong."
‎
‎

‎📹 CCTV Camera  တပ်ဖို့ မဝယ်ခင်  Camera Lens တွေနဲ့ ပတ်သတ်ပြီး 2.8mm, 3.6mm, 4mm, 12mm Lens တွေကို ဘာတွေသိထားသင့်လဲ?‎‎CC...
26/08/2026

‎📹 CCTV Camera တပ်ဖို့ မဝယ်ခင် Camera Lens တွေနဲ့ ပတ်သတ်ပြီး 2.8mm, 3.6mm, 4mm, 12mm Lens တွေကို ဘာတွေသိထားသင့်လဲ?
‎
‎CCTV Camera ဝယ်တဲ့အခါ Megapixel ဘယ်လောက်လဲ? Brand ဘာလဲ? ဆိုတာတင်ကြည့်ပြီးမဆုံးဖြတ်ပါနဲ့။
‎
‎Lens ဘယ်လောက် mm လဲ? ဆိုတာကလည်း အရေးကြီးပါတယ်။
‎
‎အလွယ်ဆုံးမှတ်ရရင် —
‎
‎👉 mm နည်းလေ = မြင်ကွင်းကျယ်လေ
‎👉 mm များလေ = မြင်ကွင်းကျဉ်းလာပြီး အဝေးက Object ကို ပိုကြီးပြီးမြင်ရလေပါပဲ။
‎
‎🔵 2.8mm — Wide View
‎
‎မြင်ကွင်းကျယ်ကျယ်လိုချင်ရင် သင့်တော်ပါတယ်။
‎
‎အသုံးများတဲ့နေရာတွေက
‎🏠 အခန်းအတွင်း
‎🏪 ဆိုင်အတွင်း
‎🏢 Office
‎🚪 ဝင်ပေါက်နား
‎📦 Warehouse အတွင်း
‎
‎အားသာချက် — နေရာအကျယ်ကြီးကို Camera တစ်လုံးနဲ့ ဖမ်းယူနိုင်ပါတယ်။
‎
‎သတိထားရန် — အဝေးက Object တွေက ပုံထဲမှာ သေးသွားနိုင်တယ်။DOF Clearly မဖြစ်တာလည်း ဖြစ်နိုင်ပါသေးတယ်။
‎
‎🔵 3.6mm — Balanced View
‎
‎Wide Angle နဲ့ Detail နှစ်ခုကြား Balance ကောင်းတဲ့ Lens အမျိုးအစားဖြစ်ပါတယ်။
‎
‎သင့်တော်တဲ့နေရာတွေက
‎🏡 အိမ်အပြင်ဘက်
‎🏪 ဆိုင်ရှေ့
‎🚗 Parking
‎🚶 Corridor
‎🏭 စက်ရုံအတွင်း
‎
‎2.8mm ထက် မြင်ကွင်းနည်းနည်းကျဉ်းပြီး Subject ကို နည်းနည်းပိုကြီးမြင်ရပါတယ်။
‎
‎🔵 4mm — More Detail
‎
‎3.6mm ထက် မြင်ကွင်းနည်းနည်းပိုကျဉ်းပြီး အဝေးဘက် မှာရှိနေတဲ့ Object ကို ပိုအာရုံစိုက်နိုင်ပါတယ်။
‎
‎အသုံးများတဲ့နေရာတွေက
‎🚪 Gate
‎🚗 Car Entrance
‎🏭 Factory Entrance
‎🏢 Building Access Point
‎🛣️ လမ်းကြောင်းတစ်လျှောက်
‎
‎လူမျက်နှာ၊ လှုပ်ရှားမှု နဲ့ ဆိုင်ရာ တွေသိဖို့ သတ်မှတ်ထားတဲ့ Area ကို ပိုအာရုံစိုက်ချင်ရင်ပိုမြင်ရချင်ရင် အသုံးဝင်ပါတယ်။
‎
‎🔵 12mm — Long Distance / Narrow View
‎
‎12mm ကတော့ မြင်ကွင်းကျယ်အတွက်မဟုတ်ပါဘူး။
‎
‎🎯 အဝေးက နေရာတစ်ခုကို Target ထားပြီး ကြည့်ဖို့သင့်တော်ပါတယ်။
‎
‎အသုံးများတဲ့နေရာတွေက
‎🚧 Main Gate
‎🛣️ အဝေးက လမ်းဝင်လမ်းထွက်
‎🏭 Factory Perimeter
‎📦 Long Warehouse Aisle
‎🚘 သတ်မှတ်ထားတဲ့ Vehicle Entry Point
‎
‎အားသာချက် — အဝေးက Object ကို ပိုကြီးမြင်နိုင်တယ်။
‎
‎အားနည်းချက် — မြင်ကွင်းကျဉ်းတဲ့အတွက် Blind Spot ပိုဖြစ်နိုင်တယ်။Target Views တွေ အတွက်ပဲကောင်းပါတယ်။
‎
‎⚠️ Camera မဝယ်ခင် ဒီအချက် (၅) ချက်ကို မေးပါ
‎
‎1️⃣ Camera ကို ဘယ်နေရာတပ်မှာလဲ?
‎2️⃣ Camera ကနေ ကြည့်ချင်တဲ့ Object (DOF)အထိ အကွာအဝေး ဘယ်လောက်ရှိလဲ?
‎3️⃣ နေရာအကျယ်ကြည့်ချင်တာလား၊ လူမျက်နှာ/ပစ္စည်း Detail ကြည့်ချင်တာလား?
‎4️⃣ Indoor လား၊ Outdoor လား?
‎5️⃣ Fixed Lens လား၊ Varifocal Lens လိုမလား?
‎
‎📌 အကြမ်းဖျဉ်း မှတ်ထားပါ
‎
‎2.8mm မြင်ကွင်းအကျယ်ဆုံး
‎3.6mm Wide + Detail Balance
‎4mm Detail ပိုကောင်း
‎12mm အဝေး Target အတွက်
‎
‎❗ဒါပေမယ့် Lens mm တစ်ခုတည်းနဲ့ Camera Performance ကို 100% ဆုံးဖြတ်မပေးနိုင်ပါဖူး။
‎
‎Sensor Size, Resolution, Camera Mounting Height, Installation High & Distance, Lighting Condition တွေလည်း Viewing Result ကို သက်ရောက်စေပါတယ်။
‎
‎💡 CCTV Camera ကောင်းတာဝယ်တာထက်
‎“တပ်မယ့်နေရာနဲ့ ကိုက်ညီတဲ့ Camera + Lens ကို ရွေးဝယ်တာ” က ပိုအရေးကြီးပါတယ်။
‎
‎အခြား အရေးကြီးတာတွေလည်း ဆက်တင်ပေးမှာ ဖြစ်လို့ Like & Follow လုပ်ထားပေးပါ။

‎📩 CCTV တပ်ဆင်ချင်သူများ Messenger မှာ နေရာအမျိုးအစား + Camera အရေအတွက် ပို့ပေးပါ။
‎သင့်နေရာနဲ့ ကိုက်ညီတဲ့ System ကို အကြံပေးပေးပါမယ်။
‎
‎🔐 လုံခြုံရေးက ကုန်ကျစရိတ်မဟုတ်ဘူး — မဖြစ်ခင် ကာကွယ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုပါ။

‎📞 09 775 880 854
‎📧 [email protected]
‎
‎HAPPY CCTV & Networking
"‎Every Angle Secured. Every Connection Strong."
‎
‎

‎
‎

☀️ မီးမရှိလည်း စောင့်ကြည့်မယ် — Wi-Fi မရှိလည်း စောင့်ကြည့်မယ်! 📹📡ခြံ၊ စိုက်ပျိုးရေးဧရိယာ၊ ဂိုဒေါင်၊ Construction Site နဲ...
26/08/2026

☀️ မီးမရှိလည်း စောင့်ကြည့်မယ် — Wi-Fi မရှိလည်း စောင့်ကြည့်မယ်! 📹📡

ခြံ၊ စိုက်ပျိုးရေးဧရိယာ၊ ဂိုဒေါင်၊ Construction Site နဲ့ Network Cable ဆွဲဖို့ခက်တဲ့ နေရာတွေအတွက် Tiandy SUNFLOWER Standalone Wireless (Solar + 4G) CCTV က လက်တွေ့အသုံးဝင်တဲ့ Security Solution တစ်ခု ဖြစ်ပါတယ်။

🔥 Available Models
• TC-H333K 9DA-4
• TC-H343K 9DA-4
• TC-H363U 9DA-4

✅ ဘာကြောင့် Solar + 4G CCTV ကိုရွေးချယ်သင့်လဲ?

☀️ Solar Powered
နေစွမ်းအင်အသုံးပြုထားတဲ့အတွက် မီးလိုင်းဆွဲရခက်တဲ့နေရာတွေမှာ အသုံးပြုနိုင်ပါတယ်။

📶 4G Connectivity
Wi-Fi / LAN Network မရှိတဲ့နေရာတွေမှာ 4G Network နဲ့ Remote Monitoring ပြုလုပ်နိုင်ပါတယ်။

🔋 Long-lasting Power
နေ့ရောညပါ Security Monitoring လုပ်ဆောင်နိုင်ဖို့ Solar + Battery System နဲ့ ဒီဇိုင်းပြုလုပ်ထားပါတယ်။

🌧️ All-weather Design
Outdoor Environment တွေအတွက် ဒီဇိုင်းပြုလုပ်ထားတာကြောင့် လယ်ကွင်း၊ ခြံ၊ စက်ရုံပြင်ပနဲ့ Remote Area တွေမှာ အထူးသင့်တော်ပါတယ်။

📱 Remote & Reliable Security
နေရာမှာ လူမရှိလည်း ကိုယ့်ဖုန်းကနေ အဝေးက စောင့်ကြည့်နိုင်တဲ့ Security Solution ဖြစ်ပါတယ်။

💡 သင့်လယ်ယာ၊ ခြံ၊ ဂိုဒေါင် ဒါမှမဟုတ် Project Site မှာ မီးနဲ့ Network မရလို့ CCTV မတပ်နိုင်ဘူးလို့ မတွေးပါနဲ့။

Solar + 4G ရှိရင် Security ရှိနိုင်ပါတယ်။

📞 09 775 880 854
📧 [email protected]

HAPPY CCTV & Networking
Every Angle Secured. Every Connection Strong.

‎"Optical Fiber Media Converter" ဆိုတာဘာလဲ‎‎ကျွန်တော် တို့ နေ့ စဉ် ထိတွေ့နေရတဲ့  ‎CCTV နဲ့ Network Systems တွေ မှာ မရှိ ...
12/03/2026

‎"Optical Fiber Media Converter" ဆိုတာဘာလဲ
‎
‎ကျွန်တော် တို့ နေ့ စဉ် ထိတွေ့နေရတဲ့
‎CCTV နဲ့ Network Systems တွေ မှာ မရှိ မဖြစ်နဲ့ မေ့ထား လို့ မရတဲ့ Device တစ်ခု ၊ နည်း ပညာ တစ်ခုကိုပြပါဆိုရင် ကျွန်တော့်အနေနဲ့ Optical Fiber Media Converter ကို ပြမိမှာ ပါ ပဲ ။
‎
‎စံနှုန်း သတ်မှတ်ချက်နဲ့ ကန့်သတ်မှုတွေကို ကျော်ဖြတ်‌ဖြေရှင်းဖို့ Media Converter လေးက အတော် ကို အသုံးဝင် လှ ပါတယ်။
‎
‎🤔Optical Fiber Media Converter ဆိုတာဘာလည်း ?
‎
‎🔒ဘယ်လို အလုပ်လုပ်တာလည်း ?
‎
‎Optical Fiber Media Converter ဆိုတာက Ethernet (Copper Cable) နဲ့ Fiber Optic Cable တို့ကို တစ်ခုနဲ့တစ်ခု ဆက်သွယ်နိုင်အောင် signal type ပြောင်းပေးတဲ့ network device တစ်ခု ဖြစ်ပါတယ်။
‎
‎Ethernet cable ကနေ လာတဲ့ electrical signal ကို optical signal အဖြစ် ပြောင်းပေးပြီး Fiber cable ကနေ data ကို long distance ပို့နိုင်အောင် လုပ်ပေးပါတယ်။
‎
‎⚙️ Media Converter အလုပ်လုပ်ပုံ
‎
‎Media Converter တစ်လုံးရဲ့ အလုပ်လုပ်ပုံကို အဆင့်လိုက်ကြည့်မယ်ဆိုရင် —
‎
‎1️⃣ PC / Switch / Router ကနေ Ethernet cable (RJ45) ဖြင့် data signal ထွက်လာပါတယ်။
‎
‎2️⃣ အဲဒီ signal ကို Media Converter က လက်ခံပြီး
‎Electrical Signal ကို Optical Signal အဖြစ် ပြောင်းပေးပါတယ်။
‎
‎3️⃣ ပြောင်းထားတဲ့ Optical signal ကို Fiber Optic Cable ကနေတဆင့် long Distanceရအောင် ပို့‌ ဆောင် ပေး ပါတယ်။
‎
‎4️⃣ Destination ဘက်မှာရှိတဲ့ Media Converter က Optical Signal ကို Electrical Signal ပြန်ပြောင်းပေးပါတယ်။
‎
‎5️⃣ ပြန်ပြောင်းထားတဲ့ data ကို Switch / Router / Computer ဆီ ပြန်ပို့ပေးပါတယ်။
‎
‎👉 အတိုချုပ် ပြီး ပြော ပြ ရရင်
‎Copper Ethernet Network ကို Fiber Network နဲ့ ချိတ်ဆက်ပေးပြီး အကွာအဝေး များများ ရအောင် ပြောင်းပေး တဲ့ device ဖြစ်ပါတယ်။
‎
‎
‎📍Media Converter မှာ ပါဝင်တဲ့ Ports အနေနဲ့က
‎
‎Media Converter တစ်လုံးမှာ ပုံမှန်အားဖြင့်
‎
‎1.RJ45 Port – Ethernet Cable ချိတ်ရန်
‎
‎2.Fiber Port (SC / LC) – Fiber Cable ချိတ်ရန်
‎
‎3.Power Port – Power supply
‎
‎4.LED Indicators – Power / Link / Activity Status
‎
‎စတာတွေ ပါ ဝင်ပြီး အချို့ Media Converter တွေ မှာ ကတော့ Optical ကို သီး သန့် Convert လုပ်ပေးမယ့် SFP Module တွေကို သုံး ရတက်ပါတယ်။
‎
‎🙇SFP Module တွေ သုံးမယ်ဆိုရင် Data Transmit လုပ်လို့ ရတဲ့ အကွာ အဝေးဟာ
‎Module အပေါ်မှာ ပဲ မူတည်သွား ပါတယ်။
‎
‎(Module တွေ အကြောင်းကတော့ နောက်ပို့တွေမှာ ပြောပြပေးပါ့မယ်။)
‎
‎🌐 Media Converter ကို အများအား ဖြင့် CCTV နဲ့ Network ပိုင်းနဲ့ ပတ်သတ်လာ ရင် အမဒီနေရာတွေမှာ အသုံးပြုကြပါတယ်
‎
‎🏢 Office Building Network
‎🏫 Campus / University Network
‎🌐 ISP Internet Distribution
‎🏭 Industrial Network
‎🏬 Building to Building Connection
‎
‎အထူးသဖြင့် Long Distance Network Connection တွေအတွက် အသုံးများပါတယ်။
‎
‎🚀 Media Converter အသုံးပြုရတဲ့ အကျိုးကျေးဇူး
‎
‎✔ Network distance ကန့်သတ်ချက် ကို kilometersများ စွာ အထိ တိုးချဲ့နိုင်တယ်
‎✔ Fiber optic cable ကြောင့် High speed နဲ့ More stability ကောင်းလာမယ်
‎✔ Electrical interference ဖြစ်တာမျိုးမရှိဘူး
‎✔ Network reliability ကောင်းလာမယ်
‎
‎Ethernet cable က 100 meters ထိသာ အလုပ်လုပ်နိုင်ပေမယ့်
‎Fiber optic cable က 2km / 10km / 20km အထိ data ပို့နိုင်ပါတယ်။
‎
‎Network design မှာ distance 100m ကျော်သွားတဲ့အခါ Ethernet cable မသုံးတော့ပဲ Fiber + Media Converter ကို အသုံးပြုကြပါတယ်။
‎
‎📍အချို့နေရာတွေမှာတော့ Fiber Module ကိုလည်း အသုံး ပြုကြပါတယ်။
‎
‎ဒါကြောင့် Media Converter က
‎modern network infrastructure မှာ အရေးကြီးတဲ့ device တစ်ခု ဖြစ်ပြီး Long Distance IT Solutions တွေ မှာ မေ့ထား လို့ မရတဲ့ Solutions တစ်ခုဖြစ်ပါတယ်။
‎

☎️09-775-880-854
‎
‎ Converter
‎
‎
‎

🏢 Condo & Luxury Apartments တွေမှာSMATV System ဘာကြောင့် အရေးကြီးလဲ?Luxury Living ဆိုတာကSecurity, Comfort နဲ့ Entertainm...
01/03/2026

🏢 Condo & Luxury Apartments တွေမှာ
SMATV System ဘာကြောင့် အရေးကြီးလဲ?
Luxury Living ဆိုတာက
Security, Comfort နဲ့ Entertainment Quality ကိုပါ အလေးထားရပါတယ်။
Resident တွေအတွက် TV Experience ကလည်း Lifestyle အပိုင်းတစ်ခုပါ။
ဒါကြောင့် SMATV System က အရေးကြီးလာပါတယ်။

📡 SMATV System ဆိုတာဘာလဲ?
SMATV (Satellite Master Antenna Television) ဆိုတာ
Building တစ်လုံးလုံးအတွက် Satellite & TV Signal ကို Centralized စနစ်နဲ့ စုစည်းဖြန့်ဝေပေးတဲ့ System ဖြစ်ပါတယ်။
Dish တစ်လုံးတည်းနဲ့ Unit များစွာကို ဖြန့်ဝေနိုင်ပါတယ်။
✅ Condo & Luxury Apartments တွေမှာ တပ်ဆင်သင့်တဲ့ အကြောင်းရင်းများ
1️⃣ Clean & Organized Building Look
Unit တိုင်းမှာ Dish အများကြီး မလိုတော့ပါဘူး
Building Exterior ကို Luxury Look နဲ့ ထိန်းသိမ်းနိုင်ပါတယ်။
2️⃣ Stable & High-Quality Signal
Signal ပြတ်တောက်မှု လျော့နည်းပြီး HD Quality နဲ့ ကြည့်ရှုနိုင်ပါတယ်။
3️⃣ International Channel Access
Foreign Residents များအတွက် International Channels များ ထည့်သွင်းနိုင်ပါတယ်။
4️⃣ Easy Maintenance & Central Control
Problem ဖြစ်ပါက Unit တိုင်းကို မတက်ရောက်ပဲ Central Room မှ စီမံနိုင်ပါတယ်။
5️⃣ Property Value မြှင့်တင်နိုင်ခြင်း
Modern Entertainment Infrastructure ပါရှိခြင်းက Condo Value ကို တိုးစေပါတယ်။
❌ SMATV မရှိရင် ဖြစ်နိုင်တဲ့ ပြဿနာများ
• Unit တိုင်း Dish တပ်ဆင်ခြင်းကြောင့် Building မလှတော့ခြင်း
• Signal မညီမညာဖြစ်ခြင်း
• Wiring ရှုပ်ထွေးခြင်း
• Maintenance ခက်ခဲခြင်း

🔧 ကျွန်ုပ်တို့၏ SMATV Solution
✔ Professional System Design
✔ High-Quality Equipment
✔ Clean Wiring & Structured Installation
✔ After-Sales Service & Maintenance
✔ Condo Size အလိုက် Customized Setup
🏢 Modern Condo & Luxury Living အတွက်
SMATV System ဟာ Optional မဟုတ်တော့ပါဘူး —
ဒါဟာ Standard Infrastructure တစ်ခုဖြစ်လာပါပြီ။

လူကြီး မင်းတို့ ရဲ့ Condo , Apartment နဲ့ အလွှာမြင့် အဆောက် အဦး မှာ TV ဗန်းတွေနဲ့ အလှ မပျက်စေ ဖို့ SMATV Solutions လေး ရှိပါတယ်။


-Matv solution

‎🏨 Hotel တွေမှာ MATV System ဘာကြောင့် အရေးကြီးလဲ?‎‎Hotel လုပ်ငန်းမှာ Guest Experience က အဓိကပါ။‎အခန်းထဲဝင်ပြီး TV Signal...
28/02/2026

‎🏨 Hotel တွေမှာ MATV System ဘာကြောင့် အရေးကြီးလဲ?
‎
‎Hotel လုပ်ငန်းမှာ Guest Experience က အဓိကပါ။
‎အခန်းထဲဝင်ပြီး TV Signal မကြည်လင်ဘူး၊ Channel မစုံဘူးဆိုရင် Customer Satisfaction ကို တိုက်ရိုက်ထိခိုက်နိုင်ပါတယ်။
‎
‎📡 MATV System ဆိုတာဘာလဲ?
‎
‎MATV (Master Antenna Television) ဆိုတာ
‎Hotel တစ်လုံးလုံးအတွက် TV Signal ကို စနစ်တကျ စုစည်းဖြန့်ဝေပေးတဲ့ System ဖြစ်ပါတယ်။
‎
‎
‎✅ Hotel တွေ MATV တပ်ဆင်သင့်တဲ့ အကြောင်းရင်းများ
‎
‎1️⃣ ကြည်လင်ပြတ်သားတဲ့ Signal Quality
‎
‎Room တိုင်းမှာ HD Quality နဲ့ TV ကြည့်ရှုနိုင်စေပါတယ်။
‎
‎2️⃣ Channel များစွာကို တစ်ပြိုင်နက် ဖြန့်ဝေနိုင်ခြင်း
‎
‎Local / International Channels များကို စနစ်တကျ စီမံခန့်ခွဲနိုင်ပါတယ်။
‎
‎3️⃣ Maintenance လွယ်ကူခြင်း
‎
‎Centralized System ဖြစ်တာကြောင့် ပြဿနာဖြစ်ပါက အလွယ်တကူ စစ်ဆေးပြုပြင်နိုင်ပါတယ်။
‎
‎4️⃣ Professional Image တည်ဆောက်နိုင်ခြင်း
‎
‎ကြည်လင်တဲ့ TV Experience က Hotel Rating နဲ့ Review များကို တိုးတက်စေပါတယ်။
‎
‎
‎---
‎
‎💡 MATV မရှိရင် ဘာဖြစ်နိုင်လဲ?
‎
‎❌ Signal မညီမညာဖြစ်ခြင်း
‎❌ Channel ပျောက်ခြင်း
‎❌ Guest Complaint များတိုးလာခြင်း
‎❌Hotel Brand Image ထိခိုက်ခြင်း
‎
‎
‎
‎🔧 ကျွန်ုပ်တို့၏ MATV Solution
‎
‎✔ High-Quality Equipment
‎✔ System Design & Professional Installation
‎✔ After-Sales Service & Maintenance
‎✔ Hotel Size အလိုက် Customized Solution
‎
‎
‎🏨 Hotel လုပ်ငန်းအတွက် Quality TV Experience က အသေးစားမဟုတ်ပါဘူး —
‎ဒါဟာ Guest Satisfaction ကို တိုးမြှင့်ပေးတဲ့ အရေးကြီးသော အစိတ်အပိုင်းတစ်ခုပါ။
‎
‎📩 MATV System တပ်ဆင်လိုပါက အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
‎
‎

📌 CCTV ဘာကြောင့် တပ်ဆင်သင့်သလဲ?ယနေ့ခေတ်မှာ လုံခြုံရေးက အရေးကြီးဆုံး အရာတစ်ခု ဖြစ်လာပါပြီ။အိမ်ဖြစ်ဖြစ်၊ ဆိုင်ဖြစ်ဖြစ်၊ ရု...
26/02/2026

📌 CCTV ဘာကြောင့် တပ်ဆင်သင့်သလဲ?

ယနေ့ခေတ်မှာ လုံခြုံရေးက အရေးကြီးဆုံး အရာတစ်ခု ဖြစ်လာပါပြီ။
အိမ်ဖြစ်ဖြစ်၊ ဆိုင်ဖြစ်ဖြစ်၊ ရုံးဖြစ်ဖြစ် — CCTV တပ်ဆင်ထားခြင်းက အကျိုးကျေးဇူးများစွာ ရှိပါတယ်။

🔎 (1) အမှုဖြစ်ပွားမှုများကို ကာကွယ်နိုင်ခြင်း
Camera ရှိနေတာကို သိတာနဲ့ မလိုလားအပ်တဲ့ လုပ်ရပ်များ လျော့နည်းသွားစေပါတယ်။

📹 (2) အထောက်အထားအဖြစ် အသုံးပြုနိုင်ခြင်း
မမျှော်လင့်တဲ့ ပြဿနာများ ဖြစ်လာခဲ့ပါက Video Record က သက်သေဖြစ်စေနိုင်ပါတယ်။

📱 (3) ဘယ်နေရာမှာမဆို ကြည့်ရှုနိုင်ခြင်း
Mobile ဖုန်းနဲ့ ချိတ်ဆက်ပြီး အချိန်မရွေး Live ကြည့်နိုင်ပါတယ်။

🌙 (4) Night Vision ဖြင့် ညဘက်ပါ ကြည်လင်စွာ မြင်နိုင်ခြင်း

လုံခြုံရေးဆိုတာ ကုန်ကျစရိတ် မဟုတ်ပါဘူး —
ဒါဟာ သင့်မိသားစုနဲ့ သင့်လုပ်ငန်းအတွက် “ရင်းနှီးမြှုပ်နှံမှု” ဖြစ်ပါတယ်။

🔐 အရည်အသွေးမြင့် CCTV များကို စိတ်ချရသော Installation Service ဖြင့် တပ်ဆင်ပေးနေပါသည်။
📩 အသေးစိတ် သိရှိလိုပါက Messenger မှာ ဆက်သွယ်နိုင်ပါသည်။

#လုံခြုံရေး

Address

Thingangyun Townships
Yangon
1123

Telephone

+959792044225

Website

Alerts

Be the first to know and let us send you an email when Happy CCTV & Networking posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Nearby home improvement businesses