Nippon Paint Myanmar

Nippon Paint Myanmar Japan No.1 Paint Brand

*ဂျပန်နံပါတ်(၁)အိမ်သုတ်ဆေး ကုမ္ပဏီ Nippon Paint မှ လူကြီးမင်းတို့လိုအပ်သည့် အရည်အသွေးကောင်းမွန်ပြီး စျေးနှုန်းသက်သာသော အိမ်သုတ်ဆေး၊ ကားမှုတ်ဆေး၊ အလှဆင်ဆေး နှင့် စက်ရုံကြီး လုပ်ငန်းသုံး Paint အမျိုးမျိုးကို ထုပ်လုပ်ဖြန့်ချီရောင်းချပေးနေပါသည်။

အပြောင်းအလဲများတဲ့ ရာသီဥတုတွေကြားမှာ အပြင်နံရံအတွက် 💯 Weatherbond ရှိတယ်…။ နေရောင်၊ မိုး၊ အပူအအေး ပြောင်းလဲမှုတွေကြားမှာ...
11/06/2026

အပြောင်းအလဲများတဲ့ ရာသီဥတုတွေကြားမှာ အပြင်နံရံအတွက် 💯 Weatherbond ရှိတယ်…။

နေရောင်၊ မိုး၊ အပူအအေး ပြောင်းလဲမှုတွေကြားမှာ အရောင်မကျ၊ အရောင်မပြယ်ပဲ လှပမှုကို ကြာရှည်ထိန်းထားပေးနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်မြင့်မားပြီး နံရံပေါ်မှာ ဖြစ်တတ်တဲ့ မှိုနှင့် ရေညှိတက်ခြင်းတွေကိုလည်း ကာကွယ်တားဆီးပေးပါတယ်။

အထူးသဖြင့် Anti-Carbonation Formula ပါဝင်လို့ နံရံအတွင်းထိ ကာကွယ်ပေးနိုင်ပြီး အိမ်အပြင်ဘက်ကို အချိန်ကြာရှည်စွာ ကာကွယ်ထားနိုင်ပါတယ်။

အလှတရားနဲ့ ကာကွယ်မှုကို တပြိုင်နက်တည်း ရယူချင်ရင် Weatherbond ကို ရွေးချယ်ဝယ်ယူလိုက်ပါ 🏡

Nippon Paint Myanmar ရဲ့ ထုတ်ကုန်တွေက အရည်အသွေးပိုင်းမှာ စိတ်ကျေနပ်စေဖို တာဝန်ယူပေးနိုင်ပါတယ်💯💯

အသေးစိတ်သိရှိလိုပါက Page Messenger ကိုဖြစ်စေ Hotline No 09264153025 ကို ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ...💖


အရောင်နုနုလေးတွေနဲ့ အခန်းတွင်းအလှကို ဖန်တီးနိုင်ဖို့ Matex ရှိတယ်… 🎨အိမ်အတွင်းအလှကို တကယ်လှပသွားစေချင်ရင် အရောင်ရွေးချယ်...
10/06/2026

အရောင်နုနုလေးတွေနဲ့ အခန်းတွင်းအလှကို ဖန်တီးနိုင်ဖို့ Matex ရှိတယ်… 🎨

အိမ်အတွင်းအလှကို တကယ်လှပသွားစေချင်ရင် အရောင်ရွေးချယ်မှုနဲ့ ဆေးသားအမျိုးအစားက အရေးကြီးပါတယ်။ Matex ကတော့ အရောင်နုနုလေးတွေနဲ့ သဘာဝဆန်ဆန်၊ သက်တောင့်သက်သာရှိတဲ့ အခန်းလေးတွေ ဖန်တီးချင်သူများအတွက် အထူးသင့်တော်ပါတယ်။

Matex ရဲ့ ဆေးသားက အမှိန် (Matt Finish) ဖြစ်တဲ့အတွက် အလင်းပြန်မလာဘဲ နူးညံ့သိမ်မွေ့တဲ့ Look ကို ပေးနိုင်ပါတယ်။ ဒီလို Finish က အခန်းကို ပိုပြီး တည်ငြိမ်ပြီး အေးချမ်းတဲ့ ခံစားမှုကို ဖန်တီးပေးနိုင်ပါတယ်။

လိုချင်တဲ့အရောင်ကို မရမှာလားဆိုပြီး စိတ်ပူစရာမလိုပါဘူး။ သင်ကြိုက်နှစ်သက်တဲ့ ကာလာကို စိတ်ကြိုက်ရွေးချယ်နိုင်ပြီး Color Card ထဲမှာတင် အရောင်ထောင်ချီရှိတာကြောင့် ကိုယ့်အိမ်နဲ့ လိုက်ဖက်တဲ့ Shade ကို လွယ်ကူစွာရွေးချယ်နိုင်ပါတယ်။

ဒါ့အပြင် Matex အတွင်းရေဆေးကို Acrylic Copolymer Technology ဖြင့် ထုတ်လုပ်ထားတာကြောင့် နံရံမျက်နှာပြင်ကို ပိုမိုချောမွေ့စေပြီး လှပတဲ့ Finish ကို ရရှိစေပါတယ်။ Soft boards၊ အင်္ဂတေနံရံ၊ ဘိလပ်မြေ၊ ကွန်ကရစ် နှင့် မျက်နှာကျက်များတွင်လည်း အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။

အခုပဲ သင့်အခန်းလေးကို လှပပြီး နေချင်စရာနေရာတစ်ခုအဖြစ် Matex နဲ့ ပြောင်းလဲလိုက်ပါ… ✨

🏗 Foundation ကောင်းမှ ရလဒ်ကောင်းနိုင်မယ်..✨ ဘယ်အရာမဆို အကောင်းဆုံးရလဒ်တစ်ခုရဖို့ Foundation က အရေးကြီးပါတယ်။ အိမ်ဆေးသုတ်...
06/06/2026

🏗 Foundation ကောင်းမှ ရလဒ်ကောင်းနိုင်မယ်..

✨ ဘယ်အရာမဆို အကောင်းဆုံးရလဒ်တစ်ခုရဖို့ Foundation က အရေးကြီးပါတယ်။ အိမ်ဆေးသုတ်ရာမှာလည်း Top Coat အရောင်လှပနေဖို့တင်မကဘဲ၊ အချိန်ကြာရှည်ခံနိုင်ဖို့ဆိုရင် အောက်ခံဆေးရွေးချယ်မှု မှန်ကန်နေဖို့လိုအပ်ပါတယ်။

ဒါကြောင့် သင့်အိမ်နံရံတွေအတွက် စိတ်အချရဆုံး အောက်ခံရေဆေးဖြစ်တဲ့ Nippon Paint Myanmar ရဲ့ Vinilex 2000 Sealar ကိုရွေးချယ်လိုက်ပါ…

✨ Top Coat ဆေးသားအရောင်ကို ပိုမိုကျစ်လစ်လှပစေပြီး ဆွဲကပ်အားကို မြှင့်တင်ပေးတယ်
✨ ဆားဓာတ်၊ အက်စစ်ဓာတ်တွေကြောင့် ဖြစ်တတ်တဲ့ မှိုတက်ခြင်း၊ အက်ကွဲခြင်းတွေကို ကာကွယ်ပေးတယ်
✨ Alkaline နှင့် Efflorescence ပြဿနာတွေကို ထိရောက်စွာ တားဆီးပေးနိုင်တယ်
✨ Acrylic Polymer နည်းပညာနဲ့ ထုတ်လုပ်ထားပြီး အတွင်း/အပြင် နံရံနှစ်မျိုးလုံးမှာ အသုံးပြုနိုင်တယ်

🏠 ဘိလပ်မြေ ပလာစတာ၊ ကွန်ကရစ်၊ အုတ်၊ Soft/Hard Boards၊ Gypsum နဲ့ Panel မျိုးစုံအတွက် သင့်တော်ပါတယ်

Vinilex 2000 Sealar က သင့်အိမ်အတွက် ယုံကြည်စိတ်ချရတဲ့ Foundation 💯 တစ်ခုပါပဲ...။

05/06/2026

Nippon Paint Myanmar နှင့်အတူ ပိုမိုစိမ်းလန်းသော အနာဂတ်ဆီသို့ 🌍🌿

ဒီနေ့ ဇွန်လ (၅) ရက်နေ့မှာ ကျရောက်တဲ့ "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day)" ကို ဂုဏ်ပြုရင်း၊ မိခင်ကမ္ဘာမြေကြီး ရေရှည်တည်တံ့ဖို့အတွက် Nippon Paint Myanmar မှ အစဉ်တစိုက် ကြိုးပမ်းလျက်ရှိပါတယ်။

ကျွန်တော်တို့ Nippon Paint Myanmar အနေနဲ့ -
Eco-Friendly Paints: ပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံးဖြစ်စေမယ့် ဆေးထုတ်ကုန်များကို အလေးထား ထုတ်လုပ်ပေးလျက်ရှိပါသည်။

အနာဂတ်မျိုးဆက်သစ်တွေအတွက်ပါ ထည့်သွင်းစဉ်းစားတဲ့ ရေရှည်တည်တံ့မယ့် လူနေမှုပုံစံကို အားပေးမြှင့်တင်လျက်ရှိပါသည်။

ဒီနေ့ကစပြီး ပိုမိုစိမ်းလန်းတဲ့ ပတ်ဝန်းကျင်သစ်တစ်ခုကို Nippon Paint Myanmar နဲ့အတူ လက်တွဲဖော်ဆောင်လိုက်ရအောင်ဗျာ။ 🤝✨

04/06/2026

🏠 ပတ်တီးရိုက်ပြီးရင် ကော်ပတ်ချက်ချင်းစားလို့ ရပါသလား...?

လှပချောမွေ့တဲ့ နံရံဆေးသားလေးရဖို့အတွက် ပတ်တီး (Putty) ကို စနစ်တကျရိုက်ဖို့တင်မကဘဲ၊ ဘယ်အချိန်မှာ ကော်ပတ်စားရမလဲ ဆိုတဲ့ အချိန်အခါကို သိထားဖို့ကလည်း အလွန်အရေးကြီးပါတယ်။ အချိန်မတိုင်ခင် ကော်ပတ်စားမိရင် သင်အားစိုက်ထားသမျှ အလကားဖြစ်သွားနိုင်ပါတယ်။

ပုံမှန်အားဖြင့် ပတ်တီးရိုက်ပြီး (၄) နာရီမှ (၆) နာရီဝန်းကျင်ဆိုရင် အပေါ်ယံ ခြောက်သွေ့သွားတတ်ပါတယ်။ ဒါပေမဲ့ အတွင်းသားအထိ သေချာမာသွားစေဖို့အတွက် (၁၂) နာရီမှ (၂၄) နာရီအထိ အနည်းဆုံး ထားပေးတာက အကောင်းဆုံးပါ။ ပတ်တီးကို ထူထူရိုက်ထားလေလေ အတွင်းသားအထိ ခြောက်ဖို့ အချိန်ပိုပေးရလေလေပါပဲ။ မိုးရာသီ ဒါမှမဟုတ် စိုထိုင်းဆများတဲ့နေ့တွေမှာဆိုရင် ပုံမှန်ထက် အချိန်ပိုစောင့်ပေးဖို့ လိုအပ်ပါတယ်။

ပတ်တီးသား လုံးဝမာသွားမှသာ ကော်ပတ်စားတဲ့အခါ မျက်နှာပြင်က ညီညာချောမွေ့မှာ ဖြစ်ပါတယ်။ ပတ်တီးသားတွေ ကော်ပတ်မှာ ကပ်ပါလာတာ၊ မျက်နှာပြင် ကျိန်းတာ ဒါမှမဟုတ် အစင်းကြောင်းတွေ ထင်ကျန်ရစ်တာမျိုး ဖြစ်တတ်ပါတယ်။ ပတ်တီးသား လုံးဝခြောက်သွေ့ပြီးမှ ကော်ပတ်စား၊ ဖုန်သုတ်ပြီး Primer ကို ဆက်သုတ်တာက ဆေးသားရေရှည်ခိုင်ခံ့ဖို့အတွက် အဓိကသော့ချက်ပါပဲ။

ပတ်တီးသား ခြောက်၊ မခြောက်ကို လက်နဲ့ စမ်းကြည့်ပါ။ အကယ်၍ အေးစိမ့်စိမ့် ဖြစ်နေသေးတယ်ဆိုရင် အတွင်းသား မခြောက်သေးတဲ့ သဘောဖြစ်တာကြောင့် အနည်းငယ် ထပ်မံစောင့်ဆိုင်းသင့်ပါတယ်။

နံရံတိုင်းမှာ အနာအဆာမရှိတဲ့ အလှတရားတွေကို ဖန်တီးဖို့ဆိုရင် "စနစ်တကျ အခြောက်ခံခြင်း" ကို မမေ့ပါနဲ့ဦး။

Nippon Paint Myanmar ရဲ့ ထုတ်ကုန်တွေက အရည်အသွေးပိုင်းမှာ စိတ်ကျေနပ်စေဖို့ တာဝန်ယူပေးနိုင်ပါတယ် 💯💯

အသေးစိတ် သိရှိလိုပါက Page Messenger ကိုဖြစ်စေ Hotline No 09264153025 ကို ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ... 💖

03/06/2026

🏠 ကြမ်းတမ်းတဲ့ရာသီဥတုဒဏ်ကို အံတုဖို့ “Atom Plus" ရှိတယ်!

အိမ်တိုင်းရဲ့ အလှအပနဲ့ ခိုင်ခံ့မှုကို ရေရှည်ကာကွယ်ပေးနိုင်ဖို့အတွက်ဆို Atom Plus (အတွင်း/အပြင်သုတ်ဆေး)
ကိုရွေးချယ်လိုက်ပါ…။ 🛡

✅ ရာသီဥတုဒဏ်ကို အထူးခံနိုင်ရည်ရှိခြင်း

ကြမ်းတမ်းတဲ့ ရာသီဥတုဒဏ်တွေကို အံတုနိုင်ဖို အဆင့်ဆင့်စမ်းသပ်ထုတ်လုပ်ထားပါတယ်။ ဆေးသားကပ်တွယ်မှု
အားကောင်းလွန်းလို ဆေးကွာကျတာ၊ အရောင်လွင့်တာမျိုး လုံးဝမရှိဘဲ သင့်အိမ်လေးကို အမြဲတောက်ပသစ်လွင်
နေစေမှာပါ။ ✨

✅ မှိုနဲ့ ရေညှိဘေးမှ ကင်းဝေးခြင်း

မိုးတွင်းစိုထိုင်းဆကြောင့် ဖြစ်တတ်တဲ့ မှိုနဲ့ ရေညှိတက်ခြင်း ပြဿနာတွေကို ထိထိရောက်ရောက် ကာကွယ်ပေးတာကြောင့်
နံရံတွေက အမြဲသန့်ရှင်းသပ်ရပ်နေမှာပါ။ 🌧

✅ မိသားစုကျန်းမာရေးအတွက် အထူးစိတ်ချရခြင်း

ဆေးသုတ်တဲ့အခါ ထွက်ပေါ်တတ်တဲ့ ပြင်းထန်တဲ့ အနံ့အသက်တွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ Atom Plus ကတော့ အနံ့အသက် ကင်းစင်နည်းပါးအောင် ထုတ်လုပ်ထားလို ကလေးငယ်တွေရှိတဲ့ အိမ်တွေမှာပါ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။ 🌿

"ခိုင်ခံ့မှု၊ လှပမှုနဲ့ ကျန်းမာရေး... ဒီသုံးခုစလုံးအတွက်ဆိုရင် Atom Plus ကိုသာ ရွေးချယ်လိုက်ပါ။"

📍 နီးစပ်ရာ ဆေးအရောင်းဆိုင်ကြီးများတွင် အခုပဲ ဝယ်ယူရရှိနိုင်ပါပြီ။

02/06/2026

အခန်းကျဉ်းကျဉ်းလေးတွေကို ပိုကျယ်သွားစေမယ့် "လျှို့ဝှက်ချက်" ✨

အိမ်တစ်အိမ်လှဖို့ဆိုတာ နံရံအရောင်တွေကောင်းရုံနဲ့ မပြီးပါဘူး။ မျက်နှာကျက်က မှိန်ဖျော့နေမယ်ဆိုရင် အခန်းတစ်ခုလုံး ပိတ်လှောင်နေသလို ခံစားရစေနိုင်ပါတယ်။

Atom Ceiling White နဲ့ဆို Matte Finish ဖြစ်တာကြောင့် မျက်နှာကျက်ကို မြင့်မားသွားသလို မြင်စေပြီး
အခန်းကို ပိုကျယ်ဝန်းပြီး ပိုလွတ်လပ်တဲ့ feeling ကို ပေးနိုင်ပါတယ်။

ဒါ့အပြင် အထူးဖော်မြူလာကြောင့် ဆေးသုတ်တဲ့အခါ ကျန်ရစ်တတ်တဲ့ ဆေးဒလိမ့်အစင်းကြောင်းတွေကို မထင်ကျန်စေဘဲ ညီညာချောမွေ့တဲ့ Professional Look ကို ပေးစွမ်းနိုင်ပါတယ်။

ဖုန်ကပ်မှုကို လျော့နည်းစေပြီး မှိုတက်ခြင်းကိုလည်း အထူးကာကွယ်ပေးတာကြောင့် အချိန်ကြာရှည်စွာ ဝင်းပသန့်ရှင်းနေမှာပါ။

သင့်အိမ်ရဲ့အလှကို အပြည့်အဝဖော်ဆောင်ပေးနိုင်တဲ့ Atom Ceiling White ကို အခုပဲ ယုံကြည်စိတ်ချစွာ အသုံးပြုလိုက်ပါ။

Address

Building 9, Second Floor, MICT Park, Hlaing Campus, Hlaing Township
Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959264153025

Alerts

Be the first to know and let us send you an email when Nippon Paint Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nippon Paint Myanmar:

Share

Category