31/10/2026
🌿 အပင်တစ်ပင်တည်းနဲ့ဧည့်ခန်းရဲ့ Look ကိုပြောင်းလဲကြည့်မယ်
🌿ဧည့်ခန်းကို ပိုလှပပြီး အသက်ဝင်စေဖို့ အလှဆင်ပစ္စည်းအများကြီး မလိုအပ်ပါဘူးနော်။ 🏡
✨တစ်ခါတလေ လှပတဲ့အပင်တစ်ပင်တည်း ကပဲ ဧည့်ခန်းတစ်ခုလုံးရဲ့ Look ကို သိသိသာသာ ပြောင်းလဲပေးနိုင်ပါတယ်။ 🌱
🪴 အခန်းထောင့်လေးမှာ အပင်တစ်ပင်ထားကြည့်ပါ
အရင်က လွတ်နေတဲ့နေရာလေးက စိမ်းလန်းပြီး နွေးထွေးတဲ့ Corner လေးတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
🍃 ဆိုဖာဘေးမှာ ထားကြည့်ပါ
အစိမ်းရောင်အရွက်လေးတွေက ဧည့်ခန်းရဲ့အရောင်အသွေးကို ပိုပြီး လန်းဆန်းစေပြီး သဘာဝဆန်တဲ့ Feel ကို ပေးနိုင်ပါတယ်။
✨ အပင်အိုးကိုလည်း လိုက်ဖက်အောင်ရွေးချယ်ပါ
ဧည့်ခန်းရဲ့ Furniture နဲ့ လိုက်ဖက်တဲ့ အိုးလေးကို ရွေးချယ်ထားမယ်ဆိုရင် အပင်တစ်ပင်တည်းနဲ့တင် Interior Decoration လေးတစ်ခုလို လှပနေမှာပါ။
💚 အခန်းကို အများကြီးပြောင်းလဲစရာမလိုဘဲ အပင်တစ်ပင်ကို နေရာမှန်မှန်မှာထားပေးရုံနဲ့ ဧည့်ခန်းရဲ့ Look ကို ပိုမိုလှပ၊ စိမ်းလန်းပြီး အသက်ဝင်အောင် ပြောင်းလဲနိုင်ပါတယ်နော်။ 🌿🏡✨